Shinkou Online Japanese Language School

Shinkou Online Japanese Language School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shinkou Online Japanese Language School, School, Yangon.

10/01/2024

三級(N3)文法解説 

    〜つもりだった
   ===================
(I believe that,was planning to..., was intending to ..., Supposed to be....but ;I thought I did..)

意味 :〜ရည်ရွယ်ထားခဲ့တယ်။ထင်ထားခဲ့တယ်။ထင်မြင်ယူဆမှတ်ယူထားခဲ့တယ်။

接続詞 :

動詞のた形➕つもり
(例え: がんばります→がんばったつもり)

動詞のている形➕つもり
(例え:がんばります→がんばっているつもりです)

い形容詞➕つもり
(例え:わかいです→わかいつもりです)

な形容詞➕な➕つもり

(例え :元気な→元気なつもりです)

名詞➕の➕つもり
(例え:はたちです→はたちのつもりです。)

用法 : အသုံးပြုပုံ

思い込み/勘違(かんちが)い
〜と思っていたけど、実際(じっさい)はそうではなっかた。私はこう思っていましたが、他の人はこう思っていなかった。

ထင်မြင်ယူဆချက်/အထင်အမြင်လွဲမှု့

〜လို့ ထင်ထားခဲ့ပေမဲ့၊အမှန်တကယ်မှာတော့ အဲလိုမဟုတ်ခဲ့ဘူး။ကျနော်ကတော့ ဒီလိုပဲလို့တွေးခဲ့ပေမဲ့၊ရည်ရွယ်ခဲ့ပေမဲ့၊တခြားလူတွေကတော့ ဒီလိုထင်နေခဲ့၊တွေးနေခဲ့၊ရည်ရွယ်နေခဲ့တယ်။နားလည်မှု့လွဲ/အထင်အမြင်လွဲသွားခဲ့တယ်။အကြောင်းအရာတခုကို လုပ်ဖို့ရည်ရွယ်ခဲ့ ၊တွေးထားခ​ဲ့ပေမဲ့၊ဒီလိုလို့ တွေးထားပေမဲ့လည်း၊ တကယ်လက်တွေမှာ မေ့သွားတာ၊မလုပ်ဖြစ်လိုက်တာ စတဲ့ ဆန့်ကြင်ဘက် အရာတွေ ဖြစ်သွားခဲ့တယ် ဆိုတာမျိုးမှာ သုံးပါတယ်။

例文 ; ဥပမာ စာကြောင်း

友だちからメール📨を送ったつもりだったが、届いて📩いなかった。

သူငယ်ချင်းက မေးပို့ပြီးပြီလို့ ထင်ထားခဲ့ပေမဲ့၊ရောက်မလာသေးဘူး။

バックに財布👛を入れたつもりだったが、買い物しようとしたら、なかった。

အိတ်ထဲ ပိုက်ဆံအိတ်ထည့်ခဲ့တယ်ထင်ခဲ့ပေမဲ့၊စျေးဝယ်မယ်လုပ်လိုက်တော့၊မရှိတော့ဘူး။

この問題(もんだい)は分かってるつもりだったが、テストでは間違(まちが)えしまった。

ဒီပုစ္ဆာ နားလည်ပါတယ်လို့ ထင်ထားခဲ့ပေမဲ့၊စာမေးပွဲမှာ မှားသွားခဲ့တယ်။

自分でまだ若(わか)いつもりだったのに、電車の中で席を譲(ゆず)られておどろいた。

ကိုယ့်ကိုယ်ကို ငယ်ပါသေးတယ်လို့ ထင်ထားတာကို၊ရထားပေါ်မှာ ထိုင်ခုံဖယ်ပေးတာခံရလို့ အံဩသွားခဲ့ရတယ်။

私は人より絵(え)が上手(じょうず)なつもりだったが、美術大学(びじゅつだいがく)に進学(しんがく)したら、もっとすごい人がおおぜいいた。

ကျနော်ဟာ တခြားလူတွေထက် ပုံဆွဲတော်တယ်လို့ ထင်ထားခဲ့ပေမဲ့၊အနုပညာတက္ကသိုလ်ကို ကျောင်းဆက်တက်လိုက်တော့၊ကျနော်ထက် ပိုတော်တဲ့လူတွေ အများကြီးတွေ့ရတယ်။

僕(ぼく)は彼女とは友だちのつもりなのに、彼女はぼくと結婚(けっこん)👰したいらしい。困(こま)ったなあ。

ကိုယ်ကတော့ ကောင်မလေးကို သူငယ်တယောက်လိုပဲ သဘောထားထင်မြင်ယူထားတာကို၊ကောင်မလေးကတော့ ကျနော်နဲ့လက်ထပ်ချင်တဲ့ ပုံပဲ။ဒုက္ခပါပဲဗျာ။

今年(ことし)で70歳ですが、気持ちはまだ若いつもりです。

ဒီနှစ် အသက်(၇၀)ပြည့်ပေမဲ့၊စိတ်ခံစားချက်ကတော့ ငယ်ရွယ်နေသေးတယ်လို့ တွေးထား/ရည်ရွယ်ထားပါတယ်။("လူကသာ အသက်(70)ရှိသေးတာ၊စိတ်ကတော့ ငယ်ရွယ်နုပျိုနေဆဲပါပဲ။ "ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။)

気持ちは30歳のつもりですが、体力(たいりょく)は70歳(さい)です。

စိတ်ကတော့ အသက်(30)အရွယ်ပဲလို့ ရည်ရွယ်ထင်မြင်ထားပေမဲ့၊ခန္တာကိုယ်ရဲ့ ကြံ့ခိုင်းမှု့ အားကတော့ အသက်(70)အရွယ်ပါပဲ။

名前を聞いていたとつもりだったが、書いていなかった。

နာမည်မေးလိုက်ပြီးပြီလို့ ထင်ပေမဲ့/ထားထားခဲ့ပေမဲ့ မမေးလိုက်မိသေးဘူး။

返事(へんじ)をしたつもりだったが、送(おく)れていなかった。

ပြန်စာပို့ပြီးပြီလို့ ထင်ထားပေမဲ့ ၊မပို့ဖြစ်သေးဘူး ဖြစ်သွားတယ်။

かばんの中に入(い)れたつもりなのに、弁当(べんとう)🍱がない。

အိတ်ထဲ ထည့်ခဲ့တယ်လို့ ထင်ထားဆာကို၊ထမင်းဘူးက မရှိတော့ဘူး။

僕(ぼく)は冗談(じょうだん)に言ったつもりなのに、彼はまじめにとった。

ကိုယ်ကတော့ စနောက်သလိုပဲ ပြောမိခဲ့ပေမဲ့၊သူက အတည်ထင်သွားခဲ့တယ်။

あれ、かばん🎒の中に入れたつもりなのに、財布👛がない。

အယ်၊အိတ်ထဲ ထည့်ပါတယ်လို့ထင်ခဲ့တာကို၊ပိုက်ဆံအိတ်က ပါမလာဘူး။

財布👛をポケットに入れたつもりだったが、入っていませんでした。

ပိုက်ဆံအိတ်ကို အိတ်ထဲထည့်ခဲ့တယ်လို့ ရည်ရွယ်ခဲ့/ထင်ထားခဲ့ပေမဲ့ ၊မထည့်ခဲ့မိဘူးဖြစ်သွားခဲ့တယ်။

友だちにメール📨を送(おく)ったつもりでしたが、届(とど)いて📩いませんでした。

သူငယ်ချင်းထံက Email ပို့လိုက်ပြီးပြီလို့ ထင်ထားပေမဲ့၊ရောက်မလာသေးဘူးပဲ။

ダイエットを頑張(がんば)っているつもりですが、なかなか痩(や)せられません。

ဝိတ်ချတာကို ကြိုးကြိုးစားစားနဲ့ လုပ်နေပေမဲ့၊တော်တော်နဲ့ ဝိတ်က ကျမလာဘူး။

彼 :ごめん!
ကောင်လေး : တောင်ပန်ပါတယ်။
彼女 : ごめんだけ?それで謝(あやま)ったつもり?
ကောင်မလေး: တောင်ပန်ပါတယ်ပဲလား။အဲလောက်လေးနဲ့ တောင်ပန်တယ်ဆိုတာက ပြီးသွားရော့လား။(အတိုချုပ်ပြောရရင် ကောင်လေးဟာ ဒီလောက်နဲ့ပဲ တောင်းပန်လိုက်ရင် ပြီးသွားမယ်လို့ ထင်ပေမဲ့လည်း၊ကောင်မလေးကတော့ ဒီလောက်လေးတောင်းပန်ရုံနဲ့ မကျေနပ်နိုင်ဘူး၊ဒီလောက်လေးနဲ့ တောင်းပန်တယ်လို့ မသတ်မှတ်နိုင်ဘူး။ဒီစကားလေးတခွန်းနဲ့ ခွင့်လွတ်ကျေနပ်လက်မခံနိုင်ဘူး။ ဆိုတဲ့ သဘောအဓိပ္ပါယ်ဖြစ်ပါတယ်။)

合格(ごうかく)のために たくさん勉強(べんきよう)したつもりでしたが、不合格(ふごうかく)してしまいました。

စာမေးပွဲအောင်ဖို့ စာတွေအများကြီး လေ့လာသင်ယူခဲ့တယ်လို့ ထင်ခဲ့ပေမဲ့၊စာမေးပွဲမှာ ကျသွားခဲ့တယ်😖။

彼女(かのじょ)にプロポッズしたつもりだったが、彼女には伝(つた)わなかった。

ကောင်မလေးကို ချစ်ခွင့်ပန်ဖို့ ရည်ရွယ်ထားခဲ့/စဥ်းစားထားခဲ့ပေမဲ့ ၊မပြောဖြစ်ခဲ့မိဘူး။

テストの単語(たんご)を全て覚えたつもりだったが、知らない単語がいくつあった。

စာမေးပွဲ စကားလုံးတွေကို အားလုံးကျက်ပြီးပြီလို့ ထင်ထားခဲ့ပေမဲ့၊မသိသေးတဲ့ စကားလုံးတွေက အများကြီးရှိသေးတယ်။

皆んなの日本語N5の言葉(ことば)を全部(ぜんぶ)暗記(あんき)したつもりだったが、まだ覚えない言葉があった。

Mina no nihongo N5 ခိုတိုဘ စကားလုံးတွေကို အကုန်လုံး ကျက်ပြီးပြီလို့ ထင်ထားခဲ့ပေမဲ့၊မကျက်ရသေးတဲ့ စကားလုံးတွေက ရှိသေးတယ်။

いつものとおり彼女(かのじょ)に電話したつもりだったか、まだ電話しなかったから、起(お)こってしまった。

ပုံမှန်အတိုင်း ကောင်မလေးဆီ ဖုန်းဆက်ပြီးပြီလို့ ထင်ခဲ့ပေမဲ့၊ဖုန်းမဆက်မိလိုက်သောကြောင့်၊စိတ်ဆိုးသွားခဲ့တယ်။

自分で元気(げんき)なつもりだったけど、まだ風邪(かぜ)😷は治(なお)っていませんでした。

ကိုယ်ဟာကို နေကောင်းကျန်းမာလာပြီလို့ ထင်ခဲ့ပေမဲ့၊အအေးမိတာဟာ မပြောက်သေးဘူး။

私はそのメールを送ったつもりです。

ကျနော်အဲEmail ပို့ပြီးပြီထင်ပါတယ်။

コーヒー☕を注文(ちゅうもん)したつもりだった。

ကော်ဖီမှာလိုက်ပြီးပြီလို့ ထင်ပါတယ်။

それは要約(ようやく)したつもりだった。

အဲဒါ ကြိုတင်ဘိုကင်လုပ်ပြီးပြီလို့ ထင်ပါတယ်။

N4 မှာ သင်ခဲ့ရတဲ့ つもりですနဲ့ အခု N3 မှာသင်ရတဲ့ つもりでした/だったအဓိပ္ပါယ်မတူတဲ့အတွက် သတိထားပေးကြပါ။ဘာမတူတာလဲဆိုတော့ ယခု N3 မှာက သုံးတဲ့ စကားဆက်ပုံစံဟာ အတိတ်ပုံစံ た形ကို အများဆုံးအသုံးများတာဖြစ်ပါတယ်။N4က つもりက အနာဂတ်ကမှာ ရည်ရွယ်ထားတဲ့ plan အစီအစဥ်၊ရည်ရွယ်ချက်ကို ​ဖော်ပြတာဖြစ်ပြီး ၊ယခုつもりကတော့ အတိတ်ကအကြောင်းကို ပြောတာဖြစ်ပါတယ်။

ဥပမာ အနေနဲ့ :

来月(らいげつ)日本語を初(はじ)めて勉強するつもりです。

နောက်လ ဂျပန်စာ စလေ့လာမယ်လို့ ရည်ရွယ်ထားပါတယ်။(N4)

先月(せんげつ)日本語を初(はじ)めて勉強(べんきょう)するつもりでしたが、うまくできませんでした。(N3)

ပြီးခဲ့တဲ့လက ဂျပန်စာ စလေ့လာမယ်လို့ ရည်ရွယ်ထားခဲ့ ၊စဥ်းစားထားခဲ့ပေမဲ့ ၊အဆင်​မပြေဖြစ်သွားခဲ့တယ်။

#モー先生 #

09/01/2024

三級(N3)文法説明 

     〜らしい
    =================
(Seems like , Apparently ,It's typical ~, I heard that..)

意味 : 〜ပီသတယ်၊〜လိုမျိုး၊〜နဲ့တူအောင်၊〜လို့ကြားတယ်။သိရသရွှေ့၊အပြင်ပန်းအားဖြင့် ကြည့်ရတာ〜 ပုံရတယ်၊〜ဟန်ရှိတယ်၊〜မယ်ထင်တယ်။

推定(すいてい)

動詞の普通形➕らしい
い形容詞  ➕らしい
な形容詞  ➕らしい
  名詞  ➕らしい

用法 : 推定(すいてい)= ခန့်မှန်းသတ်မှတ်ခြင်း၊လက်တွေနဲ့ကိုက်ညီမှု့ ရိှတာနဲ့ ခန့်မှန်းသတ်မှတ်၊ဆုံးဖြတ်ပြောဆိုရာမှာ သုံးပါတယ်။အဲလိုခန့်မှန်းချက်ဟာလည်း အများအားဖြင့် အမှန်ဖြစ်နိုင်ခြေများပါတယ်။စိတ်ကူးနဲ့ ထင်ကြေးပေး၊မှန်းဆ ခန့်မှန်းပြောချင်တဲ့အခါမှာ သုံးပါတယ်။အဲထင်ကြေးဟာလည်း အမှန်ဖြစ်မဲ့ ရာခိုင်နှုန်းများပါတယ်။

例文 :

大山さんは拾って来たネコを育てているそうだ。いかにも動物(どうぶつ)好きな彼らしい。

Yamada စံဟာ ကောက်ရလာတဲ့ ကြောင်လေးကို ကျွေးမွေးစောင့်ရှောက်ထားတယ်ဆိုပဲ။အမှန်တကယ် တိရိစ္ဆာန်လေးတွေ ချစ်တတ်တဲ့သူ ပုံထင်တယ်။

そのセーターの色、春(はる)らしくてすてきですね。

အဲဆွယ်တာအက်ျီလေးအရောင်လေးက ဆောင်းပီသပြီး/ဆောင်းဦးပေါက်ရာသီနဲ့ ကိုက်ညီပြီးတော့ လှတယ်နော်။

「 就職(しゅうしょく)したのだから、もっと社会人らしくしなさい 」

အလုပ်ဝင်ပြီးပြီဆိုတော့ ၊ကိုယ်ပိုင်ရပ်တည်နိုင်တဲ့သူဖြစ်အောင် /ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့လူ ဖြစ်အောင် လုပ်စမ်းပါ။

彼女(かのじょ)は体(からだ)が丈夫(じょうぶ)で、病院(びょうき)らしい病院をしたことはない。

ကောင်မလေးဟာ ခန္တာကိုယ် သန်စွမ်းပြီး၊ ရောဂါလို့ထင်ရတဲ့ ရောဂါ/ရောဂါဆန်ဆန် /ရောဂါလို့ ပြောရလောက်တဲ့ ရောဂါ တခါမှမဖြစ်ဖူးပါဘူး။

「 朝起(あさお)きて見ると、道(みち)がぬれていた。夜の間(あいだ)に雨が降ったらしい。」

မနက်အိပ်ယာထတော့ ကြည့်လိုက်တာ၊လမ်းပေါ်မှာ စိုစိုစွတ်စွတ်ဖြစ်နေတယ်။ညတုန်းက မိုးရွာခဲ့တဲ့ပုံပဲ။(မြင်တာကိုကြည့်ပြီး ကိုယ်ရဲ့ ထင်မြင်ယူဆချက်၊ဆုံးဖြတ်ချက်ကို ပြောတာဖြစ်ပါတယ်။)

カリナさんは女の子👧だけど、いつも男の子👦らしい服(ふく)👕を着ている。

Karina စံဟာ မိန်းကလေးဖြစ်ပေမဲ့လည်း၊အမြဲတမ်း ယောက်ျားလေးလို အဝတ်အစားကိုဝတ်လေ့ရှိတယ်။

空が暗くなっているので、今夜(こんや)🌃は雨らしい。

ကောင်းကင်ဟာ မည်းမှောင်လာနေသောကြောင့်၊ဒီည မိုးရာမယ်ထင်တယ်၊မိုးရွာမဲ့ပုံပဲ။

昨日(きのう)の夜(よる)は、雪(ゆき)❆🌨が降(ふ)ったらしいです。

မနေ့ညက နှင်းကျခ​ဲ့ပုံပါပဲ။
(ညက အိပ်ပျော်နေလို့ နှင်းကျမှန်းမသိလိုက်ဖူး။မနက်ရောက်မှ အပြင်ထွက်ကြည့်လိုက်တဲ့အခါ ညက နှင်းကျခဲ့တဲ့ပုံ လက္ခဏာတွေ့ရတယ်။ဒါကိုကြည့်ပြီး၊မြင်ပြီး "မနေ့ညက နှင်းကျခဲ့တ​ဲ့ပုံပေါက်တယ် "လို့ ပြောတာဖြစ်ပါတယ်။)

彼女(かのじょ)の表情(ひょうじょう)は悪(わる)いので、元気ではないらしい。

ကောင်မလေးရဲ့ မျက်နှာအနေအထားကမကောင်းလို့၊နေမကောင်းတဲ့ ပုံပဲ။

山森(やまもり)さんはたくさん犬を飼っているから、犬🐶が好(す)きらしい。

Yamamori စံဟာ ခွေးတွေအများကြီးမွေးထားသောကြောင့်၊ခွေးချစ်တတ်မဲ့ ပုံပဲ။

今日は君(きみ)らしくないな。

ဒီနေ့မင်း မပီသသလိုပဲ။မင်းမဟုတ်သလိုဘဲ။(ခါတိုင်း ပုံမှန်ဆို တက်တက်ကြွကြွ၊ဖျတ်ဖျတ်လတ်လတ် ၊သွက်သွက်လက်လက် ရှိတဲ့ မင်းက ဒီနေ့အရင်ပုံစံနဲ့မတူ တမျိုးဖြစ်နေတယ်၊ထူးဆန်းနေတယ်။)

寝(る)すぎるのは、体(からだ)に悪(わる)いらしいです。

အအိပ်ကြီးတာက ၊ခန္တာကိုယ်အတွက် မကောင်းတဲ့ ပုံပါပဲ။

会場(かいじょ)に誰(だれ)も見ないから、会議(かいぎ)は中止(ちゅうし)になったらしい。

အစည်းအဝေးလုပ်မဲ့နေရာမှာ ဘယ်သူမှမတွေ့သောကြောင့်၊အစည်းအဝေးဟာ ရပ်ဆိုင်းလိုက်တဲ့ ပုံပဲ။

学生は学生らしく、まじめに勉強したほうがいいですよ。

ကျောင်းသားဆိုတာ ကျောင်းသားနဲ့တူအောင် လေးလေးနက်နက် စာလုပ်တာကကောင်းမယ်။

ねえ、聞いた?タケシさんはキヨミさんと婚約(こんやく)するらしいよ。

ဟဲ့၊ကြားပြီးပြီလား။Takeshi စံနဲ့ Kiyomi စံနဲ့ စေ့စပ်လိုက်ပြီတဲ့။(80% ခန့် သေချာသလောက်ရှိတဲ့ အခြေအနေ)

カシキの彼氏はかっこいいらしいよ。

タカキ先輩(せんぱい)がさっき言っていたことは本当(ほんとう)らしいよ。

Takaki ဆင်းပိုင်း ခုနက ပြောသွားတာက ဟုတ်တဲ့ ပုံပဲနော်။

今朝テレビの天気予報を見たけど、明日から雪(ゆき)がふるらしいよ。

မနက်က TV သတင်းကြည့်ခဲ့တာ ၊မနက်ဖြန်ကနေ နှင်းကျမယ်တဲ့။

自分の意志で考えコントロールできることには 「〜らしい」を使えません。

私は明日、会社へ行くらしい。❎

私は来月からスペイン語を習うらしい。❎

私は今月から会社をやめさせられるらしい。○

彼は会社を辞めたいらしい。

空が暗(くら)くなって、今日は雨(あめ)が降(ふ)るらしい。

ကောင်းကင်က မည်းမှောင်လာပြီ၊ဒီနေ့မိုးရွာမဲ့ ပုံပဲ။

あの女の子👧は野菜(やさい)をあまり食べないので、野菜(やさい)が嫌(きら)いらしい。

ဟိုကောင်မလေးဟာ အသီးအရွက်တွေ သိပ်မစားလို့၊အသီးအရွက် မကြိက်တဲ့ ပုံပဲ။

お婆(ばあ)さんは子供(こども)らしい服(ふく)を着(き)ている。

အဖွားဟာ ကလေးပုံစံ/ကလေးလိုမျိုး အဝတ်အစားကို ဝတ်ထားတယ်။

新聞(しんぶん)によると、今年(ことし)の冬(ふゆ)はあまり寒(さむ)くないらしいです。

သတင်းစာအရဆို ၊ဒီနှစ်ဆောင်းရာသီဟာ သိပ့်မအေးတဲ့ ပုံပါပဲ။

天気予報(てんきよほう)によると、午後から雨が降るらしいです。

မိုးလေဝသကြိုတင်ခန့်မှန်းချက်အရဆို၊ညနေကနေ မိုးရွာမယ်တဲ့။ရွာမယ်ဆိုပဲ။

子供(こども)の部屋は静(しず)かになっているから、もう寝(ね)たらしい。

ကလေးအိပ်ခန်းဟာ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေတယ်ဆိုတော့ ၊ ကလေးတွေ အိပ်ပျော်နေကြတဲ့ ပုံပါပဲ။

うわさによると、田中(たなか)さんは先月(せんげつ)離婚(りこん)らしいです。

ကောလဟလ သတင်းစကားအရဆို၊Tanaka စံဟာ ပြီးခဲ့တဲ့အပတ်က သူ့မိန်းမနဲ့ ကွာရှင်းထားတယ်ဆိုပဲ။

#モー先生 #

30/12/2023

三級(N3)文法解説
   

〜ことになっている
  ========================
(to be scheduled to ; rules that has been decided, to be expected to ..,to be scheduled to ...)

意味 : 〜ဆုံးဖြတ်၊သတ်မှတ်ထားပါတယ်၊စီစဥ်ပြီးသားဖြစ်ပါတယ်။အလေ့အထ ထုံးစံ ၊ယဥ်ကျေးမှု့တခုလို ဖြစ်နေပါတယ်။

用法(ようほう) : အသုံးပြုပုံ

過去に他人(または)皆んなで決定(けってい)した事項(じこう)🅰が現在(げんざい)、予定(よてい)や規則(きそく)になっていることを表(あらわ)すとき使います。

အတိတ်မှာ တခြားတယောက်ယောက်၊ဒါမှမဟုတ် အားလုံးစုပေါင်း ဝိုင်းဝန်းပြီးတော့ ဆုံးဖြတ်သတ်မှတ်ထားတဲ့ အကြောင်းအရာတခုက လက်ရှိအခြေအနေမှာ အစီအစဥ်တခု ၊စည်းမျဥ်းစည်းကမ်း တခုအနေနဲ့ ယခုချိန်အထိ ဖြစ်နေတယ်ဆိုတာကို ဖော်ပြပြောဆိုချင်တဲ့အခါမှာ သုံးပါမယ်။

自分一人で決めたことはこの文型(ぶんけい)を使うことができません。

မိမိသဘော မိမိစိတ်ဆန္ဒတခုတည်းနဲ့ ဆုံးဖြတ်ထားတဲ့ အကြောင်းအရာတွေမှာတော့ အသုံးပြုပြောဆိုလို့မရပါဘူး။ဒါကို အထူးသတိပြဖို့လိုအပ်ပါတယ်။

予定(よてい)や規則(きそく)が決まっています。他の人が決めたこと、みんなで決めたこと。自分だけで決めたことには使わないので注意(ちゅうい)してください。

〜という決まりである/〜することが決まっている。規則(きそく)や 習慣(しゅうかん)、予定(よてい)などでそうすること、そうしないことがすでに決まっていると言う意味で使えます。

〜လို့ဆိုတဲ့ ဆုံးဖြတ်သတ်မှတ်ချက် ရှိတယ်/〜လုပ်ဖို့အ​ကြောင်းကို ဆုံးဖြတ်ထားတယ်။စည်းကမ်းချက်တွေ၊ဓလေ့ထုံးစံ၊အစီအစဥ် စတာတွေ့နဲ့ အဲလိုလုပ်ရမယ်၊အဲလိုမလုပ်ရဘူးဆိုတာမျိူး သတ်မှတ်ကန့်သတ်ချက် ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်သဘောမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။တခြားသူ or တခြားသူတွေ အားလုံး၊နိုင်ငံအစိုးရ၊ကုမ္ပဏီ၊ဓလေ့ထုံးတမ်းစဥ်လာ စတဲ့ ကိုယ်တဦးတယောက်ထဲစိတ်ဆန္ဒနဲ့ သတ်မှတ်ဆုံးဖြတ်ချမှတ်ထားတ​ာ မဟုတ်တဲ့ အလေ့အကျင့်၊ထုံးတမ်းအစဥ်အလာ ၊ ဥပဒေ၊စည်းကမ်း၊ကန့်သတ်ချက်၊အစီအစဥ်တွေ ဖြစ်နေတယ်ဆိုတဲ့အခြေအနေကို အထူးပြုအလေးထားအသားပေးပြောဆိုချင်တဲ့အခါမှာ သုံးပါတယ်။

接続詞 : 

動詞の辞書形➕ことになっている

(例え : 行きます ≫ 行くことになっている)

動詞のない形➕ことになっている

(例え : します ≫ しないことになっている)

名詞➕という➕ことになっている

例文 :

12時にアケチの家で集合(しゅうごう)することになっている。

၁၂နာရီမှာ Akechi ရဲ့အိမ်မှာ အားလုံးစုဝေးကြဖို့ ဆုံးဖြတ် ထားကြပါတယ်။(အစီအစဥ်)

私たちは、明日一緒(いっしょ)に山登(のぼ)りをすることになっているのよ。(အစီအစဥ်)

ကျနော်တို့ မနက်ဖြန် ၊ အားလုံးအတူတူ တောင်တက်သွားကြဖို့ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ထားကြတာမျိုး ရှိတယ်လေ။

この会社では、毎朝(まいあさ)仕事の前にラジオ📻体操(たいそう)をすることになっています。(ချမှတ်ထားတဲ့ အလေ့အကျင့်ထုံးစံတခု)

ဒီကုမ္ပဏီမှာက မနက်တိုင်း အလုပ်မဝင်ခင် ကိုယ်ကာယလေ့ကျင့်ခန်းကို လုပ်ကြရမဲ့ အလေ့အကျင့် တခု သတ်မှတ်ထားပါတယ်။

来週の金曜日は東京(とうきょう)へ出張(しゅっちょう)することになっています。

လာမဲ့ သောကြာနေ့ဟာ တိုကျိုကို အလုပ်ကိစ္စနဲ့ ခရီးသွားရမဲ့ အကြောင်းဖန်လာပါတယ်။အကြောင်းဖြစ်နေပါတယ်။(အစီအစဥ်)

燃(も)えるゴミは月、水、金に出すことになっています。

မီးလောင်လွယ်တဲ့ အမှိုက်ဟာ တနလ်ာ ၊ဗုဒ္ဓဟူး၊သောကြာနေ့မှာ ပစ်ဖို့ စည်းကမ်းသတ်မှတ်ထားတာမျိုးဖြစ်နေပါတယ်။(စည်ပင်က ချမှတ်ထားတဲ့ စည်းကမ်း)

夏(なつ)の間(あいだ)はネクタイ👔しなくてもいいことになっています。

နွေရာသီအတော်အတွင်းဟာ နက်ကတိုင်းမစည်းလည်း ရတယ်၊အဆင်ပြေတယ်ဆိုတဲ့ အရာမျိုး သတ်မှတ်ချက်၊ထုံးစံရှိပါတယ်။

このマンションではペットを飼(か)ってはいけないことになっています。

ဒီ ကွန်ဒိုတိုက်ခန်းမှာတော့ အိမ်မွေးတိရိစ္ဆာန်တွေကို မွေးလို့ မရဘူးဆိုတဲ့ ကန့်သတ်ချက်ရှိပါတယ်။(ကန့်သတ်ချက်)

私の国では18歳未満(さいみまん)はお酒を買ってはいけない/飲んではいけないことになっている。

ကျနော်နိုင်ငံမှာတော့ အသက်(၁၈)မပြည့်သေးတဲ့ သူတွေဟာ အရက်ဝယ်ယူလို့မရတာ/အရက်သောက်လို့ မရတာမျိုး စည်းကမ်းဥပဒေ ကန့်သတ်ချက်ရှိပါတယ်။

高校(こうこう)を休む時は、事前(じぜん)に連絡(れんらく)しなければ いけないことになっています。

ကျောင်းကနေ အနားယူတဲ့အခါမှာ ၊ ကြိုတင်ပြီး ဆက်သွယ်အကြောင်းမကြားလို့ မရတာမျိုး စည်းကမ်းသတ်မှတ်ထားချက်ရှိပါတယ်။

この寮(りょう)では、食事(しょくじ)の(後)あと、自分でお皿(さら)を洗(あら)って棚(たな)にしまうことになっています。

ဒီအဆောင်မှာ ထမင်းစားပြီးနောက်၊ပန်းကန်ပြားကို ကိုယ့်ဟာကိုဆေးကြောပြီး၊စင်ပေါ်မှာ မှောက်သိမ်းထားဖို့ စည်းကမ်းလုပ်ရိုးလုပ်စဥ် တခုလို ဖြစ်နေပါတယ်။

シンガポール(🇸🇬)では、道(みち)にゴミを捨(す)てると罰金(ばっきん)を払わなければいけないことになっています。

စင်ကာပူမှာတော့ လမ်းပေါ်အမှိုက်ပစ်ရင် ဒဏ်ငွေ​ေမပေးဆောင်လို့ မရဘူးဆိုတဲ့ စည်းကမ်းဥပဒေ ကန့်သတ်ချက်ရှိနေပါတယ်။

日本では、電車(でんしゃ)の中で飲食(いんしょく)をしてはいけないことになっている。

ဂျပန်မှာတော့ ရထားထဲမှာ အစားအစာစားတာ၊သောက်တာမျိုး လုပ်လို့မရဘူးဆိုတဲ့ လူ့ယဥ်ကျေးမှု့ ကို ထိမ်းသိမ်းတဲ့ အစဥ်အလာလိုမျိုး ရှိပါတယ်။

この店では、DVDは一週間まで借りられることになっています。

ဒီဆိုင်မှာ DVD ဟာ တပတ်အထိ/တပတ်နောက်ဆုံးထားပြီး ငှားလို့ရတာမျိုး ကန့်သတ်ချက် ရှိပါတယ်။

Y寮(りょう)の門限(もんげん)で、夜12時までに帰らないといけないことになっているので、そろそろ帰らない。

အဆောင်တံခါးပိတ်ချိန်မှာ ည(၁၂)နာရီအမှီ ပြန်မလာလို့ မရဘူးဆိုတဲ့ တံခါးပိတ်ချိန် ကန့်သတ်ချက်မျိုးရှိတဲ့အတွက်၊ဘာလိုလိုနဲ့ ပြန်ချိန်ရောက်ပြီ/မပြန်လို့မရတော့ဘူး။

生徒(せいと)たちは授業中(じゅぎょうちゅう)に教室(きょうしつ)を出(で)れないことになっています。

ကျောင်းသူ၊ကျောင်းသား တပည့်တွေဟာ စာသင်နေစဥ်မှာ စာသင်ခန်းကနေ ထွက်မသွားရတာမျိုး စည်းကမ်းသတ်မှတ်ထားပါတယ်။

この校則(こうそく)では 毎朝(まいあさ)運動(うんどう)することになっている。

ဒီကျောင်းမှာတော့ မနက်တိုင်း ကိုယ်လက်လှုပ်ရှား အားကစား လုပ်ကြရဖို့ အကြောင်း စည်းကမ်းသတ်မှတ်ထားပါတယ်။

この店ではタバコ吸(す)ってはいけないことになっています。(きそく)

ဒီဆိုင်မှာတော့ ဆေးလိပ်သောက်လို့မရပါဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ထားပါတယ်။

授業(じゅぎょう)は朝🕘9時から始(はじ)まることになっている。

စာသင်ချိန်ဟာ ၉ နာရီကနေ စရမယ်ဆိုတာမျိုး သတ်မှတ်ချက် ရှိပါတယ်။

今晩(こんばん)6時に西村(にしむら)さんと六本木(ろっぽんき)で会うことになっています。

ဒီည ၆နာရီမှာ Nishimura စံနဲ့ Ropponki မှာတွေ့ဖို့ အကြောင်းဖြစ်နေပါတယ်။

日本語会話授業中(にほんごかいわじゅぎょうちゅう)では日本語だけで話すことになっています。

ဂျပန်စကားပြောအတန်းမှာတော့ ဂျပန်စကားနဲ့ပဲ စကားပြောကြဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

卒業式(そつぎょうしき)では一番成績(せいせき)が優秀(ゆうしゅう)だった学生(がくせい)がスピーチ(speech)をすることになっています。

ဘွဲ​ြ့နှင်းသဘင် အခမ်းအနားမှာ အမှတ်အကောင်းဆုံး ထူးချွန်တဲ့ကျောင်းသား၊ကျောင်းသူက ရှေ့မှာ ထွက်ပြီး မိန့်ခွန့် ပြောရမဲ့ အစဥ်အလာ တခု ဖြစ်နေပါတယ်။

社長は来週(らいしゅう)の飲み会に参加しないことになっています。

ကုမ္ပဏီသူဌေးဟာ နောက်တပတ် အားလုံးဝိုင်းဖွဲ့ သောက်ပွဲ စားပွဲမှာ မတက်ရောက်နိုင်တော့တာမျိုး ဖြစ်နေပါတယ်။

寺(てら)の中に入(はい)る時は 礼儀(れいぎ)として靴(👟)を抜(ぬ)ぐことになっています。

ဘုရားကျောင်း၊ဘုန်းကြီးကျောင်းထဲ ဝင်တဲ့အခါ လောကဝတ်အနေနဲ့ ဖိနပ်ချွတ်ရမဲ့ ယဥ်ကျေးမှု့ထုံးတမ်းအစဥ်အလာသဘောမျိုး ဖြစ်နေပါတယ်။

この寮(りょう)では、起床時間(きしょうじかん)は6時ということになっています。

ဒီအဆောင်မှာတော့ အိပ်ယာထချိန်ဟာ ၆နာရီဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်လိုမျိုးဖြစ်နေပါတယ်။

この図書館(としょかん)では 2週間まで本が借りられることになっている。

ဒီစာကြည့်တိုက်မှာတော့ နှစ်ပတ်အထိ စာအုပ်ငှားယူဖတ်ရှု့လို့ရတဲ့ ကန့်သတ်ချက်ထားတာမျိုးရှိပါတယ်။

ミヤンマーでは、車は右側を運転することになっている。

မြန်မာပြည်မှာတော့ ကားကို ညာဘက်ဦးစားပေးမောင်းနှင် ရမယ်ဆိုတာမျိုး စည်းကမ်းသတ်မှတ်ချက်ရှိပါတယ်။

授業中(じゅぎょうちゅう)は、携帯(けいたい)📱を使(つか)ってはいけないことになっている。

စာသင်နေချိန်အတွင်း၊ဖုန်းအသုံးမပြုရ ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မျိုးရှိပါတယ်။

JLPT N2試験(しけん)では、90点なったら、合格ということになっている。

JLPT N2 စာမေးပွဲမှာတော့ အမှတ် (၉၀)ရရင် အောင်တယ်ဆိုတာမျိုး သတ်မှတ်ထားပါတယ်။

この部屋(へや)には、関係者(かんけいしゃ)以外(いがい)入ってはいけないことになっている。

ဒီအခန်းကတော့ သက်ဆိုင်သူမှအပ မဝင်ရ ဆိုတဲ့မျိုး သတ်မှတ် ကန့်သတ်ထားပါတယ်။

燃(も)えるごみは毎週(まいしゅう)月曜日と木曜日に捨(す)てることになっている。

မီးလောင်လွယ်တဲ့ အမှိုက့်ဟာ အပတ်စဥ် တနလ်ာနေ့နဲ့ ကြာသာပတေးနေ့မှာ ပစ်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ထားချက် ဖြစ်နေပါတယ်။

この工場(こうじょう)では、毎朝、仕事の前にラジオ📻体操をすることになっている。

ဒီစက်ရုံမှာတော့ မနက်တိုင်း အလုပ်ထဲမဝင်ခင် Radio ကိုယ်လက်လှုပ်ရှားအားကစား လုပ်ကြရဖို့ အစဥ်အလာ စည်းကမ်းသတ်မှတ်ချက်မျိုး ဖြစ်နေပါတယ်။

JLPT試験用紙(しけんようし)は持ち帰ってはいけないことになっている。

JLPTစာမေးပွဲမေးခွန်းလွှာဟာ အိပ်ယူပြန်သွားလို့ မရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ရှိပါတယ်။

学校🏫を休むときは担当者(たんとうしゃ)に連絡しなければならないことになっています。

ကျောင်းကနေ အနားယူတဲ့အခါ တာဝန်ရှိတဲ့သူကို ဆက်သွယ်အကြောင်းမကြားလို့ မရဘူးဆိုတဲ့ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်မျိုး ရှိပါတယ်။

JLPT N4 は90点以上は合格ということになっています。

JLPT စာမေးပွဲမှာ အမှတ် (၉၀)ရရင် အောင်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ဖြစ်နေပါတယ်။

今週末(こんしゅうまつ)は、大阪(おおさか)に出張(しゅっちょう)することになっている。(よてい)

ဒီတပတ် စနေတနဂ်နွေမှာ အိုဆာကို အလုပ်ကိစ္စနဲ့ ခရီးသွားရဖို့ အစီအစဥ်မျိုး ဖြစ်နေပါတယ်။

美術館(びじゅつかん)では写真(しゃしん)を撮(と)ってはいけないことになっています。(きそく)

အနုပညာပြတိုက်မှာ ပန်ချီးကားတွေကို ဓာတ်ပုံရိုက်ယူလို့ မရဘူးလို့ စည်းကမ်းသတ်မှတ်ထားပါတယ်။(စည်းကမ်းသတ်မှတ်ချက်)

来年から、社長(しゃちょう)の決定(けってい)で、ベトナム支社(ししゃ)に転勤(てんきん)することになっています。

နောက်နှစ်ကနေ စပြီး ၊ကုမ္ပဏီသူဌေးရဲ့ ဆုံးဖြတ်ချက်နဲ့ ဗီယက်နမ် ရုံးခွဲကို အလုပ်ပြောင်းရွေ့ဖို့ အကြောင်း ဖြစ်လာနေပါတယ်။

4つの細(こま)かい ポイント 
-----------------------------------------------------

အသေးစိတ် အဓိကအချက် (၄)ချက်

① 決まっている予定

ကိုတယောက်ထဲ စိတ်ဆန္ဒနဲ့ သတ်မှတ်ဆုံးဖြတ်ထားတာမျိုးမဟုတ်တဲ့ အစီအစဥ်

例え : ဥပမာ

今年の社員旅行はベトナムに行くことになっている。

ဒီနှစ်ရဲ့ ကုမ္ပဏီဝန်ထမ်း ခရီးစဥ်ကတော့ ဗီယက်နမ်ကို သွားဖို့ သတ်မှတ်စီစဥ်ထားပါတယ်။

②決まっているルール/規則(きそく)

တင်းတင်းကြပ်ကြပ် ကန့်သတ် ဆုံးဖြတ်ထားတဲ့ စည်းမျဥ်းစည်းကမ်း

例え : ဥပမာ

教室では携帯(けいたい)を使ってはいけないことになっています。

စာသင်ခန်းထဲမှာ ဖုန်းမသုံးရဆိုတာမျိုး စည်းကမ်းသတ်မှတ်ထားပါတယ်။

仕事中(しごとちゅう)では無駄話し(むだばなし)してはいけないことになっています。

အလုပ်လုပ်နေစဥ် /လုပ်ငန်းခွင်အတွင်းမှာ မလိုအပ်တဲ့ အာလာပသလာပ စကားတွေ မပြောကြဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

③法律(ほうりつ)= နိုင်ငံက ချမှတ်ထားတဲ့ တရားဥပဒေ၊နည်းလမ်း၊ စည်းကမ်း

例え : ဥပမာ

日本では、車🚘は左(ひだり)車線(しゃせん)を運転することになっています。

ဂျပန်မှာတော့ ကားမောင်းတဲ့အခါ ဘယ်ဘက်ဦးစားပေးမောင်းနှင်ဖို့ ယဥ်စည်းကမ်းဥပဒေ ပြဌန်းသတ်မှတ်ထားပါတယ်။

④ 社会の慣習(かんしゅう)

လူကျင့်ဝတ်၊လူ့ဘောင်အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံ

例え:ဥပမာ

日本ではお葬式(そしき)のときは、黒い服を着ることになっている。

ဂျပန်မှာတော့ အသုဘနာရေး အခမ်းအနားသွားတဲ့အခါ ၊အနက်ရောင် အဝတ်အစားကို ဝတ်ဖို့က ၊ဝတ်သွားကြရဖို့က ဓလေ့ထုံးစံတခုအနေနဲ့ ဖြစ်နေပါတယ်။

JLPT並び替え問題 :

うちの会社では誕生日の人が同僚(どうりょう)に________ _____★____ ________ ________になっている。

①ごちそう  ②こと  ③食事を ④する

正解 : ①

並び替え : ③①④②

家の会社では誕生日の人が同僚(どうりょう)に食事をごちそうすることになっている。

ကျနော်တို့ ကုမ္ပဏီမှာတော့ မွေးနေ့ရှင်က လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမိတ်ဆွေတွေကို အစားအသောက် ဒကာခံကျွေးမွေးရတဲ့ အလေ့အထထုံးစံလိုမျိုး ဖြစ်နေပါတယ်။

#モー先生 #

30/12/2023

三級(N3)文法解説 

    〜ことにしている
  =======================
(I do something as a regular practice...)

意味 : 〜လုပ်ဖြစ်အောင်လုပ်နေတယ်။

接続詞 : 

動詞の普通形➕ことにしている
(読みます ≫ 読むことにしている)

動詞のない形➕ことにしている
(飲みます ≫ のまないことにしている)

用法 : 
自分で決めたことを習慣にしていると言う時に使います。自分で決めた🅰を続けている。過去に決定した事項(じこう)が現在、規則(きそく)、予定、習慣になっていると言う時に使います。

အကျိုးတခုခုအတွက် ကိုယ်ကိုတိုင် ဒါကိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့အရာတခုကို မဖြစ်မနေ၊နေ့တိုင်းလိုလို ၊မပျက်မကွက် လုပ်ဖြစ်အောင်လုပ်နေတယ်၊လုပ်နေခဲ့တယ် ဆိုတဲ့အခြေအနေမှာ သုံးပါတယ်။စလေ့ထုံးစံ၊နေ့စဥ်လုပ်ရိုးလုပ်စဥ်တခုလို ဖြစ်နေတဲ့ အရာတွေမှာ သုံးပါတယ်။

例文 : 

私は毎日、日記(にっき)を書くことにしています。

ကျနော်ဟာ နေ့တိုင်း ဒိုင်ယာရီရေးဖြစ်အောင်ရေးနေတယ်။

田中さんは、毎日、運動することにしている。

Tanaka စံဟာ နေ့တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်အောင်လုပ်နေတယ်။

ダイエットしているので、ビールを飲まないことにしています。

ဝိတ်ချနေသောကြောင့်၊ဘီယာမသောက်ဖြစ်အောင်လုပ်နေတယ်။

一週間に一冊、本を読むことにしています。

တပတ်မှာ စာအုပ်တအုပ်ဖတ်ဖြစ်အောင် ဖတ်နေတယ်။လုပ်နေတယ်။

〜ことにする と 〜ことにしている の違い!

①〜ことにする > きめたこと、ただ決めた

ဥပမာ =
7月のJLPT試験を受けることにしました。

7လပိုင်း JLPT စာမေးပွဲကို ​ဝင်ဖြေဖို့ ဆုံးဖြတ်ထားတယ်။(ကိုယ်စဥ်းစားထားတဲ့အရာ၊ကိုယ့်စိတ်ဆနွရှိတဲ့အရာ ကို လုပ်မယ်လို့ တခြားလူတယောက်ကို ပြောဆိုတာသာဖြစ်ပါတယ်။)

②〜ことにしている > 決めたことが習慣(しゅうかん)や 予定になっている。その習慣を続けている。

来年、日本に留学することにしています。

နောက်နှစ် ဂျပန်နိုင်ငံကို ပညာတော်သင် သွားဖြစ်အောင် သွားဖို့လုပ်နေတယ်။(အစီအစဥ်)

ボーナスは 旅行することにしています。

ဘောနစ်ရတဲ့ ပိုက်ဆံကို ခရီးထွက်တဲ့အခါ သုံးဖြစ်အောင်သုံးဖို့ လုပ်နေတယ်။

ボーナスは全部貯金(ちょきん)することにしています。

ဘောနစ်ငွေ အားလုံး စုထားဖြစ်အောင် စုဖို့ လုပ်နေတယ်။

彼は健康のために、野菜(やさい)ジュウスを飲むことにしています。

သူဟာ ကျန်းမာရေးအတွက် ၊ သစ်သီးဖျော်ရည်တွေကို သောက်ဖြစ်အောင် သောက်နေတယ်။(ဥပမာ အသား၊ငါးစားရတာကြိုက်တယ်၊အသီးအရွက် စားရတာ မကြိုက်ဖူး၊ဒါပေမဲ့ ကျန်းမာရေးအတွက် စဥ်းစားပြီး အသီးအရွက် မစားပေမဲ့ ဒီ့အစား သစ်သီးဖျော်ရည်တွေကိုတော့ သောက်ဖြစ်အောင် သောက်နေတယ်။ဆိုတဲ့အခြေအနေဖြစ်ပါတယ်။)

田中さんは、帰りが遅くなるときは、必ずメールすることにしているそうだ。

Tanaka စံဟာ အိမ်ပြန်နောက်ကျတဲ့အခါ ၊မပျက်မကွက် ၊ စာပို့ဖြစ်အောင် ပို့နေတယ်ဆိုပဲ။

若い頃(ころ)はオリンピックに出るのが夢で、毎日8時間練習することにしていた。

ငယ်ငယ်လူငယ်ဘဝတုန်းက အိုလံပစ်အားစကားပွဲ ပါဝင်ယှဥ်ပြိုင်ဖို့က အိပ်မက်ဖြစ်ခဲ့ပြီး ၊နေ့တိုင်း ၈နာရီလောက် လေ့ကျင့်ရေး လုပ်ဖြစ်အောင် လုပ်နေခဲ့ဘူးတယ်။

今年から毎日家計簿(かけいぼ)をつけることにしています。

ဒီနှစ်ကနေ အိမ်ထောင်စုစာရင်းစာရွက် လုပ်ဖြစ်အောင်လုပ်နေတယ်။

午後3時を過ぎたら、コーヒーを飲まないことにしている。

ဒီနောက့် ၃ နာရီကျော်လာရင် ကော်ဖီ မသောက်ဖြစ်အောင် လုပ်နေတယ်။

毎月少なくとも一冊は本を読むことにしている。

လတိုင်း အနည်းဆုံး စာအုပ်တအုပ် ဖတ်ဖြစ်အောင်ဖတ်နေတယ်။ဖတ်ဖြစ်အောင် လုပ်နေတယ်။

他人の悪口(わるぐち)は絶対に言わないことにしています。

တခြားလူမကောင်းကြောင်း(အတင်း)မပြောဖြစ်အောင် လုပ်နေတယ်။

今月から甘いものは絶対(ぜったい)に食べないことにしている。

ဒီလကနေစပြီး အချိုစာတွေ လုံးဝမစားမိအောင် လုပ်နေတယ်။

健康のため、朝起きたら必ずコップ一杯の水を飲むことにしています。

ကျန်းမာရေးအတွက် မနက်အိပ်ယာထရင် မပျက်မကွက် ရေအပြည့်တခွက် သောက်ဖြစ်အောင် သောက်နေတယ်။

#モー先生 #

22/12/2023

二級(N2)文法説明   

     ことに(は)
    ================
(Extremely, Especially, to my....(surprise/etc, emphasize speaker feelings)

意味 : 〜ကတော့၊〜ချင်တော့

接続詞 :

動詞の普通形 ➕ ことに(は)

動詞のた形  ➕ ことに(は)

イ形容詞   ➕ ことに(は)

ナ形容詞 ➕ な ➕ことに(は)

用法 : 
① 話し手が感じたことを強調(きょうちょう)して言う時に使います。

ပြောတဲ့လူက ခံစားရတဲ့အရာကို အထူးပြုအလေးထားအသားပေးဖော်ပြ ပြောဆိုချင်တဲ့အခါမှာ သုံးပါတယ်။

②この文型と一緒に使われる言葉は限定される。驚(おどろ)いた、悲(かな)しい、面白(おもしろ)い、残念(ざんねん)な、悔(くや)しい、嬉(うれ)しい、ありがたい、困った など。。。。

ဒီ Pattern နဲ့အတူ တွဲသုံးတတ်တဲ့ စကားလုံးတွေကို သတ်မှတ်ပေးထားပါတယ်။အံ့ဩစရာ ၊ဝမ်းနည်းစရာကောင်းသော၊စိတ်ဝင်စားစရာကောင်းသော၊စိတ်မကောင်းသော၊ခံပျင်း၊နာကြည်းစရာကောင်းသော၊ဝမ်းသာစရာကောင်းသော၊ကျေးဇူးတင်စရာ၊ဒုက္ခရောက်ခဲ့ရတာ စသည်ဖြင့်.....

③後ろに意思を表す文は来ない。現実のことや終わったことなどが来る。

နောက်မှာ စိတ်ဆန္ဒကို ဖော်ပြတဲ့ စာကြောင်းမလာပါဘူး။လက်တွေ့ဖြစ်လာတဲ့အကြောင်းအရာ၊ပြီးသွားခဲ့တဲ့အကြောင်းအရာ စသည်တို့က လာပါတယ်။

အကြောင်းအရာတခု၊အခြေတခုနဲ့ပတ်သက်ပြီး၊ပြောဆိုသူရဲ့ ခံစားရတဲ့ စိတ်အခြေအနေ ၊ခံစားချက်ကို အထူပြုအလေးထား၊အသားပေးပြောဆိုရာမှာ ၊ပြောဆိုချင်တဲ့အခါမှာ သုံးပါတယ်။

例文:

残念(ざんねん)なことに、今日は残業(ざんきょう)しなければならない。

စိတ်ညစ်စရာကတော့ ဒီနေ့ အချိန်ပို မဆင်းလို့ မရဘူးဆိုတာပဲ။

ありがたいことに、昨日は田中さんが家まで車で送ってくれた。

ဝမ်းသာစရာကတော့ မနေ့က Tanaka စံဟာ အိမ်အထိ ကားနဲ့လိုက်ပို့ပေးခဲ့ပါတယ်။

残念(ざんねん)なことに努力(どりょく)して頑張りましたが、失敗(しっぱい)😣しました。

စိတ်မကောင်းဖြစ်စရာကတော့၊အားစိုက်၊အားထည့်ကြိုးစားခဲ့ပေမဲ့၊အောင်မြင်မှု့မရခဲ့ပါဘူး။(ကျရှုံးခဲ့ပါတယ်။)

驚(おどろ)いたことにこの町の様子(ようす)が10年前に比べ、すっかり変わってしまった。

အံဩစရာကောင်းတာ ကတော့၊ ဒီမြို့ရဲ့ အခြေအနေ က လွန်ခဲ့တဲ့(၁၀)နှစ်ကနဲ့ နှိုင်းစာရင် လုံးဝပြောင်းလဲသွားခဲ့တယ်။

嬉(うれ)しいことに、4月から給料(きゅうりょう)が1割ほど上がる。

ဝမ်းသာစရာကတော့ ၄လပိုင်းကနေ လစာတွေ ၁၀ရာခိုင်နှုန်းလောက်တက်တော့မယ်။

嬉しいことに明日退院(たいいん)できるんです。

ဝမ်းသာစရာကတော့ မနက်ဖြန် ဆေးရုံဆင်းခွင့်ရတော့မှာပဲ။

幸(さいわ)いなことに、やっと自分が好きな人と結婚(けっこん)できました。

ကံကောင်းချင်တော့ နောက်ဆုံး ကိုယ်ကသောကျနှစ်သက်တဲ့လူနဲ့ လက်ထပ်ခွင့်ရလိုက်ပါတယ်။

不幸(ふこう)なことに、友人の母が亡くなったのです。

ကံမကောင်းဝမ်းနည်းစရာတာကတော့ ၊ အချစ်ဆုံးသူငယ်ချင်းအမေ ဆုံးပါးသွားခဲ့တာပါပဲ။
残念なことに、ポケットの穴から、全部のお釣りが落としてしまいました。

စိတ်မကောင်းစရာကတော့၊ အိပ်ကပ်ထဲအပေါက်ကနေ၊ငွေအကြွေတွေအကုန် ပြုတ်ကျသွားခဲ့တာပါပဲ။

悲(かな)しい😢ことに、彼の夢(ゆめ)は実現(じつげん)しませんでした。

ဝမ်းနည်းစရာကတော့ ၊ သူ့အိမ်မက်က အကောင်အထည်ပေါ်မလာခဲ့တာပဲ။

びっくりすることに、久しぶり小学生時代の友だちから、電話がかかってきた。

အံ့ဩဝမ်းသာစရာကောင်းတာကာတော့၊မတွေ့တာကြာပြီဖြစ်တဲ့ မူလတန်းကျောင်းသားဘဝတုန်းက ငယ်သူငယ်ချင်းဆီကနေ ဖုန်းဆက်လာတာပဲ။

残念なことに、その商品(しょうひん)は もう販売中止になりました。

စိတ်မကောင်းစရာကတော့၊အဲဒီထုတ်ကုန်ပစ္စည်းဟာ အရောင်းရပ်နားမှု့ဖြစ်သွားခဲ့ပါတယ်။

残念(ざんねん)なことに、25歳になっても、恋人(こいびと)がまだいません。

ဝမ်းနည်းစရာကောင်းတာ ကတော့၊အသက်(၂၅)နှစ်ရှိလာလည်းပဲ၊ချစ်သူရည်းစား မရှိသေးတာပဲ။

嬉しいことに、今日は給料日です。

ဝမ်းသားစရာကတော့ ဒီနေ့လစာရတဲ့နေ့ပါ။

嬉しいことに、最近恋人ができた。

ဝမ်းသာစရာကတော့၊အခုတလော ချစ်သူရည်းစားရလာတာပဲ။

皆さんありがたいことに私のページは一千ぐらいフォロワーが超えました。皆さん本当にありがとうございました。でも私は悲しい😢ことに、恋人がまだいません。たまに寂(さび)しいです。そして困ったことにお金もありません。でも嬉しいことに、会社で毎日無料🆓で食べることができるんです。でも残念なことにたくさん食べて太ってきました。だけど不思議(ふしぎ)なことに誰も私が太ったことを気がついていないです。

မိနစံ ကျေးဇူးတင်ချင်တာကတော့ ကျနော့် Pageလေးဟာ အခုဆိုရင် follower 1000ကျော်သွားခဲ့ပါပြီ။မိနစံအားလုံးကို ကျေးဇူးအများကြီးတငိပါတယ်။ဒါပေမဲ့ ဝမ်းနည်းစရာကတော့ ကျနော်ဟာ ရည်းစားမရှိသေးပါဘူး။တခါတရံ အထီးကျန်မိပါတယ်။ထိုအပြင် ကျနော်ဟာ ပိုက်ဆံလည်း မချမ်းသာပါဘူး။ဒါပေမဲ့ ဝမ်းသာစရာကတော့ ကုမ္ပဏီမှာ နေ့တိုင်း ချက်စားစရာမလိုဘဲ၊ စာရိတ်ငြိမ်း အခမဲ့ စားနေရတာပါပဲ။ဒါပေမဲ့ ဝမ်းနည်းစရာကတော့ အများကြီးစားပြီး ၊ခန္တာကိုယ်ဝိတ်တက် ဝလာတာပါ။ဒါပေမဲ့ အံဩစရာက ကျနော်ဝလာတာကို ဘယ်သူမှ သတိမထားမိတာပါပဲ။

注意 : မှတ်ချက်

 この "〜ことに" という文法は友だち同士で話すときはほとんど使いません。少し硬い言い方です。何か挨拶(あいさつ)をする時やビジネスの場面ではよく使われます。

ဒီ ことに ဆိုတဲ့ grammar form ဟာ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကြား စကားပြောတဲ့အခါမှာ သိပ်သုံးစွဲပြောဆိုတာမျိုးမရှိပါဘူး။နည်းနည်း Formal ဆန်တဲ့ ယဥ်ကျေးစွာပြောဆိုဆက်ဆံတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။တခုခုကို နှုတ်ဆက်စကားဆိုတဲ့အခါ၊Business အသုံးအနှုန်းကဏ္ဍမှာ သုံးစွဲပြောဆိုလေ့ရှိပါတယ်။

#モー先生 #

20/12/2023

三級(N3)文法説明 

     〜にかけて(は)
    ==================
(when it comes be,Regarding ,Cocerning )

意味 : 〜အပိုင်းမှာတော့၊〜တာနဲ့ ပတ်သက်ရင်တော့၊〜နှင့် စပ်လျဥ်း၍၊〜နဲ့ ပတ်သက်လို့တော့၊〜နှင့် ပတ်သက်၍၊〜နှင့်ဆက်နွယ်၍

接続詞 :

動詞➕こと➕にかけては

名詞 ➕ にかけては

名詞 ➕ にかけて(も)

イ形容詞➕さ➕にかけては

ナ形容詞➕さ➕にかけては

用法 : 🅰の分野(ぶんや)では/🅰については、🅱優(すぐ)れている。自分の能力を誇ったり、誰か/お店/物/動物などの能力を褒(ほ)める時に使います。

တခြားအရာ၊တခြားသူတွေနဲ့ နှိုင်းယှဥ်ကြည့်လိုက်ရင် ပိုမိုကောင်းမွန် သာလွန်တယ်ဆိုတဲ့ အဓိပ္ပါယ်သဘောမျိုးနဲ့ ပြောဆိုချင်တဲ့အခါမှာ သုံးပါတယ်။လူတယောက်ဟာ အရာအားလုံး တော်နေတာ၊ပြီးပြည့်စုံနေတဲ့သူဆိုတာ မရှိပါဘူး၊အားနည်းချက်၊အားသာချက်ဆိုတာ ရှိကြစမြဲပါပဲ။ဒီဟာမှာ ညံ့ရင်၊ဟိုဟာမှာ တော်တယ်၊ဒီအပိုင်းကဏ္ဍမှာ ကျွမ်းကျင်ရင်၊ဟိုဘက်အပိုင်းမှာ ညံ့တယ်...စတဲ့ အဓိပ္ပါယ်မျိုးနဲ့ ပြောချင်တဲ့အခါ ဒီ Grammar form ကို သုံးစွဲပြောဆိုလို့ရပါတယ်။

例文 : 

この技術(ぎじつ)の研究(けんきゅう)にかけては、田中先生ほど有名(ゆうめい)な人はいない。

ဒီနည်းပညာရဲ့ သုတေသန ပြုတဲ့အပိုင်းမှာတော့၊Tanaka ဆရာလောက် နာမည်ကြီးတဲ့လူမရှိပါဘူး။

このスマホ、デザインはいまいちだが、性能にかけては優(すぐ)れている。

ဒီဖုန်းဟာ ဒီဇိုင်းဟာ သိပ်မလှပေမဲ့၊ စွမ်းဆောင်ရည်အပိုင်းမှာတော့ ထူးခြားကောင်းပွန်ပါတယ်။

彼女はバイオリンの演奏(えんそう)にかけては、世界一だと言われています。

ကောင်မလေးဟာ တယော တီးတာနဲ့ ပတ်သက်ရင်တော့ ၊ ကမ္ဘာ့နံပါတ်လို့ သတ်မှတ်ခံနေရတယ်။

仕事の速(はや)さにかけては、自信(じしん)があります。

အလုပ်ကိုမြန်မြန်လုပ်နိုင်တာနဲ့ပတ်သက်ရင်တော့၊ယုံကြည်ချက်ရှိပါတယ်။

犬の知識(ちしき)にかけては、彼が一番だ。

ခွေးအကြောင်းနဲ့ပတ်သက်ရင်တော့ ၊ သူက နံပါတ်(၁)ပါပဲ။

日本語を教えることにかけてはあの先生の右に出る人はいない。

ဂျပန်စာသင်ပေးတာနဲ့ပတ်သက်ရင်တော့၊ အဲဆရာရဲ့ ကို သာတဲ့လူ၊မှီတဲ့လူ မရှိပါဘူး။

彼はテニスにかけては誰にも負けない。

သူဟာ တင်းနစ်အပိုင်းမှာတော့၊ဘယ်သူကိုမှ မရှုံးနိုင်ဘူး။

美味(おい)しいパンケーキを作ることにかけては、お母さんに勝つ人はいないと思う。

အရသာရှိတဲ့ ပေါင်မုန့်ကိတ်ကို ပြုလုပ်တဲ့နေရာမှာတော့၊ အမေကို နိုင်တဲ့လူ တယောက်မှ မရှိဘူးလို့ ထင်ပါတယ်။

彼は とにかく人を笑わせることにかけては、天才(てんさい)だからね。

သူဟာ ဘယ်လိုပဲဖြစ်ဖြစ် လူကို ရယ်မောအောင်လုပ်တဲ့နေရာမှာတော့ ပါရမီရှင်ပါပဲ။

日本語にかけては、彼女がこのクラスで1番だ。

ဂျပန်စာနဲ့ပတ်သက်ရင်တော့ ၊ ကောင်မလေးဟာ ဒီအတန်းမှာ နံပါတ်တစ်ပါပဲ။

私は料理をすることにかけては、自信(じしん)があります。

ကျနော်ဟာဟင်းချက်တာနဲ့ ပတ်သက်ရင်တော့ ကိုယ်ကိုကိုယ်ယုံကြည်မှု့ရှိပါတယ်။

彼は走るのは遅(おそ)いけど、泳ぐという分野(ぶんや)ではクラスで一番だ。

ကောင်လေးဟာ အပြေးမှာ မြန်ပေမဲ့လည်း၊ရေကူးတဲ့ အပိုင်းကဏ္ဍမှာတော့ အတန်းထဲမှာ နံပါတ်တစ်ပဲ။

ハナさんは日本語の会話では 苦手(にがて)ですが、漢字にかけては誰にも負けない。

Hana စံဟာ ဂျပန်စကားပြောမှာ ညံ့ပေမဲ့၊ခန်းဂျီးဖတ်တဲ့၊ရေးတဲ့အပိုင်းမှာတော့ ဘယ်သူမှ သူ့ကို ယှဥ်လို့မရပါဘူး။

このレストランはサービスはいまいちだが、味にかけては素晴(すば)らしい。

ဒီစားသောက်ဆိုင်ဟာ ကတ်စတမ်မာ ဆားဗစ် ညံ့ပေမဲ့၊အရသာရှိတာနဲ့ ပတ်သက်ရင်တော့ အံ့ဩစရာကောင်းလောက်အောင်ပါပဲ။

彼女は花の知識(ちしき)にかけては、誰にも負けない。

ကောင်မလေးဟာ ပန်းအကြောင်းနဲ့ပတ်သက်ရင်တော့၊ဘယ်သူယှဥ်လို့မရပါဘူး။

家族(かぞく)の中で料理を作ることにかけては、母の右に出るものはない。

မိသားစုထဲမှာ ဟင်းလျှာအချက်အပြုတ်နဲ့ပတ်သက်ရင်တော့ ၊အမေ့ကို မှီတဲ့သူမရှိဘူး။အမေက အတော်ဆုံးပါပဲ။)

アップルの製品は高いですが、性能(せいのう)にかけては他社の製品より優れています。

Apple ထုတ်ကုန်တွေဟာ စျေးကြီးပေမဲ့၊အရည်အသွေးနဲ့ ပတ်သက်ရင်တော့ ၊တခြားကုမ္ပဏီရဲ့ ထုတ်ကုန်တွေထက် လက်ရာမြောက်ကောင်းမွန်ပါတယ်။

ケンさんは勉強は苦手だが、 足の速さにかけては、他人より早い。

Ken စံဟာ စာမှာညံ့ပေမဲ့၊အပြေးမှာတော့ တခြားလူတွေထက်မြန်ပါတယ်၊( သာပါတယ်)။

父は大工技術(ぎじゅつ)にかけては、一番だ。

အဖေဟာ လက်မှု့ပညာမှာတော့၊နံပါတ်(၁)ပဲ။

私はゲームは下手だけど、スポーツにかけては 誰にも負けない。

ကျနော်ဟာ ဂိမ်းဆော့တာ ညံ့ပေမ​ဲ့၊အားကာစားမှာတော့ ဘယ်သူမှမရှုံးဘူး။

あのスマホは機能(きのう)にかけては、他のスマホとは比べものにはならないほどいい。

အဲSmart Phone ဟာ စွမ်းရည်၊စွမ်းဆောင်ရည်အပိုင်းမှာတော့ ၊တခြား smart phoneတွေနဲ့ယှဥ်လို့မရနိုင်လောက်အောင်ကောင်းပါတယ်။

漫画(まんが)にかけては、彼より詳しい人はいません。

မန်းဂ (ကာတွန်း)နဲ့ပတ်သက်ရင်တော့ ၊သူ့ထက် နှံ့နှံ့စပ်စပ်ရှိတဲ့သူ မတွေ့ဖူးဘူး။

ボブさんはギター🎸にかけては、他人より詳しい。

Bofu စံဟာ ဂီတာတီရာမှာတော့၊တခြားလူတွေထက် နှံ့နှံ့စပ်စပ်ရှိပါတယ်။

弟は勉強はできないが、泳ぎにかけては誰にも負けない。

ညီလေးဟာ စာပိုင်းမှာ မရပေမဲ့၊(မတော်ပေမဲ့၊)
ရေကူးမှာတော့ သူ့ကိုနိုင်တဲ့လူမရှိဘူး။
(ဘယ်သူ့မှ မရှုံးဖူးဘူး။)

漢字の知識(ちしき)にかけては、誰にも負けない自身がある。

ခန်းဂျီးဗဟုသုတရှိမှု့အပိုင်းမှာတော့၊ဘယ်သူမှ မယှဥ်နိုင်တဲ့ ယုံကြည်မှု့ရှိပါတယ်။

彼はパソコン💻にかけて、なんの故障(こしょう)でも直せます。

ကောင်လေးဟာ ကွန်ပျူတာနဲ့ပတ်သက်ရင်တော့၊ဘာပဲပျက်ပျက် ပြင်တတ်တယ်။

名誉(めいよ)にかけても 君(きみ)との約束(やくそく)を守(まも)る。

ဂုဏ်သရေရှိရှိနဲ့ မင်းနဲ့ဂတိပေးထားတာကို တည်မှာပါ။(ထိမ်းသိမ်းမှာပါ။)

弁護士(べんごうし)の信用(しんよう)にかけても、あなたの権利(けんり)を守ります。

ရှေ့နေအပေါ် ယုံကြည်မှု့နဲ့ပတ်သက်ရင်တော့၊သင့်ရဲ​့ရပိုင်ခွင့်ကို စောင့်ထိမ်းမှာပါ။

値段(ねだん)がやすさにかけては、この店が一番だ。

注意 : 〜にかけてはရဲ့ နောက်မှာ positive အပြုသဘောဆန်တဲ့ အကြောင်းအရာတွေလာပါမယ်။Negative အပျက်သဘော၊မကောင်းတဲ့ သဘောဆန်တဲ့အခြေအနေတွေမှာ မသုံးပါဘူး။

例 :

彼女は歌うことにかけては、クラスで一番上手(じょうず)だ。○○

ကောင်မလေးဟာ သီချင်းဆိုတာနဲ့ ပတ်သက်ရင်၊(သီချင်းဆိုတဲ့ အပိုင်းမှာတော့)အတန်းထဲမှာ အတော်ဆုံးပဲ။

彼女は歌うことにかけては、クラスで一番下手(へた)だ。❌❎

ကောင်မလေးဟာ သီချင်းဆိုတဲ့ အပိုင်းမှာတော့ အတန်းထဲမှာ အညံ့ဆုံးပဲ။

#モー先生 #

14/12/2023

三級(N3)文法解説

  〜向(む)けだ/向(む)けに ===============================
(Intended for , Aimed at )

意味 : 〜အတွက်ရည်ရွယ်ပြီး၊〜အတွက် ရည်မှန်းသည်။〜ဇောင်းပေး၊အသားပေးပြီး၊

接続詞 : 

名詞➕向けだ/向け(に)

名詞➕向けの➕名詞

名詞 ➕ 向けに ➕ 動詞

名詞 ➕ 向けだ

用法 : 🅰のなめに(作られた)/🅰を対象(たいしょう)にして🅱を(作られた)。🅰の部分には 主に人(こども、大人、学習者)などの人を表す言葉が入ります。🅱の部分には〜作られた)というイメージの動詞が入ります。作る、制作(せいさく)、書く、建てるなど。。。

ဒီGrammar form ဟာ"向( む)ける =မျက်နှာမူသည် "ဆိုတဲ့ စကားလုံးကနေလာပါတယ်။🅰ကိုရည်မှန်းပြီး၊ရည်ရွယ်ပြီး🅱၊ပြုလုပ်ခဲ့တယ်။ပြုလုပ်ထားတယ်။🅰ရဲ့ အပိုင်းမှာတော့ အထူးသဖြင့် လူ(ကလေး၊လူငယ်၊လူရွယ်၊ကျောင်းသား၊ကျောင်းသူ)စတဲ့ လူကိုဖော်ပြပါဝင်ပြီး၊🅱ရဲ့အပိုင်းမှာတော့ တခုခုကို လုပ်တယ်ဆိုတဲ့ Verb က ပါဝင်ပါမယ်။ပြုလုပ်တယ်၊ရည်ရွယ်ထုတ်လုပ်၊ရိုက်ကူးထားတယ် (ရုပ်ရှင်၊ပြဇာတ်)။ရေးသားထားတယ်။တည်ဆောက်ထားတယ်စသည်ဖြင့်.......

例文 : 

この映画は子供向けなので、大人が見たらつまらない。

ဒီဟာ ရုပ်ရှင်ဟာ ကလေးအတွက် ရည်ရွယ်ရိုက်ကူးထားတာဖြစ်လို့၊အရွယ်ရောက်လူငယ်တွေကြည့်မယ်ဆိုရင်၊ပျင်းရီငြီးငွေ့စရာပါ။

この家は部屋が多くて、ファミリ向けだ。

ဒီအိမ်ဟာ အခန်းတွေများပြီး၊မိသားစုများတဲ့လူတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

最近は、男性向けの料理教室が人気になった。

အခုတလော အမျိုးသားတွေကို ရည်ရွယ်တဲ့ ဟင်းချက်သင်တန်းတွေက လူကြိုက်များလာတယ်။

ピアノ初心者向けのいい曲を知りませんか。

ပီယာနီစသင်တဲ့လူတွေတီးလို့ရမဲ့၊သံစဥ်တေးသွားလေး မသိဘူးလား။

私は日本語を勉強する初心者向けの教室を探しています。

ကျနော်ဟာ ဂျပန်စာကို စလေ့လာမဲ့သူတွေအတွက်၊စာသင်ခန်းကို ရှာဖွေနေပါတယ်။

これは留学生向けに書かれた本です。

ဒီဟာက နိုင်ငံခြားပညာတော်သင်သွားကြမဲ့သူတွေကို ရည်ရွယ်ဦးတည်ပြီး ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

この辺りは学生向けに作られたアパートが多いです。

ဒီအနီးအနားမှာ ကျောင်းသား၊ကျောင်းသူတွေအတွက် ဦးတည်ပြီး တည်ဆောက်ထားတဲ့ တိုက်ခန်းတွေက များပါတယ်။

この本はJLPT受験生向けに書かれました。

ဒီစာအုပ်ဟာ JLPT စာမေးပွဲအတွက် ရည်ရွယ်ပြီး ရေးသားထားပါတယ်။

パワめがねは 目が悪い人向けに作られた。

ပါဝါပါတဲ့ မျက်မှန်တွေဟာ မျက်လုံးမကောင်းတဲ့ လူတွေကို ရည်ရွယ်ပြိီး ပြုလုပ်ပါတယ်။

私は日本語(にほんご)学習者向けに、このページを作りました。

ကျနော်ဟာ ဂျပန်စာလေ့လာတဲ့လူတွေကို ဦးတည်ပြီး ဒီ pageကို ထောင်ထားတာဖြစ်ပါတယ်။

私は日本語を勉強している人向けに、日本語の文法解説ことを書(か)いています。

ကျနော်ဟာ ဂျပန်စာ လေ့လာနေတဲ့သူတွေကို ဦးတည်ပြီး ၊ ဂျပန်သဒ္ဒါပိုင်း ရှင်းလင်းချက် အကြောင်းအရာတွေကို ရေးနေပါတယ်။

これは日本語を勉強している人向けのページです。

ဒါဟာ ဂျပန်စာ လေ့လာနေသူတွေကို ရည်ရွယ်ပြီး ထောင်ထားတဲ့ Pageဖြစ်ပါတယ်။

ハナさんは子供向けの本を読んであげています。

Hana စံဟာ ကလေးတွေအတွက် ရည်ရွယ်တဲ့ စာအုပ်ကို ဖတ်ပြနေတယ်။

この料理(りょうり)は辛くなくて、子供向けです。

ဒီဟင်းက အစပ်မပါလို့မှို့ ၊ ကလေးတွေအတွက် ရည်ရွယ်ပြီး ချက်ထားတာဖြစ်ပါတယ်။

この料理(りょうり)は子供(こども)向けだ。

ဒီဟင်းတွေဟာ ကလေးတွေ စားဖို့အတွက်ပါ။

この工場では主にアメリカ向けの車を造っている。

ဒီစက်ရုံမှာက အထူးသဖြင့် အမေရိကကို ပို့မဲ့ ကားတွေကို ထုတ်လုပ်နေပါတယ်။

この本は幼児(ようじ)向けに書(か)かれている。

ဒီစာအုပ်ဟာ ကလေးငယ်တွေကို ဦးတည်ပြီး ရေးထားပါတယ်။

この教科書(きょうかしょ)は日本語の上級者(じょうきゅうしゃ)向けに書いてある。

ဒီဖတ်စာအုပ်ဟာ ဂျပန်စာLevelမြင့် သမားတွေဖတ်ဖို့အတွက် ရည်ရွယ်ပြီး ရေးထားတာဖြစ်ပါတယ်။

子供向けに書かれた本を読んで日本語を勉強したら、どう?

ကလေးတွေအတွက်ရည်ရွယ်ပြီးရေးထားတဲ့ စာအုပ်ကို ဖတ်ပြီး ဂျပန်စာလေ့လာရင်ကော၊ဘယ်လိုလဲ?။

オフィス向けのパソコン💻を10台ぐらい買うとしたら、いくらになりますか。

Officeမှာ သုံးဖို့ထုတ်ထားတဲ့ ကွန်ပျူတာ (၁၀)လုံးလောက်ဝယ်မယ်ဆိုရင် ဘယ်လောက်ကျမလဲ။

これは大人向けの映画(えいが)だから、お前には見せられない。

ဒါဟာ အရွယ်ရောက်ပြီးသားလူတွေအတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ဇာတ်ကားမှို့လို့၊မင်းကိုမပြနိုင်ဘူး။

この教科書(きょうかしょ)は算数(さんすう)を学(まな)んでいる人向けだから、日本語学んでいる人には役に立たない。

ဒီဖတ်စာာအုပ်ဟာ သခ်ျာကိုလေ့လာနေတဲ့သူတွေရည်ရွယ်ထားတဲ့ စာအုပ်ဖြစ်လို့၊ဂျပန်စာစလေ့လာတဲ့သူတွေအတွက် အသုံးမဝင်ဘူး။

皆んなの日本語 初級 Ⅰ /Ⅱは日本語を勉強する初心者(しょしんしゃ)向けの教科書(きょうかしょ)だ。

Mina no Nihongo 1/2 ဟာ ဂျပန်စာကိုစလေ့လာသင်ယူမဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ သင်ရိုးစာအုပ်ပါ။

この本は外国人向けだが、日本人が読んでもとても面白くて、ためになるよ。

ဒီစာအုပ်ဟာ နိုင်ငံခြားသားတွေဖတ်ဖို့အတွက် ရည်ရွယ်ရေးထားပေမဲ့၊ဂျပန်လူမျိုးက ဖတ်ရင်လည်းပဲ စိတ်ဝင်စားစရာကောင်းပြီး၊အကျိုးရှိတယ်လေ။

ワンピースは少年(しょうねん)向けの漫画(まんが)です。

One Piece ဟာ လူငယ်တွေအတွက်ရည်ရွယ်ပြီး ဆွဲထားတဲ့ ကာတွန်းဖြစ်ပါတယ်။

これは若いお母さん向けに書かれた本です。

ဒီစာအုပ်ဟာ ငယ်ရွယ်တဲ့ မိခင်တွေအတွက် ရည်ရွယ်ပြီးရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

このサイズの服は子供(こども)向きです。

ဒီအဝတ်အစား ဆိုဒ်ဟာ ကလေးဝတ်ပါ။

南向きの部屋(へや)があります。

တောက်ဘက်ကို မျက်နှာမူထားတဲ့အခန်းရှိပါတယ်။

#モー先生 #

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon