Phantom English Network - PENET

Phantom English Network - PENET

Share

English Language Training Center

Photos from Phantom English Network - PENET's post 16/11/2021

Hello there…👀
Welcome back to PENET 🙌🏼

ဒီနေ့ knowledge sharing အနေနဲ့ပြောပြပေးသွားမှာကတော့ တစ်ယောက်နဲ့တစ်ယောက် communicate လုပ်တဲ့အခါမှာ ပေါ့ပေါ့ပါးပါး၊ရင်းရင်းနှီးနှီးပြောလို့ရမယ့် polite and fancy phrase လေးတွေပဲဖြစ်ပါတယ် 🗣✨

အဓိပ္ပာယ်နဲ့တကွ နားလည်လွယ်မယ့် example sentence လေးတွေနဲ့လည်းရှင်းပြပေးသွားမှာဖြစ်လို့ post လေးကိုအဆုံးထိဖတ်ပေးကြပါဦးဗျ

1️⃣ It’s nice to bump into you

ဒီ phrase လေးကိုတော့ မတွေ့တာကြာတဲ့
ကိုယ့်အသိတစ်ယောက်ယောက်နဲ့ မထင်မှတ်ဘဲ၊မချိန်းထားဘဲ ဆုံမိကြတဲ့အခါမျိုးမှာသုံးလို့ရပါတယ်။

Eg. It’s so nice to bump into you! I haven’t seen you for so long.

2️⃣ Speak of the devil

ဗမာလိုဆိုရင်တော့“အသက်ရှည်ဦးမယ်…ပြောရင်းဆိုရင်းပေါ်လာပြီ”ဆိုတဲ့ အဓိပ္ပာယ်ပါ။
ကိုယ်ကအခုပဲ သူ့အကြောင်းပြောတုန်း အဲ့ဒီတစ်ယောက်က အကြောင်းမကြားထားဘဲ တကယ်ရောက်လာတဲ့အခါမျိုးမှာ ‘Speak of the devil’ လို့ပြောပါတယ်။

Eg. Two persons talking about Peter and Peter appears very soon :
“Well, speak of the devil! Here comes Peter! We’re just talking ‘bout you dude”

3️⃣ What have I missed? Fill me in.

ဒီ phrase လေးကိုတော့ situation ၂မျိုးမှာအသုံးပြုနိုင်ပါတယ်။
သူငယ်ချင်းတစ်ယောက်နဲ့မတွေ့တာအရမ်းကြာပြီးမှပြန်တွေ့တဲ့အခါ မတွေ့ဖြစ်တဲ့ကြားထဲဖြစ်သမျှ၊ပျက်သမျှပြောပြပါဦးလို့ပြောချင်တဲ့အခါမျိုးမှာ (Or) စကားဝိုင်းတစ်ခုကို ကိုယ်က နောက်ကျမှရောက်သွားပြီး ကိုယ်မရောက်ခင်ဘာတွေပြောပြီးကြပြီလဲမေးတဲ့နေရာမှာသုံးလို့ရပါတယ်။

(ဒီနေရာမှာ Fill me in ရဲ့ meaning က “Fill me with missing information” လို့အဓိပ္ပာယ်ရပါတယ်။)

4️⃣ I’m a bit pressed for time

အချိန်သိပ်မရဘူးလို့ပြောချင်တဲ့အခါမှာသုံးပါတယ်။ တစ်ဖက်လူက စကားကောင်းနေတဲ့အချိန်၊ ကိုယ့်မှာလည်းအချိန်သိပ်မရလို့သွားဦးမယ်လို့ပြောချင်ရင် “I don’t have any time. I need to go” ဆိုတာမျိုးထက် ပိုယဉ်ကျေးပြီးဖော်ရွေတဲ့ phrase လေးပါ။

Eg. “Sorry, I’m a bit pressed for time. I need to make a move.”

5️⃣ I’d love to carry this on …

အခုမှ First date/first met တွေ့ဖူး၊စကားပြောဖူးတာပေမယ့် စကားပြောရတာအဆင်ပြေလို့ဒီလူနဲ့ထပ်တွေ့ချင်သေးတယ်၊ထပ်ဆက်သွယ်ချင်သေးတယ်ဆိုရင် ဒီ phrase လေးသုံးပြီးစကားစလို့ရပါတယ်။

Eg. “I’d love to carry this on a later date. Shall I have your number or email address?”

Well…that’d be it for today 🤜🏼🤛🏼

တစ်စုံတစ်ရာအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။

နောက်ထပ်လည်း English နဲ့ပတ်သက်လို့ useful and qualified contents တွေတင်ပေးသွားမှာဖြစ်တဲ့အတွက် page ကို follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ✨

With love and effort,
PENET 🕸

Photos from Phantom English Network - PENET's post 14/11/2021

အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျ။
Knowledge sharing session ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 👋🏻

ဒီနေ့ညမှာ ဖော်ပြပေးသွားမှာကတော့ '-rupt' နဲ့ ဆုံးတဲ့ words (6)လုံးပဲ ဖြစ်ပါတယ်။

ဒီ words တွေက အသုံးများတဲ့အပြင် meaning တွေကလည်း more or less similar ဖြစ်တာမလို့ ခွဲခြားသိထားပြီး ပိုင်ပိုင်နိုင်နိုင်သုံးတတ်မယ်ဆိုရင် ကိုယ့်ရဲ့ Language skill ကို အများကြီးတိုးတက်စေနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပုံလေးတွေတစ်ပုံချင်းထောက်ပြီး လေ့လာလိုက်ပါဦး။ ဗဟုသုတ တစ်စုံတစ်ရာရရှိသွားတယ်ဆိုရင်လည်း post ကို like and share လုပ်ပေးသွားကြဖို့မမေ့နဲ့နော်။ 😉🙌🏻

အားလုံးပဲ stay safe and strong ပါ။

With love and effort, 💌
PENET

Photos from Phantom English Network - PENET's post 12/11/2021

Hello again guys!👀👋🏻
ဒီနေ့ ပြောပြပေးသွားမှာကတော့ Intermediate & Upper intermediate level learner တွေအတွက် Daily conversation မှာရော English Speaking Test တွေမှာရော အသုံးကျမယ့် Advanced Conversational Phrase လေး(၅)ခုပဲဖြစ်ပါတယ်🤨

ဒီ Phrase လေးတွေသိထားခြင်းအားဖြင့် Native speakers တွေရဲ့ conversation တွေကိုလည်းပိုနားလည်လွယ်လာမယ့်အပြင် ကိုယ်တိုင်စကားပြောတဲ့အခါမှာလည်း ပိုပြီး natural and fluent ဖြစ်လာနိုင်လို့ Post လေးကို အဆုံးထိဖတ်ကြည့်ကြပါဦး🙌🏼

So let’s get started …💥

1️⃣”Couldn’t agree more/less”

Topic တစ်ခု (ဒါမှမဟုတ်) opinion တစ်ခုကို ကိုယ့်အနေနဲ့ လုံးဝသဘောတူတယ်၊ထောက်ခံတယ်လို့ပြောချင်ရင် “Couldn’t agree more” လို့သုံးလို့ရပါတယ်။

Eg. I couldn’t agree with you more, this film is a masterpiece.

ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်က လုံးဝသဘောမတူကြောင်း၊ ဆန့်ကျင်ကြောင်းပြောချင်တဲ့အခါမှာတော့ “Couldn’t agree less” လို့သုံးပါတယ်။ ဒီထက်ပိုပြီးသဘောမတူတာမရှိတော့ဘူး၊ သဘောမတူဆုံးပဲလို့ဆိုလိုတာပါ။

2️⃣”Whole ‘nother thing”

Completely different ဆိုတဲ့အဓိပ္ပာယ်ပါ။
တစ်စုံတစ်ခုက အခြားတစ်စုံတစ်ခုထက်ပိုပြီး ခက်ခဲနက်နဲတယ်၊ရှုပ်ထွေးတယ်လို့ပြောချင်တဲ့အခါမှာ များသောအားဖြင့်သုံးပါတယ်။ ဒါမှမဟုတ် လူတွေထင်နေကြတာနဲ့ကွဲပြားတဲ့ဖြစ်ရပ်တစ်ခု၊ story တစ်ခုကိုပြောပြမယ့်နေရာမှာလည်းသုံးလို့ရပါတယ်။

Eg(1) I understand Chemistry itself is a difficult subject, but you know what, Biochemistry is a whole ‘nother thing.

Eg(2) She thinks I’m cheating but I have a whole ’nother thing going on here.

3️⃣”There’s nothing wrong with …”

ဘာပြဿနာမှမရှိဘူး၊ အဆင်ပြေတယ်လို့ပြောချင်တဲ့အခါသုံးပါတယ်။ တစ်စုံတစ်ယောက်ကို နှစ်သိမ့်ပေးပြီး positivity ပေးချင်ရင်လည်းပြောလို့ရပါတယ်။

Eg(1) Neglect those bullies,Catherine! There’s nothing wrong with your haircut. It looks completely fine.

Eg(2)There’s nothing wrong with not knowing the trendy things.

4️⃣”Under the weather”

နေလို့သိပ်မကောင်းဘူးလို့ပြောတာပါ။ ကြီးကြီးမားမားရောဂါဖြစ်နေတာတို့၊ ဖျားနာနေတာတို့မဟုတ်ဘဲ ဒီတိုင်းနေလို့သိပ်မကောင်းတာ၊ မလန်းမဆန်းဖြစ်နေတာကိုပြောချင်တဲ့အခါ ‘I’m under the weather’ လို့ပြောလို့ရပါတယ်။

Eg. I don’t feel like going to school because I’ve been under the weather the whole morning.

5️⃣”call it a day”

Activity တစ်ခု၊ လုပ်လက်စအလုပ်တစ်ခုကို ပင်ပန်းလို့ဖြစ်စေ၊ မအောင်မြင်လို့ဖြစ်စေ၊ လုပ်သင့်သလောက်လုပ်ပြီးသွားလို့ဖြစ်စေ ရပ်လိုက်တော့မယ်၊ နားလိုက်တော့မယ်လို့ပြောချင်တဲ့အခါ “Let’s call it a day” လို့သုံးပါတယ်။

Eg. After we all had done enough preparation, we called it a day.

ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျ
အချိန်ပေးဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်
🤜🏼🤛🏼

ဒီ post ကနေ knowledge တစ်ခုခုတိုးသွားတယ်ဆိုရင်ကိုယ့်သူငယ်ချင်းတွေလည်းသိရအောင် like and share လုပ်ပေးကြဦးနော်🤓

နောက်ထပ်ပြောပြပေးသွားမယ့် English related facts တွေကိုစိတ်ဝင်စားတယ်ဆိုရင်လည်း page ကို follow လုပ်ထားနိုင်ပါတယ်။

With love and effort,
PENET🏃‍♀️

Photos from Phantom English Network - PENET's post 07/11/2021

Hey there!
PENET ကနေ ပြန်လည်ကြိုဆိုပါတယ်။ 🙌🏻

ဒီနေ့ sharing လုပ်ပေးချင်တာကတော့ အမှားမခံတဲ့ phrasal verbs လေးအချို့ပဲဖြစ်ပါတယ်။
ဘာတွေဖြစ်မလဲဆိုတာ ဆက်ပြီးတော့လေ့လာလိုက်ကြရအောင်။ 👇🏻

1️⃣ Ask out

Ask out လုပ်တယ်ဆိုတာကတော့ တစ်စုံတစ်ယောက်ကိုချိန်းတွေ့ရအောင်လို့ ဖိတ်ခေါ်တဲ့အခါမှာ သုံးတာဖြစ်ပါတယ်။ movie date, coffee date အစရှိသဖြင့် ချိန်းတွေ့ဖို့ propose လုပ်တဲ့အခါ ask out ကိုသုံးလို့ရပါတယ်။

eg. Tom asked Mary out and she replied positive. So, they went to a film.

2️⃣ Fool around

အကျိုးမရှိတာတွေကိုလုပ်နေတယ်၊ အချိန်ကိုအလဟဿဖြုန်းတီးနေတယ်ဆိုရင် fool around လုပ်နေတယ်လို့ ခေါ်ပါတယ်။ ကိုယ့်အတွက်အကျိုးမဖြစ်ထွန်းတဲ့အရာတွေကိုလုပ်ပြီး သာယာနေတယ်ဆိုရင် fool around ကိုသုံးလို့ရပါတယ်။

eg. My son keeps fooling around with his friends. What should I do?

3️⃣ Sit around

လူတစ်ကာ အလုပ်ကိုယ်စီလုပ်နေကြတဲ့အချိန်မှာ မလုပ်ပဲထိုင်နေတဲ့သူကို sit around လုပ်နေတယ်လို့ပြောလို့ရပါတယ်။ များသောအားဖြင့်ရေသာခိုတဲ့သူကိုရည်ညွှန်းတဲ့အခါမှာ သုံးပါတယ်။ ဘာမှဟုတ်တိပတ်တိဝင်မလုပ်ပဲ ငုတ်တုတ်ကြီးထိုင်နေတယ်ဆိုရင် sit around လုပ်နေတယ်လို့ သုံးလို့ရပါတယ်။

eg. We didn't hire you to just sit around. Do your work.

4️⃣ Make up

မဟုတ်မမှန် လုပ်ကြံဖန်တီးတာကိုဆိုလိုပါတယ်။ ကလေးငယ်တွေကိုညအိပ်ရာဝင်ပုံပြင်ပြောတဲ့အခါမှာ ကိုယ့်စိတ်ကူးရှိတဲ့အတိုင်းဖန်တီးပြောပြတာမျိုး၊ ဇာတ်လမ်းထွင် လိမ်ညာပြောတာမျိုးကို make up လုပ်တယ်လို့သုံးပါတယ်။

လိမ်းတဲ့မိတ်ကပ် (makeup (n)) နဲ့မမှားဖို့ သတိပြုရပါမယ်။

eg. It's obvious that he made up the reason of why he came back home very late last night.

5️⃣ Take out

ကိုယ်ကနေတစ်စုံတစ်ယောက်ကို အပြင်မှာတစ်ခုခုသွားစားဖို့ဖိတ်ခေါ်ပြီး ကျသင့်ငွေကိုလည်းကိုယ်ကရှင်းပေးတယ်ဆိုရင် take out လုပ်တယ်လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်ကို အပြင်မှာလိုက်ကျွေးတာကို ဆိုလိုတာဖြစ်ပါတယ်။

eg. Joe took her out to an Italian restaurant. I bet they enjoyed the moment.

ဒီ phrasal verbs တွေဟာ အခြား phrasal verbs တွေထက်စာရင် လူသိလည်းပိုနည်းပြီး အဓိပ္ပါယ်တွေကလည်းပိုမိုလေးနက်ကြပါတယ်။ ဒါကြောင့်မို့ နားလည်ထားပြီး မှန်မှန်ကန်ကန်သုံးတတ်မယ်ဆိုရင် အများကြီးအကျိုးရှိမှာပဲဖြစ်ပါတယ်။

နောက်နေ့တွေမှာလည်း knowledge sharing ဆက်လုပ်ပေးဦးမှာမလို့ အားလုံးပဲ stay tuned ပါ။ 👋🏻

With love and effort, 💌
PENET

Photos from Phantom English Network - PENET's post 06/11/2021

Hello there 👀🙌🏼
ဒီနေ့ knowledge sharing အနေနဲ့ပြောပြပေးသွားမှာကတော့ လေ့လာရတာမရိုးနိုင်၊ မကုန်နိုင်တဲ့ Idiomatic expressions တွေပဲဖြစ်ပါတယ် 😎

1. By the skin of my teeth 👄

ဒီ idiom ရဲ့အဓိပ္ပာယ်က ၂မျိုးရှိပါတယ်။
မကောင်းတဲ့ situation တစ်ခုကနေ ကပ်သီလေးလွတ်လာတယ်ဆိုတာရယ်၊ အချိန်မှီလေးကွက်တိရောက်သွားတယ်၊လုပ်နိုင်သွားတယ်ဆိုတာရယ်ဖြစ်ပါတယ်။

Eg(1). There was a huge explosion near my workplace around 4PM yesterday. I only left there by the skin of my teeth.

Eg(2). I arrived to the cinema by the skin of my teeth. The film had just been started.

2. To break the ice 🗣

အခုမှစတွေ့ကြတဲ့သူအချင်ချင်းကြားမှာ နေရခက်ပြီး ရှိုးတို့ရှန်းတန်းဖြစ်တဲ့ situation တစ်ခုရှိဖူးကြမယ်ထင်ပါတယ်။ လူ၂ယောက်ပဲဖြစ်စေ၊ Group လိုက်ပဲဖြစ်စေ ဘာပြောလို့ပြောရမှန်းမသိဘဲကြောင်အမ်းအမ်းကြီးဖြစ်နေတဲ့အခြေအနေမှာ တစ်ယောက်ယောက်က ဟာသတစ်ခုခုပြောလိုက်တာမျိုး၊ အားလုံး discuss လုပ်လို့ရမယ် Topic တစ်ခု အစချီပေးလိုက်တာမျိုး…စသဖြင့် အချင်းချင်း relaxed ဖြစ်သွားအောင်ပြုလုပ်လိုက်တာကို Break the ice လို့ပြောတာဖြစ်ပါတယ်။

Eg. Timothee said a joke in order to break the ice at the dinner last night.

3. To be the apple of one’s eye 😻

ဒီ expression လေးကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုက တခြားအရာတွေထက်ပိုပြီးကိုယ့်အမြင်အာရုံထဲမှာ ချစ်စရာကောင်းနေတယ်၊ ကြည့်မဝဖြစ်နေတယ်လို့ပြောချင်တဲ့အခါသုံးပါတယ်။

Eg. My little sister is the apple of my eye. I just can’t get enough of seeing her giggling.

4. It’s raining cats and dogs ⛈

မိုးအရမ်းသည်းတာကိုပြောတာပါ။ ပုံမှန်ရွာနေကျနဲ့မတူဘဲ လေရော၊မိုးရောပြင်းထန်ပြီး လျှပ်စီးတွေလက်၊ မိုးတွေခြိမ်း၊ လမ်းမပေါ်မှာလည်းရေတွေဖုံးလွှမ်းတဲ့ထိရွာတယ်ဆိုရင် It’s raining cats and dogs ပါ။

Eg. I’m afraid I’m late. It’s raining cats and dogs and the roads are all flooded.

5. To be in a pickle 🥗

Pickle ဆိုတာက မြန်မာလိုဆိုဒညင်းသီးဆားရည်စိမ်တို့၊ သရက်သီးဆားရည်စိမ်တို့လို အသီးအနှံတွေကို vinegar(ဒါမှမဟုတ်)ဆားရည်ထဲစိမ်၊ jar တစ်ခုထဲထည့်ထားပြီး side dish အနေနဲ့စားရတဲ့ဟာမျိုးပါ။ “To be in a pickle” ရဲ့ idiomatic အဓိပ္ပာယ်ကတော့ အခက်အခဲတစ်ခုဖြစ်နေတယ်၊ စဉ်းစားရကြပ်တဲ့အခြေအနေတစ်ခုရောက်နေတယ်လို့ဆိုလိုတာပါ။

Eg. I’m in a pickle. I have to pay my rent by next Saturday and I haven’t got my salary yet.

ဒီ post ကနေ knowledge တစ်ခုခုတိုးသွားတယ်ဆိုရင်ကိုယ့်သူငယ်ချင်းတွေလည်းသိရအောင် like and share လုပ်ပေးလို့ရပါတယ်။

နောက်ထပ်ပြောပြပေးသွားမယ့် English related facts တွေကိုစိတ်ဝင်စားတယ်ဆိုရင်လည်း page ကို follow လုပ်ထားနိုင်ပါတယ်။

With love and effort,
PENET🏃‍♀️

Photos from Phantom English Network - PENET's post 05/11/2021

Hello guys! 🤓
Welcome back to our knowledge sharing session !🙌🏼🧐

အားလုံးလည်းသိကြတဲ့အတိုင်း English Language မှာ American နဲ့ British English က အသံထွက်အချို့ကွဲပြားတဲ့အပြင် ပစ္စည်းတစ်ခုတည်းကိုပဲတစ်နိုင်ငံနဲ့တစ်နိုင်ငံအခေါ်အဝေါ်၊ အသုံးနှုန်းမတူကြတာတွေလည်းအများကြီးရှိပါတယ်။🇬🇧🇺🇸

ဒီလို language culture ကွဲပြားတာက ဘယ်ဟာကအမှန်၊ဘယ်ဟာကအမှားဆိုပြီးမရှိဘဲ ၂မျိုးလုံးသုံးလို့ရတာကြောင့် အင်္ဂလိပ်စာလေ့လာနေဆဲသူတွေအတွက်သိပ်ပြီးကြီးမားတဲ့ပြဿနာမဟုတ်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။

သို့ပေမယ့် တကယ့်တကယ်တမ်း Native country တွေရောက်တဲ့အခါမှာ ကိုယ့်ရောက်နေတဲ့နိုင်ငံအပေါ်လိုက်ပြီး ဒေသခံတွေနားလည်သဘောပေါက်မယ့် စကားလုံးအသုံးနှုန်းတွေသုံးတတ်မှ ပြောရဆိုရတာအဆင်ပြေမှာပါ။

ဒီတော့ British English နဲ့ American English မှာ မတူညီတဲ့အသုံးနှုန်းတွေအများကြီးရှိတဲ့ထဲက ဒီညအတွက်တော့ (၅)လုံးကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

နောက်ထပ်လည်း ယခုလိုမျိုး English language နဲ့ပတ်သက်ပြီးအသုံးဝင်အကျိုးရှိမယ့် Knowledge တွေတိုးပွါးချင်တယ်ဆိုရင် ကျွန်တော်တို့ page ကို like and follow လုပ်ထားပေးလို့ရပါတယ်။ ✌🏼

အားလုံးပဲ နေကောင်းကျန်းမာကြစေဖို့ဆု‌မွန်ကောင်းတောင်းပါတယ်။ 🍀

With love and effort,
PENET 💫

27/10/2021

Hey there everybody! 👋🏻
Welcome back to our page.
Are you ready for knowledge of the day?

English learners အများစုဟာ empty subject ဆိုတဲ့ term ကိုကြားဖူးကြပြီးဖြစ်မှာပါ။ ဥပမာ "it is raining" ဆိုတဲ့ sentence ရဲ့ အဓိပ္ပါယ်ဟာ "မိုးရွာနေသည်" လို့ပဲဖြစ်ပြီးတော့ "raining" ဆိုတဲ့ word ရဲ့ meaning ကပဲအဓိကဖြစ်ပါတယ်။ "it" ရဲ့ အဓိပ္ပါယ်ဟာ ပါဝင်သက်ရောက်ခြင်းမရှိပါဘူး။ sentence structure အရ subject လိုလို့သာထည့်ထားတာပါ။ ဒီလို subject မျိုးကို empty subject ရယ်လို့ သတ်မှတ်ပါတယ်။

ဒါပေမယ့် ဒီနေ့ညပြောပြ‌ပေးမှာကတော့ empty subject ထက်ပိုပြီး လူသိနည်းတဲ့ empty verbs တွေအကြောင်းပဲဖြစ်ပါတယ်။

Empty verbs ကို hot verbs or light verbs လို့လည်းခေါ်ကြပါတယ်။ ဒါပေမယ့် နာမည်အစစ်ကတော့ "Delexicalized verbs" ဖြစ်ပါတယ်။ သူတို့ကို အဓိပ္ပါယ်သက်ရောက်ခြင်းမရှိတဲ့ verbs တွေလို့ အကြမ်းအားဖြင့်မှတ်နိုင်ပါတယ်။ sentence ထဲထည့်သုံးလိုက်တဲ့အခါမှာ သူရဲ့နောက်မှာပါတဲ့ noun ရဲ့ meaning ကသာအဓိကဖြစ်ပြီး သူတို့ကတော့ sentence structure အရ သာ ရှိနေကြခြင်းဖြစ်ပါတယ်။

ဥပမာလေးတွေကြည့်လိုက်ကြရအောင်။

1️⃣ "I took a nap this noon" ဆိုတဲ့ sentence မှာဆိုရင် nap ဆိုတဲ့ noun က သာအဓိကဖြစ်ပြီး "ဒီနေ့နေ့လည်က တစ်ရေးအိပ်ခဲ့သည်" လို့သာအဓိပ္ပါယ်ရပါတယ်။ took ဆိုတဲ့ verb က ဘာကိုမှထိထိရောက်ရောက်ဆိုလိုခြင်းမရှိပါဘူး။

2️⃣ "I'm about to make some dinner" ဆိုတဲ့ sentence မှာဆိုရင်လည်း "make" ဆိုတဲ့ verb ရဲ့ဆိုလိုရင်းတိတိကျကျမရှိပဲ "ညစာချက်လိုက်ဦးမယ်" လို့သာ ယေဘုယျအားဖြင့်အဓိပ္ပါယ်ရပါတယ်။

3️⃣ "The weather is getting colder, get a jumper" ဆိုတဲ့ sentence မှာဆိုရင်လည်းပဲ "getting" နဲ့ "get" ရဲ့ အဓိပ္ပါယ်အတိအကျမရှိပဲ "ရာသီဥတုအေးလာပြီ၊ အနွေးထည်ဝတ်ပါ" ဟူ၍သာ ယေဘုယျအားဖြင့်ဆိုလိုတာဖြစ်ပါတယ်။

အသုံးအများဆုံး delexicalized verbs တွေကတော့ do, make, get, take, go နဲ့ have တို့ပဲဖြစ်ပါတယ်။

ကဲ ဒါဆိုရင်တော့ Delexicalized verbs တွေအကြောင်းကိုအတော်အသင့်နားလည်လောက်ပြီလို့ထင်ပါတယ်။ ဒီလိုနားလည်ထားခြင်းအားဖြင့် listening skill ကို promote လုပ်တဲ့အခါမှာဆိုရင် ကိုယ့်ရဲ့ comprehension ကိုတိုးတက်စေနိုင်မှာပဲဖြစ်ပါတယ်။

နောင်မှာလည်း knowledge sharing ဆက်လုပ်ပေးသွားဦးမှာဖြစ်လို့ keep keeping in touch with us ပါ။ 🙌🏻

With love and effort,
PENET


15/10/2021

Hey everybody!
Miss us?
Well, we're back! 👐🏻

ဒီညမှာ sharing လုပ်ပေးချင်တဲ့ topic လေးကတော့ confusing adverbs ပဲဖြစ်ပါတယ်။

Confusing Adverbs ဆိုတာကတော့ spelling ဆင်တူသလိုရှိတဲ့အတွက် English learner တွေမှားပြီးသုံးတတ်တဲ့ adverb အတွဲလေးတွေပဲဖြစ်ပါတယ်။

အခုပြောပြပေးသွားမဲ့ confusing adverbs အတွဲလေးတွေကတော့

1️⃣ Hard/Hardly

Hard ဆိုတာကတော့ "ခက်ခက်ခဲခဲ/ကြိုးကြိုးစားစား" လို့ဆိုလိုတာဖြစ်ပြီး Hardly ကတော့ ‘almost not’ လို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာလိုဆိုရင် ‘လုပ်ခဲတယ်’၊ ‘ဖြစ်ခဲတယ်’ စသဖြင့် ‘_ခဲတယ်’လို့ဆိုလိုတာဖြစ်ပြီး ‘seldom’ နဲ့အဓိပ္ပာယ်ဆင်တူပါတယ်။

Example :
"My friend works hard" ဆိုတဲ့ sentence ဟာ "ကျွန်တော့်သူငယ်ချင်းသည် အလုပ်ကိုကြိုးကြိုးစားစားလုပ်သည်" လို့အဓိပ္ပါယ်ရပြီး
"My friend hardly works" ဆိုတဲ့ sentence မှာတော့ "ကျွန်တော့်သူငယ်ချင်း အလုပ်လုပ်ခဲသည်" (မလုပ်ပဲနေတာကများသည်) လို့ဆိုလိုတာဖြစ်ပါတယ်။

⚠️ Hard နဲ့ Hardly ဟာဆိုရင် opposite meaning ဖြစ်တဲ့အတွက် မှားယွင်းသုံးမိရင် sentence ရဲ့ meaning က ဆန့်ကျင်ဘက်ပြောင်းလဲသွားမှာဖြစ်ပါတယ်။

2️⃣ Late/Lately

Late ဆိုတာကတော့ "နောက်ကျသော" လို့ဆိုလိုတာဖြစ်ပြီး Lately က‌တော့ "မကြာသေးမီ/ခုတစ်လော" လို့ ဆိုလိုတာဖြစ်ပါတယ်။

Example :
"My sister arrived home late last night" ဆိုတဲ့ sentence ဟာ "ကျွန်တော့်ညီမ မနေ့ညက အိမ်ပြန်နောက်ကျသည်" လို့ဆိုလိုတာဖြစ်ပြီး
"It hasn't rain lately" ဟာဆိုရင်တော့ "ခုရက်ပိုင်းမိုးမရွာဘူး" လို့ ဆိုလိုတာဖြစ်ပါတယ်။

⚠️ Late နဲ့ Lately ဟာ similar spelling ဖြစ်ပေမယ့် အဓိပ္ပါယ်ဟာလုံးဝဆက်စပ်မှုမရှိတဲ့အတွက် မှားယွင်းသုံးမိရင်တော့ sentence ဟာ ဘာအဓိပ္ပါယ်မှရှိတော့မှာမဟုတ်ပါဘူး။

3️⃣ Near/Nearly

Near ဆိုတာကတော့ "(တစ်စုံတစ်ရာနဲ့) နီးနီးကပ်ကပ်" ကိုဆိုလိုတာဖြစ်ပေမယ့် Nearly ကတော့ "လုနီးပါး" လို့ဆိုလိုတာဖြစ်ပြီး "almost" နဲ့ ဆင်တူပါတယ်။

Example :
"I live near a river" ဆိုတဲ့ sentence ဟာ "ကျွန်တော်မြစ်တစ်ခုနားမှာနေသည်" လို့ဆိုလိုတာဖြစ်ပြီး
"It is nearly 9 p.m" ဆိုတဲ့ sentence ကတော့ "ည ၉နာရီ ထိုးတော့မယ် (ထိုးလုနီးပါး)" လို့ ဆိုလိုတာဖြစ်ပါတယ်။

⚠️ Near နဲ့ Nearly ဟာဆိုရင်လည်းပဲ spelling ဆင်တူပေမယ့် အဓိပ္ပါယ်တွေကတော့လုံးဝဆက်စပ်မှုမရှိပါဘူး။ ဒါကြောင့် မှားယွင်းမသုံးမိဖို့လိုပါတယ်။

ကဲ အခုဖော်ပြပေးသွားတာကတော့ common အဖြစ်ဆုံး confusing adverbs လေးတွေပဲဖြစ်ပါတယ်။
နောက်ထပ် confusing adverbs လေးတွေလည်းရှိသေးတာမို့လေ့လာကြဦးနော်။

ဒီနေ့‌ post လေးကနေ ဗဟုသုတတစ်စုံတစ်ရာရရှိတယ်ဆိုရင် post လေးကို like and share ပေးဖို့ပြောချင်ပါတယ်။ နောက်ထပ်လည်း knowledge sharing လုပ်‌ပေးဦးမှာမို့ အားလုံးပဲ stay tuned ပါ။ 👋🏻

With love and effort,
PENET 🌟


Photos from Phantom English Network - PENET's post 06/10/2021

Hi guys!🙌🏼
It’s been a while since we last posted knowledge sharing stuff..,isn’t it? 👀

ဒီနေ့တော့ ‘Hit’ဆိုတဲ့စကားလုံးကိုအသုံးပြုပြီးပြောလို့ရတဲ့ idioms (၅)မျိုးကို ထုံးစံအတိုင်း meaning & examples တွေနဲ့တကွ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် 😎

မှတ်ရလည်းလွယ်၊common လည်းဖြစ်တဲ့ idioms တွေမို့လို့ အခုပဲလေ့လာပြီး ကိုယ့်ရဲ့ conversation တွေမှာထည့်သုံးလိုက်ကြတော့နော်🤨

ဒီ post ကနေ knowledge တစ်ခုခုတိုးသွားတယ်ဆိုရင်ကိုယ့်သူငယ်ချင်းတွေလည်းသိရအောင် like and share လုပ်ပေးလို့ရပါတယ်။

နောက်ထပ်ပြောပြပေးသွားမယ့် English related facts တွေကိုစိတ်ဝင်စားတယ်ဆိုရင်လည်း page ကို follow လုပ်ထားနိုင်ပါတယ်။

With love and effort,
PENET🏃‍♀️

Photos from Phantom English Network - PENET's post 27/09/2021

Hi everybody … welcome back to our page! 👋🏻
ဒီနေ့ knowledge sharing အနေနဲ့ ပြောပြပေးသွားမယ့် topic လေးကတော့ On time, in time နဲ့ at times ဆိုတဲ့ Time phrases တွေရဲ့ အဓိပ္ပာယ်နဲ့ ဘယ်လိုအခြေအနေတွေမှာသုံးလဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် Post ကိုအဆုံးထိဖတ်ကြည့်ကြပါဦးနော် … 🤨

1️⃣ “On time”

“On time” ရဲ့ အဓိပ္ပာယ်ကတော့ “အချိန်တိကျစွာ”ဖြစ်ပါတယ်။ Plan တစ်ခု၊ schedule တစ်ခုကို အချိန်အတိအကျသတ်မှတ်ပြီးစီစဉ်ထားမယ်။ အဲ့ဒါကလည်း စီစဉ်ထားတဲ့အတိုင်းအချိန်အတိအကျဖြစ်သွားတယ်ဆိုရင် on time လို့သုံးပါတယ်။ ချိန်းထားတဲ့အချိန်အတိုင်း အတိအကျရောက်တယ်ဆိုရင်လည်း “On time”လို့သုံးပါတယ်။ Phrase အနေနဲ့မဟုတ်ပဲ Adverb အနေနဲ့ တစ်လုံးတည်းသုံးမယ်ဆိုရင်တော့ punctually, promptly တို့နဲ့ same meaning ရှိပါတယ်။

Example (1) - We might be late in case the buses don’t come on time.

Examples (2) - He gets home on time everyday to have dinner with his family.

2️⃣ “In time”

“In time” ကတော့ “အချိန်မှီရုံကလေး” “နောက်မကျဘူး”ဆိုတဲ့အဓိပ္ပာယ်ပါ။ တစ်စုံတစ်ခုက သတ်မှတ်ထားတဲ့အချ်ိန်တစ်ခုရဲ့ last minute မှာမှ ပြီးသွားတယ်၊ အောင်မြင်သွားတယ်ဆိုရင် “in time”လို့ပြောပါတယ်။ ဥပမာ- assignment က ည၉နာရီနောက်ဆုံးထားပြီးတင်ရမယ်ဆ်ိုရင် ကိုယ်က ၈နာရီ ၅၈မိနစ်မှာမှ ကပ်သီလေးတင်လိုက်နိုင်တာကို “in time”ပါ။ အချိန်မှီတယ်ဆိုရုံလေး ဖြစ်ပျက်သွားတဲ့ events တွေမှာသုံးပါတယ်။

Example (1)- We got to the cinema just in time , to buy the tickets.
ငါတို့ရုပ်ရှင်ရုံကိုရောက်တဲ့အချိန်လက်မှတ်ဝယ်ဖို့အချ်ိန်မှီတယ်ဆိုရုံလေးရောက်သွားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အဲ့ဒီအချိန်ထက်သာနောက်ကျပြီးမှရောက်ရင်လက်မှတ်ဝယ်လို့မရတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပါ။

Example (2) - She arrived in time to meet the special guests.

3️⃣ “At times”

“At times” ကတော့ “ရံဖန်ရံခါ”၊ “တစ်ခါတလေ”၊ “တချို့အချိန်တွေ” လို့အဓိပ္ပာယ်ရပါတယ်။ sometimes, occasionally တို့နဲ့ အဓိပ္ပာယ်တူပါတယ်။

Example (1) - He can be really bad-tampered at times.

Example (2)- At times , the work gets a bit dull.

- “On time” “In time” တို့မှာ ‘s’ ထည့်စရာမလိုပေမယ့် “At times” ကိုတော့ time မှာ ‘s’ ထည့်ပြောမှ အဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်။

ကဲ
ဒါဆိုရင်တော့ on time, in time, at times ကိုဘယ်လိုသုံးရမယ်ဆိုတာသေချာနားလည်လောက်ပြီလို့မျှော်လင့်ပါတယ်။
အောက်မှာလည်း Quiz လေးတွေထည့်ပေးထားတာမလို့ ဒီ time phrase လေးတွေကိုသုံးပြီး ‌ဖြေကြည့်ကြပါဦးနော်။ 🤔

ဒီ post လေးကနေ knowledge တစ်စုံတစ်ရာ ရရှိခဲ့တယ်ဆိုရင် post လေးကို like and share လုပ်ပေးဖို့ပြောချင်ပါတယ်။ 🙌🏻

Page ကို follow ထားခြင်းဖြင့်လည်း နောက်ထပ် rarely known English tips and tricks တွေကိုလေ့လာနိုင်ဦးမှာဖြစ်ပါတယ်။
အားလုံးပဲ နေကောင်းကျန်းမာကြစေဖို့ဆု‌တောင်းပါတယ်။ 🍀

With love and effort,
PENET 🌟


21/09/2021

Hi guys!!👋🏻
Pronunciation နဲ့ပတ်သက်လို့ကိုယ့်ကိုယ်ကိုယ် confidence မရှိတဲ့သူတွေရှိလား👀

Language တစ်ခုလေ့လာပြီဆိုရင် Grammar မှန်ဖို့၊ Vocabulary ကြွယ်ဖို့၊ listening ကောင်းဖို့…၊စတာတွေနဲ့တန်းတူအရေးကြီးတာတစ်ခုကတော့ အသံထွက်မှန်ကန်ဖို့ပဲဖြစ်ပါတယ် 🤔

ဘာသာစကားတွေမှာ stress-timed language နဲ့ syllable-timed language ဆိုပြီးရှိပါတယ်။

Stress-timed language ဆိုတာကတော့ ကိုယ်စာလုံးပေါင်းပြီးချရေးလိုက်တဲ့ စာလုံးအကုန်ကိုအသံထွက်စရာမလိုပဲ အရေးကြီးတဲ့စာလုံးတွေကိုပဲ အသံကိုဖိပြီးထွက်ရတဲ့ language မျိုးပါ။ Syllable-timed language မှာတော့ ကိုယ်ရေးသမျှစာလုံးအားလုံးကို အသံထွက်ပေးရပါတယ် 🗣

English ကတော့ stress-timed language တစ်မျိုးဖြစ်တာမို့ တချို့စကားလုံးတွေဟာ စာလုံးပေါင်းတဲ့အတိုင်းအသံမထွက်ရသလို sentence တစ်ကြောင်းမှာဆိုရင်လည်း ကိုယ်ရေးလိုက်သမျှ words တိုင်းကို ပီပီသသအသံထွက်ပြောဖို့မလိုပါဘူး🧏🏻‍♀️

ဒါကြောင့်လည်း non-native speakers တွေအနေနဲ့ အင်္ဂလိပ်စကားကိုအသံထွက်မှန်မှန်ကန်ကန်နဲ့ပြောတတ်ဖို့ Phonetics ဆိုတဲ့ speech sound classification ကိုမသိထားရင် ပြောရ၊ဆိုရခက်ခဲနိုင်ပါတယ်။

ဒီတော့ PENET ရဲ့ နောက်လာမယ့် knowledge sharing session တွေမှာ အသံထွက်ရခက်ပြီး တော်တော်များများမှားထွက်နေကြတဲ့ စကားလုံးလေးတွေကို အဓိပ္ပာယ်နဲ့တကွ အသံထွက်အမှန်ကို short clips လေးတွေနဲ့ပြောပြပေးသွားမှာဖြစ်လို့ stay tuned ပါလို့ လာပြောတာပါ…🤓

With love and effort,
PENET 🦋

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon