Lanterns Education

Lanterns Education English and Maths Special Class

“Homophones”
17/07/2021

“Homophones”

ကလေးတွေ အင်္ဂလိပ်စာသင်ရတာ ပျော်လဲပျော်ရမယ် တော်လဲတော်အောင် ဘယ်လိုသင်ပေးရမလဲ။ ကလေးတွေက လူကြီးတွေထက် ဘာသာစကားတွေကို ပိုပြီ...
07/07/2021

ကလေးတွေ အင်္ဂလိပ်စာသင်ရတာ ပျော်လဲပျော်ရမယ် တော်လဲတော်အောင် ဘယ်လိုသင်ပေးရမလဲ။

ကလေးတွေက လူကြီးတွေထက် ဘာသာစကားတွေကို ပိုပြီးလွယ်လွယ်ကူကူ သင်ယူနိုင်တာကြောင့် ငယ်ရွယ်တဲ့အရွယ်မှာအင်္ဂလိပ်စာကိုစသင်ပေးတာက နောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ ဘာသာစကားနဲ့ပတ်သတ်တဲ့စိတ်ဖိစီးမှုတွေကိုရှောင်ရှားဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

နောက်ပြီးတော့ ကလေးဆိုတာမျိုးက လေ့လာစူးစမ်းချင်စိတ်များပြားတာကြောင့် ပျော်စရာကောင်းတယ်ဆိုရင် စာပဲသင်သင်တခြားအရာတွေပဲ သင်ပေးပေး အတတ်မြန်ပြီး မှတ်မိလွယ်ပါတယ်။ ပုံမှန် စာသင်ကြားတာမျိုးထက် စိတ်ဝင်စားစရာကောင်းတဲ့ activity လေးတွေနဲ့သင်ပေးမယ်ဆို လွယ်လွယ်နဲ့မြန်မြန်တတ်မယ်ဆိုတာ အသေချာပဲနော်။ ဘယ်လိုနည်းလမ်းတွေနဲ့သင်ပေးလို့ရမလဲ။

(၁) ကာတွန်းကားတွေကြည့်ခိုင်းပါ
ကာတွန်းကားတွေကနေ အင်္ဂလိပ်စာလေ့လာတာက အလွယ်ဆုံးသင်ရိုးပဲနော်။ ကိုယ်လဲအနားရတယ် ကလေးလဲငြိမ််တယ်။ ဒါပေမယ့် ကလေးကြည့်မယ့် ကာတွန်းနဲ့ရုပ်ရှင်ကားတွေကိုတော့ မိဘတွေက သေချာရွေးချယ်ပေးဖို့ လိုပါလိမ့်မယ်။

(၂) သီချင်းတွေကနေသင်ပေးပါ
အင်္ဂလိပ်ဘာသာရဲ့ ဝါကျတည်ဆောက်ပုံ သဒ္ဒါဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးတာမျိုးမရှိပါဘူး။ ကျောင်းသားအများစုအတွက် အဓိက အခက်အခဲကဝေါဟာရပါ။ စကားလုံးတွေကိုမသိတာကြောင့် စကားပြောဆိုရာမှာ နားလည်ပြီး ပြန်မပြောနိုင်တာမျိုးတွေဖြစ်တာပါ။ ဒါကြောင့်ဒီထက်ပိုပြီးစကားလုံးတွေ ဝေါဟာရတွေ ပိုမိုသိရှိလာစေရန်အတွက် ရုပ်ရှင်ကြည့်တာ အပြင်သီချင်းတွေနားထောင်ခိုင်းရင်းနဲ့လဲ သင်ယူလို့ရပါတယ်။

(၃) ဂိမ်းတွေကစားခိုင်းမယ်
ဂိမ်းကစားရင်းနဲ့ ဝေါဟာရတွေ စကားလုံးတွေသင်ယူတာက ကလေးတွေအတွက် ပျော်စရာအကောင်းဆုံးနဲ့ အမှတ်မိစေဆုံး လေ့လာမှုတစ်ခုပါ။ စကားလုံးတွေနဲ့ပုံတွေတွဲခိုင်းတာ၊ စာလုံးဆက်တာ အစရှိတဲ့ game တွေကိုကလေးနဲ့တူတူဆော့ပေးနိုင်ပါတယ်။ ဒီထက်ပိုပြီး ပျော်စရာကောင်းတယ့် game တွေကို online ကနေလဲ အလွယ်တကူရှာပြီး သင်ပေးနိုင်ပါတယ်။

တကယ်လို့ အပေါ်ကနည်းလမ်းတွေနဲ့ ကိုယ်တိုင်သင်ပေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မသင်ပေးနိုင်ရင်တော့ Lanterns Education ကတာဝန်ယူပေးနိုင်ပါတယ်။ အခြေခံ အရေး၊အဖတ်၊အပြော၊နားထောင်နိုင်တာ အပြင် ကလေးတွေလက်ခံနိုင်မယ့် သင်ရတာပျော်စေမယ့် social studies လေးတွေကိုပါ games တွေ activities တွေနဲ့သင်ပေးသွားမှာဖြစ်လို့ စာတင်မကပြင်ပ ဗဟုသုတတွေကိုပါ ထပ်လောင်းရရှိမှာဖြစ်ပါတယ်နော်။

မကြာခင်မှာ အချိန်စာရင်းနဲ့ သင်တန်းလက်ခံတော့မှာမလို့ စောင့်ကြည့်ပေးကြပါဦးနော်။

ကလေးတွေကိုသင်္ချာစောစောသင်ပေးပါ။သင်္ချာဆိုတာ ပေါင်းနှုတ်မြောက်စား သင်ပေးတဲ့ ဘာသာရပ်တစ်ခုထက်ပိုပါတယ်။ စိတ်ပိုင်းဆိုင်ရာကေ...
04/07/2021

ကလေးတွေကိုသင်္ချာစောစောသင်ပေးပါ။

သင်္ချာဆိုတာ ပေါင်းနှုတ်မြောက်စား သင်ပေးတဲ့ ဘာသာရပ်တစ်ခုထက်ပိုပါတယ်။ စိတ်ပိုင်းဆိုင်ရာကောင်းခြင်းဆိုးခြင်းများကို ဆုံးဖြတ်နိုင်စေဖို့၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတိုးတက်ဖို့နဲ့ စိတ်ဓာတ်ကြံ့ခိုင်စေဖို့ သင်္ချာကိုသင်ကြားပေးရတာဖြစ်ပါတယ်။ ဒါ့အပြင် အခြားကျောင်းဘာသာရပ်တွေဖြစ်တဲ့သိပ္ပံ၊ လူမှုရေးလေ့လာမှုများနှင့်ဂီတနှင့်အနုပညာတို့ကိုနားလည်ဖို့ကလဲ သင်္ချာဗဟုတုတက အခြေခံအုတ်မြစ်ပဲနော်။

မူကြိုအရွယ်ထဲက ကလေးကိုသင်္ချာနဲ့ပတ်သတ်ပြီးတော့ သေသေချာချာသင်ထားပေးတာက နောက်ပိုင်း ပညာရေးလမ်းခရီးမှာ ပိုပြီးသင်ရလွယ်တဲ့ ပိုပြီးလဲတော်တဲ့ ကလေးတစ်ယောက်ဖြစ်စေပါတယ်တဲ့။

ဒါကြောင့် အပြင်ကအခြေအနေတွေကြောင့် ကျောင်းကိုမပို့လဲ အိမ်မှာနေပြီး မိမိကလေးကို သင်္ချာသေချာလေးသင်ပေးထားသင့်တယ်နော်။ Lanterns Education မှာတော့ သင်္ချာကို ပျော်စရာကောင်းမယ့် Activity လေးတွေ၊ Game လေးတွေ၊ သင်္ချာသင်ထောက်ကူပစ္စည်းလေးတွေ၊ Thinking skills တွေတိုးတက်လာအောင် Problem solving strategies နည်းလမ်းအစုံကိုလဲ လေ့ကျင့်သင်ကြားပေးနေတာကြောင့် ကလေးတွေ အတွက် အကောင်းဆုံးသင်ယူမှုပြုလုပ်နိုင်မယ့် စာသင်ကျောင်းတစ်ကျောင်းအဖြစ်တည်ရှိနေတာပဲဖြစ်ပါတယ်။

Easy way to calculate “Squaring 2-digit numbers ending with 5” 🤩
03/07/2021

Easy way to calculate
“Squaring 2-digit numbers ending with 5” 🤩

မင်္ဂလာပါ မေမေတို့ ဖေဖေတို့ရေ ... အခုလိုမျိုး အချိန်မှာ စဉ်းစားအရဆုံးနဲ့ ခေါင်းအစားရဆုံးက ကလေးတွေကို ကျောင်းပို့သင့်မပို...
30/06/2021

မင်္ဂလာပါ မေမေတို့ ဖေဖေတို့ရေ ...

အခုလိုမျိုး အချိန်မှာ စဉ်းစားအရဆုံးနဲ့ ခေါင်းအစားရဆုံးက ကလေးတွေကို ကျောင်းပို့သင့်မပို့သင့်နဲ့ စာသင်ဖို့ဘယ်လိုစီစဉ်ပေးရမလဲဆိုတာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်နော်။ COVID ရောဂါကူးစက်မှုတွေ တစ်နေ့ထက်တစ်နေ့ဆိုးလာတဲ့ အချိန်မှာ မိမိတို့ရဲ့ ကလေးငယ်တွေကို ကျောင်းပို့ဖို့က အကြီးမားဆုံး စွန့်စားမှုကြီးဖြစ်နေမှာပါ။ တီချယ်တို့အနေနဲ့လဲ ကျောင်းပို့ဖို့ထက် မိမိတို့အနားမှာပဲ ရင်အုပ်မကွာ ကာကွယ်စောင့်ရှောက်ဖို့ ပိုပြီးအကြံပြုချင်ပါတယ်။

ဒါဆို ကလေးတွေရဲ့ ပညာရေးကရော ဘယ်လိုလုပ်မလဲ။ ကျောင်းတက်တဲ့နှစ်သာ နောက်ကျခံလို့ရပေမယ့် ပညာရေးကိုတော့ နောက်ကျခံလို့မဖြစ်ပါဘူး။ တီချယ်တို့ဟာ
COVID ပထမလှိုင်းကြောင့် online learning တွေနဲ့အသားကျသင့်သလောက်တော့ ကျနေပြီးပြီလို့ထင်ပါတယ်။ ဒီအချိန်မှာလဲ စိတ်အချရဆုံးနဲ့ အကောင်းဆုံးဖြစ်မယ့် online ကနေ ပညာလေ့လာဆည်းပူးတာဟာ ကလေးတွေရဲ့ပညာရေးအတွက်ရော ကျန်းမာရေးအတွက်ပါ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ ဟုတ်ပါတယ် online ကနေလေ့လာရတာက ကလေးတွေနဲ့တော့ အစပိုင်းမှာ အခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာလဲနောက်ပိုင်းမှာ ပညာရေး လေ့လာသင်ကြားမှုအတွက် အကောင်းဆုံး အခြေခံအုပ်မြစ်အနေနဲ့ ခိုင်ခံစေမှာပါ။

မေမေတို့ဖေဖေတို့ရော အခု ကလေးတွေအတွက် ဘာတွေပြင်ဆင်ထားပေးလဲ။ အိမ်မှာပဲ ဂိမ်းဆော့ ရုပ်ရှင်ကြည့်ခိုင်းထားလား။ ဒါမှမဟုတ် online ကနေဘာတွေသင်ပေးနေလဲ တီချယ်နဲ့ comment မှာတိုင်ပင်ဆွေးနွေးရအောင်နော်။

“Subtracting any 3-digit numbers from 1000”
12/06/2021

“Subtracting any 3-digit numbers from 1000”

Our bodies are amazing!!!! 🏃🏻‍♀️🏃🏻
06/06/2021

Our bodies are amazing!!!! 🏃🏻‍♀️🏃🏻

👉🏻 Calendar Trick 👈🏻Calendar ရဲ့ ဘယ် 3 by 3 အကွက်မှာ မဆို ရှိတဲ့ ဂဏန်း၉ ခုလုံးရဲ့ ပေါင်းခြင်းအဖြေဟာ အလယ်ဂဏန်းကို ၉နဲ့တန်...
06/06/2021

👉🏻 Calendar Trick 👈🏻

Calendar ရဲ့ ဘယ် 3 by 3 အကွက်မှာ မဆို
ရှိတဲ့ ဂဏန်း၉ ခုလုံးရဲ့ ပေါင်းခြင်းအဖြေဟာ အလယ်ဂဏန်းကို ၉နဲ့တန်းမြှောက်လိုက်တဲ့
အဖြေနဲ့အတူတူပဲနော်...

28/05/2021

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lanterns Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Lanterns Education:

Shortcuts

Share

Category