DTK-Pre school

Directions

DTK-Pre school Pre School and Tution

မေမေများဖတ်ပေးပါ ☺️
12/07/2023

မေမေများဖတ်ပေးပါ ☺️

Yakult ကဒိန်ချဉ်မဟုတ်ပါ။
ကလေးရှိတဲ့မိဘများသိထားသင့်တယ်ထင်လို့ပြန်လည်မျှဝေတာပါ။

Yakult

ခုတလော ဒီ Yakult လေးတွေ ကလေးတွေသောက်လာကြတာတွေ့ရတယ်။တချို့ဆိုအိမ်က ကလေးကကြိုက်လို့ တစ်နေ့ဘယ်နှစ်ဗူးသောက်တယ်။ပါတဲ့ပမာဏနည်းလို့ တစ်ခါသောက်နှစ်ဗူး စသည်ဖြင့်တမျိုး ကလေးလသားတွေတိုက်တယ် တွေ့လာရတော့ ဒါလေးရေးပေးချင်စိတ်ပေါ်လာတယ်။
ဒါကိုဒိန်ချဉ်လို့ထင်ပြီး လသားကလေးတွေတိုက်နေကြမှာလည်းစိုးမိတာပါတယ်။ဒိန်ချဉ်ဆိုရင် ကလေးရှစ်လဆို ကျွေးလို့ရပြီလေ။
Yakultက တချို့တွေထင်သလို ဒိန်ချဉ်မဟုတ်ပါဘူးနော်။yogurt ကဒိန်ချဉ်ပါ။ဒါက yakult နာမည်ပါနော်။
Yakult ဆိုတာက Lactic acid bacteria တွေထည့်ထားတဲ့ probiotic drink ပါ။ကိုယ်ခန္ဓာမှာရှိတဲ့ မကောင်းတဲ့ပိုးကိုတိုက်ဖျက်ဖို့အတွက် အူမကြီးနဲ့ အူလမ်းကြောင်းအထိ ရောက်အောင် တမင်သောက်ရတဲ့ ဆေးရည်ပါ။အကျိုးပြုဆေးရည်ပါ။soft drink မဟုတ်သလို ဒိန်ချဉ်အရည်လည်းမဟုတ်ပါဘူး။
ဘာလို့သူကဗူးအသေးလေးနဲ့ပမာဏနည်းလည်းဆို သောက်ရမယ့်ပမာဏက နည်းနည်းလေးမို့ပါ။ပမာဏကိုချိန်ပြီး ထည့်ထားထုတ်ထားတာမို့ ဗူးသေးပြီးနည်းနေတာပါ။
တစ်နှစ်အထက်ကလေးတွေက တစ်နေ့ကို တစ်ဗူးပဲသောက်ရပြီး လူကြီးက အများဆုံးနှစ်ဗူးပါ။နှစ်ဗူးကို မနက်တစ်ဗူး ညတစ်ဗူး ခွဲပြီးသောက်ရမှာပါ။အစာအိမ်ပြသနာရှိသူတွေက ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းသောက်ပါ။
တစ်နှစ်အောက်တွေလုံးဝမတိုက်ရပါဘူး။ သူ့မှာ sugar (သကြား)ပါပါတယ်။တစ်ဗူးမှာ သကြား ၁၄ ဂရမ်ပါပါတယ်။
Lacti acid ကချဉ်တဲ့အတွက် သကြားထည့်ကိုထည့်ရပါတယ်။အဲ့တာကြောင့် တစ်နှစ်အောက်ကလေးတွေလသားကလေးတွေအတွက် မသင့်တော်ပါဘူး။

P.s သိစေချင်တာက ဒီ post ဟာ

Yakult ကိုမကောင်းဘူး မသောက်ရဘူးလို့နှစ်ခုစလုံးကိုပြောထားတာမပါပါဘူး။yakult ကို ဒိန်ချဉ်ထင်ပြီး အများကြီးတိုက်နေကြလို့ သတိပေးထားတာပါ။စာသေချာဖတ်ကြပါနော်။Crd

စာရေးနှေးသော လက်ကလေး-------------------------▪️ကလေး A   ဆရာ ကျွန်မကလေး စာရေးတာ အရမ်းနှေးတယ်။ စာလေး ၁ လုံး। ၂-လုံး ရေပြီး...
18/05/2023

စာရေးနှေးသော လက်ကလေး
-------------------------
▪️ကလေး A
ဆရာ ကျွန်မကလေး စာရေးတာ အရမ်းနှေးတယ်။ စာလေး ၁ လုံး। ၂-လုံး ရေပြီးရင် ခဲတံကို ခဏချ। ပြီးရင် ပြန်ကောက်। ပြန်ရေး। ခဲတံတောင် နိုင်ပုံမရဘူး။ စာလုံးတွေကလည်း မညီမညာနဲ့ ဖတ်ဖို့ကခက်। ဘယ်လိုကျင့်ကျင့် မရဘူး။

▪️ကလေး B
ဒီကောင် ချီးကျူးဖို့ကောင်းတာက စာရေးရင် တထိုင်တည်းရေးတယ်။ ခဲတံလည်း ကျကျနန ကြာကြာကိုင်နိုင်တယ်။ အတန်းမှာ စာရေးရင် သူအရင်ဆုံးပြီးတယ်။

🔶ခဲတံကိုင်ပုံ ( pencil grip )

စာရေးမြန်ခြင်း।လှခြင်း। သပ်ရပ်ခြင်း।သန်ခြင်း ဆိုတာကိုဆုံးဖြတ်ပေးတဲ့အထဲမှာ pencil grip ဆိုတဲ့ ခဲတံကိုင်ပုံလေးလည်းပါတာပေါ့။ ကလေးအများစုကတော့ သဘာဝကသင်ပေးတဲ့အတိုင်း ခဲတံလေးတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တတ်သွားကြတာပါပဲ။ သင့်ကလေးက ပုံ-၁ ကအတိုင်း ခဲတံကိုကိုင်နေရင်တော့ လက်ခံနိုင်ပါတယ်။ ပုံ-၁ ကအတိုင်းလည်းမကိုင်। စာရေးလျှင်လည်း ကကျိုးကကျော်। လက်ကလည်း ခဏခဏညောင်းဆိုလျှင်တော့ သူ့ရဲ့ pencil grip လေးကို ပုံ-၂ပါ အတိုင်း ကျင့်ပေးလိုက်ပါ။ pencil grip ကို မူကြို। မူလတန်းအရွယ်တို့တွင် ကျင့်ပေးရတာပိုလွယ်ပါသည်။ မှားနေတာကို မကျင့်ပေးပဲထားလိုက်ရင်တော့ အမှားအတိုင်း တစ်သက်လုံးကိုင်သွားနိုင်ပါသည်။

ပုံ-၂ pencil grip
---------------
-ခဲတံက လက်မ।လက်ညှိုး।လက်ခလယ် ၃-ခု ဖြင့်သာ ပုံပါအတိုင်း ကိုင်ထားရမည်။
-လက်သူကြွယ် နှင့် လက်သန်းကလေက အနောက်ဘက်သို့ ကွေးဝင်ပြီး စားပွဲပေါ်မှာသက်တောင့်သက်သာ အနားယူနေရမည်။
-လက်ကောက်ဝတ်က အပြင်ဘက်အနည်းငယ်လေး ကွေးနေရမည်။ ပုံကိုကြည့်ပါ။ တချို့ကလေးတွေ အတွင်းဘက်ကို အရမ်းကွေးပြီး ရေးနေတာကို တွေ့ရပါလိမ့်မည်။ ပြင်ခိုင်းပါ။
-လက်တတောင်က စားပွဲပေါ်မှာ အနားယူနေရမည်။
-ခဲတံထိပ်နှင့် ၁-၂ စင်တီမီတာ အကွာမှကိုင်ခိုင်းပါ။
-အထက်ပါအတိုင်း နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးပါ။
-pencil grip ပုံစံခွက်လေးတွေ လည်းအပြင်မှာ ဝယ်လို့ရနေပါပြီ။

🔶 ထိုင်သည့်ပုံစံ နှင့် စာရွက်အနေအထား

အဲဒါကလည်း ကလေးရဲ့ စာရေးအားကို အထောက်အကူပြုပါတယ်။ပုံ-၃ ကိုကြည့်ပါ။
-ကလေးအရပ်နှင့်အနေတော်မည့် စားပွဲ နှင့် ထိုင်ခုံဖြစ်သင့်သည်။
-ခြေဖဝါး ၂-ဖက်စလုံးက ကြမ်းပြင်ပေါ်ကို ထိထားပါစေ။
-လက်တတောင် ၂-ဖက်စလုံးက စားပွဲပေါ်မှာ နားနေပါစေ။
-ရေးမဲ့ စာရွက်ကို ပုံပါအတိုင်း ကလေးစာရေးမည့်လက်က စားပွဲပေါ်တွင် ချထားသည့် လမ်းကြောင်းအတိုင်း တစောင်းလေး ချပေးထားပါ။
- အခြား လက်တဘက်ဖြင့် စာရွက်ကိုထိန်းထားခိုင်းပါ။

🔶လက်ကကြွက်သား သန်မာရဲ့လား( muscle tone )

လက်ကြွက်သားလေးတွေ ပျော့နေရင်လည်း စာရေးရာမှာ အခက်အခဲရှိတတ်ပါတယ်။ လက်သန်တယ်ဆိုတာ လက်ထဲက အရိုးချောင်းတွေ နဲ့ ကြွက်သားတွေ သန်တယ်ဆိုတာကို ပြောတာပါ။ လက်ကြွက်သားတွေ ပျော့နေတဲ့ကလေးက ခဲတံကိုင်ပြီး ခဏနေရင် ညောင်းလာပါလိမ့်မယ်။ အဲဒီတော့သူက ခဏ နားရပါတယ်။ အဲဒီလိုနဲ့ စာရေးနေတာ ကြာနေတော့တာပါပဲ။ ဒီတော့ သူတို့လက်ထဲမှာရှိတဲ့ ကြွက်သားတွေကို မာလာအောင် အထောက်အကူပြုမဲ့ လက်လှုပ်ရှားမှုတွေကို နေ့စဉ်နေ့တိုင်းကျင့်ပေးပါ။

🔹လက်သန်ရန် လုပ်ဆောင်နိုင်သော ဥပမာ နှင့် အကြံပြုချက်အချို့

- မလိုအပ်ပဲ ထမင်းခွံ့ကျွေးခြင်း မလုပ်ပါနဲ့။ ကလေးကို ကိုယ်တိုင် လက်ဖြင့်ကိုင်တွယ်। ဇွန်းဖြင့်ကိုင်တွယ်၍ စားခိုင်းပါ။

- မူကြိုကလေးငယ်လေး စာမရေးခင် playdough ဆိုတဲ့ဂျုံလေးတွေကို လက်ဖြင့်ညှစ်ခိုင်း। လုံးခိုင်း। လိပ်ခိုင်းခြင်းများကို ပြုလုပ်ခိုင်းပါ။ ပြီးမှ ခဲတံကိုင်ခိုင်း၍ စာရေးခိုင်းပါ။ မူကြိုဆရာမလေးကို အကြံပေးချင်တာက ကလေးငယ်လေးကျောင်းထဲရောက်တာနဲ့ စာရေးခြင်းဖြင့် မစပါနဲ့။ ဂျုံကို အရင်ပေးကစားခိုင်းပါ။ ပြီးလျှင်စာရေးခိုင်းပါ။

- ဂျုံလုံးလေးများ ပြုလုပ်ခိုင်းပြီး လက်မ।လက်ညှိုး। လက်ခလယ် ၃-ခုကြားညှပ်ပြီး လက်ချောင်းကလေးများ ထိသည်အထိ ညှစ်ခိုင်းပါ။

-မူကြိုအရွယ်လေးတွေကို ပန်းချီဆွဲခိုင်းခြင်း। သဲအိမ်। နှင်းအိမ်လေးများ ဆောက်ခိုင်းခြင်း। လက်ကိုအဓိကအသုံးပြုရသော အနုပညာဖန်တီးမှုများကို ပြုလုပ်ခိုင်းခြင်း တို့ဖြင့် လေ့ကျင့်ပေးနိုင်သည်။ ပုံတွေပေါ်မှာ ဆေးချယ်ခိုင်းပါ။

-လက်ဖဝါးပေါ်မှာ ကျောက်စရစ်ခဲလေးကိုတင်। ပြီးလျှင် လက်သူကြွယ်နှင့်လက်သန်းလေးများကိုကွေးပြီး လက်ဖဝါးပေါ်မှ ကျောက်စရစ်ခဲလေးကို ဖိခိုင်းပါ။

-ကြယ်သီး တပ်ခြင်း। ဖြုတ်ခြင်းများကို ပြုလုပ်ခိုင်းပါ။

-ပုံတွင်ပြထားသော ပုလင်းမျိုးဖြင့် ပန်းပင်ရေဖြန်းခိုင်းပါ။

- ပုံမှာ ပြထားသည့်လက်ကောက်ဝတ် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ဖို့ ကူညီပေးပါ။ စားပွဲပေါ်မှာ လက်တတောင်ကို တင်ပြီးလူကြီးက ကိုင်ပေးထား। ကလေးကို လက်သီးဆုပ်ခိုင်းပြီး အပေါ်ဘက်ကို ကွေးချီ। ဖြေချီ လုပ်ခိုင်းပါ။

-ကလေးငယ်လေးတွေက ချီးကျူးခံရရင်। game ပုံစံကစားခိုင်းရင် လက်လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြမှာပါ။

-ကလေးငယ်များကို ကစားကွင်းသို့ မကြာခဏခေါ်သွားပြီး ဆော့ကစားခိုင်းပါ။

-လက်ကြွက်သားပဲ အရေးကြီးတာ မဟုတ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားများ ပျော့ပါကလည်း ကလေးများက စားပွဲခုံမှာ ကြာကြာထိုင်ပြီး စာမလုပ်နိုင်။ ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးနေပြီး မကြာခင် စားပွဲပေါ်မှဆင်း၍ ကြမ်းပေါ်ထိုင်ဖတ်လိမ့်မည်။ ထို့နောက် ထိုင်ရာမှ လှဲပြီးဖတ်လိမ့်မည်။ ထို့နောက် တခါတည်း အိပ်ပျော်သွားလိမ့်မည်။ အဲဒီလိုကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုလေးတွေ အရင်လုပ်ခိုင်းပြီးမှ စာထိုင်ဖတ်ခိုင်းပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်သည့်အတွက် ကြွက်သားမာခြင်းအဆင့် (muscle tone )တက်လာ၏။ muscle tone တက်လာတော့ နဲနဲပိုကြာကြာထိုင်နိုင်တာပေါ့။ စာသင်နေတာ တဝက်ရောက်လျှင် ခဏရပ်ခိုင်းပြီး လေ့ကျင့်ခန်းလုပ်ခိုင်းသော ဆရာ। ဆရာများကို မိဘများဘဝတွင် တွေ့ခဲ့ဖူးပါလိမ့်မည်။ အားလုံးသဘောကျခဲ့ကြမှာပါ။

-အရင်ကပြောခဲ့သလိုပဲ ဗီတာမင် ဒီ। ကယ်လစီယမ် နှင့် ကိုယ်လက်လှုပ်ရှားမှုတို့သည် ကလေးများ၏ အရိုးနှင့်ကြွက်သားများ အတွက်အရေးပါသည်။ ထို ၃-ခုထဲမှ တခုချိုတဲ့လျှင် ကလေးများ၏ အရိုးနှင့်ကြွက်သားကျန်းမာရေး အပေါ်ထိခိုက်နိုင်ပါသည်။

- ပုံလေးတွေကို တချက်ကြည့်ကြည့်ပါ။ အဲလိုလေးတွေလုပ်ပေးသည့် မူကြိုကို ရွေးချယ်ပါ။ ကလောင်ကိုင်မည့် လက်ကလေး ကလောင်ကို နိုင်နိုင်နင်းနင်း ကိုင်နိုင်ပါစေ။

မေတ္တာဖြင့်

- ဂန္ထ၀င်ပျိုးခင်း

ဒေါ်သီတာခိုင်pre schoolအသက်သုံးနှစ်မှငါးနှစ်ထိClass 1Monday to Friday9am to 12amClass2Monday to Friday1pm to 4pmသင်ကြားမ...
15/05/2023

ဒေါ်သီတာခိုင်pre school
အသက်သုံးနှစ်မှငါးနှစ်ထိ
Class 1

Monday to Friday
9am to 12am

Class2
Monday to Friday
1pm to 4pm

သင်ကြားမည့်ဘာသာရပ်များ
Kids speaking
Phonic

Myanmar
English
Maths
Arts &craft
Science
Social
Music&dance
Movement
Poem
Drawing

သားသားမီးမီးတို့ရဲ့
ကာယဉာဏဖွိ့ဖြိုးမှု
ပေါင်းသင်းဆက်ဆံရေးပြေပြစ်စေရန်
အများနှင့်စုပေါင်းဆောင်ရွက်တတ်စေရန်
ECCDနည်းလမ်းအတိုင်းသင်ကြားပေးပါသည်

Monthly fee 30000(half day)
မိမိရင်သွေးအတွက်ကြိုက်နှစ်သက်ရာအချိန်ကိုယူနိုင်ပါသည်
ကျောင်းကားစီစဉ်ပေးပါမည်

Ph095408863
သဘော်ကျင်း4လမ်းဒေါပုံ

ရွှေဖရုံသီးလေးတွေနဲ့ ချစ်စရာကလေးများ 😍😍DTK-Pre school  မှာ ၃နှစ်ကနေ ၅နှစ်ထိ သားသားမီးမီးတွေများကို ကျောင်းအပ်လက်ခံနေပါပီ...
24/04/2023

ရွှေဖရုံသီးလေးတွေနဲ့ ချစ်စရာကလေးများ 😍😍
DTK-Pre school မှာ ၃နှစ်ကနေ ၅နှစ်ထိ သားသားမီးမီးတွေများကို ကျောင်းအပ်လက်ခံနေပါပီရှင့်
လိပ်စာ တိုက် ၁၈၄ သဘ်ောကျင်း၄လမ်း ဒေါပုံမြို့နယ်
095408863

20/04/2023

Music and dance
ကလေးတွေကနေကြတာချစ်စရာလေး 😍😍



095408863 သဘော်ကျင်း၄လမ်း ဒေါပုံမြို့နယ်

Creation day 🥰🥰      095408863
18/01/2023

Creation day 🥰🥰




095408863

မင်မင်တို့ရဲ့ ကျောင်းမှာနေ့စဉ်ကလေးတွေနဲ့ activities လေးတွေလုပ်ရပါတယ် ဒါမှ မိမိတို့ရဲ့ သားသားမီးမီးလေးတွေ ဉာဏ်ရည်ဖွံ့ဖြို...
05/01/2023

မင်မင်တို့ရဲ့ ကျောင်းမှာနေ့စဉ်ကလေးတွေနဲ့ activities လေးတွေလုပ်ရပါတယ် ဒါမှ မိမိတို့ရဲ့ သားသားမီးမီးလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးပီး အာရုံစူးစိုက်မှုအား‌လည်းပိုကောင်းလာမှာဖြစ်ပါတယ်ရှင့်
သားသားမီးမီးလေးတို့ကိုကျောင်းအပ်ချင်ရင်တော့
No.190 သဘော်ကျင်း၄ လမ်း ဒေါပုံမှာရှိတဲ့
DTK pre school ကိုလာခဲ့ပါနော်
pH 095408863

02/01/2023

သားသားမီးမီးတို့က Oppa Gangnam style နဲ့ ကပြတာ ချစ်စရာလေးတွေ 🥰🥰


095408863

DTK pre school ကနေ ကျင်းပတဲ့ ၂၉ရက်နေ့ ကလေးတွေ new year အမှတ်တရ လက်ဆောင်ပေးတဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်ရှင...
02/01/2023

DTK pre school ကနေ ကျင်းပတဲ့
၂၉ရက်နေ့ ကလေးတွေ new year အမှတ်တရ လက်ဆောင်ပေးတဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်ရှင် ☺️
သားသားမီးမီးတို့ကို ကျောင်းအပ်မယ်ဆိုရင်တော့ အသက် ၃နှစ်ခွဲမှ ၅နှစ်ထိ ကျောင်းအပ်လက်ခံပါတယ်ရှင် ‌
လိပ်စာ no 190 , မြေညီထပ် သဘ်ောကျင်း၄လမ်းဒေါပုံ
pH 095408863
Fee 35000

Address

Yangon

Website

Alerts

Be the first to know and let us send you an email when DTK-Pre school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category