16/03/2022
ဒီစကားလုံးကိုတစ်နေရာရာမှာမြင်ဖူးပါတယ် ဆိုပြီးစဉ်းစားမရဖြစ်ဖူးလား???
Hello Everyone 🤩
ဒီနေ့မှာတော့ Kel တို့ကဘာသာစကားလေ့လာတဲ့နေရာမှာပိုပြီး effective ဖြစ်အောင်သတိထားပြီးလိုက်နာသင့်တဲ့အချက်လေးတွေကိုပြောပြသွားပါမယ်။
ပထမဆုံးအနေနဲ့ ဘာသာစကားတစ်ခု (ဉပမာ- Englishစာ) ကိုငယ်ငယ်လေးထဲကသင်ခဲ့ကြပေမယ့်လို့ တကယ့်လက်တွေ့သုံးတဲ့နေရာမှာအခက်အခဲရှိကြတယ်၊ ပြောဆိုပါးစပ်ကပြောမထွက်ဘူး၊ Essays တွေပါတွေရေးမယ်ဆိုရင်လည်းခေါင်းထဲမှာတော့အိုင်ဒီယာတွေအများကြီးရှိပေမယ့်လို့ တကယ်ရေးတဲ့အခါကျရင်အဲ့လောက်ကြီးမရေးနိုင်ကြဘူး။ ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းထဲကတစ်ခုကိုပြောရမယ်ဆိုရင် ကိုယ်တွေရဲ့ငယ်ငယ်ထဲကကျင့်သုံးခဲ့တဲ့ပညာရေးကြောင့်လည်းပါပါတယ်။ ကျောင်းတွေမှာက Input based learning ဖြစ်တဲ့ Vocab တွေ Grammar pattern တွေဖိသင်တယ် ဒါပေမယ့်တကယ့်လက်တွေ့မှာဘယ်လိုသုံးရမလဲဆိုတာကိုတော့သိပ်ပြီးလေ့ကျင့်ပေးတာမရှိခဲ့ဘူးပေါ့နော်။
ဆိုတော့အခုလိုမျိုးကိုယ်ကစကားလုံးတွေကိုနားလည်တယ် ဒါပေမယ့် speaking and writing မှာပြန်မသုံးတတ်ဘူး/ သုံးဖို့အခက်အခဲဖြစ်နေရင် အဲ့ဒီစကားလုံးတွေကို Passive Vocabularly လို့ခေါ်ပြီး ကိုယ်ကအဲ့စကားလုံးတွေနဲ့ရင်းနှီးတယ်၊ speaking နဲ့ writing မှာလည်းပြန်သုံးနိုင်တယ်ဆိုရင် အဲ့စကားလုံးတွေကို Active Vocabulary လို့ခေါ်ကြပါတယ်။ Passive Vocabularly ကို ဉပမာထပ်ပေးရမယ်ဆိုရင် ကိုယ်ကလူတစ်ယောက်ကိုလှတယ်လို့ပြောချင်တယ် အရင်ကတော့ beautiful အပြင် gorgeous, attractive, good looking, charming စသဖြင့်အမျိုးမျိုးသုံးပြီးပြောလို့ရတယ်ဆိုတာလည်းသိထားတယ်။ ဒါပေမယ့်တကယ့်လက်တွေ့ပြောတဲ့အချိန်ကျ beautiful တစ်ခုထဲပဲ ထပ်ခါတလဲလဲသုံးနေမိတာမျိူး။
ဒီလိုဖြစ်လေ့ရှိတာဟာကိုယ်တစ်ယောက်ထဲပဲလားဆိုတော့လည်းမဟုတ်ပါဘူး🤓 The numbers of word a person can understand is always greater than the numbers of word he/she can use.
ဆိုတော့အခု Kel ကသိပြီးသားစကားလုံးတွေကိုကောင်းကောင်းအသုံးချတတ်ဖို့ရယ် ကိုယ့်ရဲ့fluency ကိုမြှင့်တင်ဖို့နည်းလမ်းလေးတွေကိုပြောပြပေးသွားပါမယ်။
📌 1. Use flashcards
ပထမဆုံးနဲ့အလွယ်ဆုံးနည်းလမ်းကတော့ Vocabulary အသစ်တွေမှတ်တဲ့အခါ flashcards လေးတွေသုံးပြီးအဲ့စကားလုံးကဘာကိုဆိုလိုတယ်ဆိုတာကို ကိုယ့်ဟာကို English လို Pharaphase ပြန်လုပ်ပြီးရှင်းပြတဲ့နည်းပါ။ Speaking အတွက်လည်းကျင့်ပြီးသားဖြစ်သလို အဲ့စကားလုံးအသစ်ကိုလည်းပိုမှတ်မိလွယ်တာပေါ့။ Writing အတွက်ပါတစ်ခါတည်းလေ့ကျင့်ချင်တယ်ဆိုရင်လည်း အဲ့ Vocab အသစ်ကိုသုံးပြီးစာကြောင်းတည်ဆောက်လိုက်ပါ။
📌 2. Explain the content to your friend or to your own self
Language learning လုပ်တဲ့နေရာမှာ Input ကလည်းအရေးကြီးတဲ့အတွက်ကြောင့်မလို့ Reading နဲ့ Listening အတွက်ကို Kel တို့ News, books, articles တွေ ဖတ်ကြတယ်၊ Podcasts တွေ English Video တွေကြည့်ကြ၊ နားထောင်ကြတယ်ပေါ့နော်။ ဒီလိုအကြာင်းအရာတစ်ခုခုကို ဖတ်ပြီးရင် ဒါမှမဟုတ် နားထောင်ပြီးတဲ့အခါမျိုးမှာ ဒီတိုင်းမထားပဲ Output ရအောင် ကိုယ်ခုနကဖတ်လိုက်တဲ့အကြောင်းအရာတွေကို Summary သဘောမျိုးအနေနဲ့ အဲ့ထဲမှာပါတဲ့စကားလုံးတွေပြန်သုံးပြီး သူငယ်ချင်းတစ်ယောက်ကိုပြန်ပြီးရှင်းပြတဲ့ပုံစံနဲ့ပြောကျင့်ကြည့်လို့ရပါတယ်။
📌 3. Record yourself speaking in English
ဒါကတော့ ကိုယ့် progress ကိုပြန်ပြီး reflect လုပ်ချင်တယ်ဆိုရင် before and after video ရိုက်ထားကြည့်လို့ရပါတယ်။ နေ့တိုင်းမရိုက်ချင်ဘူးဆိုရင်လည်း တစ်ပတ်တစ်ခါ/ နှစ်ပတ်တစ်ခါ ရိုက်လို့ရပါတယ်။ Writing အတွက်ကျတော့ ကိုယ့်အကြောင်းကို Daily Diary/ Story တွေရေးကြည့်ပါ။
📌 4. Watch subtitled movies/videos in English
Subtitled movies တွေဟာလည်း Day to Day Expression အတွက် အကောင်းဆုံး Resources တွေထဲကတစ်ခုပါပဲ။ ဒါအပြင်ကိုယ် စိတ်၀င်စားတဲ့ Genre ဒါမဟုတ် Focus လုပ်ချင်တဲ့ Areas (e.g History, Science, Medical, Formal, Informal)ရှိရင်လည်း ကိုယ်ကြိုက်သလိုရွေးကြည့်လို့ရပါတယ်။ အကြောင်းအရာကိုကိုယ်ကစိတ်၀င်စားတဲ့အတွက်ပိုပြီးလည်း effective ဖြစ်မှာသေချာပါတယ်။
📌 5. Shadowing
ဒီနည်းကတော့ခုနကပြောခဲ့တဲ့ movie, youtube video တွေကြည့်ရင်းနဲ့ try လို့ရပါတယ်။ Shadowing ဆိုတဲ့အတိုင်း Speaker ပြောတဲ့စာကြောင်းတွေ၊ စကားလုံးတွေကိုတစ်ချိန်ထဲမှာ သူတို့တစ်ကြောင်းပြောပြီးတာနဲ့လိုက်ပြောရတာဖြစ်တဲ့အတွက် ရုပ်ရှင်ဆိုရင်တော့ feeling နည်းနည်းပျက်နိုင်တယ်၊ ဆိုတော့ youtube videos, blogs တွေကြည့်ဖို့ recommend လုပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်ခါထဲ pronuncitation တွေ၊ အသံနေအသံထားတွေအတွက်ပါလေ့ကျင့်ပြီးသားဖြစ်မှာပါ^^ (Killing two birds with one stone)👀
📌 6. Have Fun
The most important part of learning a language is to have fun! ဟုတ်ပါတယ် Language တစ်ခုကိုလေ့လာတဲ့နေရာမှာ ကိုယ်ကိုယ်တိုင်က အဲ့တာကြီးကို Responsibility တစ်ခုလိုသဘောမထားပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ပုံမှန်လေ့ကျင့်ပေးဖို့လိုပါတယ်။
So, how to have fun?? 🧐🧐
⁃ 🎼Listen To Music
⁃ 🎤Sing along with the song
⁃ 📔Keep A Diary
⁃ 💻Learn from Social Media
⁃ 🔍Join Language club
⁃ 💬Text in your targeted language
⁃ 🗣Talk to yourself or cats or dogs ( I always do this xD)
📌7. Try to create sentences
(ဒီလိုမှမလုပ်ရင် ဒီစကားလုံးကြီးငါတစ်နေရာရာမှာမြင်ဖူးပါတယ်ဆိုပြီးပဲဖြစ်နေအုံးမှာပါ )
ဒီနည်းတွေသုံးပြီးကိုယ့်ရောက်ချင်တဲ့ Level ကိုအမြန်ဆုံးရောက်နိုင်ကြပါစေနော်။ ဒီ Post ကနေတစ်ဆင့် Language Learners တွေအတွက်အထောက်အကူဖြစ် မယ်ထင်ရင် တခြားသူတွေကိုလည်း ရှယ်ပေးပါအုံးနော်။💙