Study 365

Study 365 机不可失时不再来!

measure wrod တို့ရဲ့ဘုရင်ကြီး  ( 个 )
06/10/2023

measure wrod တို့ရဲ့ဘုရင်ကြီး ( 个 )

တရုတ်စာကိုအတန်းထဲမှာသင်ပြပေးတာနဲ့အားမရ‌‌သေးပဲstudy guideလိုမျိုးစာတွေကူလုပ်ပေးတဲ့သင်တန်းမျိုးရှာနေတယ်ဆိုရင်......       ...
29/09/2023

တရုတ်စာကိုအတန်းထဲမှာသင်ပြပေးတာနဲ့အားမရ‌‌သေးပဲ
study guideလိုမျိုးစာတွေကူလုပ်ပေးတဲ့သင်တန်းမျိုးရှာနေတယ်ဆိုရင်......

Study 365 Chinese Class မှာဖွင့်လှစ်မယ့်

ဒီအတန်း‌လေးကို လုံး၀လက်မလွှတ်နဲ့နော်!

ဘယ်လိုလူတွေတက်သင့်လဲ❓❓❓

🛑အလုပ်တစ်ဖက်နဲ့စာလုပ်ဖို့အချိန်မရှိသူများ
🛑အိမ်မှာစာလုပ်ရမှာပျင်းတဲ့သူတွေ
🛑ဘယ်လိုကျက်ကျက်မရဘူးဖြစ်နေတဲ့သူတွေ
🛑ကျက်ပြီးမမှတ်မိတဲ့သူတွေ
🛑အပြန်အလှန်စကားပြောလေ့ကျင့်ဖို့အဖော်မရှိသူတွေလုံး၀တတ်သင့်ပါတယ်။

သင်ကြားမည့်ပုံစံ❓❓❓

📌တရုတ်စာအသံထွက်များကိုအသံထွက်ပီသစေရန်စနစ်တကျအသံကျင့်ပေးခြင်းနှင့်စာအတူကျက်ပေးခြင်း။
📌အတန်းထဲတွင်သင်ခန်းစာများသင်ကြားပြီးပါကတစ်ခါတည်းမှတ်မိနေစေရန်ထပ်ခါထပ်ခါလေ့ကျင့်ပေးခြင်း။
📌တစ်နေ့စာတစ်နေ့ပြန်မေးပေးခြင်း။
📌ကျောင်းသားအချင်းချင်းအပြင်၊ဆရာမနဲ့အတူစကားပြော‌များလေ့ကျင့်ပေးခြင်း။
📌မိမိဘာသာစာကြောင်းစီတတ်စေရန်အစားထိုးလေ့ကျင့်ပေးခြင်း။

Basic Pinyin + HSK 1(4skills+ Grammar ) Training Class ---အပြင်သင်တန်း

သင်တန်းစမည့်ရက်- 7 .10. 2023(စနေနေ့)

သင်တန်းနေ့ရက်- ရုံးချိန်လွတ် စနေ၊တနင်္ဂနွေအတန်း

သင်တန်းအချိန်- နေ့လည် ၁၂:၀၀-‌ နေ့လည် ၂:၃၀

သင်တန်းကာလ- ၃ လခွဲ

သင်တန်းသားဦးရေ -တစ်တန်းလျှင် (6) ယောက်သာ

သင်တန်းကြေး- 180,000ကျပ်(3လခွဲအပြတ်----------2ကြိမ်ခွဲသွင်းလို့ရ)
စာအုပ်ဖိုး-(၁၀,၀၀၀ကျပ်)

သင်တန်းစည်းကမ်းချက်....
🚨သင်တန်းကြေးသွင်းပြီးပါကငွေပြန်မအမ်းပါ။

🚨အွန်လိုင်းတန်းများအနေဖြင့်သင်တန်းကြေးသွင်းပြီးမှသာလျှင်သင်တန်းအပ်နှံခြင်းအား
အတည်ပြုမည်ဖြစ်ပါသည်။

🚨သင်တန်းပျက်ကွက်မည်ဆိုပါကသင်တန်းမစမှီကြိုတင်ခွင့်တိုင်ကြားပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည်။။

🚨ခွင့်မတိုင်ဘဲ (3 )ရက်ထပ်ပို၍ပျက်ကွက်ပါကသင်တန်းဆက်၍တက်ရောက်ခြင်း
မပြုတော့ပါဟုယူဆပါမည်။


💥💥လူဦးရေကန့်သတ်ပြီးမတတ်မခြင်း
သေချာလေ့ကျင့်သင်ကြားပေးတာဖြစ်သည့်အတွက်ကျောင်းသားများအနေဖြင့်
စာသေချာလိုက်လုပ်ပါကတတ်မြောက်မှု 💯%✔️ အာမခံပါသည်။

🏫သင်တန်းလိပ်စာ - အမှတ်279, 281၊ 4လွှာ၊ကိုင်းတန်းလမ်းနှင့်အနော်ရထာလမ်းတောင့်၊
လမ်းမတော်မြို့နယ်(Junction mawtinအနီး) ၊ရန်ကုန်မြို့။
ဖုန်း-09429620423 သို့ဆက်သွယ်၍စုံစမ်းမေးမြန်းအပ်နှံနိုင်ပါသည်။


#တရုတ်စာ #တရုတ်သင်တန်း

13/09/2023

" တစ်နာရီ စာကျက်ရင် တပုဒ်ရတယ်
နှစ်နာရီကျက်ရင် စာနှစ်ပုဒ်ရမယ် " ဆိုပြီး
80% သော စာလေ့လာသူတို့တွေးတတ်ကြပါတယ်
မပုကြွယ်နှင့် ခရုငယ်ဆိုတာ
ပုံပြင်ထဲမှာပဲ နားထောင်လို့ကောင်းပါတယ်
ကဗျာတပုဒ်ကို တရက်နှုန်း ဆိုပေမဲ့

သင့်အလုပ်ကိစ္စတွေကြောင့်
အချိန်ကန့်သတ်ချက်တွေရှိလာတဲ့အခါ
ကျက်ရမဲ့ ကဗျာ ၂၀၀ အတွက်
ရက်ပေါင်း ၂၀၀ ဆိုပြီး စာကျက်နေလို့
မရတော့ပါဘူး
တနေ့ကိုလည်း စာလုပ်ချိန် ၁၈ နာရီအပြင် ပိုလုပ်လို့မပါဘူး

စာလုပ်ချိန်များတိုင်း စာပိုရလာမယ်ဆိုတာက
တော်တော်လေးလွဲမှားနေတဲ့
အယူအဆကြီး တခုဖြစ်ပါတယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌🤦

ဒါကြောင့် ဒီ post လေးမှာတော့
🍎 စာလေ့လာသူ အများစုမှားတတ်ကြတဲ့
အမှားတချို့ကို ထောက်ပြရင်းနှင့်
🍎 အချိန်တိုအတွင်းမှာ စာအများကြီးရအောင်
ဘယ်လိုလေ့လာရမလဲ ဆိုတာကို
ပြောပြပေးသွားမှာ ဖြစ်ပါတယ် 👀
💎 စာလုပ်ချိန် လျှော့လို့ရပါပြီ
==================

ခရီးတခု သွားဖို့အတွက်
စက်ဘီးရယ်၊ ဆိုင်ကယ်ရယ်၊ ကား ဆိုတဲ့
ယာဉ် ၃ စီးထဲက တစီးကို ရွေးချယ်ရမယ်ဆို
သင် ဘာကို ရွေးမလဲ . . .

မပင်မပန်း၊ ခွန်အားအနည်းငယ်နှင့်
ခရီးဝေးပိုရောက်တဲ့ ကားပဲ သင်ရွေးမှာပါ
ကားမဟုတ်ဘဲ
ဂျက်လေယာဉ်တို့ ၊ ဒုံးပျံတို့ ဆိုရင်တော့
ဘယ်လောက် ခရီးပေါက်မလဲ
သင် စဉ်းစားကြည့်ပါတော့

ကိုယ်သွားချင်တဲ့ ပန်းတိုင်းဆီ
ရောက်ဖို့ကြိုးစားတဲ့အခါ
ဘယ်နနာရီ အချိန်ကုန်ခံပြီး
အရောက်သွားမလဲဆိုတဲ့ မေးခွန်းထက်
ငါဘာကိုသုံးပြီး သွားမလဲဆိုတာတဲ့
မေးခွန်းကပိုပြီး အရေးကြီးပါတယ်

💎 စာလုပ်နည်း Equation
================

စာပြီးမြောက်မှု = စာလုပ်နည်း x စာလုပ်ချိန် x ပျော်ရွှင်မှု

W=Fs ဆိုတဲ့ Physics Equation နှင့် သဘောတရားတူတူပါပဲ
ဒါကြောင့် အချိန်တိုတိုနှင့် စာများများ ရချင်ရင်တော့
မြှောက်ဖော်ကိန်း တွေဖြစ်တဲ့
⭕စာလုပ်တဲ့ နည်းစနစ်
⭕စာလေ့လာတဲ့ နေရာမှာ ပျော်ရွှင်မှု၊ စိတ်ပါမှု
ဆိုတဲ့ အချက်၂ချက်ကို ပိုကောင်းအောင် လုပ်ရပါမယ်

💎 စာလုပ်နည်း(၁) - Deep Work
====================

Sniper(စနိုက်ပါ) ပစ်တယ်ဆိုရင်
ပစ်မှတ်တနေရာထဲကိုပဲ မြင်အောင်ကြည့် ...
စိတ်ငြိမ်ငြိမ်ထား ….
တိတိကျကျချိန်ပြီးပစ်လိုက်ရင် …..
ကွက်တိ ထိသလိုမျိုး ….
အလုပ်လုပ်တဲ့ အခါမှာ
အထိရောက်ဆုံး ဖြစ်ချင်ရင်တော့
အလုပ်တခုတည်းကိုပဲ
၁၀၀% အာရုံစိုက် နေရပါမယ်

ဝပ် ၁၀၀ အားရှိတဲ့ မီးသီးဟာ
အခန်းတခန်းလုံးကို လင်းစေနိုင်ပေမဲ့ ...
ဝပ် ၁၀၀ အားရှိတဲ့ လေဆာ ကတော့
စတီးကိုတောင် ဖြတ်တောက်နိုင်စွမ်းရှိပါတယ်
စွမ်းအားချင်းတူပေမဲ့ ရလဒ်ချင်းကွာခြားသွားပါတယ်
ဒါကြောင့် စာလုပ်တဲ့ အခါမှာ
သင့်အာရုံ (Focus) ဟာ
စာမှာ ၁၀၀% အပြည့် ရှိနေဖို့ အရေးကြီးပါတယ်

စာလုပ်မယ်ဆိုရင်
၂၅ မိနစ်စာ Timer လေး ပေးထားလိုက်ပြီး
ပြီးတော့ အဲ့ဒီ 25 မိနစ်အတွင်းမှာ
၁၀၀% အာရုံစိုက်ပါ။
စာကလွဲလို့ ကျန်တာခေါင်းထဲမထားပါနဲ့။
အလုပ်အကြောင်း၊ မိသားစုအကြောင်း မတွေးပါနှင့်။
လုပ်စရာ ခေါင်းထဲ ပေါ်လာရင်လဲ နောက်မှ လုပ်ဖို့
စာရွက်ပေါ် ရေးမှတ်ထားလိုက်ပါ။
ဖုန်းမကိုင်မိဖို့က တအားအရေးကြီးပါတယ်။
ဖုန်းကိုင်မိရင် Focus က 0% ကနေ ပြန်စရလို့ပါ

Focus 100% ရတဲ့ အခါမှာ
သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဟာ အမြင့်ဆုံးမှာ ရှိနေပါလိ့မ်မယ်။
၂၅ မိနစ်ကျော်လာရင်တော့
ဦးနှောက်ကို ၁၀ မိနစ်ပြန်အနားပေးပါ
အနားမပေးရင်တော့ Focus 100% ရမှာ
မဟုတ်ပါဘူး။

💎 စာလုပ်နည်း(၂) - Mind Map
===================
ဝင်္ကပါတခုကို
မြေပုံကိုင်ပြီး ဖြတ်တဲ့သူနှင့်
မြေပုံမပါဘဲ ဖြတ်တဲ့သူနှင့်
ဘယ်သူက ပိုပြီး လွယ်ကူမယ်ထင်ပါသလဲ ?
မြေပုံပါတဲ့ လူက အများကြီး လွယ်ကူပါတယ်
အကြောင်းကတော့ ကိုယ်လျောက်တဲ့ လမ်းကို
သိမြင်နေရလို့ပါ

စာကို တခုနှင့် တခု
နားလည် ဆက်စပ်မှုမရှိဘဲ
ဒါဆိုဒါ အသေမှတ်ပြီး
စာကျက်တဲ့ လူဟာ မြေပုံမပါဘဲ
ဝင်္ကပါထဲ လမ်းလျောက်နေတဲ့ သူနှင့်တူပါတယ်
ဒါကြောင့် Mind Map နှင့် စာလုပ်ဖို့ လိုအပ်တာပါ။

Mind Map ဆိုတာက မြေပုံတခုလိုမျိုး
ကိုယ်ကျက်မှတ်ထားတဲ့ အကြောင်းအရာ‌တွေကို
တခုနှင့် တခုချိတ်စပ်ပြီး
မျက်စိထဲ
ကွက်ကွက်ကွင်းကွင်းမြင်အောင်မှတ်တဲ့
စာလုပ်နည်းဖြစ်ပါတယ်
Mind Map နမူနာလေးကို Comment မှာ ကြည့်လို့ရပါတယ်

💎 စာလုပ်နည်း(၃) - အိပ်ပါ ။
========================

အိပ်ရေး ဝဝ အိပ်ပါ။
သင်ဦးနှောက်က
စက်ရဲ့ engine အင်ဂျင် တလုံးနှင့်တူပါတယ်။
အနားပေးသင့်ရင် အနားပေးရပါမယ်။
စက်ဘယ်လောက် လန်ပြန်နေပါစေ
အင်ဂျင်ကြီး ဂျုံးဂျုံးကျနေရင်တော့
ခရီးမပေါက်ပါဘူး။

စာလုပ်တယ်ဆိုတာ ဦးနှောက်ကို ခိုင်းစေပြီး
အလုပ်လုပ်တာ ဖြစ်တဲ့ အတွက်
ဦးနှောက်က Energy အပြည့်ဖြစ်နေဖို့လိုအပ်ပါတယ်
ဒါမှ ၁၀၀% Focus နိုင်မှာပါ
ဦးနှောက်က ပင်ပန်းနေတာကို အနားမပေးဘဲ
ဆက်ပြီး စာလေ့လာနေရင်တော့
သဲထဲ ရေသွန်တဲ့ လုပ်ရပ်မျိုး လုပ်နေပြီလို့
သတိပေးပါရစေ

ဦးနှောက် energy ကုန်နေတုန်း
ဘယ်တော့မှ စာလုပ်မိပါစေနှင့် ❌
စာလုပ်ချိန်များတိုင်း စာများများ မရဘူးဆိုတာ
စိတ်ထဲမှာစွဲမြဲနေပါစေ

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

စာလုပ်နည်း Equation
စာလုပ်တဲ့ နည်း(၃) နည်းနှင့်ဆိုရင်တော့
သင်ရဲ့ လေ့လာနိုင်စွမ်းတွေ
အများကြီး တိုးတတ်လာပါလိမ့်မယ်

ဒီထပ်ပိုကောင်းတဲ့ နည်းလမ်းတွေလည်း
ထပ်တင်ပေးသွားဖို့ရှိပါတယ်

ဒီ စာလေ့လာနည်းကိုလည်း
သူငယ်ချင်းတွေ သိသွားအောင်
share သွားလိုက်ပါ
💎Sharing is caring

Motivation မလိုတဲ့ စာလုပ်နည်း
(စာလုပ်ရတာ ပျော်ချင်ရင် ဒီလိုလုပ်ပါ)
https://m.facebook.com/story.php?story_fbid=pfbid02HYQbz5qjdYC464CcLRN7udjXRLtfojAzTU3J4cqvp2aTCMV7MSPhJ6mtdKp9wwQvl&id=100089247064454&mibextid=Nif5oz

သင်ဟာ စာမေ့တတ်တဲ့ သူဆိုရင်တော့
စာမမေ့အောင်ဘယ်လိုလုပ်ရမလဲ ဒီpost မှာဖော်ပြထားပါတယ်
https://m.facebook.com/story.php?story_fbid=239530435698524&id=100089247064454&mibextid=Nif5oz

သင့်ရဲ့ စာလေ့လာတဲ့နှုန်း 10ဆ လောက်
မြန်ချင်ရင်တော့ ဒီpost မှာ ဖော်ပြထားပါတယ်
https://m.facebook.com/story.php?story_fbid=254880070830227&id=100089247064454&mibextid=Nif5oz

တောင်လိုပုံနေတဲ့ အလုပ်တွေက တစ်ဘက်
Stress များပြီး ကျက်လိုက်မေ့လိုက်ဖြစ်နေတဲ့
သင်တန်းက စာတွေက တစ်ဘက်
ဘက်နှစ်ဖက်ကြားမှာ
ဗျာများနေတယ်ဆိုရင် ဒီpostလေးကို ဖတ်ပြီး သင့်ပြဿနာကို
ဖြေရှင်းနိုင်ပါတယ်
https://m.facebook.com/story.php?story_fbid=255941847390716&id=100089247064454&mibextid=Nif5oz

26/06/2023

တရုတ်စာလေ့လာနေသူတွေအတွက်စိတ်ခွန်အားဖြစ်စေဖို့အတွက်ဘာသာပြန်ပေးလိုက်ပါတယ်။
ဘယ်အရာပဲဖြစ်ဖြစ်ကိုယ်စပြီးလျှောက်လှမ်းနေတဲ့အရာမှန်သမျှကိုအဆုံးထိလျှောက်လှမ်းနိုင်ပါစေ။
Wu Laoshi😍💊💪

#တရုတ်ဘာသာပြန် #တရုတ်စာသင်တန်းကျောင်းရန်ကုန်

25/06/2023

စာမေးပွဲနီးရင်‌တစ်ယောက်တစ်မျိုးမအားရဘူးနော်😂

#တရုတ်စာသင်တန်းကျောင်းရန်ကုန်

24/06/2023

ချိမတို့ရည်းစားရဖို့ဆုတောင်းလိုက်ရတာအမောနော်🥹🥹

#တရုတ်စာသင်တန်းကျောင်းရန်ကုန် #အပြင်သင်တန်း #တရုတ်စာသင်တန်း #တရုတ်စာ #တရုတ်ဘာသာပြန်

15/06/2023

တရုတ်စာသင်တန်းစုံစမ်းချင်ရင် 🚨🚨🚨
09-429620423 ကိုတိုက်ရိုက်ဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင်ပါတယ်။
လက်ရှိမှာ (one by one)အတန်းများဖွင့်လှစ်သင်ကြားပေးနေပါတယ်။မိမိအားမယ့်အချိန်နဲ့‌နေ့ရက်ညှိပြီးတက်ရောက်နိုင်ပါတယ်။အသင်းအဖွဲ့လိုက်တက်ရောက်ပါကပို၍သင်တန်းကြေးသက်သာပါတယ်😍😍😍

汉字တွေရေးတာလွယ်တယ်ဆို?အ‌ခြေခံက‌နေစ‌လေ့လာမယ်ဆိုလွယ်ပါတယ်။တရုတ်စာလုံးဆိုတာအစိတ်အပိုင်းလေးတွေပေါင်းစပ်ပြီးမှစာလုံးတစ်လုံးဖြစ...
13/06/2023

汉字တွေရေးတာလွယ်တယ်ဆို?
အ‌ခြေခံက‌နေစ‌လေ့လာမယ်ဆိုလွယ်ပါတယ်။တရုတ်စာလုံးဆိုတာအစိတ်အပိုင်းလေးတွေပေါင်းစပ်ပြီးမှစာလုံးတစ်လုံးဖြစ်တာမို့လို့အ‌ခြေခံက‌နေစ‌လေ့လာမယ်ဆိုလွယ်ပါတယ်။
တရုတ်စာနဲ့ပတ်သက်ပြီးဘယ်level ကနေစပြီးလေ့လာရမလဲဖြစ်နေရင်Study365 မှာမေးမြန်းစုံစမ်းနိုင်ပါတယ်။
# #တရုတ်စာ #တရုတ်စာသင်တန်းကျောင်းရန်ကုန် #တရုတ်စာသင်တန်း #အပြင်သင်တန်း

အွန်လိုင်း၊အပြင်သင်တန်းတက်ရောက်နေတဲ့ကျောင်းသားလေးတွေရဲ့အိမ်စာလေးတွေပါ😍😍加油加油💪💪💪      #တရုတ်စာ    #တရုတ်စာသင်တန်းကျောင်းရန...
09/06/2023

အွန်လိုင်း၊အပြင်သင်တန်းတက်ရောက်နေတဲ့ကျောင်းသားလေးတွေရဲ့အိမ်စာလေးတွေပါ😍😍
加油加油💪💪💪
#တရုတ်စာ #တရုတ်စာသင်တန်းကျောင်းရန်ကုန် #တရုတ်စာသင်တန်း #တရုတ်စာ‌ရေးနည်း

31/05/2023

အွန်လိုင်းzoomမှအခြေခံကနေစသင်ပြီး
HSK1 တက်ရောက်နေတဲ့ကျောင်းသားလေးရဲ့သင်္ချာနံပါတ်တွေကိုအတန်းထဲမှာလက်တန်းဆိုနေတဲ့videoလေးပါရှင့်။😍😍
တကယ်လိုက်လုပ်ရင်အချိန် 1လကျော်၀န်းကျင်လောက်နဲ့လည်းအခုလိုအသံထွက်ပီပီသသနဲ့‌ပြောတတ်နိုင်ပါတယ်။👍🀄💯
သင်တန်းမှာကပုံမှန်နှုံးနဲ့ကျောင်းသားတွေကိုသင်ပေးတဲ့အပြင်စာသင်ချိန်အတွင်းမှာပဲ
တခါတည်းလေ့ကျင့်ပေးလို့အိမ်မှာစာပြန်ကြည့်တဲ့အခါမှာလွယ်ကူနေမှာပါရှင့်။😍

#တရုတ်စာသင်တန်းကျောင်းရန်ကုန်

#တရုတ်စာ

29/05/2023

မေး : စာမေးပွဲနီးရင်ဘာလုပ်လဲ?
ဖြေ :

Address

No. 279-281, 4th Floor, Coner Of Anawyahtar Road&Kine Dan Street, Lanmadaw Tsp.
Yangon

Telephone

+959429620423

Website

Alerts

Be the first to know and let us send you an email when Study 365 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study 365:

Shortcuts

Share

Category