21/04/2025
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် ကြေညာခြင်း
၁။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန် ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းကို ၂၉-၃-၂၀၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆-၆-၂၀၂၅ ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့အထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။