青春ーせいしゅんーSeishun『Japanese』

青春ーせいしゅんーSeishun『Japanese』

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 青春ーせいしゅんーSeishun『Japanese』, Education, Yangon.

Photos from 青春ーせいしゅんーSeishun『Japanese』's post 22/07/2025

#西本願寺
Nishi Hongwanji received the designation as a UNESCO World Heritage in 1994 as part of the Historic Monuments of Ancient Kyoto.

22/12/2023

Christmas လေးလည်းနီးလာပြီဆိုတော့ Jingle bell song 🔔 🎵 🎶 လေးလည်း ပြန်လည်အသက်၀င်လာပြီပေါ့ 🎄🎅🎁✨

Photos from 青春ーせいしゅんーSeishun『Japanese』's post 21/08/2023

ဒီနေ့ကတော့ おめでとうလိုက်လုပ်ရတဲ့နေ့လေးပေါ့
ကိုယ့်ကလေးတွေအမှတ်ကောင်းကောင်းတွေနဲ့ အောင်ကြလို့ ကြည်နူးဝမ်းသာ 😁😀
ဒီထပ်ပိုlevelမြင့်တဲ့ ဂျပန်စာတွေသင်ယူတတ်မြောက်ရင်း အလုပ်ကောင်းကောင်းရကြပါစေ🤩

10/08/2023

Allergic ရှိတာ ဓာတ်မတည့်တာကို ဂျပန်လိုဘယ်လိုပြောလဲ? ?🤔

#青春ーせいしゅんーseishun

19/07/2023

四六時中(しろくじちゅう)
ဒီစာလုံးလေးကိုမြင်ရင် ပထမဆုံး မျက်လုံးထဲဘာပြေးမြင်လဲ?? 46နာရီလို့ ထင်လိုက်ပြီဆိုရင် အောက်ကစာလေး ကို ဆက်ဖတ်ကြည့်လိုက်တော့နော်

四六時中(しろくじちゅう) ဆိုတာက 4×6= 24 နာရီ ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး တစ်နည်းအားဖြင့် 一日中(いちにちじゅう) တစ်နေ့လုံး ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်

ဒီစာလုံးမတိုင်ခင် 二六時中(にろくじちゅう) ဆိုတဲ့ စာလုံးလေးရှိပါသေးတယ်
江戸時代 Edo ခေတ်မှာ အချိန်တွေကို မနက်ပိုင်း(12နာရီ) မွန်းလွဲပိုင်း (12နာရီ) ဆိုပြီး ၂ပိုင်းခွဲပြီးအသုံးပြုခဲ့ကြတဲ့ပုံဖြစ်ပြီး ယနေ့ခေတ်နဲ့ဆို 午前(ごぜん) 午後(ごご) ပုံစံမျိုး ဖြစ်ပါတယ် ။
အဲ့ဒါကြောင့် 二六時中(にろくじちゅう) ဆိုတာက 24နာရီကို တစ်ဝက်ပိုင်းထားတဲ့ 2×6 =12နာရီ ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်

明治時代 meiji ခေတ်ရောက်တဲ့အခါမှာတော့ အနောက်တိုင်းပုံစံတွေ ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်လာပြီး အနောက်နိုင်ငံတွေသုံးတဲ့太陽暦(たいようれき) solar calendar အတိုင်း တစ်နေ့တာကို 24နာရီနဲ့ ဖော်ပြချင်တဲ့အတွက် 四六時中(しろくじちゅう) ဆိုတဲ့ စာလုံးလေးဖြစ်ပေါ်လာပါတော့တယ်

太陽暦(たいようれき) solar calendar ဆိုတာက ကမ္ဘာမြေကြီးက နေမင်းကို တစ်ပတ်ပတ်တဲ့အချိန်မှာ ကြာမြင့်တဲ့ ရက်ပေါင်း 365.242199 ရက်ကို အနီးဆုံးယူပြီး 365ရက်ကို တစ်နှစ်သတ်မှတ်ထားတဲ့ ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ ပြက္ခဒိန်ပဲ ဖြစ်ပါတယ်

みなさん、おもしろかったでしょ?

☘️☘️

#青春ーせいしゅんーseishun


06/07/2023

Friend: နင်တို့ဂျပန်စာ စာမေးပွဲ (JLPT) က အဖြေလေးရွေးပေးရုံပဲဆို၊ လွယ်တာပေါ့။

Me: 🤦‍♂️🤦‍♀️😒

Photos from 青春ーせいしゅんーSeishun『Japanese』's post 05/07/2023

📢ရုံးချိန်လွတ်တန်းခွဲသစ်များ

သင်တန်းရွေးချယ်မှန်ကန်မှု 💯
ဆရာရွေးချယ်မှန်ကုန်မှု 💯
နားလည်တတ်မြောက်မှု 💯

✅ဂျပန်စာကိုအမှန်တကယ် နားလည်တတ်မြောက်အောင်သင်ယူလိုသူများအတွက် အထူးသင့်လျော်ပါတယ် 💯

👩‍🏫Teacher's Profile

https://m.facebook.com/story.php?story_fbid=186132997112099&id=103910302001036&mibextid=Nif5oz

📌 1-on-1တစ်ယောက်ချင်း သင်လိုသူများ
📌အချိန်ညှိသင်လိုသူများ
page messenger ကနေ စုံးစမ်းမေးမြန်းလို့ရပါတယ်

#青春ーせいしゅんーseishun

09/06/2023

🤣🤣

#青春ーせいしゅんーseishun

29/05/2023

သတင်းစာစကော်လာ

Asahi Shimbun Scholarship (သတင်းစာပို့ရင်းကျောင်းတက်ရောက်နိုင်မည့်ပညာသင်ဆု) အတွက်လျှောက်လွှာခေါ်ယူခြင်း။

၂၀၂၄ ခုနှစ် ၄ လပိုင်း အတွက်ခေါ်ယူမည့် သတင်းစာစကော်လားရှစ်အား စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါအတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

လိုအပ်ချက်များ
၁) ဂျပန်ဘာသာ အရည်အချင်း တွင် JLPT (N4) နှင့် အထက် အောင်မြင်ထားသူ၊ Top-J, Nat-test, J-Test (N3) နှင့် အထက် အောင်မြင်ထားသူ (အောင်လက်မှတ်တင်ပြနိုင်ရမည်)
၂) အသက် (၂၅)နှစ်အောက်ရှိသူ
၃) တက္ကသိုလ် ပထမနှစ်နှင့်အထက်အောင်မြင်ထားပြီးသူ
၄) အိမ်ထောင်မရှိသူ
၅) တက်တူး (လုံးဝ) မရှိသူ

ဂျပန်နိုင်ငံသို့ ‌ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ။

လျှောက်လွှာလက်ခံကာလ
ဖောင်လက်ခံကာလ- ၂၉.၅.၂၀၂၃ နေ့ မနက် (၁၀)နာရီ မှ၁၂.၆.၂၀၂၃ ညနေ (၄)နာရီ အထိ။

လျှောက်လွှာလျှောက်ထားခြင်း
အောက်ဖော်ပြပါ Google Form အားဖြည့်စွက်၍ ဓါတ်ပုံ (3cm x 4cm) နှင့် ဂျပန်ဘာသာစာမေးပွဲအောင်လက်မှတ် အားပူးတွဲတင်ပြပေးရပါမည်။

https://forms.gle/t7TN2TqYDrjrgtY78

လျှောက်ထားပြီးသူများအား Scholarship နှင့်ပတ်သတ်သည့် အသေးစိတ်အစီအစဥ်များအား Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတဆင့်သာဆက်သွယ်ပေးပို့သွားမည်ဖြစ်ပါသည်။

MAJA Education Centre
09- 428 613 848

26/05/2023

➤私の敵は私です。
➱わたしのてきはわたしです。
♻️ငါသည်သာ ငါ့ပြိုင်ဘက် ဖြစ်သည်။

➤私の敵は何もしていないので、私も何もしません。
➱わたしのてきはなにもしていないので、わたしもなにもしません。
♻️ငါ့ပြိုင်ဘက်က ဘာမှမလုပ်သေးလို့ ငါလည်းဘာမှမလုပ်ဘူး🤣🤣

敵(てき) = ပြိုင်ဘက်၊ရန်သူ

#青春ーせいしゅんーseishun

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon