Lingua Kingdom Language Academy

Lingua Kingdom Language Academy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lingua Kingdom Language Academy, Language school, Yangon.

🏆Félicitations PSG!🏆🎆🎆 Paris Saint-Germain အသင်း 2024-2025 ဘောလုံးရာသီ ဥရောပ ချန်ပီယံဖလား ပြိုင်ပွဲရဲ့ ဆုဖလားကြီးကို ထို...
01/06/2025

🏆Félicitations PSG!🏆

🎆🎆 Paris Saint-Germain အသင်း 2024-2025 ဘောလုံးရာသီ ဥရောပ ချန်ပီယံဖလား ပြိုင်ပွဲရဲ့ ဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့တဲ့အတွက် congratulations ပါ။ 🎉🎉
PSG(ပြင်သစ်အသံထွက်နဲ့ 'ပေအက်စ်ရေ')လို့လည်း အတိုကောက်ခေါ်ကြတဲ့ဒီအသင်းဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရဲ့ အနောက်ဘက်ပိုင်း၊ 16th arrondissement (ရပ်ကွက်ကြီး/မြို့နယ် ၁၆) မှာ အခြေစိုက်တဲ့ ဘောလုံးအသင်း တစ်သင်းဖြစ်ပါတယ်။
Paris Saint-Germain ရဲ့ တကယ့် ပြင်သစ်အသံထွက်အမှန်ကို "ပါဟီ ဆန့် ရဲဟ်မန်" လို့ မြန်မာလို အနီးစပ်ဆုံး ပေါင်းနိုင်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ Paris FC အသင်းနဲ့ Stade Saint-Germain အသင်းတို့ ပူးပေါင်းလိုက်လို့ PSG အသင်းရယ်လို့ ဖြစ်လာတာပါ။ သူ့ရဲ့ အိမ်ကွင်းကတော့ Parc des Princes (ပါ့ခ်ဒေ ပဟန့်စ်) ကွင်းဖြစ်ပြီး ပရိတ်သတ် ၄သောင်း၈ထောင်ကျော် ဆန့်ပါတယ်။ နာမည်ကြီးဘောလုံးသမားတွေဖြစ်တဲ့ ရော်နယ်ဒင်ဟို၊ ဒေးဗစ်ဘက်ခမ်း၊ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ ကစားခဲ့ဖူးတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အချမ်းသာဆုံးဖြစ်တဲ့ PSG အသင်းဟာ ၂၀၂၄ခုနှစ်ရဲ့ ကမ္ဘာပေါ်မှာ တတိယမြောက်ဝင်ငွေအများဆုံး ဘောလုံးအသင်းဖြစ်သလို ကမ္ဘာ့သတ္တမမြောက် တန်ဖိုးအကြီးဆုံး ဘောလုံး အသင်းလည်း ဖြစ်ပါတယ်။ အသင်းကို Qatar Sports Investments က ၈၇.၅%နဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Arctos Partners က ၁၂.၅% ပူးတွဲပိုင်ဆိုင်ပါတယ်။
အခုလို ဥရောပရဲ့ချန်ပီယံများဖလား (UEFA Champions League) ကို ပထမဆုံးအကြိမ် ဆွတ်ခူးသွားတဲ့ Paris Saint-Germain အသင်းအတွက် Félicitations ပါ။ ပြင်သစ်ကို ရောက်တဲ့အခါကျရင် အမှတ်တရ သွားလည်ခဲ့ကြပါအုံးနော်။
"Ici c'est Paris"

Hubert
Lingua Kingdom
01-June-2025

💁‍♂️ Lingua Kingdom Language Academy ရဲ့ French B1.1 တန်းခွဲသစ်‌ကို June 8ရက်နေ့မှာ စတင်မှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေ...
02/06/2024

💁‍♂️ Lingua Kingdom Language Academy ရဲ့ French B1.1 တန်းခွဲသစ်‌ကို June 8ရက်နေ့မှာ စတင်မှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပါးလိုက်ပါတယ်...

✨ French B1.1 တန်းခွဲသစ် ✨

🗓️ 𝗦𝗰𝗵𝗲𝗱𝘂𝗹𝗲 🗓️
𝗦𝘁𝗮𝗿𝘁𝗶𝗻𝗴 𝗗𝗮𝘁𝗲 : 𝟴-𝗝𝘂𝗻𝗲-𝟮𝟬𝟮𝟰
𝗗𝗮𝘆𝘀: 𝗦𝗮𝘁 & 𝗦𝘂𝗻
𝗧𝗶𝗺𝗲: 𝟰:𝟬𝟬-𝟲:𝟬𝟬 𝗽.𝗺
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻: 𝟱𝟮 𝗵𝗼𝘂𝗿𝘀 (𝟯 𝗺𝗼𝗻𝘁𝗵𝘀)

သင့်ရဲ့ ပြင်သစ်စာလေ့လာတဲ့ လမ်းကြောင်းမှာ အကောင်းဆုံး ကူညီပံ့ပိုးပေးမယ့် Lingua Kingdom Language Academyကို အခုပဲ ဆက်သွယ်လိုက်ပါ

☎️ Viber: 09954599838

#ပြင်သစ်သင်တန်း

31/12/2023

🎉Bonne année 2024!🎉
🎁Que cette nouvelle année vous apporte joie, succès et de nouvelles opportunités d'apprentissage et de croissance. Merci d'être partie prenante de notre communauté scolaire de langues. À une année pleine d'aventures linguistiques ! 📚

🎉¡Feliz Año Nuevo!🎉
🎁Que este año les traiga alegría, éxito y nuevas oportunidades para aprender y crecer. Gracias por ser parte de nuestra comunidad de la escuela de idiomas. ¡Brindamos por un año lleno de aventuras lingüísticas!

🎉Happy New Year!🎉
🎁May this year bring you joy, success, and new opportunities for learning and growth. Thank you for being a part of our language school community. Cheers to a year filled with language adventures!



Chers élèves,On vous souhaite de joyeuses fêtes de fin d'année ! Que Noël soit rempli de bonheur, de paix et de joie dan...
25/12/2023

Chers élèves,
On vous souhaite de joyeuses fêtes de fin d'année ! Que Noël soit rempli de bonheur, de paix et de joie dans vos foyers.

Queridos estudiantes,
¡Os deseamos unas felices fiestas de fin de año! Que la Navidad llene vuestros hogares de felicidad, paz y alegría.

We wish you a joyful holiday season! May Christmas bring happiness, peace, and joy to your homes.

ဒီနေ့ကတော့ ပြင်သစ်မှာ နည်းနည်းထူးခြားတဲ့ နေ့လေးတစ်နေ့ပါ။ October 28 ရက်ည အိပ်နေတုန်း 29 ရက်နေ့ကို ပြောင်းစ မနက်စောစော ၃န...
29/10/2023

ဒီနေ့ကတော့ ပြင်သစ်မှာ နည်းနည်းထူးခြားတဲ့ နေ့လေးတစ်နေ့ပါ။ October 28 ရက်ည အိပ်နေတုန်း 29 ရက်နေ့ကို ပြောင်းစ မနက်စောစော ၃နာရီ အချိန်ကို မနက် ၂နာရီဆိုပြီး ပြန်ပြောင်းသတ်မှတ်ပါတယ်။ ဒါကိုဆောင်းရာသီအချိန် ပြောင်းလဲသတ်မှတ်ခြင်း (Passage à l'Heure d'Hiver) လို့ ခေါ်ပါတယ်။
ဆိုတော့ ခါတိုင်းမနက်၈နာရီမှာ ထရမဲ့သူက ၁နာရီနောက်ကျမှ ထရတော့ ပုံမှန်မ‌ပြောင်းခင် နာရီအတိုင်းဆို ၉နာရီမှ ထရသလို ဖြစ်သွားတာမို့လို့ ၁နာရီ ပိုအိပ်ခွင့်ရတဲ့ သဘော ဖြစ်သွားတာပေါ့နော်။
တကယ်တော့ ဒီစနစ်ဟာ ပထမကမ္ဘာစစ်ဖြစ်နေတဲ့ အချိန်လောက် ကတည်းက စရှိနေခဲ့ပြီး ကြားထဲမှာ ပြန်ဖျက်သိမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၈၀ ဝန်းကျင် ခုနှစ်တွေမှာ ပြင်သစ်အပါဝင် အခြား ဥရောပနိုင်ငံတွေမှာ တရားဝင် ပြန်လည်ကျင့်သုံးခဲ့ကြပါတယ်။ ခုလို လုပ်ဆောင်ရတဲ့အဓိက အကြောင်းရင်းကတော့ ရာသီဥတု ပြောင်းလဲမှု‌ကြောင့်ဖြစ်လာတဲ့ နေ့တာ၊ ညတာ အတိုအရှည် ကွာခြားမှုနဲ့ လူတွေ ပိုလိုက်လျောညီထွေ ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ မလိုအပ်တဲ့ စွမ်းအင်သုံးစွဲမှုကို ချွေတာဖို့လည်း ပါဝင်ပါတယ်။
ကျွန်တော်လည်း ဒီနေ့ ၁နာရီပိုအိပ်လိုက်ရပါတယ်။ မြန်မာနဲ့ တခြားအာရှကနေ လှမ်းတက်နေတဲ့ ကိုယ့်ရဲ့ကျောင်းသားတွေနဲ့တော့ ၁နာရီ ပိုကွာသွားတာပေါ့။ ဆွစ်ဇာလန်၊ ဘယ်ဂျီယမ်က သူတွေနဲ့တော့ တူနေသေးတော့ တွက်ရချက်ရ သက်သာသွားလို့ တော်ပါသေးတယ်။

Hubert
Lingua Kingdom Language Academy

22/08/2023

Lingua Kingdom မှာ French A2.1 level တက်ရောက်နေတဲ့ ကျောင်းသူ Gracie ရဲ့ “Ma passion pour la couture” (My Passion for Sewing) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောထားတဲ့ ဗီဒီယိုလေးကို တင်ပြ‌ပေးလိုက်ပါတယ်‌။
ပြင်သစ်ဘာသာစကားကို ခုလို စိတ်ဝင်တစားနဲ့ ကြိုးကြိုးစားစား သင်ယူထားတာကို Lingua Kingdom က အသိမှတ်ပြု ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံး ကြိုးစားသင်ယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

20/08/2023

Lingua Kingdom မှာ French A2 level တက်ရောက်နေတဲ့ ကျောင်းသူ May ရဲ့ “Mon expérience effrayante de voir un fantôme” (👻 My scary experience of seeing a ghost 👻) ဆိုတဲ့ ခေါင်းစဉ်နဲ့ သရဲခြောက်ခံရဖူးတဲ့အကြောင်း ပြောထားတဲ့ ဗီဒီယိုလေးကို တင်ပြ‌ပေးလိုက်ပါတယ်‌။
ပြင်သစ်ဘာသာစကားကို ခုလို စိတ်ဝင်တစားနဲ့ ကြိုးကြိုးစားစား သင်ယူထားတာကို Lingua Kingdom က အသိမှတ်ပြု ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံး ကြိုးစားသင်ယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

19/08/2023

Lingua Kingdom မှာ French A2.1 level တက်ရောက်နေတဲ့ ကျောင်းသူ Noreen ရဲ့ “Mes Dernières Vacances” (My Last Vacation) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောထားတဲ့ ဗီဒီယိုလေးကို တင်ပြ‌ပေးလိုက်ပါတယ်‌။
ပြင်သစ်ဘာသာစကားကို ခုလို စိတ်ဝင်တစားနဲ့ ကြိုးကြိုးစားစား သင်ယူထားတာကို Lingua Kingdom က အသိမှတ်ပြု ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံး ကြိုးစားသင်ယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

18/08/2023

Lingua Kingdom မှာ French A1.2 level တက်ရောက်နေတဲ့ ကျောင်းသား Koppi ရဲ့ “Mon Meilleur Ami” (My Best Friend) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောထားတဲ့ ဗီဒီယိုလေးကို တင်ပြ‌ပေးလိုက်ပါတယ်‌။

ပြင်သစ်ဘာသာစကားကို ခုလို စိတ်ဝင်တစားနဲ့ ကြိုးကြိုးစားစား သင်ယူထားတာကို Lingua Kingdom က အသိမှတ်ပြု ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံး ကြိုးစားသင်ယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

15/08/2023

Lingua Kingdom မှာ French A2.1 level တက်ရောက်နေတဲ့ ကျောင်းသူ Blanche ရဲ့ “Ma Ville Natale” (My Home Town) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောထားတဲ့ ဗီဒီယိုလေးကို တင်ပြ‌ပေးလိုက်ပါတယ်‌။

ပြင်သစ်ဘာသာစကားကို ခုလို စိတ်ဝင်တစားနဲ့ ကြိုးကြိုးစားစား သင်ယူထားတာကို Lingua Kingdom က အသိမှတ်ပြု ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံး ကြိုးစားသင်ယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

Address

Yangon

Opening Hours

Monday 09:30 - 18:30
Tuesday 09:30 - 18:30
Wednesday 09:30 - 18:30
Thursday 09:30 - 18:30
Friday 09:30 - 18:30
Saturday 09:30 - 18:30
Sunday 09:30 - 18:30

Telephone

+959898444808

Website

Alerts

Be the first to know and let us send you an email when Lingua Kingdom Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Lingua Kingdom Language Academy:

Shortcuts

Share