10/01/2024
三級(N3)文法解説
〜つもりだった
===================
(I believe that,was planning to..., was intending to ..., Supposed to be....but ;I thought I did..)
意味 :〜ရည်ရွယ်ထားခဲ့တယ်။ထင်ထားခဲ့တယ်။ထင်မြင်ယူဆမှတ်ယူထားခဲ့တယ်။
接続詞 :
動詞のた形➕つもり
(例え: がんばります→がんばったつもり)
動詞のている形➕つもり
(例え:がんばります→がんばっているつもりです)
い形容詞➕つもり
(例え:わかいです→わかいつもりです)
な形容詞➕な➕つもり
(例え :元気な→元気なつもりです)
名詞➕の➕つもり
(例え:はたちです→はたちのつもりです。)
用法 : အသုံးပြုပုံ
思い込み/勘違(かんちが)い
〜と思っていたけど、実際(じっさい)はそうではなっかた。私はこう思っていましたが、他の人はこう思っていなかった。
ထင်မြင်ယူဆချက်/အထင်အမြင်လွဲမှု့
〜လို့ ထင်ထားခဲ့ပေမဲ့၊အမှန်တကယ်မှာတော့ အဲလိုမဟုတ်ခဲ့ဘူး။ကျနော်ကတော့ ဒီလိုပဲလို့တွေးခဲ့ပေမဲ့၊ရည်ရွယ်ခဲ့ပေမဲ့၊တခြားလူတွေကတော့ ဒီလိုထင်နေခဲ့၊တွေးနေခဲ့၊ရည်ရွယ်နေခဲ့တယ်။နားလည်မှု့လွဲ/အထင်အမြင်လွဲသွားခဲ့တယ်။အကြောင်းအရာတခုကို လုပ်ဖို့ရည်ရွယ်ခဲ့ ၊တွေးထားခဲ့ပေမဲ့၊ဒီလိုလို့ တွေးထားပေမဲ့လည်း၊ တကယ်လက်တွေမှာ မေ့သွားတာ၊မလုပ်ဖြစ်လိုက်တာ စတဲ့ ဆန့်ကြင်ဘက် အရာတွေ ဖြစ်သွားခဲ့တယ် ဆိုတာမျိုးမှာ သုံးပါတယ်။
例文 ; ဥပမာ စာကြောင်း
友だちからメール📨を送ったつもりだったが、届いて📩いなかった。
သူငယ်ချင်းက မေးပို့ပြီးပြီလို့ ထင်ထားခဲ့ပေမဲ့၊ရောက်မလာသေးဘူး။
バックに財布👛を入れたつもりだったが、買い物しようとしたら、なかった。
အိတ်ထဲ ပိုက်ဆံအိတ်ထည့်ခဲ့တယ်ထင်ခဲ့ပေမဲ့၊စျေးဝယ်မယ်လုပ်လိုက်တော့၊မရှိတော့ဘူး။
この問題(もんだい)は分かってるつもりだったが、テストでは間違(まちが)えしまった。
ဒီပုစ္ဆာ နားလည်ပါတယ်လို့ ထင်ထားခဲ့ပေမဲ့၊စာမေးပွဲမှာ မှားသွားခဲ့တယ်။
自分でまだ若(わか)いつもりだったのに、電車の中で席を譲(ゆず)られておどろいた。
ကိုယ့်ကိုယ်ကို ငယ်ပါသေးတယ်လို့ ထင်ထားတာကို၊ရထားပေါ်မှာ ထိုင်ခုံဖယ်ပေးတာခံရလို့ အံဩသွားခဲ့ရတယ်။
私は人より絵(え)が上手(じょうず)なつもりだったが、美術大学(びじゅつだいがく)に進学(しんがく)したら、もっとすごい人がおおぜいいた。
ကျနော်ဟာ တခြားလူတွေထက် ပုံဆွဲတော်တယ်လို့ ထင်ထားခဲ့ပေမဲ့၊အနုပညာတက္ကသိုလ်ကို ကျောင်းဆက်တက်လိုက်တော့၊ကျနော်ထက် ပိုတော်တဲ့လူတွေ အများကြီးတွေ့ရတယ်။
僕(ぼく)は彼女とは友だちのつもりなのに、彼女はぼくと結婚(けっこん)👰したいらしい。困(こま)ったなあ。
ကိုယ်ကတော့ ကောင်မလေးကို သူငယ်တယောက်လိုပဲ သဘောထားထင်မြင်ယူထားတာကို၊ကောင်မလေးကတော့ ကျနော်နဲ့လက်ထပ်ချင်တဲ့ ပုံပဲ။ဒုက္ခပါပဲဗျာ။
今年(ことし)で70歳ですが、気持ちはまだ若いつもりです。
ဒီနှစ် အသက်(၇၀)ပြည့်ပေမဲ့၊စိတ်ခံစားချက်ကတော့ ငယ်ရွယ်နေသေးတယ်လို့ တွေးထား/ရည်ရွယ်ထားပါတယ်။("လူကသာ အသက်(70)ရှိသေးတာ၊စိတ်ကတော့ ငယ်ရွယ်နုပျိုနေဆဲပါပဲ။ "ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။)
気持ちは30歳のつもりですが、体力(たいりょく)は70歳(さい)です。
စိတ်ကတော့ အသက်(30)အရွယ်ပဲလို့ ရည်ရွယ်ထင်မြင်ထားပေမဲ့၊ခန္တာကိုယ်ရဲ့ ကြံ့ခိုင်းမှု့ အားကတော့ အသက်(70)အရွယ်ပါပဲ။
名前を聞いていたとつもりだったが、書いていなかった。
နာမည်မေးလိုက်ပြီးပြီလို့ ထင်ပေမဲ့/ထားထားခဲ့ပေမဲ့ မမေးလိုက်မိသေးဘူး။
返事(へんじ)をしたつもりだったが、送(おく)れていなかった。
ပြန်စာပို့ပြီးပြီလို့ ထင်ထားပေမဲ့ ၊မပို့ဖြစ်သေးဘူး ဖြစ်သွားတယ်။
かばんの中に入(い)れたつもりなのに、弁当(べんとう)🍱がない。
အိတ်ထဲ ထည့်ခဲ့တယ်လို့ ထင်ထားဆာကို၊ထမင်းဘူးက မရှိတော့ဘူး။
僕(ぼく)は冗談(じょうだん)に言ったつもりなのに、彼はまじめにとった。
ကိုယ်ကတော့ စနောက်သလိုပဲ ပြောမိခဲ့ပေမဲ့၊သူက အတည်ထင်သွားခဲ့တယ်။
あれ、かばん🎒の中に入れたつもりなのに、財布👛がない。
အယ်၊အိတ်ထဲ ထည့်ပါတယ်လို့ထင်ခဲ့တာကို၊ပိုက်ဆံအိတ်က ပါမလာဘူး။
財布👛をポケットに入れたつもりだったが、入っていませんでした。
ပိုက်ဆံအိတ်ကို အိတ်ထဲထည့်ခဲ့တယ်လို့ ရည်ရွယ်ခဲ့/ထင်ထားခဲ့ပေမဲ့ ၊မထည့်ခဲ့မိဘူးဖြစ်သွားခဲ့တယ်။
友だちにメール📨を送(おく)ったつもりでしたが、届(とど)いて📩いませんでした。
သူငယ်ချင်းထံက Email ပို့လိုက်ပြီးပြီလို့ ထင်ထားပေမဲ့၊ရောက်မလာသေးဘူးပဲ။
ダイエットを頑張(がんば)っているつもりですが、なかなか痩(や)せられません。
ဝိတ်ချတာကို ကြိုးကြိုးစားစားနဲ့ လုပ်နေပေမဲ့၊တော်တော်နဲ့ ဝိတ်က ကျမလာဘူး။
彼 :ごめん!
ကောင်လေး : တောင်ပန်ပါတယ်။
彼女 : ごめんだけ?それで謝(あやま)ったつもり?
ကောင်မလေး: တောင်ပန်ပါတယ်ပဲလား။အဲလောက်လေးနဲ့ တောင်ပန်တယ်ဆိုတာက ပြီးသွားရော့လား။(အတိုချုပ်ပြောရရင် ကောင်လေးဟာ ဒီလောက်နဲ့ပဲ တောင်းပန်လိုက်ရင် ပြီးသွားမယ်လို့ ထင်ပေမဲ့လည်း၊ကောင်မလေးကတော့ ဒီလောက်လေးတောင်းပန်ရုံနဲ့ မကျေနပ်နိုင်ဘူး၊ဒီလောက်လေးနဲ့ တောင်းပန်တယ်လို့ မသတ်မှတ်နိုင်ဘူး။ဒီစကားလေးတခွန်းနဲ့ ခွင့်လွတ်ကျေနပ်လက်မခံနိုင်ဘူး။ ဆိုတဲ့ သဘောအဓိပ္ပါယ်ဖြစ်ပါတယ်။)
合格(ごうかく)のために たくさん勉強(べんきよう)したつもりでしたが、不合格(ふごうかく)してしまいました。
စာမေးပွဲအောင်ဖို့ စာတွေအများကြီး လေ့လာသင်ယူခဲ့တယ်လို့ ထင်ခဲ့ပေမဲ့၊စာမေးပွဲမှာ ကျသွားခဲ့တယ်😖။
彼女(かのじょ)にプロポッズしたつもりだったが、彼女には伝(つた)わなかった。
ကောင်မလေးကို ချစ်ခွင့်ပန်ဖို့ ရည်ရွယ်ထားခဲ့/စဥ်းစားထားခဲ့ပေမဲ့ ၊မပြောဖြစ်ခဲ့မိဘူး။
テストの単語(たんご)を全て覚えたつもりだったが、知らない単語がいくつあった。
စာမေးပွဲ စကားလုံးတွေကို အားလုံးကျက်ပြီးပြီလို့ ထင်ထားခဲ့ပေမဲ့၊မသိသေးတဲ့ စကားလုံးတွေက အများကြီးရှိသေးတယ်။
皆んなの日本語N5の言葉(ことば)を全部(ぜんぶ)暗記(あんき)したつもりだったが、まだ覚えない言葉があった。
Mina no nihongo N5 ခိုတိုဘ စကားလုံးတွေကို အကုန်လုံး ကျက်ပြီးပြီလို့ ထင်ထားခဲ့ပေမဲ့၊မကျက်ရသေးတဲ့ စကားလုံးတွေက ရှိသေးတယ်။
いつものとおり彼女(かのじょ)に電話したつもりだったか、まだ電話しなかったから、起(お)こってしまった。
ပုံမှန်အတိုင်း ကောင်မလေးဆီ ဖုန်းဆက်ပြီးပြီလို့ ထင်ခဲ့ပေမဲ့၊ဖုန်းမဆက်မိလိုက်သောကြောင့်၊စိတ်ဆိုးသွားခဲ့တယ်။
自分で元気(げんき)なつもりだったけど、まだ風邪(かぜ)😷は治(なお)っていませんでした。
ကိုယ်ဟာကို နေကောင်းကျန်းမာလာပြီလို့ ထင်ခဲ့ပေမဲ့၊အအေးမိတာဟာ မပြောက်သေးဘူး။
私はそのメールを送ったつもりです。
ကျနော်အဲEmail ပို့ပြီးပြီထင်ပါတယ်။
コーヒー☕を注文(ちゅうもん)したつもりだった。
ကော်ဖီမှာလိုက်ပြီးပြီလို့ ထင်ပါတယ်။
それは要約(ようやく)したつもりだった。
အဲဒါ ကြိုတင်ဘိုကင်လုပ်ပြီးပြီလို့ ထင်ပါတယ်။
N4 မှာ သင်ခဲ့ရတဲ့ つもりですနဲ့ အခု N3 မှာသင်ရတဲ့ つもりでした/だったအဓိပ္ပါယ်မတူတဲ့အတွက် သတိထားပေးကြပါ။ဘာမတူတာလဲဆိုတော့ ယခု N3 မှာက သုံးတဲ့ စကားဆက်ပုံစံဟာ အတိတ်ပုံစံ た形ကို အများဆုံးအသုံးများတာဖြစ်ပါတယ်။N4က つもりက အနာဂတ်ကမှာ ရည်ရွယ်ထားတဲ့ plan အစီအစဥ်၊ရည်ရွယ်ချက်ကို ဖော်ပြတာဖြစ်ပြီး ၊ယခုつもりကတော့ အတိတ်ကအကြောင်းကို ပြောတာဖြစ်ပါတယ်။
ဥပမာ အနေနဲ့ :
来月(らいげつ)日本語を初(はじ)めて勉強するつもりです。
နောက်လ ဂျပန်စာ စလေ့လာမယ်လို့ ရည်ရွယ်ထားပါတယ်။(N4)
先月(せんげつ)日本語を初(はじ)めて勉強(べんきょう)するつもりでしたが、うまくできませんでした。(N3)
ပြီးခဲ့တဲ့လက ဂျပန်စာ စလေ့လာမယ်လို့ ရည်ရွယ်ထားခဲ့ ၊စဥ်းစားထားခဲ့ပေမဲ့ ၊အဆင်မပြေဖြစ်သွားခဲ့တယ်။
#モー先生 #