03/09/2024
Autumn again!
Autumn in Korea 🍁🍁
တောင်ကိုရီးယားရဲ့ဆောင်းဦးရာသီဟာ အလွန်လှပပြီး သာယာပါတယ်။ နွေရာသီလို ပူအိုက်စွတ်စိုမှု မရှိသလို ဆောင်းရာသီလိုလည်း အရမ်းကြီးမအေးပါဘူး။ နေရောင်ခြည် နွေးနွေးလေးသာရပြီး တစ်ခါတခါ တိုက်ခတ်လာတဲ့လေပြေလေညှင်းကြောင့် အေးမြပြီးလန်းဆန်းတဲ့ရာသီဥတုကို ခံစားရစေပါတယ်။ ဂင်ခိုရွက်ဝါဝါတွေ၊ နီနီရဲရဲမေပယ်ရွက်ကြွေတွေနဲ့ပြည့်နေတဲ့ လမ်းတွေဟာ ပန်းချီကားတစ်ချပ်သဖွယ် ဆွဲဆောင်လျက်ရှိပါတယ်။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင် ဆောင်းဦးရာသီဟာ လည်ပတ်ဖို့အကောင်းဆုံးအချိန်ကာလ ဖြစ်ပါတယ်။ စက်တင်ဘာလကနေပြီး နိုဝင်ဘာလလယ်လောက်ထိဟာ မေပယ်ရွက်နီရဲရဲတွေနဲ့ လှပနေတဲ့ တောင်ကိုရီးယားရဲ့ ဆောင်းဦးရာသီဖြစ်ပါတယ်။ လတ်ဆတ်အေးမြတဲ့ ရာသီဥတုရဲ့အထိအတွေ့ ပန်းချီကားတစ်ချပ်သဖွယ်လှပတဲ့ ပတ်ဝန်းကျင်ရဲ့ပသာဒမှာ တောင်ကိုရီးယားရဲ့ဆောင်းဦးရာသီအလှကို ခံစားဖူးသူတိုင်း ထိုအငွေ့အသက်ကို အမြဲ အမှတ်ရလွမ်းဆွတ်နေစေမှာပါ။
Kool Korean
Your Korean Study Partner