24/07/2025
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ
သေချာပေါက် အုပ်စုနဲ့ မရောဘူး 🦋
သင်သိထားရမှာက
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေဟာ
သူမတို့ဟာ ချေမိုးတာ အေးစက်တာ မဟုတ်ပါ
သူမတို့ဟာ
Vibration Frequency တုန်ခါမှု ကြိမ်နှုန်း မြင့်မားတာပါ
သူမတို့နဲ့ လိုက်ဖက်တဲ့ ပြောဆိုနိုင်တဲ့လူဟာ
လက်ချိုးရေတွက်လို့ ရပါတယ်
သင်က သူမတို့ကို အုပ်စုနဲ့ ဘယ်လိုသွားရောခိုင်းမလဲ ?
သူမတို့ဟာ ဆက်ဆံရ ခက်ခဲတာ မဟုတ်ပါဘူး
သူမတို့ရဲ့ Frequency ကြိမ်နှုန်း က
အရမ်းကို သန့်ရှင်းလွန်းနေတာပါ
ဆူညံတဲ့ ရှုပ်ထွေးတဲ့ Frequency ကြိမ်နှုန်းတူတွေနဲ့
အတူတကွ ကြိမ်နှုန်းတူ တုန်ခါလို့ မရပါဘူး
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေဟာ
သူမတို့ဟာ မွေးကတည်းက
ဆူညံနေတဲ့ လူအုပ်ထဲမှာ မရှိပါဘူး
သူမတို့ဟာ ထမင်းဝိုင်းမှာ ခွက်တိုက်ရတာတွေ
တွန်းတွန်းတိုက်တိုက်တွေကို မကြိုက်ပါဘူး
လုအုပ်ထဲမှာ အတင်းပြောဆိုရတာတွေကို မကြိုက်ပါဘူး
သူမတို့ဟာ တစ်ယောက်ထဲ တိမ်တွေ သွားကြည့်ရပါစေ
သစ်ပင် သွားကြည့်ရပါစေ
နေဝင်ဆည်းဆာ ခွက်ထဲ ကျလာတာကို ကြည့်ရပါစေ
စည်ကားတဲ့ လူအုပ်ထဲမှာ
ကိုယ့်စိတ်ကို လွန်ဆန်တဲ့လူတစ်ယောက် လုပ်ရမှာကို
မလိုလားပါဘူး
သူမတို့ဟာ အတင်းပြုလုပ်ထားတဲ့ စည်ကားမှုထဲမှာ
ပင်ပန်းမှုကို ခံစားရပါလိမ့်မယ်
မိမိကိုယ်တိုင်ရဲ့ တစ်ယောက်ထဲ နေထိုင်ခြင်းမှာတော့
အာဟာရ မွေးမြူမှုကို ရရှိပါတယ်
ဒါဟာ အုပ်စုနဲ့ မရောတာ မဟုတ်ပါဘူး
ဖြစ်သလို မရောနှောတာပါ
ဒါဟာ လူမှုဆက်ဆံရေး မရှိတာ မဟုတ်ပါဘူး
စိတ်ခွန်အားကို မဖြုန်းတီးတာပါ
သူမတို့ဟာ ပြင်ပလောကကနေ
ဖြစ်တည်မှုကို ရယူဖို့ မလိုအပ်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ သူမတို့ရဲ့ ဖြစ်တည်မှုဟာ
မိမိကိုယ်တိုင်ရဲ့ နိုးကြားခြင်း
သတိနဲ့ နေခြင်းကနေ လာပါတယ်
ဒီလိုအမျိုးသမီးတွေဟာ လ နဲ့ တူပါတယ်
သူမတို့ရဲ့ ကိုယ်ပေါ်မှာ
တိတ်ဆိတ်တဲ့ အလင်းရောင်တစ်မျိုး ရှိပါတယ်
မဆူညံဘူး မဖြေရှင်းဘူး မဖားဘူး
တစ်ယောက်ထဲနေတဲ့ အကြိမ်တိုင်းမှာ
သူမတို့ရဲ့ စိတ်ကို
ထပ်ပြီး လင်းလက်အောင် ပွတ်တိုက်ပါတယ်
စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ
စိတ်စွမ်းအင်နိမ့်တဲ့ လူနဲ့ အတူ မကခုန်နိုင်ပါဘူး
ဒါပေမယ့် အကယ်၍ သင်ဟာ သူမရဲ့ ငြိမ်သက်ခြင်းကို
နားလည်နိုင်တယ်ဆိုရင်
သူမရဲ့ နက်ရှိူင်းမှုကို နားလည်ဖို့
သင့်မှာ အခွင့်အရေး ရှိလာပါတယ်
သူမရဲ့ လောကထဲကို သင်ဝင်ရောက်သွားတာနဲ့
သင်ဟာ သူမရဲ့ ရွေးချယ်ခြင်း ခံရတဲ့သူပါပဲ
ဒါကြောင့် သူမရဲ့ အုပ်စုနဲ့ မရောခြင်းဟာ
တကယ်တော့ စိတ်မှာ အလင်းရောင်ရှိတဲ့လူဟာ
မိမိကိုယ်ကိုပေးထားတဲ့
ကာကွယ်မှုအရောင်တစ်ခု ဖြစ်ပါတယ်
သူမဟာ တကယ်ကို အုပ်စုနဲ့ ရောလို့ မရပါဘူး
သင်ဟာ သူမကို ရှုပ်ထွေးဆူညံမှုထဲမှာ အမြဲနေခိုင်းရင်
သူမရဲ့ Energy စွမ်းအင်တွေကို ကုန်ခမ်းစေမှာ ဖြစ်ပါတယ်
ရှင်းအောင် ပြောရရင်
အဲဒါဟာ သူမရဲ့ မြေပြင် မဟုတ်ပါဘူး
ဒါပေမယ့် သင်ကလည်း သူမအတွက် စိတ်ပူစရာ မလိုပါဘူး
သင်က တွေးပါလိမ့်မယ် ဝါးး ဒီလို အမျိုးသမီးဟာ
အရမ်းကို အထီးကျန်ဆန်နေမှာပဲ လို့
သူမအတွက်ကတော့
တစ်ယောက်ထဲနေတာက အရူးအမူးပျော်တာထက်
ပိုသာပါတယ်
သူမရဲ့ ပျော်ရွှင်မှုကို
သာမန်လူတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး
(တရုတ်စိတ်စွမ်းအင် ဘာသာပြန်)
အဖြူ(မန္တလေး)
❤🌿
゚viralシ #သုတရသစာပေစုံ
#ဓမ္မသုတရသစာပေ #ရသစာပေ #ခွန်အားစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🌺
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်🌺🙏
23/07/2025
ရန်ကုန်မှာ ကလေးတွေကို ဂရုစိုက်ကြပါ ‼️
ကျောင်းသူတစ်ဦး တို့ဆေး အထို-းခံရ
ဖြစ်စဉ် -
ကျမမြေးမြေးလေး..ပူတူးနောင်ကို..ဒီမနက်
ကျောင်းပြန်ပို့တယ်။ သမီးကြီးနဲ့တူဝရီး
နှစ်ယောက်တူတူထွက်သွားခဲ့ကြတယ်။
ကျမမြေးလေးကိုဘတ်စ်ကားပေါ်မှာ
တို့ဆေးနဲ့ထိုးသွားပါသတဲ့။ ဒါတောင်သူ့
တီတီချစ်ပါပေလို့ပေါ့။ ကလေးကို..ခေါင်း
ကိုပုတ်ပြီးတို့ဆေးထိုးထည့်လိုက်တာပါတဲ့။
-
ကလေးကချက်ချင်းမူးတက်လာပြီး။ ကြောင်
တောင်တောင်ကြီးဖြစ်သွားပြီး..ခြေတွေလက်
တွေလေးလာခဲ့တယ်။ တဖြည်းဖြည်းနဲ့မလှုပ်နိုင်
တော့ပဲ..သတိလစ်ကျသွားခဲ့တယ်။ ကလေးနဲ့အတူ
သမီးကြီးပါလို့သာပါဘဲ ။ ဆေးရုံကောက်တင်နိုင်
ခဲ့တော့တယ်။ Green Cross ကိုတင်တော့..Police Case ဖြစ်နေတော့..လက်မခံလို့..ခုတော့ဂျပန်
ဆေးရုံအထူးခန်းမှာ..ကလေးကိုတင်ထားရပါတယ်။
-
ဒီအကြောင်း..ဒီလိုအသေးစိတ်ရေးပြနေတာက..
ရန်ကုန်မြို့ကြီးမှာ..ကလေး၊လူကြီးအားလုံး၊အ
ချိန်အခါမရွေး..အန္တရာယ်ကျရောက်နိုင်တာကို..
အားလုံးကိုသိစေချင်လို့ပါ။ ကျမမြေးလေးကို
အသွားအပြန်တက္ကစီနဲ့ပို့နေကျကို..သူတို့လည်း
လမ်းမပေါ်ရောက်၊ 117 ကားကချောင်နေလို့ဆိုပြီး
တက်စီးလေသတဲ့။ ခုတော့..တက္ကစီခထက်အဆပေါင်းများစွာကုန်တဲ့အပြင်..ကျမတို့တမိသားစုလုံး
ဆေးရုံရောက်သွားကြရပါတယ်။ (ကလေးနားကမခွါရက်ကြတော့လို့ပါ )
-
ဘယ်လောက်များ..တို့ဆေးကပြင်းလိုက်ပါသလဲဆိုရင်.. Green Cross ဆေးရုံရောက်တဲ့အချိန်..
သွေးပေါင်ချိန်ချိန်ကြည့်လိုက်တာ..အပေါ်သွေး170
အောက်သွေး130ပါတဲ့။ ခုတော့ဂျပန်ဆေးရုံပေါ်
မှာ..Treatment ယူနေပါပြီ။ ကလေးလည်းသတိရပါပြီ။ အဖွားဖြစ်တဲ့ကျမရော၊ ကလေးအဒေါ်ဖြစ်တဲ့သမီးကြီးရောကတော့..သွေးတွေတိုးကျန်နေခဲ့ပါတော့တယ်။
-
ကြားရသူအပေါင်းလည်း..မို့(သဲကုန်း)ရဲ့မရိုးရသော
ဇာတ်လမ်းပမာနားဆင်စရာများကို..ရင်ခုန်လှုပ်ရှား
စွာ..နားဆင်နေကြရတာကို..အားနာပါတယ်ရှင်။
-
ကျမသိချင်တာက..Grade 12 ကလေးလေးကို..တို့ဆေးထိုးပြီး..ဘယ်လိုလုပ်ချင်တာပါလဲ?
ဘာဖြစ်သွားစေချင်တာပါလဲ? ကလေးက ကျောင်း
Uniform နဲ့ မို့လို့..ကျောင်းတက်တာမကြိုက်လို့လား?
Mercury Private School ရဲ့Uniform နဲ့ကျမမြေးလေးကို..သေသွားစေချင်တာလားရှင်တို့ရယ်။ ကျမတို့ရင်တွေကွဲနေရပါပြီ။
-
Universe ကြီးရယ်..Lesson တွေမကုန်သေးဘူးလား။
တော်လောက်ပါပြီကွယ်…နော်။
ထူးဆန်းထွေလာ..အသစ်အဆန်းတွေကြုံတွေ့
နေရပါသော..
🌻မို့🌻(သဲကုန်း)
အားလုံးသတိပြုသတိရှိကြစေဖို့ပါ...။
Crd-News&Photos
23/07/2025
A1 to C2 Free Course Collection‼️
A1-C2 အထိ အခမဲ့ လေ့လာလို့ရတဲ့ အင်္ဂလိပ် course တွေကို စုထားပါတယ်။ ဘယ်နေရာကမဆို တန်းသင်လို့ရပြီး Certificate ရနိုင်တာတွေလည်း ပါပါတယ်။
1. BBC Learning English
📌 Level – A1 to C2
📌 Link – https://www.bbc.co.uk/learningenglish
Daily Lessons, Grammar, Vocabulary, Speaking, Listening အားလုံးတစ်နေရာတည်းလေ့လာလို့ရပါတယ်။ Certificate တော့မပေးပါ။
2. British Council - Learn English
📌 Level – A1 to C1
📌 Link – https://learnenglish.britishcouncil.org
Grammar, Vocabulary, Business English, Speaking, Listening အကုန်လေ့လာလို့ရပါတယ်။Certificate မပေးပါ။
3. Alison
📌 Level – A1 to C2
📌 Link – https://alison.com
English Grammar, Speaking, IELTS Preparation တွေလေ့လာနိုင်ပါတယ်။ ကိုယ်က PDF, Harcopy မလိုဘူးဆိုရင်တော့ Certificate ရနိုင်ပါတယ်။
4. Coursera (Audit Mode)
📌 Level – A1 to C2
📌 Link – https://www.coursera.org
Cambridge Grammar, Academic English, Professional Communication တွေရှိပါတယ်။ Certificate ကတော့ paid ပါ။
5. FutureLearn
📌 Level – A1 to C1
📌 Link –https://www.futurelearn.com
*British Council's Free English Courses တွေရှိပါတယ်။ Paid for Certificate ပါပဲ။
6. USA Learns
📌 Level – A1 to B2
📌 Link – https://www.usalearns.org
American English, Speaking, Listening အဓိကလေ့လာလို့ရပါတယ်။ Certificate တော့မပေးပါဘူး။
7. Saylor Academy
📌 Level – A2 to C1
📌 Link – https://learn.saylor.org
Free College-level English Courses တွေပါ။ Academic English, Business English တွေအတွက် တကယ်ကောင်းပါတယ်။ Certificate Free ရပါတယ်။
Link တွေဝင်မရရင် Google မှာ Website Name ရိုက်ရှာလိုက်ပါနော်။
up English
18/03/2024
2024-2025ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမများ ခေါ်ယူခြင်း
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းနှင့်အတူ လက်တွဲလုပ်ကိုင်ရန် အလယ်တန်းနှင့် မူလတန်း ကျောင်းအတွက်အောက်ပါရာထူးများခေါ်ယူခြင်း
(၁) မူလတန်းပြဘာသာစုံ (15)Posts
(၂) အလယ်တန်းပြဘာသာစုံ (7)Posts
(၃) Assistant Teachers (10) Posts
(၃) English (4)Skills Teacher (5)Posts
(၄) English Phonics Teacher (3)Posts
* တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။(ပညာရေးနှင့်ပတ်သက်သည့်ဘွဲ့ ဦးစားပေးမည်။)
* ကလေး ဗဟိုပြု (CCA ) သင်ကြားရေး အတွေ့အကြုံ နှင့် အစိုးရသင်ရိုးသစ် စနစ်ကို သင်ကြားနိုင်သူဖြစ်ရမည်။
* စာသင်ကြားမှုအတွေ့အကြုံ(၂)နှစ်နှင့် အထက်ရှိရမည်။
* ကလေးများအပေါ်တွင်စိတ်ရှည်ကြင်နာပြီး ကလေးများ၏လိုအပ်ချက်များကို ကောင်းစွာ သိမြင်နိုင်ရမည်။
* အသင်းအဖွဲ့နှင့် လိုက်လျောညီထွေစွာ ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
* မိမိတာဝန်ယူထားသော အလုပ်ကို စိတ်ဝင်စားမှုရှိပြီး ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်နိုင်ရမည်။
*ကျောင်းသားကျောင်းသူများ၏ အကျိုးအတွက် ရေရှည်လက်တွဲ လုပ်ကိုင်လိုသူများ၊ဖြစ်ရမည်။
နယ်ဝေးမှ ဆရာ/ဆရာမများအတွက် အဆောင်ရှိပါသည်
Working Day : Monday To Friday
Working Hour : 8Hours
Salary. : 250000-400000
Address. : ၁၅ ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်။
အမှတ်စဉ်အားလုံးအတွက် လျှောက်ထားလိုသူများသည် CV form(ကိုယ်ရေးအကျဉ်း)၊ ပညာအရည်အချင်းအထောက်အထားမိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်ထောက်ခံချက်တို့ကို
Email: [email protected] (သို့မဟုတ်)
Viber Phone. 09 420880690 သို့ပေးပို့လျှောက်ထားနိုင်ပါသည်။