Min Khant

Min Khant

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Min Khant, Personal coach, သရက်တော, Yangon.

01/02/2023

ကြားလား😁😁

28/12/2022

😁😁

13/10/2022

အရမ်းကောင်းတယ့်စာသားဖစ်လို့တင်ထားလိုက်ပါတယ်😊

02/10/2022

စကား
=======
စကားဆိုတာ
ပြောတတ်ရင် အား
မပြောတတ်ရင် အမှားဖြစ်တတ်တယ်။

ကိုယ်ပြောလိုက်တဲ့
စကားတစ်လုံးဟာ
လူတစ်ယောက် အားအင်ဖြစ်ဖို့လိုတယ်။

စကားလုံးတွေ
ဘယ်လောက်ကောင်းကောင်း
ဘယ်လောက်ပဲ လှလှ
နားထောင်သူအတွက်
စာဖတ်သူအတွက်
အားမဖြစ်ရင် ဘာထူးမှာလဲ။

အရသာတွေမှာ
လူတွေက ချိုတာကို ပိုကြိုက်တယ်
လူတစ်ချို့ပဲ
ခါးတဲ့အရသာ ကြိုက်ကြတာ။

ကိုယ့်စကားက ချိုပြီးကောင်းနေရင်
သူတစ်ပါးအတွက်
အားဖြစ်စေမယ်။

ကိုယ့်စကားက ခါးနေရင်
သူတစ်ပါးအတွက် အမှားဖြစ်တတ်တယ်။

"စကားထဲက ဇာတိပြ" တဲ့
ကိုယ်ပြောတဲ့စကားဟာ
ကိုယ့်ရဲ့ စိတ်နေ စိတ်ထားကို
ဖော်ပြနေခြင်းပါပဲ။

စကားတစ်ခွန်းကြောင့်
ဘဝဖြစ်နိုင်သလို
ပျက်စီးသွားတာမျိုးလဲ ဖြစ်နိုင်တယ်။

တစ်ယောက်နဲ့ တစ်ယောက်
အဓိပ္ပါယ်ဖွင့်ဆိုချက်
အပြောအဆိုမတူပေမယ့်
ကိုယ့်အတွက်အကျိုးရှိစေမယ့်
စကားမျိုးဆို မှတ်ထား လိုက်နာသင့်တယ်။

လူတွေ
မွေးလာကတည်းက ပြောလာကြတယ့်
စကားတွေပဲ
ဘယ်လိုစကားမျိုးက
ကိုယ့်အတွက်
ကောင်းတယ် မကောင်းဘူးဆိုတာ
နားလည်နိုင်ပါလိမ့်မယ်။

သူ့အပြောအဆိုကို မကြိုက်ရင်
ကိုယ့်အပြောအဆိုကိုလဲ ဆင်ခြင်ရမယ်။

ကိုယ်မကြိုက်တာ မပြောစေချင်ရင်
သူမကြိုက်တာလဲ မပြောမိစေနဲ့။

စကားဆိုတာ မပြောပဲ နေလို့မရလို့
ပြောတဲ့အခါမှာလဲ
အားဖြစ်စေမယ့် အကျိုးရှိမယ့်
စကားမျိုးတွေ ပြောနိုင်ဖို့ ကြိုးစားပါ။

ကိုယ့်စကားကမှန်တယ်ထင်တိုင်း
ပြောနေလို့မရဘူး
ကိုယ်ကမှန်တယ်လို့ ထင်တိုင်း
သူ့တစ်ပါး စကားကို
မှားတယ်လို့ဆိုလို့မရပါဘူး။

လူဆိုတာတော့
မုသားကင်းတယ်ဆိုတာ
ရှားပါတယ်။

ချိုသာတဲ့ နှုတ်ခမ်းနဲ့
မှန်ကန်သောစကား
မုသားကင်းနိုင်သမျှကင်းပြီး
အားဖြစ်စေမယ့်စကား
ပြောနိုင်ကြပါစေ။
Crd. #အမွှာ - အမွှာ အငယ် မလေး

30/09/2022

ကဲ မိတ်ဆွေတို့ရေ သီတဂူဆရာတော်
ပြောထားတေ့စာသားလည်းအရမ်ကောင်းပါတေဗျ😊

26/09/2022

#ရေစစ်သုံးခု

တနေ့မှာတော့ ဆိုကရေးတီးစ်ရဲ့
တပည့်တစ်ယောက်က
သတင်းတစ်ခုကြားလို့ သူ့ကို လာပြောသတဲ့ ။

လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။

"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"

" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင်/ မဖြတ်နိုင်အရင်စစ်ရမယ်"

"ဘယ်လိုရေစစ်သုံးခုလည်းဆရာ"

"ပထမ ရေစစ်နာမည်က #အမှန်တရား တဲ့။

မင်းပြောတဲ့ စကားလုံးက
လုံးဝရာခိုင်နှုန်းပြည့်အမှန်ဖြစ်/မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။

မင်းပြောတဲ့ စကားလုံးဟာ လုံးဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့ ရာနှုန်းပြည့် မမှန်နိုင်ပါဘူးဆရာ"

"အေး ကောင်းပြီ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"

"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"

"ဒုတိယ ရေစစ်နာမည်က #ကောင်းကျိုး တဲ့ ။
မင်းအခုပြောမဲ့စကားက ကောင်းကျိုးကို ဖြစ်စေမှာလား "

"မကောင်းတာဘဲဖြစ်ဖို့ များပါတယ်ဆရာ

"ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ "

"ဟုတ်ပါတယ်ဆရာ"

" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် "

"ဘာရေစစ်လည်း ဆရာ"

" အဲဒီရေစစ်နံမည်က #အသုံးဝင်မှု တဲ့။

မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား

"အမ်...သိပ်မသေချာဘူးဆရာ "

" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်
ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင် ငါ့ကိုဘာဖြစ်လို့လာပြောချင်ရတာလဲ "
တဲ့။

#မီးခိုးဆိုတာ_မီးရှို့သူရှိမှ_ထွက်ပါတယ် ။

#မီးမွှေးတဲ့လူ_မဖြစ်ကြပါစေနဲ့။

#မီးငြှိမ်းတဲ့သူပဲ_ဖြစ်ကြပါစေ။

အတင်းအဖျင်းစကား တောင်စဉ် ရေမရ
အဓိပ္ပါယ် မရှိတဲ့စကားတွေကို နားလည်းမထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့။

.....♥️

စာပေချစ်မြတ်နိုးတဲ့သူများ အားလုံး ♥️
အောက်က Link ထဲဝင်ပြီး Group လေးကို
Join ပေးဖို့ တောင်းဆိုပါတယ်နော် 👇😘♥️
https://www.facebook.com/groups/527478268778580/?ref=share_group_link

24/09/2022
24/09/2022

လို အပ် လို့ ပါ
-------------------
မလိုအပ်ဖူးထင်ရင်
လှည့်ထွက်နိုင်တဲ့ မာနလေးတော့
ထား သင့်တယ် မဟုတ်လား...

ကိုယ့်တန်ဖိုး
ကျဆင်းလောက်တဲ့ အထိတော့
အောက်ကျ မခံသင့်ဘူးလေ...

ညီမျှခြင်း မရှိသော
အပေးအယူတွေက အဓိပ္ပာယ်မဲ့ နေဦးမှာပဲ

ဘယ်အရာမဆို
တစ်ဖက်သက် ဆန်လွန်းနေတာ
မကောင်းဘူးလို့ နားလည်ရမယ်။

ကိုယ်
ဘယ်လောက် တန်ဖိုးထားထား
အသိအမှတ် မပြု့သူရဲ့ဆီမှာတော့
တန်ဖိုးတတ်မှာ မဟုတ်ဘူး။

ဘယ်သူတွေက
ဘယ်လိုထင်တယ် ဆိုတာ
ဘဝမှာ သိပ်ကြီးကျယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။

ဒါကြောင့်...

မာနဟာမကောင်းဘူးဆိုပေမယ့်
ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့အတွက်တော့
မာနဆိုတာ လိုအပ်တယ်။

#မေတ္တာများစွာဖြင့်
(ဘဝစာပေ)

23/09/2022

#တန်ဖိုးသတ်မှတ်ခြင်း

ဒီစာလေးကို မိန်းကလေးအားလုံး ဖတ်စေချင်ပါတယ်...

ဖခင်က သမီးဖြစ်သူကိုခေါ်ပြီး ပြောတာလေးကနေ စကြရအောင်.

"အဖေသမီးကို တစ်ခုပြမယ်.အရေးကြီးတယ်နော်.. "
ပြီးတော့..ဖခင်ဖြစ်သူက
တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိုက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

"ဘာလဲ..ဆိုတာသိချင်လား"လို့သမီးဖြစ်သူကို မေးတယ်။
သမီးဖြစ်သူက ..ခေါင်း
ညိတ်တဲ့အခါမှာတော့
"ဒါဆို ..သမီး ..ထိုင်ထ ၁ခေါက်လုပ်"..
သမီးဖြစ်သူက
ထိုင်ထ လုပ်လဲပြီးရော
ဖခင်ဖြစ်သူက..
"၃ ခေါက်လုပ်မှပြမယ်..." လို့ဆိုပြန်တယ်။

သမီးဖြစ်သူ ၃ ခေါက် ထိုင်ထ လုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်ရော

သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။
ပြီးတော့ ဖခင်ဖြစ်သူက ၁၀
ခေါက်လုပ်မှတဲ့

သမီးဖြစ်သူက ..ထိုင်ထ ၁၀ခေါက်ထပ်လုပ်ပြီးတော့..
"အဖေရယ် သမီးကို ..
ဘာလဲဆိုတာ သိအောင်ပြပါတော့..."လို့ဆိုတယ်။

အဲ့ဒီတော့မှ ...ဖခင်ဖြစ်သူက လက်ထဲမှာ ဆုပ်ကိုင်ထားတာလေးကို ဖွင့်ပြလိုက်
တော့ အကြွေတစ်မတ်စေ့လေး ဖြစ်နေတယ်။

ဖခင်က...အဲ့ဒီအကြွေစေ့လေးကိုပဲ..လက်ထဲမှာနောက်တစ်ခေါက် ပြန်ဆုပ်
ကိုင်လိုက်ပြီးတော့ ..သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင် ပြမယ်လို့ပြောတယ်။
သမီးဖြစ်သူက မတွေ့ချင်
ဘူး.. သမီးတွေ့ပြီးပြီလေ.လို့ပြန်ပြောတယ်။
ဖခင်ဖြစ်သူက
၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ ဆိုတယ်

၁ ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့..သမီးကပြန်ပြောတယ်
ဒါဆို အလကားပြမယ်သမီးရယ်..ကြည့်မလားလို့ ဖခင်က ပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီး မြင်ပြီးသွားရင် ဘာတန်ဖိုးရှိတော့တာမှတ်
လို့ ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှ ဖခင်ဖြစ်သူက..
"ဒီဥပမာလေးလိုပါပဲသမီးရယ်...မတွေ့ခင် မမြင်ခင်က တန်ဖိုးကြီးမားပြီး လိုသ
လိုခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား"

"ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက် လျှို့ဝှက်
ထားသင့်တဲ့အရာတွေကိုလည်း အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

"သမီးတို့ရဲ့..အပျိုစင်ဘ၀ကိုလဲ ဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့
သွားအောင် ...သူတစ်ပါးကိုပေးမမြင်..ပေးမတွေ့သင့်ဘူး.." လို့ ဆုံးမတယ်။

ကဲ.ဒါဆို..
သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား
တန်ဖိုးသိမှ တန်ဖိုးရှိတယ်..
တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်။

တကယ်တော့မိမိတန်ဖိုးကိုမိမိကိုယ်တိုင်သာ သတ်မှတ်တာပါ။
တန်ဖိုးကိုချတာလည်း ကိုယ်တိုင်ပါပဲ။
တင်တာလဲ..ကိုယ်တိုင်ပါ
ပဲနော်။

ညီမလေးတို့...နားလည်သဘောပေါက်
ကြပါစေ

Crd #🙏
#ဗဟုသုတစာပေများ
#ဘဝလှဖို့စာဖတ်ကြစို့
#စာအုပ်စာပေလူ့မိတ်ဆွေ
#လူငယ်များအတွက်ဗဟုသုတစာပေများ
#စာပေကြိုက်သူများ

23/09/2022

"ဘဝဆိုတာ
ဒုက္ခတွေကြားထဲမှာ
ပျော်အောင်နေခြင်းပါပဲ"

မမြဲတဲ့လက်တွေကို
မျှော်လင့်နေမယ့်အစား
တွဲထားတဲ့လက်ကိုဘဲ မြဲမြဲကိုင်ထားပါ။

တွန်းချတဲ့ လက်တွေကို
မေ့ပစ်လိုက်ပြီး
ဆွဲတင်ခဲ့တဲ့ လက်တွေကိုသာ အမှတ်ရနေပါ။

အတိတ်ဆိုးတွေနဲ့
အနာဂတ်အိမ်တွေဆီ
အလည်မသွားဘဲ
ပစ္စုပ္ပန်အိမ်မှာပဲ နေပါ။

ကြင်နာမှု့မှ မရှိတဲ့သူကို
သေအောင် ဖက်တွယ်ထားလည်း
နာကျင်မှုနဲ့သာ အဆုံးသတ်ရမှာ
မဟုတ်လား..........?။

မရောင်တဲ့အရာကို ဆီမလူးဘဲ
ဒဏ်ရာ ဒဏ်ချက်တွေကိုပဲ
ဦးစားပေး ဆေးထည့်ပါ။

ဘဝဆိုတာ
အားလုံး ထင်ထားတာထက်
ပိုပြီး တိုတောင်းတယ်။

တိုတောင်းလှတဲ့ ဘဝလေးမှာ
ကိုယ့်ကိုယ်ကိုယ်
ရွှင်လန်းအောင်သာနေပါတော့။

ဘဝဆိုတာ
ဒုက္ခတွေကြားမှာ
ပျော်အောင်နေခြင်းပဲ မဟုတ်လား•••••။

# အရှင်လက္ခဏ(အင်းပါ)

14/09/2022

မရှိခြင်းဟာ ချမ်းသာတယ်လို့
နားလည်လာတဲ့အခါ
မရှိမှာကိုမကြောက်တော့ဘူး ။

ရှိလာခြင်းဟာမမြဲဘူးလို့
နားလည်လာတဲ့အခါ
ဘာကိုမှ စွဲလန်းမထားတော့ဘူး ။

တိတ်ဆိတ်မှုဟာအရှုပ်ကင်းခြင်းလို့
နားလည်လာတဲ့အခါ
နေရာတကာ ၀င်မပါတော့ဘူး ။

အထင်ကြီးခံရမှုဟာဘ၀မဟုတ်မှန်း
ခံစားလာရတဲ့အခါ
သတိလက်လွတ်မပျော်မိတော့ဘူး ။

အထင်သေးခံရမှုဟာ
အားငယ်စရာမဟုတ်မှန်းသိလာတဲ့အခါ
အပြစ်တင်မှုတွေကို ဂရုမစိုက်တော့ဘူး ။

ဘ၀ဟာ ခဏပါလို့ နားလည်လာတဲ့အခါ
အမုန်းတရားတွေနဲ့စိတ်ညစ်စရာတွေကို
သိမ်းပိုက်မထားချင်တော့ပါဘူး ။

နေရသမျှလေးမှာ...
အပြစ်ကင်းပြီးစိတ်ချမ်းသာအောင်ပဲ
ကြိုးစား၍ နေဖြစ်ပါတော့တယ် ။

credit: သာရ ဂ ဝေ သီ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


သရက်တော
Yangon
KZT