BEHS- 2 North Dagon Students' Union - ABFSU

BEHS- 2 North Dagon Students' Union - ABFSU

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BEHS- 2 North Dagon Students' Union - ABFSU, School, Bo Saw Oo Street, Yangon.

Photos from All Burma Federation of Student Unions's post 20/07/2025
Photos from အထက-၃ ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်'s post 13/11/2023
Photos from BEHS- 2 North Dagon Students' Union - ABFSU's post 07/03/2023

"ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု တစ်ရပ်ပြုလုပ် "

၂၀၂၃ ၊ မတ် ၇ ၊ ဗကသ

အ.ထ.က ( 2)ဒဂုံမြို့သစ်​(မြောက်ပိုင်း)ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မြို့နယ်သမဂ္ဂနဲ့ပူးပေါင်း၍ စစ်​ကောင်စီ ၏ မတရား​သည့်ဥပဒေအောက်က ​ကျင်းပ​ပြုလုပ်မည့် ရွေး​ကောက်ပွဲ အ​ပေါ် ကန့်ကွက်သည့်အ​နေဖြင့်

- ဖက်ဆစ်‌ရွေးကောက်ပွဲကိုဆန့်ကျင်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ ။
- နှောင်ကြိုးမှတစ်ပါးဆုံးရှူံးစရာမရှိ

ဟူသော စာသားများပါသည့် Posterများ ဖြန့်ဝေသည့် လှုပ်ရှား မှု တစ်ရပ် ပြုလုပ်ခဲ့ပါသည်။

30/09/2022

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ရောင်းချသည့် အခြေခံကုန်ပစ္စည်များပါ၀င်သော မဲ အား
အ.ထ.က(၂)ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ မဲ ၂၂ ရောင်းချနိုင်ခဲ့ရာ ထိုမဲများအနက်မှ မဲနံပါတ် ၁၇ သည် ကံထူးရှင်ဖြစ်ခဲ့ပါပြီ ။ ကံထူးရှင်အနေဖြင့် မိမိ၀ယ်ယူခဲသော သက်ဆိုင်ရာကျောင်းသားသမဂ္ဂထံသို့ဆက်သွယ်ပေးပါရန် အသိပေးအပ်ပါသည် အကြောင်းကြားအပ်ပါသည်။



28/09/2022

ရန်ပုံငွေမဲရောင်းခြင်းပြီးဆုံးပါပြီ ။

ဒဂုံမြို့သစ်(မြောက်ပိုင်း)ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ ရန်ပုံငွေမဲရောင်းချခြင်းကို စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ 14 ရက်တိတိ မဲများရောင်းချခဲ့ရာ ယနေ့၌ မဲများပိတ်သိမ်းခဲ့ပြီးဖြစ်ပါသည် ။ ကံထူးသူများကို စက်တင်ဘာ ၂၉ ရက်နေ့ မနက်ဖြန်တွင် သက်ဆိုင်ရာကျောင်းသားသမဂ္ဂ Page များမှ ကြေညာပေးသွားမည်ဖြစ်ပါသည် ။ ဝယ်ယူအားပေးကူညီကြသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးပင်တင်ရှိပါသည် ။

Photos from BEHS- 2 North Dagon Students' Union - ABFSU's post 26/09/2022

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်( ဗကသများအဖွဲ့ချုပ် ) နှင့် မဟာမိတ်အဖွဲ့အစည်းများပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်။

၂၆ စက်တင်ဘာ ၊ ၂၀၂၂ ၊ ဗကသ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်( ဗကသများအဖွဲ့ချုပ် ) နှင့် NORTH DAGON OPORESSED PEOPLE'S STRIKE COLITION - NDOPSC တို့ပူးပေါင်း၍ ''အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့ '' စာသားပါ ဘန်နာအားကိုင် စွဲ၍ '' ဒို့အလုပ်သာမးတွေ ညီရဲ့လားဟေ့'' ''အလုပ်သမားထု အခွင့်အရေး ​အပြည့်အဝ ရရှိရေး '' ကြွေးကြော်သံများ ဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လှုပ်ရှားမှု တရပ်ကို ရန်ကုန်မြို့ တနေရာတွင် ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - NDOPSC



#စစ်ကျွန်ပညာရေးဖျက်သိမ်းပစ်
#ပြည်သူလူထုအနာဂါတ်အတွက်စစ်အာဏာရှင်စနစ်အမြစ်ဖြတ်
#အရေးတော်ပုံမုချအောင်ရမည်

12/09/2022

မြို့နယ်သမဂ္ဂ၏ မဲရောင်းချခြင်းတွင်း
မိမိတို့ အ ထ က (2 )ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သည်
အခြေခံလူတန်းစားများနှင့် အဆင်ပြေသင့်တော်စေမည့်ပစ္စည်းအမျိုးအစား (၈) မျိုးပါ ၊ တစ်မဲလျှင် ကာလတန်ဖိုး (၃၉၂၀၀)ကျပ်ရှိသောမဲအား တစ်မဲလျှင် ( ၄၀၀၀ ကျပ်) ဖြင့် မဲအရေအတွက် ၂၀ အားတာဝန်ယူ ရောင်းချပေးသွားမည်ဖြစ်သည် ။ ဤ မဲ ၂၀ တွင် ပေါက်မဲအနေဖြင့် (1) မဲရှိမှာဖြစ်ပါတယ် ။ ဒါကြောင့် ဤအစီအစဉ်တွင် မိဘပြည်သူတို့ ပါ၀င်ကံစမ်းနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည် ။

မြို့နယ်သမဂ္ဂ၏ page တွင်လည်းဤ အစီစဥ်ကိုဖော်ပြထားပြီးဖြစ်သဖြင့် အပြည်အစုံသိရှိနိုင်ရန် comment တွင် post link အားဖော်ပြထားပါသည် ။

သတ်မှတ်ရက် (၁၄) ရက်သတ်မှတ်ထားပြီး ကံထူးသူများကို မိမိတို့၏ ယခု page တွင် အချိန်နှင့်တပြေးညီဖော်ပြပေးသွားမည်ဖြစ်ပါသည် ။ နားမလည်မှုများရှိခဲ့သော်လည်းကောင်း ၊ အသေးစိတ်သိရှိလိုသော်လည်းကောင်း Page Chatbox တို့တွင် မေးမြန်းနိုင်သည် ။

12/09/2022

အခြေခံလူတန်းစားများနှင့် အဆင်ပြေသင့်တော်စေမည့်ပစ္စည်းအမျိုးအစား (၈) မျိုး ၊ တစ်မဲလျှင် ကာလတန်ဖိုး (၃၉၂၀၀)ကျပ်ရှိသောမဲ (၆)မဲအား တစ်မဲလျှင် ( ၄၀၀၀ ကျပ်) ဖြင့် ရောင်းချမယ့် အစီအစဉ် တွင်ပါ၀င်ကံစမ်းနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါလိုက်ပါသည်။

- မိမိတို့ မြို့နယ်သမဂ္ဂအတွင်းမှ ကျောင်းသားသမဂ္ဂ (၆)ခုပါဝင်မှာဖြစ်ပြီး မဲတစ်မဲလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့်ကျောင်းသားသမဂ္ဂတစ်ခုတွင် မဲ(၂၀ )နှုန်း နှင့် (၆) ကျောင်းတွင် မဲ (၁၂၀) စသဖြင့်ခွဲ​​ဝေ ရောင်းချပေးသွားမှာဖြစ်ပါသည် ။( မဲ၂၀ ရှိသော ကျောင်းတစ်ကျောင်းတွင် ၁ မဲပေါက်မှာဖြစ်ပြီး ကျောင်း ၆ ကျောင်း မဲ၁၂၀ တွင် ၆မဲပေါက်မှာဖြစပါတယ်) ထို့ကြောင့်မိဘပြည်သူများအနေဖြင့် မိမိတို့ နှစ်သက်ရာကျောင်းသားသမဂ္ဂများ၏ page Chatbox တွင် ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ပါသည် ။ (၎င်းတို့၏ သက်ဆိုင်ရင် post link များကိုလည်း Comment တွင်ဖော်ပြထားသည် )

- ကျောင်းသားသမဂ္ဂများအား သတ်မှတ်ရက် (၁၄) ရက်သတ်မှတ်ထားပြီး ကျောင်းအားလုံးမှ မဲများကို တစ်ရက်ထဲ ဖြင့်အချိန်ပိုင်းခြား မဲဖောက် ပေးမည််​ဖြစ်ပါသည် ။ မိမိ၀ယ်ယူထားသော ကျောင်းအခြေစိုက် သမဂ္ဂ၏သတင်းထုတ်ပြန်ချက် အား အချိန်နှင့် တပြေးညီ တင်ပေးသွားမည်ဖြစ်ပြီး တစ်ကျောင်း နဲ့ တစ်ကျောင်းကြား ၁နာရီခြားဖောက်ပေးမည်ဖြစ်ကျောင်းအသိပေးအပ်ပါသည် ။

Photos from Dagon Myothit - North Students' Union's post 13/08/2022
08/08/2022

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” ၃၄ နှစ်ပြည့်အထိမ်းအမှတ် ဗကသများအဖွဲချုပ်၏ သဘောထား ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၄/ဗကသ/၂၀၂၂
ရက်စွဲ - ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်

“၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” ၃၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ဗမာပြည်၏ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးသည် ယနေ့အချိန်အထိ ဒီမိုကရေစီအခွင့်အရေးများ ပြည့်ပြည့်ဝဝ မရရှိ မခံစားရသေးသည့်အပြင် မင်းအောင်လှိင် ဦးဆောင်သောအုပ်စုသည်လည်း ၂၀၀၈ စစ်ကျွန်အခြေခံဥပဒေ၏ လက်ဝေခံ အရပ်သားအစိုးရထံမှ အာဏာကိုပင် မတရားထပ်မံသိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးထူထောင်လျှက်ရှိနေသည်။ ယနေ့အချိန်တွင် မင်းအောင်လှိင်ဦးဆောင်သော စစ်အုပ်စုသည် ပြည်သူလူထုအား မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှိဖျက်ဆီးခြင်း၊ စိုက်ပျိုးသီးနှံများအား အဓမ္မသိမ်းယူခြင်း/ဖျက်ဆီးခြင်း အစရှိသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား နေ့စဉ်ရက်ဆက် ဖျက်ဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်လျှက်ရှိသည်။

ယခုအချိန်ကာလတွင် ပြည်သူလူထုတရပ်လုံးမှ ပုံသဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲဝင်နေသည့် နွေဦးတော်လှန်ရေးသည် “၈ လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး” ၏ တိုက်ပွဲအခန်းဆက်ဖြစ်သည်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံး၏ မွန်းကျပ်နေသည့် အထွေထွေ အကျပ်အတည်းပေါင်းစုံတိုမှ တခုတည်းသော လွတ်မြောက်ရာ ထွက်ပေါက်လမ်းကြောင်းမှာ စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေး (စစ်သုံးစစ်ဖျက်သိမ်းရေး) ဖြစ်သည်။ ထိုကြောင့် စစ်အုပ်စု၊ စစ်ကောင်စီ၊ စစ်ဗျူရိုကရေစီယန္တယား တိုဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အလုံးစုံချုပ်ငြိမ်းရေးအတွက် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးအနေဖြင့်လေးနက်မှန်ကန်သည့် နိုင်ငံရေးယုံကြည်ချက်ဖြင့် ပုံသဏ္ဍာန်မျိုးစုံ နည်းလမ်းပေါင်းစုံဖြင့် နောက်မဆုတ်စတမ်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သွားကြပါရန် အလေးအနက် တိုက်တွန်နှိးဆော်အပ်ပါသည်။

ကျွန်ုပ်တို ဗကသများအဖွဲချုပ် အနေဖြင့်လည်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်ထုလူထုကြီးနှင့်အတူ တသားတည်းရပ်တည်ကာ တိုက်ပွဲပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး (စစ်သုံးစစ်ဖျက်သိမ်းရေး) အတွက် နောက်မဆုတ်စတမ်း ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒိုအတူရုန်း”
“ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး မုချအောင်ရမည်”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#၈လေးလုံး း

Photos from BEHS- 2 North Dagon Students' Union - ABFSU's post 27/07/2022

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် North Dagon Oppressed People's Strike Colition(NDOPSC)တို့ ပူးပေါင်း၍ အကြမ်းစစ်အုပ်စု၏ “မတရားဥပဒေများနှင့် တရားစီရင်ရေးတွေအပေါ်” ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်။

“မတရားတဲ့ကောင်တွေ ကြီးစိုးလာရင် လူတိုင်းရဲ့လည်ပင်းမှာကြိုးကွင်းဟာစွပ်ပြီးသားပဲ"။

၂၀၂၂ ၊ ဇူလိုင် ၂၇ ။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)နှင့် North Dagon Oppressed People's Strike Colition(NDOPSC)တို့ပူးပေါင်း၍ "နင်းသတ်လို့မသေ ဆက်တိုက်လို့နေ" စာသားပါ bannerအားကိုင်စွဲကာ ဖက်ဆစ်တရားခွင်အလိုမရှိကြောင်းနှင့်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့တစ်နေရာတွင် ပြုလုပ်ခဲ့ကြသည်။


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Bo Saw Oo Street
Yangon