28/11/2025
ဟင်္သာတတက္ကသိုလ် အဝေးသင် သင်တန်းနှင့် နေ့သင်တန်းတို့အတွက် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
#အဝေးသင်News
One's Desires... Education Never Too
28/11/2025
ဟင်္သာတတက္ကသိုလ် အဝေးသင် သင်တန်းနှင့် နေ့သင်တန်းတို့အတွက် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
#အဝေးသင်News
26/11/2025
စစ်ကိုင်းတက္ကသိုလ် အဝေးသင် သင်တန်းနှင့် နေ့သင်တန်း တို့အတွက် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
#အဝေးသင်News
23/11/2025
ပုသိမ်တက္ကသိုလ် အဝေးသင် သင်တန်းနှင့် နေ့သင်တန်း တို့အတွက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရက် ကြေညာခြင်း
#အဝေးသင်News
17/11/2025
ရတနာပုံတက္ကသိုလ် အဝေးသင် သင်တန်း (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပရက် ကြေညာခြင်း
#အဝေးသင်News
03/08/2024
၂၀၂၄ပညာသင်နှစ် အဝေးသင် ပထမအသုတ်၊ ဒုတိယအသုတ်နှင့် တတိယအသုတ် အထူးပြုဘာသာရပ်များ၏ အနီးကပ်သင်တန်းနှင့် စာမေးပွဲကာလ အချိန်စာရင်း
ဖော်ပြပါ ၂၀၂၄ပညာသင်နှစ်အတွက် အဝေးသင် အချိန်စာရင်းများသည် အဆင့်မြင့်ပညာဦးစီးဌာန၏ စာအမှတ်၂၀၂၃(၁၂၈၆၆)၏ ဖွင့်လှစ်ခွင့်ပြုကြောင်း ညွှန်ကြားချက်မှဖြစ်ပြီး အဝေးသင် အချိန်စာရင်းများနှင့် ပတ်သက်၍ ပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက အဝေးသင်Newsမှ ထပ်မံတင်ပြပေးသွားမည်ဖြစ်ပါသည်။
#အဝေးသင်News
28/02/2023
ယနေ့ (၂၈.၂.၂၀၂၃)ရက်နေ့တွင် ကျင်းပခဲ့သည့်
ရန်ကုန်ပညာရေးတက္ကသိုလ် သင်္ကြန်ရေသဘင်ပွဲတော်
#အဝေးသင်News
27/02/2023
အခြေခံပညာအလယ်တန်းဆင့် (Grade 9)
ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်
သင်ယူမည့် ကျောင်းသား ကျောင်းသူများနှင့်
မိဘပြည်သူများ သိရှိနိုင်စေရန်
(၁) အခြေခံပညာ အထက်တန်းဆင့်၊
(၂) စက်မှုနည်းပညာ၊
(၃) စိုက်ပျိုးရေးအတတ်ပညာ၊
(၄) မွေးမြူရေးအတတ်ပညာ စသည့်
ပညာရေးလမ်းသွယ် (၄)မျိုး ကို
ရွေးချယ် သင်ယူနိုင်မည့်
အခွင့်အလမ်းများပါ။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်က စပါမည်။
(၁) အခြေခံပညာအထက်တန်းဆင့်
=======================
ပုံမှန်ဖွင့်လှစ်လျက်ရှိသော အခြေခံပညာ
အထက်တန်းကျောင်းများတွင်
အခြေခံပညာအထက်တန်းဆင့်
(Grade 10, Grade 11, Grade 12)
ပညာသင်ကာလ (၃)နှစ် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည်
၎င်းတို့သင်ယူသော ဘာသာတွဲများအလိုက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
သတ်မှတ်အရည်အချင်း ပြည့်မီပါက
အသက်မွေးဝမ်းကျောင်း
တက္ကသိုလ်များ ဖြစ်သည့် . .
ဆေးတက္ကသိုလ်၊
ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊
နည်းပညာတက္ကသိုလ်များ၊
ကွန်ပျူတာတက္ကသိုလ်၊
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊
စိုက်ပျိုးရေးတက္ကသိုလ်၊
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊
စီးပွားရေး တက္ကသိုလ်၊
ပညာရေးတက္ကသိုလ် အစရှိသည့်
တက္ကသိုလ်များ၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များ၊
ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့်
သိပ္ပံများသို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။
(၂) စက်မှုနည်းပညာ
===============
စက်မှုနည်းပညာလမ်းကြောင်းတွင်
အခြေခံပညာ အထက်တန်းဆင့်
ဘာသာရပ်များအပြင် အထူးပြုဘာသာရပ်
(၃)မျိုးဖြစ်သည့်
အဆောက်အဦနည်းပညာ
(Building Technology)၊
လျှပ်စစ်နည်းပညာ
(Electrical Technology) နှင့်
စက်ပစ္စည်း အစိတ်အပိုင်းများ
ထုတ်လုပ်ခြင်းနည်းပညာ
(Machining Technology)
ဘာသာရပ်များကို
ပညာသင်ကာလ (၃)နှစ်တွင်
စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်
အသင့် ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ
အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်
ဖြစ်ပါသည်။
စက်မှုနည်းပညာလမ်းကြောင်းတွင်
တက်ရောက်သည့် ကျောင်းသားများအတွက်
ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများမှာ
အထူးအောင် (Credit) ဖြင့်
အောင်မြင်သူများသည် ပညာသင်နှစ်(၆)နှစ်
တက်ရောက်ရပြီး အင်ဂျင်နီယာဘွဲ့(BE)
ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့်
ပညာသင်နှစ် (၄)နှစ် တက်ရောက်ရပြီး
နည်းပညာဘွဲ့ (B.Tech) ပေးအပ်သော
အစိုးရနည်းပညာကောလိပ်များသို့ လည်းကောင်း၊
အဆင့်မီ (Qualified) ဖြင့်
အောင်မြင်သူများသည် ပညာသင်နှစ် (၃)နှစ်
တက်ရောက်ရပြီး အင်ဂျင်နီယာ နည်းပညာ
ဒီပလိုမာ (AGTI Diploma) ပေးအပ်သော
အစိုးရစက်မှုလက်မှုသိပ္ပံများသို့ လည်းကောင်း
ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါသည်။
အင်ဂျင်နီယာ နည်းပညာ ဒီပလိုမာ
သင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် အစိုးရနည်းပညာ ကောလိပ်၏
တတိယနှစ်(ပထမနှစ်ဝက်)သို့ လည်းကောင်း၊
နည်းပညာတက္ကသိုလ်၏
တတိယနှစ် (ပထမနှစ်ဝက်)သို့ လည်းကောင်း
စတင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။
ရိုးရိုးအောင်မြင်သူများအနေဖြင့်
ပြီးမြောက်ကြောင်း အောင်လက်မှတ်
ရရှိမည်ဖြစ်ပြီး . . .
လုပ်ငန်းခွင် အသင့်ဖြစ်စေမည့်
သင်ရိုးညွှန်းတမ်းများအသုံးပြု၍
လေ့ကျင့်သင်ကြားပေးထားသဖြင့်
ပြင်ပလုပ်ငန်းခွင်များသို့ ဝင်ရောက်ရာတွင်
လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်းများ
ဆောင်ရွက်ရာတွင်လည်းကောင်း များစွာ
အထောက်အကူရရှိစေမည် ဖြစ်ပါသည်။
(၃) စိုက်ပျိုးရေးအတတ်ပညာ
======================
စိုက်ပျိုးရေးအတတ်ပညာတွင်
အခြေခံပညာအထက်တန်းဆင့်
ဘာသာရပ်များအပြင်
စိုက်ပျိုးရေး အတတ်ပညာဆိုင်ရာ
ဘာသာရပ်များကို
ပညာသင်ကာလ (၃)နှစ်တွင်
စာတွေ့/လက်တွေ့ဖြင့် လုပ်ငန်းခွင်
အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ
အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်
ဖြစ်ပါသည်။
အထူးအောင်(Credit) ဖြင့်
အောင်မြင်သူများသည်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ
ဖွင့်လှစ်သည့် စိုက်ပျိုးရေး သိပ္ပံဘွဲ့
(Bachelor of Agricultural Science)
(၅)နှစ် သင်တန်းကို တက်ရောက်နိုင်ကြမည်
ဖြစ်ပါသည်။
အဆင့်မီ (Qualified) ဖြင့်
အောင်မြင်သူများသည်
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်
ဖွင့်လှစ်ထားသော
စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏
စိုက်ပျိုးရေး ဒီပလိုမာလက်မှတ်
(Diploma in Agriculture) (၃)နှစ်
သင်တန်းနှင့်
အစိုးရစက်မှုလက်မှုသိပ္ပံများ၏
အင်ဂျင်နီယာနည်းပညာဒီပလိုမာ
(AGTI Diploma - Farm Machinery)
(၃)နှစ်သင်တန်းသို့ တက်ရောက်နိုင်
ကြမည် ဖြစ်ပါသည်။
စိုက်ပျိုးရေးဒီပလိုမာသင်တန်းတွင်
ထူးချွန်စွာအောင်မြင်ပါက
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
စိုက်ပျိုးရေးသိပ္ပံဘွဲ့ (၅)နှစ်သင်တန်း၏
တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းမှ
စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။
အင်ဂျင်နီယာ နည်းပညာဒီပလိုမာသင်တန်းကို
ထူးချွန်စွာ အောင်မြင်သူများသည်
အစိုးရနည်းပညာ ကောလိပ်၏
တတိယနှစ်(ပထမနှစ်ဝက်)သို့ လည်းကောင်း၊
နည်းပညာတက္ကသိုလ်၏ တတိယနှစ်
(ပထမနှစ်ဝက်)သို့ လည်းကောင်း
စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။
ရိုးရိုးအောင်မြင်ပါက
စိုက်ပျိုးရေးအတတ်ပညာ အောင်လက်မှတ်
ရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်
သက်ဆိုင်သော အခန်းကဏ္ဍများတွင်
လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများ
ရရှိမည်ဖြစ်ပါသည်။
(၄) မွေးမြူရေး အတတ်ပညာ
======================
မွေးမြူရေးအတတ်ပညာတွင်
အခြေခံပညာ အထက်တန်းဆင့်
ဘာသာရပ်များအပြင်
မွေးမြူရေး အတတ်ပညာဆိုင်ရာ
ဘာသာရပ်များကို ပညာသင်ကာလ
(၃)နှစ်တွင် စာတွေ့/လက်တွေ့ဖြင့်
လုပ်ငန်းခွင် အသင့်ဖြစ်စေမည့်
သင်ရိုးညွှန်းတမ်းများ အသုံးပြု၍
သင်ကြားလေ့ကျင့်ပေးမည် ဖြစ်ပါသည်။
အထူးအောင် (Credit) ဖြင့်
အောင်မြင်သူများသည်
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ
ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးပညာဘွဲ့
(Doctor of Veterinary Medicine)
(၆)နှစ် သင်တန်းနှင့်
မွေးမြူရေးပညာဘွဲ့
(Bachelor of Animal Science) (၄)နှစ်
သင်တန်းများကို တက်ရောက်နိုင်ကြမည်
ဖြစ်ပါသည်။
အဆင့်မီ (Qualified)ဖြင့်
အောင်မြင်သူများသည်
စိုက်ပျိုးရေးသိပ္ပံများ၏ မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) (၃)နှစ်
သင်တန်းနှင့်
ငါး လုပ်ငန်း သိ ပ္ပံ ၏
ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ
(Diploma in Fisheries and Aquaculture)
(၃)နှစ် သင်တန်းသို့ တက်ရောက်နိုင်ကြမည်
ဖြစ်ပါသည်။
မွေးမြူရေးဒီပလိုမာသင်တန်းတွင်
ထူးချွန်စွာအောင်မြင်သူသည်
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်
(၄)နှစ်သင်တန်း၏ တတိယနှစ်
(ပထမနှစ်ဝက်) သင်တန်းမှ စတင်
တက်ရောက်နိုင်မည် ဖြစ်ပါသည်။
ငါးလုပ်ငန်းသိပ္ပံ ဒီပလိုမာသင်တန်းတွင်
ထူးချွန်စွာ အောင်မြင်သူများသည်
ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းဆိုင်ရာ
ဘာသာရပ် တတိယနှစ်(ပထမနှစ်ဝက်)
သင်တန်းမှ စတင်တက်ရောက်နိုင်မည်
ဖြစ်ပါသည်။
ရိုးရိုးအောင်မြင်ပါက
မွေးမြူရေးအတတ်ပညာ
အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး
မွေးမြူရေးနှင့် သက်ဆိုင်သော
အခန်းကဏ္ဍများတွင် လုပ်ကိုင်နိုင်ရန်
အခွင့်အလမ်းကောင်းများ ရရှိမည်
ဖြစ်ပါသည်။
#အဝေးသင်News
27/02/2023
ယနေ့ (၂၇.၂.၂၀၂၃)ရက်နေ့တွင် ကျင်းပခဲ့သည့်
စစ်တွေတက္ကသိုလ် သင်္ကြန်ရေသဘင်ပွဲတော်
#အဝေးသင်News
17/12/2022
အဝေးသင်ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဥ္စမနှစ် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံရက်အသိပေးခြင်း
#အဝေးသင်News
17/12/2022
အဝေးသင်ပထမနှစ် ကျောင်းအပ်နှံရက်အသိပေးခြင်း
#အဝေးသင်News
၂၀၂၂တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၏ နေ့သင်တန်း (Day)ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများ စာရင်းအား အောက်ပါLinkတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
http://203.81.81.180/news
#အဝေးသင်News
news | myanmar-education.edu.mm ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသ.....