Areindama Education

Areindama Education Non-profit language courses by qualified teachers from all over the world, providing free education for the youth of Myanmar.

နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းမှာ ဟောလိုဝင်းပွဲတော်ကို ကျင်းပကြပါတယ်။ကလေးတွေ costume ဝတ်စုံမျိုးစုံ ဝတ်ဆ...
31/10/2021

နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းမှာ ဟောလိုဝင်းပွဲတော်ကို ကျင်းပကြပါတယ်။

ကလေးတွေ costume ဝတ်စုံမျိုးစုံ ဝတ်ဆင်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ချောကလက်တွေ မုန့်တွေ တောင်းစားကြတဲ့ အရမ်းပျော်စရာကောင်းတဲ့ ဒီ Trick or Treat ယဉ်ကျေးမှုလေးက မြန်မာနိုင်ငံမှာတော့ မတွင်ကျယ်သေးပါဘူး။

ဒါပေမဲ့ ဟောလိုဝင်းလို့ ပြောလိုက်တာနဲ့ ပြုံးဖြဲဖြဲ မျက်နှာ ထွင်းထားတဲ့ ရွှေဖရုံသီးပုံကို အားလုံးပြေးမြင်မိကြမှာပါ။

ဒီ ရွှေဖရုံသီးသရဲ ကို Jack-o'-lantern လို့ ခေါ်ပြီးတော့ သူ့ဇာတ်လမ်းလေးက အိုင်ယာလန်နိုင်ငံကနေ အစပြုပါတယ်။

တစ်ခါတုန်းက အိုင်ယာလန်နိုင်ငံမှာ Jack လို့ခေါ်တဲ့ အရမ်းကပ်စီးနည်းတဲ့ လူလည်တစ်ယောက် ရှိပါတယ်။

တစ်ရက်မှာ သူက မကောင်းဆိုးဝါး devil ကြီးကို ဖိတ်ခေါ်ပြီး အရက်အတူတူသွားသောက်ကြတယ်တဲ့။ သောက်ပြီးသွားတော့ ပိုက်ဆံမရှင်းချင်လို့ဆိုပြီး devil ကို ပိုက်ဆံအကြွေပြား ပုံစံ ဟန်ဆောင်ခိုင်းလိုက်ပါတယ်။

အညာမိသွားတဲ့ devil တစ်ယောက် အကြွေစေ့ဖြစ်သွားတာနဲ့ Jack က သူ့ပိုက်ဆံအိပ်ထဲကို လက်ဝါးကပ်တိုင် cross လေးနဲ့အတူတူ ကောက်သိမ်းထားလိုက်ပြီး ဖမ်းထားလိုက်ပါလေရော။

ပြီးတော့ သူ့ကို တစ်နှစ်တိတိ မနှောက်ယှက်ပါဘူးဆိုတဲ့ ကတိကို ရမှ ပြန်လွှတ်ပေးလိုက်တယ်တဲ့။

တစ်နှစ်ပြည့်သွားတော့ အမှတ်မရှိတဲ့ devil ကို သူက နောက်တစ်ခေါက် ပန်းသီးပင် တက်မယ်ဆိုပြီး ခေါ်လိုက်ပြီး အပင်မှာ လက်ဝါးကပ်တိုင်ပုံစံထွင်းပြီး ပြန်ဆင်းလို့မရအောင် ဖမ်းထားလိုက်ပြန်ပါတယ်။

ဒီတစ်ခါတော့ နောက်ဆယ်နှစ်တိတိ သူ့ကို မနှောက်ယှက်ပါဘူး၊ ဒါ့အပြင် သူသေရင်လည်း သူ့ဝိညာဉ်ကို မယူပါဘူးဆိုတဲ့ ကတိကိုရမှ ပြန်လွှတ်ပေးလိုက်တယ်တဲ့။

နောက်ဆုံး Jack သေသွားတဲ့အခါမှာ ဒီကတိကြောင့် သူ ငရဲပြည်လည်းမသွားရ၊ ကောင်းကင်ဘုံကလည်း လက်မခံနဲ့ ဟိုမရောက် ဒီမရော​က် မကျွတ်မလွတ် ဘဝမှာ လူ့ပြည်ကို လျှောက်သွားနေရတဲ့ ကျိန်စာသင့်သွားပါတယ်တဲ့။

ညဘက် မှောင်ပြီဆိုရင် မုန်လာဥကြီးကို ထွင်းထားပြီး ဖယောင်းတိုင် ထည့်ထွန်းထားတဲ့ မီးအိမ်လေးကို ကိုင်ပြီး လျှောက်သွားနေတဲ့ မီးအိမ်ကိုင် ဂျက် (Jack of the lantern) ကို ရံဖန်ရံခါ တွေ့နိုင်ပါတယ်ဆိုတဲ့ ပုံပြင်လေးပေါ်ပေါက်လာပါတော့တယ်။ အိုင်ယာလန်လူမျိုးတွေရဲ့ ထုံးစံအတိုင်း of ကို ပီပီသသ မထွက်တော့ သူ့နာမည်ကလည်း Jack-o'-lantern လို့ လူသိလာကြပါတယ်။

Jack ရဲ့ ဒီ ရိုးရာပုံပြင်လေးက အိုင်ယာလန်လူမျိုးတွေနဲ့အတူ အမေရိကန်ကို ပါလာတဲ့အခါ မုန်လာဥ အစား ဒေသထွက် ပိုပေါ ပိုလှတဲ့ ရွှေဖရုံသီးတွေ အစားထိုးလာပြီး အားလုံး သိကြတဲ့ ဟောလိုဝင်းရဲ့ မရှိမဖြစ် ရွှေဖရုံသီးသရဲ Jack-o'-lantern ရယ်လို့ ဖြစ်လာပါတော့တယ်။

အားလုံးပဲ အပူအပင်ကင်း၍ ငြိမ်းချမ်းသော ပျော်ရွှင်ဖွယ်ရာ ဟောလိုဝင်းပွဲတော် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Areindama Education

"ညွှန်းချင်တဲ့ ကျောင်းဆရာ ရုပ်ရှင်များ"ကျွန်တော့်ဘဝမှာ ကံအကောင်းဆုံးအချက်တစ်ခုထဲမှာ ဆရာကောင်းသမားကောင်းတွေဆီကနေ ပညာသင်ခွ...
30/10/2021

"ညွှန်းချင်တဲ့ ကျောင်းဆရာ ရုပ်ရှင်များ"

ကျွန်တော့်ဘဝမှာ ကံအကောင်းဆုံးအချက်တစ်ခုထဲမှာ ဆရာကောင်းသမားကောင်းတွေဆီကနေ ပညာသင်ခွင့်ရခဲ့တာလည်း ပါဝင်ပါတယ်။

အထူးသဖြင့် ဘာသာစကားတစ်ခုကို သင်ကြားတဲ့နေရာမှာ ဒီဟာလုပ် ဟိုဟာရေး စာအုပ်ကြီးထဲကအတိုင်းမဟုတ်ပဲ သေသေချာချာ နားလည်သဘောပေါက်အောင်၊ ပြန်ပြီးအသုံးပြုတတ်အောင်၊ ကိုယ်တိုင်လည်း ဆက်လေ့လာနိုင်အောင်၊ ဘာသာစကားတွေကို ချစ်မြတ်နိုးတတ်အောင် အခြေခံကောင်းကောင်းချပေးနိုင်ခဲ့တဲ့အတွက် ဒီနေ့မှာ ကျွန်တော် ဘာသာစကားသင်ကြားတဲ့ ဆရာတစ်ယောက်အနေနဲ့ ရပ်တည်နိုင်တာပါ။

အဲဒါကြောင့် အခု ကျွန်တော်လည်း ကျောင်းသားတွေကို ပြန်သင်ပေးရတဲ့အခါမှာ စိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာတစ်ခုကို အကျိုးအရှိဆုံး အထိရောက်ဆုံး ဖြစ်အောင် စီစဉ်ပြီး အတတ်နိုင်ဆုံး ကြိုးစားပြီး သင်ပေးပါတယ်။

ကျေးဇူးရှင်ဆရာတွေကို ဦးညွှတ်တဲ့အနေနဲ့ ဒီနေ့မှာ ကျွန်တော် အရမ်းကြိုက်တဲ့ ကျောင်းဆရာတွေနဲ့ပတ်သတ်တဲ့ ရုပ်ရှင် ၅ ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်တွေဟာ ကျွန်တော့်ကို ကျောင်းဆရာတစ်ယောက် အနေနဲ့ ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာကို သင်ကြားပေးခဲ့တဲ့ တွန်းအားပေးခဲ့တဲ့၊ ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့တဲ့ ရုပ်ရှင်လေးတွေဆိုလည်း မမှားပါဘူး။

(5) School of Rock

ဒီစာရင်းကို ပေါ့ပေါ့ပါးပါး ဟာသကားတစ်ခုနဲ့ စလိုက်ပါမယ်။ ဟာသဆိုပေမဲ့ ကျွန်တော့်အတွက် သင်ခန်းစာယူစရာ အများကြီးပါပါတယ်။ လက်ကြောမတင်း ဟိုယောင်ယောက်ဒီယောင်ယောင် Dewey Finn ဆိုတဲ့ rock ဂီတအိုးတစ်ယောက်အဖြစ် Jack Black က သရုပ်ဆောင်ထားပါတယ်။

သူက အလုပ်မရှိအကိုင်မရှိဖြစ်နေချိန်မှာ အချိန်ပိုင်းကျောင်းဆရာအလုပ်ကို သူငယ်ချင်းအယောင်ဆောင်ပြီး ဝင်လုပ်ရာကနေ သူသင်ရတဲ့ လေးတန်းကျောင်းသားလေးတွေနဲ့ ပူးပေါင်းပြီး band တစ်ခုထောင်ပြီး သူ့အကြွေးဆပ်နိုင်ဖို့အတွက် ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ဖို့ ကြိုးစားတဲ့အကြောင်း ရိုက်ထားတာပါ။ ရုတ်တရက်ကြည့်လိုက်ရင်တော့ သူ့ရဲ့ အပြုအမူတွေ အကျင့်စရိုက်တွေက ကောင်းကွက်တစ်ခုမှ မရှိပေမဲ့ ကျောင်းသားတွေရဲ့ ပင်ကိုယ်ပါရမီတွေကို သူ ပြုစုပြိုးထောင်ပေးလိုက်နိုင်ပုံ၊ သင်ရိုးညွှန်းတန်းကြီးကနေ ရုန်းထွက်နိုင်ဖို့ ကျောင်းသားတွေကို မြေတောင်မြှောက်ပေးနိုင်ပုံ၊ နောက်ဆုံးမှာ သူ့တစ်ကိုယ်ကောင်းဆန်ဖို့ မဟုတ်တော့ပဲ ကျောင်းသားတွေအတွက် ပေးဆပ်လိုက်တဲ့အကြောင်းတွေဟာ ဆရာကောင်းတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေပဲဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။

Trailer: https://youtu.be/TExoc0MG4I4

(4) Not One Less

ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ Not One Less လို့ ခေါ်တဲ့ တရုတ်ကားလေးပါ။ ၁၃ နှစ်အရွယ် Wei Minzhi ဆိုတဲ့ ကောင်မလေးတစ်ယောက်က တရုတ်က ရွာလေးတစ်ခုမှာ အချိန်ပိုင်း ဆရာမလေးအဖြစ် ခဏတာ လာရောက် တာဝန်ယူရတဲ့အကြောင်းကို ရိုက်ပြထားတာပါ။

တစ်လတာလေးအတွင်းမှာ ကျောင်းသားတစ်ယောက်မှ လျော့မသွားရင် သူ့ကို မုန့်ဖိုး ပိုပေးမယ်လို့ ပြောပြီး အပ်သွားခဲ့ပေမဲ့ ကျောင်းသားလေးတစ်ယောက်က မြို့ကြီးကို အလုပ်ရှာဖို့ ထွက်သွားတဲ့အချိန်မှာ သူကိုယ်တိုင် မြို့ကြီးကို လိုက်သွားပြီး အဲဒီကောင်လေး ကျောင်းပြန်တက်နိုင်အောင် အသည်းအသန် လိုက်ရှာရင်း လိုက်ကူညီတဲ့ ဇာတ်လမ်းလေးပါ။

တရုတ်ပြည်ရဲ့ လူတန်းစားကွာခြားပုံတွေ၊ ပညာရေးအဆင့်အတန်းကွာခြားရုန်းကန်ရပုံတွေ အပြင် ကိုယ့်ထက် နည်းနည်းပဲ ငယ်တဲ့ ရွာက ကလေးလေးတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ပညာသင်ကြားပေးရုံသာမက ဇွဲမလျှော့ပဲ ဆရာတစ်ယောက်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားနိုင်တဲ့ ဆယ်ကျော်သက် ကလေးမလေးတစ်ယောက်အကြောင်းကို ကြည့်ရင်း ကျွန်တော် အများကြီး ပညာရခဲ့ပါတယ်။

Trailer: https://youtu.be/SNsF9YWeoII

(3) Remember the Titans

ကျောင်းဆရာဆိုတာ စာအုပ်ထဲကစာတွေကို သင်ပေးမှ ကျောင်းဆရာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ကတော့ အထက်တန်းကျောင်း အမေရိကန်ဘောလုံးအသင်းကို နည်းပြလုပ်ပေးခဲ့တဲ့ Herman Boone အကြောင်းကို မင်းသားကြီး Denzel Washington က သရုပ်ဆောင်ပြီး ဖြစ်ရပ်မှန်နောက်ခံ ရုပ်ရှင်ရိုက်ကူးထားတာပါ။

လူဖြူလူမည်းခွဲခြားမှု အရမ်းပြင်းထန်နေခဲ့တဲ့အချိန်တစ်ခုမှာ လူမည်းကျောင်းသားတွေရဲ့ အမေရိကန်ဘောလုံးအသင်းကို နည်းပြလုပ်ပေးရင်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး သူ့တပည့် သူ့အသင်းသားတွေကို အားပေးစကားတွေနဲ့ အောင်မြင်မှုဆီ မရမက တွန်းတင်ပေးခဲ့တဲ့ နည်းပြတစ်ယောက်ဆီကနေလည်း ကျောင်းဆရာတစ်ယောက်မှာ ရှိရမဲ့ အရည်အချင်းတွေ တွေ့နိုင်ခဲ့ပါတယ်။

Trailer: https://youtu.be/35MvdHBWjwU

(4) Like Stars on Earth

ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝမှာ အမြဲတမ်း စိတ်ရှည်နေနိုင်ဖို့ အရမ်းခက်ခဲပါတယ်။ တစ်ချို့ကျောင်းသားတွေက ဘယ်လိုချော့ပြောပြော ခြောက်ပြောပြော နားမဝင်၊ ပြန်မပြော၊ နားမထောင် နဲ့ အမြဲတမ်း ပြသနာပဲ ရှာနေတတ်ပါတယ်။ အဲ့လို ကျောင်းသားမျိုးတွေနဲ့တွေ့ရင် အမြဲတမ်း စိတ်ပင်ပန်း လူပင်ပန်း ခေါင်းခြောက်ရတတ်ပါတယ်။

ဒါပေမဲ့ ဘောလိဝုဒ် မင်းသားကြီး Aamir Khan က သူကိုယ်တိုင် ရိုက်ကူးပြီး သူကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးမှာတော့ စာဖတ်ရင် စာလုံးတွေရောထွေးသွားတတ်တဲ့ dyslexia ဆိုတဲ့ စာဖတ်အခက်အခဲ ရှိနေတဲ့ ကလေးလေးတစ်ယောက်နဲ့ သူ့ဆရာတစ်ယောက်အကြောင်းကို ပုံဖော်ပြထားပါတယ်။

တခြားဆရာတိုင်းက လက်လန်အောင် အလျှော့ပေးထားရတဲ့ Ishaan ဆိုတဲ့ ကောင်လေးက ကျောင်းမှာ စာလည်းမလိုက်နိုင်တဲ့အပြင် အမြဲတမ်းလည်း ဆိုးတယ်ဆိုပြီး အပြောအဆိုခံနေရာကနေ Ram Shankar ဆိုတဲ့ အနုပညာဆရာတစ်ယောက်နဲ့ အတွေ့မှာ သူ့ကို စိတ်ရှည်ရှည်နဲ့ သေသေချာချာ အားပေး သင်ကြား ပြုစုပြိုးထောင်ပေးခဲ့လို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားခဲ့ပါတော့တယ်။

အတန်းထဲမှာ နည်းနည်းအဆင်မပြေတဲ့ ကျောင်းသားတစ်ယောက်ယောက်ပါလာလို့ အခက်တွေ့ရပြီဆိုရင် ကျွန်တော် ဒီ ဇာတ်လမ်းလေးကို အမြဲ ပြန်အမှတ်ရပြီး စိတ်ရှည်ရှည်နဲ့ ကျောင်းသားကို နားလည်အောင် ကူညီဖို့ ကြိုးစားပါတယ်။

Trailer: https://youtu.be/DBg6HSMF9X8

(1) Dead Poets Society

ဒါ ကျွန်တော့် အကြိုက်ဆုံး ရုပ်ရှင် ပါ။ အင်္ဂလိပ်စာ ဆရာတစ်ယောက် အနေနဲ့ ဒါ ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့တဲ့ ရုပ်ရှင်ပါပဲ။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသမင်းသားကြီး Robin Williams ရဲ့ ရှားရှားပါးပါး အပြောင်အပျက်မဟုတ်ပဲ အထက်တန်းကျောင်းတစ်ခုမှာ အင်္ဂလိပ်စာဆရာ Todd Anderson အဖြစ် အတည်အတန့် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတစ်ခုပါ။

ကျောင်းသားတွေကို စာအုပ်ထဲကအတိုင်းမသင်ပဲ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေ အသုံးပြုပြီး ပုံစံခွက်ထဲက ဖောက်ထွက်နိုင်အောင် အားပေးတဲ့ Todd ရဲ့ စာသင်ပုံတွေ၊ ဘဝကို အကောင်းဆုံးဖြစ်အောင် အခွင့်အရေးယူပြီး ထူးခြားဆန်းသစ်တာတွေလုပ်ဖို့ လွတ်လပ်စွာရှင်သန်ဖို့ တွန်းအားပေးတဲ့ Carpe diem! ဆိုတဲ့ လက်တင် စကားတစ်ခုကို လက်ကိုင်စွဲပြီး ကျောင်းသားတွေကို မြေတောင်မြှောက်ပေးခဲ့ပုံတွေဟာ ကျွန်တော့်ရဲ့ စာသင်ကြားနည်း အယူအဆရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်လာခဲ့ပါတယ်။

Trailer: https://youtu.be/ye4KFyWu2do

ဒီဇာတ်ကား ၅ ခုကနေပြီး ကျောင်းဆရာတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း၊ စိတ်နေသဘောထားတွေ၊ သင်ကြားပုံနည်းစနစ်တွေကို ကျွန်တော် သင်ယူနိုင်ခဲ့သလိုမျိုးပဲ သာမန်လူတစ်ယောက်အနေနဲ့လည်း ဒီဇာတ်ကားတွေဟာ ကြည့်သင့်ကြည့်ထိုက်တဲ့ ရုပ်ရှင်ကားကောင်းတွေ ဖြစ်တဲ့အတွက် မကြည့်ဖူးသေးရင် ကြည့်နိုင်ကြစေဖို့ ညွှန်းလိုက်ပါရစေ။

တခြား ဒီလိုမျိုး ပညာရေးနဲ့ ပတ်သတ်တဲ့ဇာတ်လမ်းကောင်းလေးတွေ ရှိရင်လည်း ပြန်ပြီး comment ထဲကနေ အားလုံးကို လက်တို့ပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

Written by
Teacher Jason

23/08/2021

အခုတလော နာမည်ကြီးနေတဲ့ ခွစမ်း ပေါင်မုန့် အကြောင်းကို Tr. Jason Heinn က ရှင်းပြပေးထားပါတယ်။

Croissant 🥐 ကို အသံဘယ်လိုထွက်မလဲဆိုတာကို phonetics နဲ့တကွ ရှင်းပြပေးထားတဲ့အပြင် ပေါင်မုန့်ရာဇဝင်လေးဇာတ်လမ်းလေးတွေကိုပါ ပြောပြထားပါတယ်။

အဆုံးသတ်မှာလည်း croissant ကို ဘယ်လိုခေါ်တာ အကောင်းဆုံးလဲဆိုတာကို အကြံပေးထားပါတယ်။

သင်တန်းပိတ်ထားလို့ မတွေ့ရတာ ကြာသွားပေမဲ့ အားလုံး အဆင်ပြေနေကောင်းနေကြပါစေလို့ အမြဲ ဆုတောင်းပေးနေပါတယ်။ဒီအချိန်မှာ လူရောစိ...
17/08/2021

သင်တန်းပိတ်ထားလို့ မတွေ့ရတာ ကြာသွားပေမဲ့ အားလုံး အဆင်ပြေနေကောင်းနေကြပါစေလို့ အမြဲ ဆုတောင်းပေးနေပါတယ်။

ဒီအချိန်မှာ လူရောစိတ်ပါ ကျန်းမာရေးအထူးဂရုစိုက်ပြီး စားလိုက် သောက်လိုက် အိပ်လိုက် ရုပ်ရှင်ကြည့်လိုက် စာဖတ်လိုက် လုပ်နေမယ်ဆိုရင် သိပ်မကြာခင်မှာ ပြန်ဆုံနိုင်ကြတော့မှာပါ။

သင်တန်းကိုလည်း လူကိုယ်တိုင်မဟုတ်ရင်တောင် အွန်လိုင်းအတန်းတွေ အမြန် ပြန်ဖွင့်နိုင်အောင်လည်း သင်ပေးမဲ့ဆရာတွေ ကြိုးစားနေကြပါတယ်။

ဒီကြားထဲမှာလည်း ပေ့ချ်ကနေပြီး ကျောင်းသားကျောင်းသူတွေအတွက် ပျော်စရာကောင်းပြီး အကျိုးရှိမဲ့ အစီအစဉ်လေးတွေ လုပ်ပေးသွားဖို့ စီစဉ်နေပါတယ်။

အဲဒါကြောင့် အမြန်ဆုံး ပြန်ဆုံနိုင်ကြဖို့ အခုအချိန်မှာ အားလုံးပဲ အထူးဂရုစိုက်ကြပါနော် 🥰

Areindama Education

လက်တလော ကျန်းမာရေးအခြေအနေများအရ သင်တန်းများ နောက်တစ်ပါတ် ခေတ္တပိတ်ထားပါမယ်။ရိုးရိုးအတန်းများပြန်ဖွင့်မဲ့အချိန်နဲ့ အွန်လိ...
27/06/2021

လက်တလော ကျန်းမာရေးအခြေအနေများအရ သင်တန်းများ နောက်တစ်ပါတ် ခေတ္တပိတ်ထားပါမယ်။

ရိုးရိုးအတန်းများပြန်ဖွင့်မဲ့အချိန်နဲ့ အွန်လိုင်းအတန်းများစဖွင့်ဖို့ အချိန်တွေကို အမြန်ဆုံး ကြေငြာပေးသွားပါ့မယ်။

Stay safe and study well!

ဒီနေ့ Cambridge English ပညာဒါနအတန်းရဲ့ သင်ခန်းစာမှာ Pancake 🥞 လုပ်နည်းအကြောင်းနဲ့ Pancake Day အကြောင်းကို သင်ရမဲ့အချိန်မ...
26/06/2021

ဒီနေ့ Cambridge English ပညာဒါနအတန်းရဲ့ သင်ခန်းစာမှာ Pancake 🥞 လုပ်နည်းအကြောင်းနဲ့ Pancake Day အကြောင်းကို သင်ရမဲ့အချိန်မှာ စာတွေ့နဲ့တင် မဟုတ်ပဲ ကျောင်းသားတွေနဲ့အတူ လက်တွေ့ Pancake တွေပါ တကယ် လုပ်ကြည့်ကြရင်း သင်ခန်းစာ သင်ခဲ့ကြပါတယ်။

Cambridge English (Age 10-16) အခမဲ့ ပညာဒါန သင်တန်းများ
26/06/2021

Cambridge English (Age 10-16) အခမဲ့ ပညာဒါန သင်တန်းများ

Areindama Education ရဲ့ ပညာဒါန English Speaking တန်းများနဲ့ IELTS တန်းများလည်း Cambridge English အတန်းများနဲ့အတူ စတင်နေပ...
20/06/2021

Areindama Education ရဲ့ ပညာဒါန English Speaking တန်းများနဲ့ IELTS တန်းများလည်း Cambridge English အတန်းများနဲ့အတူ စတင်နေပါပြီ။

လက်ရှိမှာ အတန်းတွေ ပြည့်နေပြီဖြစ်လို့ ကျောင်းသားသစ် လက်မခံသေးပါဘူးခင်ဗျာ။ နောက်အတန်းတွေအတွက် ကြိုစာရင်းပေးထားမယ်ဆိုရင်တော့ အောက်ပါ Link မှာ register လုပ်ထားနိုင်ပြီး အတန်းအဆင်ပြေတာနဲ့ ဆက်သွယ်ပေးပါ့မယ်ခင်ဗျာ။

https://forms.gle/MVS5rf8GDWA4BwjB6

Cambridge English (Age 10-16) ပညာဒါန အတန်းများ စတင်နေပါပြီ။ကျောင်းသား/သူများ နဲ့ မိဘများအနေနဲ့ ကျောင်းလာချိန်မှာ Mask အခ...
19/06/2021

Cambridge English (Age 10-16) ပညာဒါန အတန်းများ စတင်နေပါပြီ။

ကျောင်းသား/သူများ နဲ့ မိဘများအနေနဲ့ ကျောင်းလာချိန်မှာ Mask အချိန်ပြည့် တပ်ပေးကြဖို့နဲ့ လက်ဆေးပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Mask များ ရယူနိုင်ဖို့ နှင့် လက်ဆေးဖို့ စီစဉ်ပေးထားပါတယ်။ စာသင်ခုံများကိုလည်း တစ်တန်းပြီးတိုင်း စနစ်တကျ ပိုးသတ် ဆေးကြော သန့်စင်ပေးထားပါတယ်ခင်ဗျာ။

Stay safe and study well!

Classes starting soon!Areindama Education ရဲ့ အခမဲ့ ပညာဒါန သင်တန်း အချိန်စာရင်းများ ထွက်ရှိလာပါပြီခင်ဗျာ။Cambridge Engli...
11/06/2021

Classes starting soon!

Areindama Education ရဲ့ အခမဲ့ ပညာဒါန သင်တန်း အချိန်စာရင်းများ ထွက်ရှိလာပါပြီခင်ဗျာ။

Cambridge English တက်မဲ့ကျောင်းသားကျောင်းသူများက စနေတစ်တန်း၊ တနင်္ဂနွေတစ်တန်း တစ်ပါတ် ၂ကြိမ် တက်ရပါ့မယ်။

English Speaking နဲ့ IELTS Preparation အတန်းများက တစ်ပါတ်ကို တစ်နာရီခွဲအတန်း တစ်ကြိမ်စီ တက်ရပါ့မယ်ခင်ဗျာ။

ဘယ်သူဘယ်အတန်းမှာ တက်ရမလဲဆိုတာကို ပြန်ခွဲဖို့ Level စစ်ဖို့အတွက် ဒီတစ်ပါတ် စနေတနင်္ဂနွေမှာ အတန်းကို လာခဲ့ကြဖို့ ဆက်သွယ်ပေးနေပါတယ်ခင်ဗျာ။

Business English နဲ့ German for Beginners အတန်းတွေတက်ချင်သူတွေကတော့ လောလောဆယ်မှာ ခေတ္တ စောင့်ဆိုင်းပေးပါဦးခင်ဗျာ။ သင်မဲ့ဆရာတွေနဲ့ အချိန်ပြန်ညှိပြီး ထပ်ကြေငြာပေးသွားပါ့မယ်။

See you soon!

Areindama Education

Free Online Classes!အွန်လိုင်းကနေလည်း တက်ချင်ပါတယ်လို့ တောင်းဆိုနေကြသူတွေအတွက်လည်း အဆင်ပြေအောင် Online Class တွေ စီစဉ်ပေ...
08/06/2021

Free Online Classes!

အွန်လိုင်းကနေလည်း တက်ချင်ပါတယ်လို့ တောင်းဆိုနေကြသူတွေအတွက်လည်း အဆင်ပြေအောင် Online Class တွေ စီစဉ်ပေးလိုက်ပါပြီ။

In Person သင်နေတဲ့ အတန်းတွေနဲ့ တွဲပြီး အွန်လိုင်းကနေ လိုက်ပါသင်ယူနိုင်မှာ ဖြစ်ပါတယ်။

Zoom ကနေဆိုရင်တော့ လွယ်ကူစွာ အပြန်အလှန် ပြောဆိုသင်ယူနိုင်မှာဖြစ်ပြီး Laptop/PC ကနေပဲဖြစ်ဖြစ် ဖုန်းကနေပဲ ဖြစ်ဖြစ် အတန်းတက်နိုင်မှာပါ။

Zoom အဆင်မပြေဘူး ဒါမှမဟုတ် လိုက်လေ့လာရုံလေးပဲဆိုရင်လည်း Facebook ကနေ live တက်ရောက်နိုင်ဖို့ စီစဉ်ပေးထားပါသေးတယ်။

ဒီ အခမဲ့ ပညာဒါန အတန်းတွေကို Online ပဲဖြစ်ဖြစ် In Person ပဲဖြစ်ဖြစ် တက်ရောက်ချင်တယ်ဆိုရင် အောက်ပါ link မှ စာရင်းပေးသွင်းနိုင်ကြပါပြီခင်ဗျာ။

https://forms.gle/MVS5rf8GDWA4BwjB6

Address

Nr. 747, Kyaw Thu 20th Street, 9th Ward, South Okkalapa Township
Yangon

Opening Hours

Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959965402034

Alerts

Be the first to know and let us send you an email when Areindama Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Areindama Education:

Shortcuts

Share

Category