25/05/2025
'ယနေ့လူငယ် နောင်ဝယ် လူကြီး'ဆိုတဲ့ အတိုင်း တစ် နေ့ကြီးပြင်းလာမယ့် ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှုရရှိ အောင် ငယ်စဉ်မှာ ပြုပြင်လမ်းညွှန်ပေးမယ့်အုပ်ထိန်းသူတို့ရဲ့parenting stylesကလည်းအရေးပါ ပါတယ်.. ဒီနေ့ parenting styles (၄)မျိုးကို မျှဝေပေးချင်ပါတယ်.. ကိုယ်ကိုယ်တိုင်လည်း ငယ်စဉ်က ဘယ် ပုံစံမျိုးနဲ့ ပျိုးထောင်ခံခဲ့ရသလဲ ပြန်လည် သုံးသပ်ကြည့်ရအောင်ပါ..
1) အာဏာရှင်ဆန်သော အုပ်ထိန်းမှုပုံစံ (Authoritarian Parenting)
အဲ့ဒီလိုအုပ်ထိန်းမှုပုံစံနဲ့ မိဘတွေက ကလေးတွေအပေါ် တောင်းဆိုမှု ညွှန်ကြားမှုတွေ အရမ်းများတယ် တင်းကြပ်တယ်.. ကျိုးကြောင်းရှင်းပြမှုမလုပ်ဘူး လိုက်လျောညီထွေမှု မရှိပဲ ကလေး တွေ ရဲ့ အမိန့် နာခံမှုကိုပဲလိုလားတယ်.. သူတို့ချမှတ်တဲ့ စည်းမျဉ်းတွေကိုပဲ လိုက်နာစေချင်တယ်..တင်းကြပ်တဲ့အပြစ်ပေးမှု စည်းကမ်းပေးမှုတွေရှိတယ်.. ကလေးရဲ့ ခံစားချက် ကို ထည့်မတွက်ပဲ သူတို့ဖြစ်စေချင်တဲ့ ပုံစံအောက်မှာတင်းကြပ်စွာထားတယ်..
အဲ့လို အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာရတဲ့ကလေးတွေဟာ အပေါ်ယံအားဖြင့်ကြည့်ရင် မိဘ တွေချမှတ်တဲ့ စည်းကမ်းအပေါ် လိုက်နာမှု ရှိတယ်ထင်ရတယ်. ဒါပေမယ့် သဘောပေါက်နားလည်လို့လိုက်နာတာမဟုတ်ပဲ ဆူမှာ ရိုက်မှာကြောက်ရွံ့လို့ လိုက်နာတာဖြစ်တဲ့အတွက် ကြောင့် နောက်ပိုင်း ရေရှည်လိုက်နာနိုင်မှုမှာ အားနည်းသွားလိမ့်မယ်.. လူမှုဆက် ဆံရေးပိုင်းမှာလည်း ရေရှည်အဆင်ပြေတဲ့သူမရှိပဲ အားနည်း သွားတတ်ပါတယ် မိမိကိုယ်ကို တန်ဖိုးထားမှုပိုင်းမှာလည်း နိမ့်ပါးသွားလေ့ရှိတယ်..ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ကြောက်ရွံ့မှု စည်းကမ်းလိုက်နာမှုဟာ ကိုယ်ကိုယ်တိုင် အသိစိတ်နဲ့သိရှိနားလည်လို့ ပြုလုပ်ခဲ့လို့ မဟုတ်ခဲ့ပဲ မိဘများရဲ့ သူတို့ဖြစ်ချင်တဲ့ ပုံစံခွက်ထဲအတင်းပုံသွင်းခဲ့လိုပါပဲ.....
2) အလေးမထားသော အုပ်ထိန်းမှုပုံစံ (Neglectful Parenting)
ဒီ ပုံစံမှာတော့ မိဘက ကလေးရဲ့ လိုအပ်ချက်တွေကို အာရုံစိူက်မှုမရှိပါဘူး.. ကလေးနဲ့ပတ်သက်ပြီး (emotional support) စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေလည်း အနည်းငယ်သာပေးပါတယ်..နွေးထွေးမှုလည်းနည်းသလို ထိန်းချုပ်မှု (control)လည်း နည်းပါတယ် ကလေးနဲ့ပတ်သက်ပြီး ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်လည်း မရှိပါဘူး..စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်တွေလည်း မထားသလို..ကလေးနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုလည်း မလုပ်ပါဘူး..
ဒီလို ကြီးပြင်းလာရတဲ့ကလေးတွေဟာ..စိတ်ပိုင်းဆိုင်ရာ အလေးထားမှုမရှိသူတွေ လျစ်လျူရှုတတ်တဲ့ သူတွေဖြစ်လာတတ်ပါတယ်..စိတ်ခံစားမှုတွေကို ဖုံးကွယ်တတ်လာတယ် အပြုအမူပိုင်း(behaviour )မှားယွင်းသော ကလေးတွေဖြစ်လာတတ်ကြပါတယ်..လူမှုရေးပိုင်းမှာလည်း ယုံကြည်မှုနည်းခြင်း လေးစားမှုမရှိခြင်း တို့ဖြစ်တတ်ပါတယ်..ကျောင်းစာသင်ကြား ရေးပိုင်းမှာလည်း ခက်ခဲရုန်းကန်ရတတ်ပါတယ်. ဘာကြောင့်လဲဆိုတော့ မိဘရဲ့ အာရုံစိုက်မှု ပူးပေါင်းပါဝင်မှု မရကြရရှာလို့ပါ..
3)လွတ်လပ်ခွင့်ပေးလွန်းသော အထိန်းအကွပ်လျော့ရဲလွန်းသော အုပ်ထိန်းမှုပုံစံ (Permissive Parenting)
ဒီမိဘတွေကတော့ ကလေးနဲ့ပတ်သက်ပြီး နွေးထွေးတယ် လိုလိုလားလားရှိတယ် ဒါပေမယ့် အလိုလိုက်မှု လိုက်လျောမှု ပေးလွန်းတယ်..စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ချက်တွေ တောင်းဆိုမှုတွေ အနည်းငယ်သာရှိတယ် ထိန်းချုပ်မှုသိပ်မရှိဘူး..
စည်းမျဉ်းစည်းကမ်းလိုက်နာမှုရှိအောင် သိပ်မတိုက်တွန်းဘူး..အလိုလိုက်အကြိုက်ဆောင်တယ်..ကလေးစိတ်ကြိုက်ပေးလုပ်တယ်..No ဆိုတဲ့ စကားကိုပြောခဲတယ်..
အဲ့လို အုပ်ထိန်းခံရတဲ့ကလေးတွေက ဖန်တီးနိုင်မှု (creative)မှာ တိုးတက်လာမှုရှိတယ် လွတ်လွတ်လပ်လပ်ရှိတယ် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတော့ရှိတယ်.. ဒါပေမယ့် စည်းမျဉ်းစည်းကမ်းမရှိပဲ ကြီးပြင်းလာရတဲ့အတွက် ကိုယ့်ဟာကိုယ်ထိန်းချုပ်နိုင်မှုမရှိဘူး ..အတ္တကြီးသွားတတ်တယ် ..သည်းမခံတတ်ဘူး ပေါက်ကွဲလွယ်တယ်..သူများအတွက် သိပ်မကြည့်တတ်ဘူး မညှာတာတတ်တော့ဘူး ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်တော့တယ် သူငယ်ချင်း မိတ်ဆွေခင်မင်မှုကိုလည်း ရေရှည်မထိန်းသိမ်းထားနိုင်တော့ဘူး
4) ခိုင်လုံသော အကြောင်းပြချက်များနဲ့ အုပ်ထိန်းမှုပုံစံ ( Authoritative Parenting )
မိဘတွေမှာ ကလေးနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ မျှော်မှန်းချက် ရည်ရွယ်ချက်ရှိတယ်..က လေးပြုစုပျိုးထောင်မှုနဲ့ ပတ်သက်ပြီး ကလေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ကို လိုလားတယ် စိတ်အားထက်သန်တယ်
ကလေးရဲ့ ကုစားဖို့ ပြုပြင်ဖို့ လိုအပ်တဲ့ အပြုအမူပိုင်းအတွက် လမ်းညွှန်မှုတွေ ဆွေးနွေးမှုတွေလုပ်ပီး စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ပြီးလုပ်ဆောင်တယ် အဲ့လိုစည်းကမ်းချမှတ်တဲ့နေရာမှာလည်း ကလေးရဲ့ ခံစားချက်ကိုထည့်တွက်စဉ်းစားတယ် မိမိကိုယ်ကို အားကိုးတတ်ဖို့ တိုက်တွန်းတယ်..
အဲ့လိုကြီးပြင်းလာတဲ့ကလေးတွေဟာ မိဘရဲ့ ယုံကြည်ကိုးစားလောက်တဲ့ ပူပေါင်းဆောင်ရွက်ထောက်ပံ့မှုရကြလို့ ကိုယ့်ဟာကိုယ် အားထားတတ်လာတယ် လူမှုရေးအားကောင်းလာတယ် ကိုယ့်စည်းကမ်းနဲ့ကိုယ်နေထိုင်တတ်လာတယ် ယုံကြည်မှုမြင့်မားလာတယ် စာပေဘာသာရပ်မှာ အောင်မြင်မှုရလာတယ်..မိမိကိုယ်ကိုယ်တန်ဖိုးထားတတ်မှု မြင့်မားလာပါတယ်
အုပ်ထိန်းမှုပုံစံ တွေကို လေ့လာကြည့်ပြီး ကိုယ်ငယ်ငယ်ကဘယ်လို အုပ်ထိန်းခံ ခဲ့ရသလဲ ကိုယ်ငယ်ငယ်က ရခဲ့တဲ့ကောင်းမွန်တဲ့အချက်တွေကို ကလေးတွေအပေါ်ဆက်လက်မျှဝေပေးရင်း ကိုယ်ငယ်ငယ်က မရခဲ့တဲ့ လိုအပ်ချက်ကွက်လပ်လေးတွေကို ကလေးတွေအပေါ် ဖြည့်ဆည်းပေးကြပါစို့နော်...
Tr.Thin Zar
PhD (Education)