#ခန္ဓာကိုယ်လှူဒါန်းရန်အတွက်
ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ခန္ဓာ ဗေဒဌာန မှဖြစ်ပါသည်။
ဆေးပညာသင်ကြားရေးအတွက် ခန္ဓာကိုယ်လှူဒါန်းရန်အတွက် စုံစမ်းလိုလျှင် ရုံးဖွင့်ရက်များတွင်
မနက် ၉နာရီမှ ညနေ ၃ နာရီ အတွင်း 09669427222 သို့ ဖုန်းဆက်စုံစမ်းနိုင်ပါသည်။ လိုအပ်သည်များကို လမ်းညွှန်ပေးပါမည်။
#ခန္ဓာကိုယ်လှူဒါန်းထားသည့်အလှူရှင်ကွယ်လွန်ပါကအကြောင်းကြားရန်အတွက်
ခန္ဓာကိုယ်လှူဒါန်းထားသည့် အလှူရှင်ကွယ်လွန်ပါက အကြောင်းကြားရန်အတွက် ဖုန်းနံပါတ် 09427617774 သို့ ဆက်သွယ် ရမည် ဖြစ်ပါသည်။
အလှူရှင်ကွယ်လွန်သွားသည့်အချိန်တွင် ကျန်ရစ်သူမိသားစုများက အထက်ပါဖုန်း 09427617774 သို့ ကွယ်လွန်ပြီး စောလျင်နိုင်သမျှစောလျင်စွာ အကြောင်းကြားပေးရပါမည်။
Department of Anatomy, University of Medicine 1 Yangon
This is the official page of Deaprtment of Anatomy, University of Medicine (1) Yangon. Public notices and Events will be announced here.
ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ခန္ဓာဗေဒဌာနသို့ ခန္ဓာကိုယ်လှူဒါန်းရန်အတွက် ဖုန်းနံပါတ် 09427617774 သို့ အလှူရှင်အမည်၊ မွေးနေ့၊ မှတ်ပုံတင်အမှတ်၊ လိပ်စာတို့ကို SMS ဖြင့် ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ပေးပို့ လှူဒါန်းနိုင်ပါသည်။
အလှူရှင်ကွယ်လွန်သွားသည့်အချိန်တွင် ကျန်ရစ်သူမိသားစုများက အထက်ပါဖုန်းသို့ ကွယ်လွန်ပြီး စောလျင်နိုင်သမျှစောလျင်စွာ အကြောင်းကြားပေးရပါမည်။ ပိတ်ရက်မရှိ ၂၄နာရီ အကြောင်းကြားနိုင်ပါသည်။
အမှတ်၅၉ A ရှင်စောပုလမ်း စမ်းချောင်းမြို့နယ်
ရန်ကုန်မြို့နေ အဘိုး ဦးအောင်မြင့် မိသားစုမှ
ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ် ၁ တွင် ကျောင်းသား/သူများ ပညာသင်ကြားရာတွင် အသုံးပြုနိုင်ရန်အတွက် အလှုငွေ ၅၀၀၀၀၀ ကျပ်နင့် ခန္ဓာကိုယ်လှုဒါန်းခဲ့သည့်အတွက် အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
Department of Anatomy
University of Medicine 1, Yangon.
23/11/2020
ကျေးဇူးတင်လွှာ
==========
ပါမောက္ခစောအောင်လှဝင်း၊ ပါမောက္ခလူစီကျော်မြ (ပါမောက္ခ၊ ဌာနမှူး (ငြိမ်း)၊ ခန္ဓာဗေဒဌာန ၊ဆေးတက္ကသိုလ် ၂ ရန်ကုန်) တို့မှ ခန္ဓာဗေဒဌာန၊ ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ သို့ အလှူငွေ ကျပ်တစ်သိန်း (၁၀၀,၀၀၀ိ/-) လှူဒါန်းခဲ့သည့်အတွက် ကျေးဇူးတင်စွာနှင့် ဝမ်းမြောက်ဝမ်းသာ လက်ခံရရှိပါသည်။
Department of Anatomy,
University of Medicine 1, Yangon.
15/10/2020
Appreciation to Anatomist-Health-Heroes from Department of Anatomy, UM1
15/10/2020
World Anatomy Day!
ကြေညာချက်
=========
ယခုလက်ရှိဖြစ်ပေါ်နေသော covid-19 ရောဂါ အခြေအနေများကြောင့် ဆေးတက္ကသိုလ် ၁ ရန်ကုန်တွင် ခန္ဓာကိုယ်လှူဒါန်းရာ၌ လူကိုယ်တိုင်လာရောက်လှူဒါန်းမှုများကို ခေတ္တ ရပ်နားထားမည် ဖြစ်ပါသည်။
လှူဒါန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၄၂၇၆၁၇၇၇၄ သို့
- အလှူရှင်အမည်
- မှတ်ပုံတင်အမှတ်
- နေရပ်လိပ်စာ
- လှူဒါန်းရသည့်အကြောင်း (ရှိလျှင်) (ဥပမာ - မွေးနေ့အလှူ စသည်ဖြင့်)
တို့ကို စာတို (SMS) ဖြင့် ပေးပို့ထားနိုင်ပါသည်။
Covid 19 အခြေအနေများ ပြန်လည်ကောင်းမွန်လာသည့်အခါ အလှူရှင်မှတ်တမ်းများ ပြန်လည် ထုတ်ပေးရန် ထပ်မံကြေညာပါမည်။
23/06/2020
ဒုတိယနှစ် အမ်ဘီဘီအက် (၁၂/၂၀၁၉) အတန်းမှ ကျောင်းသား/သူများ မိမိတို့ သက်ဆိုင်ရာ အုပ်ထိန်းသူ ဆရာ/ဆရာမများ (Guardians) ထံ မိမိတို့၏ email လိပ်စာများ ပေးပို့ကြပါရန်။
ပေးပို့ရာတွင် email လိပ်စာကို နာမည်ရင်းအတိုင်း မသုံးထားပါက နာမည်ရင်းကိုပါ ဖော်ပြရန်။
ဆရာ/ဆရာမ ဖုန်းနံပါတ်နှင့် email များကို ပုံတွင်ကြည့်ရန်။
Roll No. 1 - 11 - Dr Tin Tin Aung
Roll No. 12 - 22 - Dr. Thazin
Roll No. 23 - 33 - Dr Hayman Tun
Roll No. 34 - 44 - Dr Kaythi Than Naing
Roll No. 45 - 56 - Dr Win Thura
Roll No. 57 - 62 - Dr Yin Min Thu
Roll No. 63 - 68 - Dr Cho Zin Lin
Roll No. 69 - 74 - Dr Myo Myint Myat Kyaw
Roll No. 75 - 80 - Dr Zaw Myo Hein
Moodle registration မလုပ်ရသေးသူများ/အဆင်မပြေသူများ ဆရာသော်ဇင်ထိုက်နဲ့ ဆက်သွယ်ပြီးပြီလား၊ အခြေအနေ အကြောင်းပြန်ပေးပါ။
Anatomy supple စာမေးပွဲအတွက် Moodle မှာ register မလုပ်ရသေးသူများ၊ register လုပ်ရန် အဆင်မပြေခဲ့သူများ၊ Dr Thaw Zin Htike, ဖုန်းနံပါတ် 09795331623 ထံဆက်သွယ်၍ မိမိတို့အခက်အခဲများ၊ ဖြေဆိုရမည့် ဘာသာရပ်များကို ပြောပြကြပါရန်။
2nd MB (1/2019) နောက်ဆက်တွဲစာမေးပွဲမှာ Anatomy ဘာသာ ဝင်ရောက်ဖြေဆိုရမယ့် ကျောင်းသား/သူများထဲက Moodle မှာ register မလုပ်မိတာ၊ လုပ်လို့ အဆင်မပြေတာရှိသူများ အကြောင်းပြန်ပေးကြပါ။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Yangon
11041
Opening Hours
| Monday | 08:30 - 16:30 |