26/02/2024
Long time no see😁
Lizzie ဒီ page လေးကို ကိုယ်တိုင်စာလုပ်ဖို့မပျင်းရအောင် run မယ်ဆိုပြီးဖွင့်ခဲ့ပေမယ့်ပစ်ထားခဲ့မိလို့ sorry ပါ။
Anyway,အခုတော့ Lizzie ဒါလေးကိုသေသေချာချာပြန်စလုပ်ပါတော့မယ်။ Page ရဲ့ပထမဆုံး post အနေနဲ့ Lizzie ကစာလုပ်ဖို့အတွက် Moti ရစေမယ့် Korean Variety Show လေးတစ်ခုကိုပြောပြချင်ပါတယ်။
အဲ့ဒါလေးကတော့ University War ဆိုတဲ့ Show လေးဘဲဖြစ်ပါတယ်။ ဒီ Show ကိုစလွှင့်ခဲ့တာကမနှစ်ကဆိုပေမယ့် အခုတလောမှ Internet ပေါ်မှာ Viral ဖြစ်လာခဲ့တာပါ။ ဒီ Show လေးက Korea ကနာမည်ကြီး Uni ကကျောင်းသားတွေကိုဖိတ်ခေါ်ပြီး ဘယ်သူကအတော်ဆုံးလဲဆိုတာအချင်းချင်းယှဥ်ပြိုင်ကြတဲ့ Show လေးပါ။ ဟိုတစ်လောကလိုင်းပေါ်မှာ Viral ဖြစ်သွားတဲ့ Math teacher ကလည်း ဒီ show မှာ KAIST Uni ကိုယ်စားပြုအနေနဲ့ပါတာမို့လို့ သူ့ကိုသဘောကျတဲ့သူတွေရှိရင်လည်း ဒီ Show လေးကိုမကြည့်ရသေးရင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ Lizzie တော့ဒါကြည့်ပြီးစာ 2 နှစ်လောက်မလုပ်ဖြစ်ရာကနေစာအုပ်ပြန်ကိုင်ဖြစ်နေပါပြီ။ Lizzie ရဲ့ fav team ကတော့ Team SNU ပါ။သူတို့က တခြား Team တွေထက် Team work ပိုကောင်းပြီးစနစ်တကျဖြစ်တယ်လို့မြင်မိလို့ပါ။ ကြည့်ပြီးသားသူတွေရှိရင်လည်း ဘယ် Team ကိုအကြိုက်ဆုံးလဲ၊ဘယ်သူ့ကိုအကြိုက်ဆုံးလဲဆိုတာလေး comment မှာ ပြောပြပေးကြခဲ့ပါအုံးနော်။ Lizzie က Eng sub နဲ့ဘဲကြည့်ဖူးတာမို့လို့ Mmsub နဲ့ tele channel လေးရှိရင်လည်း Lizzie ကိုပြောပြပေးကြပါအုံးနော်။
"𝘛𝘩𝘢𝘯𝘬𝘴 𝘺𝘰𝘶 𝘧𝘰𝘳 𝘳𝘦𝘢𝘥𝘪𝘯𝘨 𝘵𝘪𝘭𝘭 𝘵𝘩𝘦 𝘦𝘯𝘥. 𝘚𝘦𝘦 𝘺𝘰𝘶 𝘪𝘯 𝘯𝘦𝘹𝘵 𝘱𝘰𝘴𝘵😽"
Lizzie's World
24/04/2023