KTL English & Maths Centre

KTL English & Maths Centre

Share

A good place to learn proper English & Maths. We provide very economical and effective online classes.

22/04/2026

Dear all,

As this page is rarely active and messenger is inaccessible, please reach us at Edu Prime Education Centre ..
Phone 09795595666.

Sorry for inconvenience caused.🙏🙏🙏

Photos from KTL English & Maths Centre's post 04/12/2023

🍁မင်္ဂလာပါရှင်🍁

🍀 ကျွန်မတို့ KTL English & Maths Centre (aka) Edu Prime English Language Centre ရဲ့ New Product လေးတစ်ခုဖြစ်တဲ့ Cambridge Science For Stage-2 Class လေးကို ပြီးခဲ့တဲ့ October လကနေ စတင်ဖွင့်လှစ်ခဲ့ပါတယ်ရှင်။

🍀 Science Class ဆိုတဲ့အတိုင်း သားသမီးငယ်လေးတွေရဲ့ ပတ်ဝန်းကျင်အပေါ်စူးစမ်းလေ့လာသင်ယူလိုစိတ် အားကောင်းလာအောင် စာတွေ့တစ်မျိုး၊ လက်တွေ့တစ်ဖုံ၊ Project လေးတွေကအစ သားသားမီးမီးတို့ကိုယ်တိုင်ပါဝင်လာအောင် သင်ကြားပြသပေးနေပါတယ်ရှင်။

🍀 Science Stage-2 Class လေးရဲ့ တတိယမြောက် Project လေးဖြစ်တဲ့ "Weather Chart" Project လေးမှာ သားသားမီးမီးလေးတို့ စိတ်အားတက်ကြွစွာပါဝင်လုပ်ဆောင်ကြတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်ရှင်။


01/12/2023

Free Trial Class Announcement 📣📣📣

👩‍🔬👨‍🔬 Cambridge Primary Science Stage-3

👀 *SCIENCE* ဆိုတာဟာ သဘာဝလောကကြီးကို စူးစမ်းလေ့လာခြင်း ဖြစ်ပါတယ်။ 👀

📌 Science ဟာ ကျက်စာဘာသာရပ် မဟုတ်ဘဲ သားသားမီးမီးလေးတို့ ကိုယ်တိုင် စူးစမ်းလေ့လာ/မေးခွန်းထုတ်/အဖြေရှာရင်း မှတ်သားသင်ယူရမယ့် ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။

📌 မရေမတွက်နိုင်တဲ့ မေးခွန်းတွေနဲ့ သားသားမီးမီးတို့ရဲ့ စူးစမ်းလေ့လာလိုစိတ်၊ တက်ကြွစွာ သင်ယူလိုစိတ်တွေကို ဆွဲခေါ်နှိုးဆွပေးရာမှာ SCIENCE ဘာသာရပ်က အထောက်အပံ့များစွာ ဖြစ်စေပါတယ်။

📌 ဒါကြောင့် SCIENCE ကို မူလတန်းအရွယ်မှာတည်းက ထိတွေ့ပေးထားနိုင်ခြင်းဟာ သားသားမီးမီးတို့ အတန်းကြီးလာတဲ့အခါမှာ ပိုပြီး နားလည်လွယ်ကူစေမှာ ဖြစ်ပါတယ်။

👆👆👆 ဒီလိုရည်ရွယ်ချက်နဲ့ Edu Prime Education Centre, KTL English & Maths Centre ကနေ သားသားမီးမီးလေးတို့အတွက် SCIENCE CLASS လေးတစ်ခုကို ထပ်မံဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ် ☺️☺️

🧬 Cambridge Primary Science Stage-3 မှာတော့

✅ Biology အခြေခံဖြစ်တဲ့ သက်ရှိတွေနဲ့ ပတ်သက်တာတွေ

✅ Chemistry အခြေခံဖြစ်တဲ့ အရာဝတ္ထုများရဲ့ အမျိုးအစားအကြောင်းတွေနဲ့

✅ Physics အကြောင်းအရာတစ်ခုဖြစ်တဲ့ 'အား' အကြောင်း

စသဖြင့် အခြေခံသဘောတရားများကို လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

👩‍🏫 သင်ကြားရေးပိုင်းမှာတော့ သားသားမီးမီးတွေရဲ့ သင်ယူလိုစိတ်ကို မြင့်တက်စေနိုင်တဲ့ powerpoint presentation, images, worksheets, quiz များနဲ့ video fileများ၊ သင်ခန်းစာနဲ့ဆက်စပ်တဲ့ science projects များဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✨ ဒီအတန်းလေးကို စိတ်ဝင်စားလို့ Science Class ဆိုတာ ဘယ်လိုများပါလဲဆိုပြီး သိလိုတဲ့ သားသားမီးမီးလေးတို့အတွက် December လထဲမှာ Cambridge Primary Science Stage-3 ကို ငွေသွင်းစရာမလိုပဲ ၂ ပတ် Free သင်ကြားပေးသွားမှာဖြစ်လို့ စမ်းသပ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

🔰 Day - Saturday & Sunday
🔰 Time - 11:30 to 1:00 pm
🔰 Duration - 2 weeks
🔰 Starting Date - 9.12.2023 (Saturday)

✨ Aged 9 - 11 အရွယ် သားသားမီးမီးများ တက်ရောက်နိုင်တဲ့အတန်းလေးဖြစ်ပါတယ်။

✨ Trial Class ဖြစ်ပေမယ့်လည်း Edu Prime နှင့် KTLEM ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း သားသားမီးမီးတို့ကို တတ်မြောက်အောင်၊ ပျော်ရွှင်စွာလေ့လာနိုင်အောင် မေတ္တာနဲ့သင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

✨ လူဦးရေ အကန့်အသတ်ရှိလို့ တက်ရောက်လိုတဲ့ သားသားမီးမီးလေးတို့အနေနဲ့ ကြိုတင်စာရင်း ပေးသွင်းရမှာဖြစ်ပါတယ်။

အသေးစိတ်ထပ်မံ သိရှိလိုပါက KTL English & Maths Centre ရဲ့ Page Messenger ကို ဖြစ်စေ Phone - 09795595666 ကိုဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းပြီး စာရင်းပေးသွင်းနိုင်ပါပြီရှင်။




27/10/2023

Thadingyut Holiday Announcement !

လာမည့် 28.10.2023 (Saturday) မှစ၍ 3.11.2023 (Friday) အထိ သီတင်းကျွတ်ပိတ်ရက်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။

Edu Prime English Language Centre , KTL English & Maths Centre နှင့် KTL General English ရှိ Online Classes နှင့် In Person Classes များအားလုံးကို 4.11.2023 (Saturday) မှစ၍ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ရှင်။

အေးချမ်းသာယာဘေးဘယာကင်းဝေးသော သီတင်းကျွတ်အခါသမယလေး ရရှိပိုင်ဆိုင်ကြစေရန် Edu Prime Education Family မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

13/10/2023

မင်္ဂလာပါရှင်

ကျွန်မတို့၏ KTL English & Maths Centre နှင့် Edu Prime English Language Centre မှ
International Maths for Year 2 (Aged 7/8+) နှင့် Year 3 (Aged 10 +) အတန်းကို အောင်မြင်စွာဖွင့်လှစ်ပြီးနောက်၊ မိဘများ၏တောင်းဆိုချက်အရ Aged 6/7+ သားသမီးများအတွက် International Maths for Year 1 (Sanchaung On Campus Class) ကို Batch 2 အနေဖြင့် ဖွင့်လှစ်ပေးပါတော့မည်။

မူလတန်းသားသမီးတွေအတွက် အခြေခံသင်္ချာကို International သင်ရိုးဖြင့် သင်ကြားပေးမည့်
International Maths for Year 1 Class ပါ။ Cambridge သင်ရိုးကိုအဓိက အသုံးပြုပြီး ၊ Worksheets များ၊ Projects များဖြင့် ပိုမိုထိရောက်အောင် လေ့ကျင့်ပေးမှာဖြစ်ပါတယ်ရှင်။

ထူးချွန်ထက်မြက်ပြီး၊ သင်္ချာ အတွေးအခေါ်ကောင်းသော၊စဥ်းစားဥာဏ်ကွန့်မြူးတတ်သော အနာဂတ်၏ အောင်မြင်သောပညာရှင်များ ကိုရည်သန်၍ ဖွင့်လှစ်ပေးမည့် သင်တန်းပါ။

သင်္ချာဘာသာရပ်ဝေါဟာရများ၊ပုစ္ဆာများကို English ဘာသာဖြင့် သင်ကြားလေ့ကျင့်မှာဖြစ်သောကြောင့် English ဘာသာရပ်ပါတပြိုင်တည်း တိုးတက်မှာဖြစ်ပါတယ်။ တွေးခေါ်ပုံ၊ပုစ္ဆာချဥ်းကပ်ပုံ၊ တွက်ချက်အဖြေထုတ်ပုံတို့ကို အခြေခံမှစ၍ ကျွမ်းကျင်ပိုင်နိုင်အောင် တစ်ဆင့်ချင်းလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်ရှင်။

November လဆန်းမှာစတင်ပါမည်။ Sat/Sun အတန်းဖြစ်ပါတယ်။
ထိရောက်သော သင်ကြားမှုဖြစ်ရန် ကျောင်းသားဦးရေ အများဆုံး (၁၂) ဦးသာ လေ့ကျင့်ပေးနိုင်မှာဖြစ်ပါတယ်ရှင်။

မြန်မာသင်ရိုးဖြင့်သင်ကြားနေပြီး နိုင်ငံတကာသင်ရိုးကိုစိတ်ဝင်စားသော၊ Maths ဝါသနာပါသော သားသမီးများ၊ လက်ရှိမြန်မာကျောင်းတက်နေသော်လည်း အတန်းမြင့်လာလျှင် နိုင်ငံတကာသင်ရိုးပြောင်းလိုသောသားသမီးများ၊ International School များတွင်လက်ရှိတက်ရောက်နေသော သားသမီးများအတွက်အထူးသင့်တော်ပါသည်။

အသေးစိတ်ကို 09795595666 ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင်။




17/08/2023

🍀 မင်္ဂလာပါရှင် 🍀

မူလတန်း သားသားမီးမီးလေးတွေအတွက် Edu Prime Education Centre / KTL English & Maths Centre မှ Class လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ❗❗❗

🧪 International Primary Science 🧲
Class လေးပဲ ဖြစ်ပါတယ်။

👉 ဒီ Science Class လေးကနေ...
သားသားမီးမီးလေးတွေရဲ့ တက်တက်ကြွကြွ ပါဝင်သင်ကြားလိုစိတ်၊ စူးစမ်းလေ့လာသင်ယူလိုစိတ်များ တိုးတက်လာဖို့အတွက် ပြုစုပျိုးထောင်ပေးသွားမှာဖြစ်ပြီး နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာပါ သိပ္ပံနဲ့ ယှဉ်တွဲပြီး သင်ယူလေ့လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်‌ပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Science Class လေးမှာ

🧲 Physics
🧪 Chemistry
🌿 Biology ဘာသာရပ်များရဲ့ အခြေခံသဘောတရားများနဲ့
🌏 နေထိုင်ရာ ကမ္ဘာကြီးအကြောင်းလေ့လာခြင်း စသည့်အကြောင်းအရာ‌တွေကို

📝 Assignments‌တွေ၊ Quizzes & Testsတွေ ၊ သားသားမီးမီးတို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် Projects လေးတွေ၊ Supplementary Worksheets ‌တွေနဲ့ တွဲဖက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

✅မူလတန်းအရွယ်ကနေစပြီး သိပ္ပံပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ အတွေးအခေါ်များ တိုးတက်လိုတဲ့ သားသားမီးမီးလေးတွေကို
ဒီ International Primary Science Class လေးကနေ ဖိတ်ခေါ်လိုက်ပါတယ်။ 🎉

✅Grade 2 / Year 2 အသက် ၈ နှစ် အရွယ်သားသမီးလေးများ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Coursebook အနေဖြင့် Cambridge University Press မှ ရေးသားသော Cambridge Primary Science Year 2 ကိုအဓိက အသုံးပြုပြီး Government School Grade 2 ဖြင့် တွဲဖက်ထိန်းညှိသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။

📆October လဆန်း မှာ စတင်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
ကျွန်မတို့ Edu Prime ရဲ့ အစဥ်အလာအတိုင်း Quality ကောင်းကောင်း၊ စေတနာမေတ္တာအပြည့်ဖြင့် ကျွမ်းကျင်တတ်မြောက်အောင် ပညာရည်ပြည့်ဝသော ဆရာများက မေတ္တာအပြည့်ဖြင့် သင်ကြားပေးသွားမှာပါရှင်။

📆Saturday/Sunday
🕙8:00 to 9:30 am

🏘️ 14,4th Floor
Pathein Street,Sanchaung Township
Yangon.
09795595666

အတန်းသစ်လေးကို စိတ်ဝင်စားသော သားသမီးလေးများအတွက် ကြိုတင် စာရင်းပေးအပ်နှံနိုင်ပါပြီရှင်။


14/05/2023

ယနေ့ ၁၄/၅/၂၀၂၃
တနင်္ဂနွေနေ့
လက်ရှိမိုးလေဝသ အခြေအနေများအရ Edu Prime English Language Centre / KTL English & Maths Classes များအားလုံး ကျောင်း တစ်ရက် ပိတ်ပါသည်။
အားလုံးဘေးကင်းကြပါစေ။ 🙏🙏🙏

02/05/2023

Face to Face Zoom Online

Government Syllabus English
Supplemented with Grammar Lessons


Mondays & Tuesdays
9:00 to 10:30 am.


Wednesdays & Thursdays
3:00 to 4:30 pm.

Limited Seats
Zoom Online
Grammar Supplementary Lessons

📲09795595666

30/04/2023

မိတ်ဆွေတို့ရဲ့ သားသမီးလေးတွေက အသက် ၁၃ နှစ်ကျော်ပြီ၊ မြန်မာကျောင်းမှာလဲ Grade 6 လောက်ပြီးသွားပြီ၊ International Schoolတွေကို တိုက်ရိုက်join ဖို့ကလည်း budget ရယ် အချိန်ရယ် safe ဖြစ်ချင်တယ် ဆိုရင်တော့ ကျွန်မတို့ Edu Prime English Language Centre ရဲ့ PreIG အတန်း လေးကို join ဖို့ ဖိတ်ခေါ်ပါရစေ။

ဘဝအတွက် အရေးကြီးတဲ့ IGCSE 18 လ ခရီးမှာ အခက်အခဲနည်းပါးပြီး၊ အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ပေးလိုက်မှာဖြစ်ပါတယ်။

အခု Edu Prime နှင့် KTL English & Maths Centre မှာ Pre IG ကိုအောင်အောင်မြင်မြင် တက်ရောက်ပြီးပါက Proper IGCSE 18 month journey အတွက် ပြီပြည့်စုံစွာစိတ်ချရတဲ့ကျောင်းမျိုးကို ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးလိုက်မှာ ဖြစ်ပါတယ်။

Cambridge Checkpoints Year 7/8/9 စာအုပ်တွေကို ထိထိမိမိခြုံငုံပြီး Concepts တွေပိုင်နိုင်အောင် ပျိုးထောင်ပေးလိုက်မှာပါ။ IGCSE Year 10 & 11 အတွက် ready ဖြစ်နေမှာပါ။

မေလ ပထမပတ်မှာစပြီး In Person Class ကို တစ်ပတ် ၄ ရက် သင်ကြားပေးမှာဖြစ်ပါတယ်။

English
Maths
Physics
Chemistry
Biology

သက်ဆိုင်ရာဘာသာရပ်တွေအတွက် Academic Field မှာ အမြင့်ဆုံး PhD ရရှိထားတဲ့ ဆရာကြီးဆရာမကြီးများ အပါအဝင် သင်ကြားရေးအတွေ့အကြုံရှိသူများမှ စနစ်တကျ သင်ကြားပေးမှာပါ။

လစဥ် စာမေးပွဲများစစ်ဆေးပေးပြီး Mid Term , Final Exam များကို စေ့စပ်အောင်စစ်ဆေးပြီး သားသမီးများရဲ့ အားသာချက်၊အားနည်းချက်များအတွက် constructive feedback များပေးသွားမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသော မိတ်ဆွေများ အမှတ် ၁၄/၄လွှာ၊ ပုသိမ်လမ်း၊ စမ်းချောင်း ၊ 09795595666 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင်။

20/04/2023

New Class Announcement


မင်္ဂလာပါရှင်..

သားငယ်သမီးငယ်များအတွက် ယခုကာလများမှာ နိုင်ငံတကာပညာရေး နှင့် ပြည်တွင်းရှိနိုင်ငံတကာအသိအမှတ်ပြုကောလိပ်၊တက္ကသိုလ်၊ ဒီပလိုမာသင်တန်းများကို ပြောင်းလဲတက်ရောက်ဖို့ စိတ်ကူးဆုံးဖြတ်လာကြတဲ့ အခြေအနေတွေကိုတွေ့ရပါတယ် ။ အဆိုပါ Pathway သွားချင်တယ်ဆိုရင်တော့ IGCSE ဆိုတဲ့ International General Certificate of Secondary Education ကို ဖြေဆိုအောင်မြင်ထားရမှာဖြစ်ပါတယ်။

🎖️ မြန်မာကျောင်း ၆တန်း၊ ၇ တန်း၊ ၈ တန်းပြီးထားတဲ့ကျောင်းသား၊ သူတွေအနေနဲ့ IGCSE ဘက်ဦးတည်ချင်တယ်ဆိုရင်တော့ တန်းသွားလို့မရဘဲ ကြားထဲမှာ pre-IGCSE ဆိုတဲ့ level ကိုဖြတ်သန်းမှ အခြေခံတွေကိုပိုင်နိုင်မှာဖြစ်ပါတယ်။ pre-IGCSE ဆိုတာ International school မှာဆိုရင် Lower Secondary 1 & 2 နဲ့ညီမျှပြီးတော့ ဒီ level ၂ ခုပြီးမြောက်တော့မှ Upper Secondary 3 & 4 နဲ့ညီမျှတဲ့ IGCSE class ကိုယုံကြည်မှုရှိရှိနဲ့တက်ရောက်နိုင်ပြီး စာမေးပွဲအတွက် ပြင်ဆင်နိုင်မှာဖြစ်ပါတယ် ။

🎖️ အခုဖွင့်လှစ်ပေးမယ့် pre-IGCSE အတန်းကို မြန်မာကျောင်း ၆တန်း၊ ၇ တန်း၊ ၈ တန်းပြီးထားတဲ့ ကျောင်းသား၊ ကျောင်းသူများတက်ရောက်နိုင်မှာဖြစ်ပြီး IGCSE တက်ရောက်နိုင်ဖို့လိုအပ်သမျှ Basic Concepts တွေအားလုံးကိုလေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ် ။ သည် class မှာ ကျောင်းသား၊ သူများကို နားလည်သည်အထိ အချိန်ယူသင်ကြားပေးမှာဖြစ်ပြီး တတ်မြောက်မှုကိုလည်း ပုံမှန်စစ်ဆေးပေးသွားမှာဖြစ်လို့ သည် class ရဲ့ effectiveness အတွက် စိတ်ပူစရာမလိုပါဘူး ။

🎖️ ကျောင်းသားတွေအနေနဲ့ သည် class တက်ခြင်းအားဖြင့် critical thinking တိုးတက်လာပြီး IGCSE တက်ရောက်ဖို့အတွက် အဆင်သင့်ပြင်ဆင်ပြီးသားဖြစ်သွားဖို့ ရဲရဲ အာမခံပါတယ်။သင်ကြားရမယ့် fields/ subjects တွေကတော့

▶️ English
▶️ Mathematics
▶️ Chemistry
▶️ Physics
▶️ Biology

စုစုပေါင်း ၅ဘာသာ ဖြစ်ပြီး Cambridge Checkpoint Coursebooks 7/8/9 တွေနဲ့ သင်​ကြားပေးသွားမှာဖြစ်ပါတယ် ။
အခြေခံသဘောတရားများကိုပိုင်ပိုင်နိုင်နိုင်ဖြင့်ကိုခြုံငုံနားလည်စေဖို့ အချိန် တစ်နှစ် ယူပါမည်။

🎖 အတွေ့အကြုံရှိသော PhD ဒေါက်တာဆရာ/ဆရာမကြီးများနှင့်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာများမှ ဦးဆောင်၍ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🎖️ Focus and concentration while learning ကောင်းဖို့အတွက် ကျောင်းသားအရေအတွက် ကန့်သတ်ထားပါတယ် ။ သင်ခန်းစာကြေညက်သည်အထိ သင်ကြားလေ့ကျင့်ပေးမှာဖြစ်ပါတယ် ။

🎖️ အသေးစိတ်သိလိုသည့် အချက်အလက်ရှိရင်လည်း cb (သို့) Phone ဖြင့်လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ် ။

✅Solid Foundation for your IGCSE Journey
✅Quality Teaching
✅ Sec 1 & 2
✅ Very Limited Seats (Maximum 14 pax only )
✅5 subjects
✅Timetable Mon/Tue/Thur/Fri
✅ထပ်မံသိလိုသည်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင်။

Edu Prime Education Centre
KTL English & Maths Centre
No.14,4th Floor,Pathein Street
Sanchaung,Yangon.

📞 09795595666

15/02/2023

မင်္ဂလာပါရှင်...

သားသားမီးမီးတို့ အတွက် Summer Success Programme ရဲ့ ပွဲဦးထွက် Class လေးဖြစ်တဲ့ Foundation P1 Class လေးကို မိတ်ဆက်ပေးပါရစေ။

ယခုအတန်းလေးကတော့ Pre-School အပြီး ကျောင်းကြီးကို တက်တော့မည့် သားတွေသမီးတွေအတွက် ကြိုတင်ပြင်ဆင်ပေးတဲ့ အတန်းလေးပဲ ဖြစ်ပါတယ်။

ယခု Foundation P1 class လေးမှာ အောက်ဖော်ပြပါ Common Core Skills များကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

♾️Language Arts Foundation
♾️Alphabet Recognition
♾️Reading Short Words
♾️Writing Letters, short words and their names
♾️Phonics Based Lessons
♾️Numbers, Colours & Basic Shapes
♾️Plants and Animals
♾️Classroom Language

စသည်တို့ကို Fun Activities များကို Skilled & Experienced Teacher မှ သင်ကြားပေးမှာဖြစ်ပါတယ်။

တစ်ပတ် ၂ ရက် On Campus တက်ရောက်ရမှာပါ။
သားသမီးတွေ အန္တရာယ်ကင်းကင်းဖြင့် လုံခြုံစိတ်ချရသော နေရာမှာ နွေးထွေးပျော်ရွှင်စွာဖြင့် သင်ကြားရမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသော သားသမီးများအတွက် ကြိုတင်စုံစမ်းအပ်နှံနိုင်ပါပြီရှင်။

Mondays & Tuesdays
3:00 to 4:30:pm

6.3.2023 Monday တွင်စတင်ပါမည်။

🏤Edu Prime English Language Centre
🏤KTL English and Maths Centre
No.14, 4th Floor, Pathein Street, Sanchaung, Yangon.
📲09795595666

Morning Shows the Day !
Better Education
Better Life
Better Nation

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
11111