05/02/2023
(၁)လမ်းသွားရင်း နိုင်ငံခြားသား လူဖြူတစ်ယောက်က တခုခုမေးလာစဉ် ......
"အာနိုး"......"အဲတို"....ဟိုက်....စသဖြင့် ပြန်ပြောမိတဲ့အခါ။
(၂) ညအိပ်တော့ မျက်စေ့လဲမှိတ်ရော .......
ခန်းဂျိ စာလုံးတွေချည်း အာရုံထဲ မြင်မိနေသောအခါ။
(၃)သစ်သီးဆိုင်ရှေ့မှာရပ်ပြီး အသီးသည်ကို.......
"" ရင်းငို့ "" က ဘယ်လောက်လဲ လို့ မေးမိသောအခါ။
ကိုယ့်ဘာသာကိုယ်သိလိုက်ပါ။
ဂျပန်စာက ဖမ်းစားသွားခဲ့ပြီ ဆိုတာ။