Edvantage Japanese Language School

Call Directions Website Contact the school

Edvantage Japanese Language School Learn Japanese with fun and active teaching methods !
(518)

ကျေးဇူးတရားကို တန်ဖိုးထားတတ်တဲ့ ဂျပန်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဂျပန်နိုင်ငံမှာ စက်တင်ဘာလရဲ့ တတိယမြောက် တနင်္လာနေ့ဟာ သက...
21/09/2026

ကျေးဇူးတရားကို တန်ဖိုးထားတတ်တဲ့ ဂျပန်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်

ဂျပန်နိုင်ငံမှာ စက်တင်ဘာလရဲ့ တတိယမြောက် တနင်္လာနေ့ဟာ သက်ကြီးရွယ်အိုများရဲ့ လူ့ဘောင်အဖွဲ့အစည်းအပေါ် နှစ်ပေါင်းများစွာ စွမ်းဆောင်ပေးဆပ်ခဲ့မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့ "Keirō no Hi" (သက်ကြီးရွယ်အိုများကို ရိုသေလေးစားသောနေ့) ဖြစ်ပါတယ်။ 👴👵

ဂျပန်လူမျိုးတွေအတွက် ဒီနေ့ဟာ ရိုးရိုး အများပြည်သူ အလုပ်ပိတ်ရက်တစ်ခုရုံသာ မကပါဘူး။

မိဘဘိုးဘွားတွေဆီ သွားရောက်လည်ပတ်တာ၊ လက်ဆောင်ပစ္စည်းများနဲ့ ကျန်းမာရေးဆုမွန်ကောင်း တောင်းပေးတာ၊ မိသားစုစုံစုံလင်လင်နဲ့ အတူတူ ထမင်းလက်ဆုံစားပြီး ကျေးဇူးတရားကို ဖော်ပြကြတဲ့ အလွန်နွေးထွေးတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါတယ်။ 🌸🍵

ဂျပန်လူ့အဖွဲ့အစည်းမှာ သက်ကြီးရွယ်အိုတွေရဲ့ ဘဝအတွေ့အကြုံနဲ့ ဖြတ်သန်းမှုတွေကို အလွန် လေးစားတန်ဖိုးထားကြပါတယ်။� ဝေးကွာနေတဲ့ သားသမီး၊ မြေးလေးတွေက ဘိုးဘွားတွေအတွက် စာရေးတာ၊ ဖုန်းဆက်ပြီး ကျေးဇူးစကား ဆိုလေ့ရှိပါတယ်။�အသက်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းပေးရင်း အားလုံးအတွက် စံနမူနာပြ ဖြတ်သန်းမှုတွေကို ဂုဏ်ပြုကြပါတယ်။ 👴👵�
ဂျပန်စာလေ့လာတယ်ဆိုတာ စာတွေကိုပဲ သိရုံတင်မကပါဘူး။ ဂျပန်လူမျိုးတို့ရဲ့ လူမှုစံနှုန်း၊ ကျေးဇူးတရားကို တန်ဖိုးထားတဲ့ ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်တွေကိုပါ နားလည်သဘောပေါက်ထားသင့်ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ Keirō no Hi ကနေစပြီး ကျေးဇူးရှင် မိဘဘိုးဘွားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကာ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေကြောင်း Edvantage မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။ 🌸🙏


#ဂျပန်ယဉ်ကျေးမှု #စမ်းချောင်း #တာမွေ

N4 နဲ့ ရပ်တန့်မနေဘဲ သင့်ရဲ့ ဂျပန်စာ စွမ်းရည်ကို နောက်တစ်ဆင့် လှမ်းတက်နိုင်ဖို့ Edvantage N3 အတန်းတွေ က အဆင်သင့် ရှိနေပါပ...
15/09/2026

N4 နဲ့ ရပ်တန့်မနေဘဲ သင့်ရဲ့ ဂျပန်စာ စွမ်းရည်ကို နောက်တစ်ဆင့် လှမ်းတက်နိုင်ဖို့ Edvantage N3 အတန်းတွေ က အဆင်သင့် ရှိနေပါပြီရှင်!

ဂျပန်နိုင်ငံမှာ အခွင့်အလမ်းကောင်းတဲ့ အလုပ်အကိုင်တွေ ရရှိဖို့နဲ့ တက္ကသိုလ် ဝင်ခွင့်တွေရဖို့ဆိုတာ N3 Level က မဖြစ်မနေ လိုအပ်တဲ့ အဓိက သော့ချက်ပါပဲ။

ဒီအတွက် စာမေးပွဲ ဖြေဆိုနည်း အပြင် အလုပ်ခွင်ဝင်သုံးစကားပြောတွေအထိကိုပါ ထည့်သွင်း သင်ကြားပေးနေတဲ့ Edvantage N3 အတန်းတွေက အခုတစ်ခေါက်မှာ Online အနေနဲ့ရော Campus အတန်းအနေနဲ့ပါ ကိုယ်နဲ့အဆင်ပြေရာအတန်းကိုရွေးချယ်တက်ရောက်နိုင်ပါပြီ။💡👇

💡 Edvantage ရဲ့ N3 Class အတန်းမှာ ဘာတွေ ထူးခြားမလဲ?

🎯 စာသင်ရုံတင် မဟုတ်ဘဲ ကျောင်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကို Sensei က အနီးကပ် လမ်းညွှန် ပြုပြင်ပေးသွားမှာပါ။

⛩️စာအုပ်ထဲက Grammar အပြင် ဂျပန်လူမျိုးတွေရဲ့ Manners နဲ့ နေထိုင်မှုဘဝပုံစံ ယဉ်ကျေးမှုတွေကိုပါ တစ်ပါတည်း သင်ယူရမှာပါ။

🎧 Grammar, Vocab သက်သက်တင်မကဘဲ ကျောင်းသားတွေ ကြောက်တတ်ကြတဲ့ Reading နဲ့ Listening ကို အပတ်စဉ် မပျက်မကွက် လေ့ကျင့်ပေးသွားမှာပါ။

📝 သင်ခန်းစာတွေကို သေချာ စစ်ဆေး လေ့ကျင့်ပေးမယ့်အပြင်၊ လစဉ် Mock Test တွေပါ စစ်ပေးသွားမှာမလို့ စာမေးပွဲခန်း အတွေ့အကြုံ ကြိုရနေမှာပါ။

🎥 Online အတန်းတွေဆိုရင် အကြောင်းတစ်ခုခုကြောင့် အတန်းပျက်ခဲ့ရင် စိတ်ပူစရာ မလိုဘဲ အချိန်မရွေး ပြန်လည် လေ့လာနိုင်မယ့် Zoom Recording Video တွေလည်း ရှိနေမှာ ဖြစ်ပါတယ်။

🏫 ဆရာ/မများနှင့် တိုက်ရိုက် ထိတွေ့ပြီး စာမေးပွဲ ပုစ္ဆာများကို အနီးကပ် လေ့ကျင့်ချင်သူများအတွက် Sanchaung Campus အတန်းလေးနဲ့

💻နေရာဒေသမရွေးကနေ အချိန်ကုန် သက်သက်သာသာနဲ့ Zoom ဖြင့် တိုက်ရိုက် မေးမြန်း လေ့ကျင့်ချင်သူများအတွက် Online အတန်းတွေ ဖွင့်လှစ်ထားပြီး

⏳ အတန်းတိုင်းကို လူဦးရေလည်း ကန့်သတ်ထားတာမလို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ဖို့ အကြံပေးလိုက်ပါတယ်နော်။







"Anime တိုင်းမှာ ၁ မိနစ်ကို အနည်းဆုံး ၃ ခေါက် လောက် ကြားနေရတဲ့ 「やばい」 (Yabai) ရဲ့ အဓိပ္ပာယ် အမှန်ကို သိရဲ့လား?" 🎬✨တကယ်က A...
15/09/2026

"Anime တိုင်းမှာ ၁ မိနစ်ကို အနည်းဆုံး ၃ ခေါက် လောက် ကြားနေရတဲ့ 「やばい」 (Yabai) ရဲ့ အဓိပ္ပာယ် အမှန်ကို သိရဲ့လား?" 🎬✨

တကယ်က Anime ကြည့်ရင်းမှ မဟုတ်ဘဲ ဂျပန်လူမျိုးတွေ စကားပြောရင်လည်း ပါးစပ်ဖျားက မချတမ်း သုံးလေ့ရှိတဲ့ ဒီစကားလုံးဟာ "အခြေအနေ" ပေါ်မူတည်ပြီး အဓိပ္ပာယ် ၅ မျိုးအထိ ပြောင်းလဲသွားပါတယ်ရှင်! ဘယ်လိုနေရာတွေမှာ သုံးလဲဆိုတာ တူတူ ကြည့်လိုက်ရအောင်နော်~ 💡👇

၁။ ဒုက္ခပဲ / သွားပြီ!

မူလ အဓိပ္ပာယ်ဖြစ်ပြီး မကောင်းတဲ့ အခြေအနေ၊ စိတ်ပူစရာ ဒါမှမဟုတ် အမှားတစ်ခုခု လုပ်မိတဲ့အခါ သုံးပါတယ်။
ဥပမာ:

宿題を忘れた!やばい!
အိမ်စာ ယူလာဖို့ မေ့ခဲ့တယ်! ဒုက္ခပဲ / သွားပြီ!

၂။ လုံးဝ ရှယ်ပဲ / ရမ်းလန်းတယ်!

လူငယ်တွေအကြား အသုံးအများဆုံးဖြစ်ပြီး အရာတစ်ခုခုက လွန်လွန်ကဲကဲ ကောင်းမွန်နေတဲ့အခါ ချီးကျူးဖို့ သုံးပါတယ်။
ဥပမာ:

このラーメン、やばい!美味しかった!
ဒီရာမင်က လုံးဝ ရှယ်ပဲ! အရမ်း အရသာရှိတာပဲ!

၃။ ချောလိုက်တာ / လှလိုက်တာ!

တစ်စုံတစ်ယောက်ရဲ့ ရုပ်ရည်၊ စတိုင်လ် ဒါမှမဟုတ် ဆွဲဆောင်မှုက လွန်လွန်ကဲကဲ ကြည့်ကောင်းနေတဲ့အခါ သုံးပါတယ်။
ဥပမာ:

あの人、かっこよすぎてやばい!
အဲ့ဒီလူက လွန်လွန်ကဲကဲ ချောလွန်းလို့ လုံးဝ ရှယ်ပဲ!

၄။ အရမ်း ခက်တယ် / ပင်ပန်းတယ်!

စာမေးပွဲ၊ အလုပ် သို့မဟုတ် အခြေအနေတစ်ခုခုက ပုံမှန်ထက် အများကြီး ပိုမို ခက်ခဲ ခဲယဉ်းနေတဲ့အခါ သုံးပါတယ်။
ဥပမာ:

明日のテスト、マジでやばい…

မနက်ဖြန် စာမေးပွဲက တကယ်ကို ခက်လွန်းတယ် (ဒုက္ခပါပဲ)...

၅။ ရယ်ရလွန်းလို့ သေမယ်!

ဟာသတစ်ခုခု ဒါမှမဟုတ် အဖြစ်အပျက်တစ်ခုခုက အရမ်း ရယ်ရလွန်းတဲ့အခါ သုံးပါတယ်။
ဥပမာ:

あのアニメ、面白すぎてやばい!

အဲ့ဒီ anime က အရမ်း ရယ်ရလွန်းလို့ တကယ်အူတက်!

💡 「やばい」 (Yabai) က သူငယ်ချင်းတွေကြား အခြေအနေတွေမှာပဲ သုံးရမယ့် Casual Slangဖြစ်တာကြောင့် အလုပ်ရှင်၊ ဆရာ/မ နဲ့ အင်တာဗျူး အခြေအနေတွေမှာတော့ လုံးဝ မသုံးမိဖို့ သတိထားရပါမယ်ရှင်!







JLPT စာမေးပွဲတွေ ဖြေပြီးတိုင်း အောင်/ကျ ရလဒ်ကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေရတုန်းလား?" 🎯စနစ်ကျတဲ့ သင်ကြားမှုနဲ့ အနီးက...
14/09/2026

JLPT စာမေးပွဲတွေ ဖြေပြီးတိုင်း အောင်/ကျ ရလဒ်ကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေရတုန်းလား?" 🎯

စနစ်ကျတဲ့ သင်ကြားမှုနဲ့ အနီးကပ် တွဲခေါ်ပေးပြီး စာမေးပွဲ ရလဒ်တိုင်းမှာ အောင်ချက်လှနေတဲ့ Edvantage ရဲ့ N4 စနစ် နဲ့ဆိုရင်တော့ အမှတ်မြင့်မြင့်နဲ့ တစ်ခါတည်း အောင်မြင်သွားမှာပါရှင်! 🏆✨👇

𝗡𝟰 ပြီးထားရင် ဂျပန်အိပ်မက် အလှမ်းမဝေးတော့တာမလို့ 𝗡𝟰 အရည်အချင်းလက်မှတ်တစ်ခုကို ကိုင်ထားတဲ့သူတစ်ယောက်အတွက် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အရေးတွေလည်း အများကြီးရှိနေတာမို့ 𝗡𝟰 အထိ ပြီးမြောက်ထားဖို့ကို အကြံပေးပါရစေ..

𝗘𝗱𝘃𝗮𝗻𝘁𝗮𝗴𝗲 ရဲ့ N4 အတန်းတွေက ဘာတွေ ရရှိမှာလဲ?
 𝗡𝟰 အဆင့်နဲ့ ကိုက်ညီတဲ့ အရေး၊ အဖတ်၊ အပြော စွမ်းရည်တွေ တိုးတက်လာစေမယ်။

 𝗝𝗟𝗣𝗧 အပါအဝင် ဂျပန်အရည်အချင်းစစ်စာမေးပွဲတွေမှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်နိုင်မယ်။
 ဂျပန်စာကို စာမေးပွဲအောင်မြင်ဖို့တင်မကဘဲ တစ်သက်လုံးအထိ သယ်သွားနိုင်မယ်။

 𝗡𝟯 𝗡𝟮 တွေအထိ တက်လှမ်းနိုင်ဖို့ ခိုင်မာတဲ့ ဂျပန်စာအုတ်မြစ်ကို တည်ဆောက်သွားနိုင်မယ်။

 အလွတ်ကျက်စရာမလိုတဲ့ Method တွေနဲ့ Grammar နဲ့ Kanji တွေကို အပိုင်တွက်နိုင်အောင် လေ့ကျင့်ပေးမှာပါ။

 စာမေးပွဲခန်းထဲမှာ အချိန်မလောက်တာမျိုး မဖြစ်အောင် Time Management နဲ့ ပုစ္ဆာဖြေဆိုနည်း Strategy တွေကို စနစ်တကျ Guide လုပ်ပေးသွားမှာပါ။

🎯 ဒီအတန်းလေးက ဘယ်သူတွေအတွက်လဲ?

🌟N5 အခြေခံ ရပြီး N4 / JFT ကို 'ဒုတိယအကြိမ်' ဆိုတာ မရှိဘဲ တစ်ခါတည်းနဲ့ အမှတ်မြင့်မြင့် အောင်ချင်သူများ

🌟SSW / Tokutei Ginou နဲ့ ဂျပန်သို့ အမြန်ဆုံး ထွက်ခွာရန် ပြင်ဆင်နေသူတွေအတွက် အထူးသင့်တော်ပါတယ်။

ရင်တထိတ်ထိတ်နဲ့ အောင်/ကျ ရလဒ် စောင့်ရတဲ့ စိုးရိမ်စိတ်တွေကို မေ့ပစ်လိုက်ပါ။ အောင်မြင်သူတွေထဲမှာ သင်ကိုယ်တိုင် ပါဝင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါနော်~ 💙✨





ဂျပန်နိုင်ငံမှာ စက်တင်ဘာနဲ့ အောက်တိုဘာလဆန်း ဝန်းကျင်ရောက်ရင် ကျင်းပလေ့ရှိတဲ့ Tsukimi (お月見) သို့မဟုတ် ကောက်ပဲသီးနှံ ရိတ်သ...
14/09/2026

ဂျပန်နိုင်ငံမှာ စက်တင်ဘာနဲ့ အောက်တိုဘာလဆန်း ဝန်းကျင်ရောက်ရင် ကျင်းပလေ့ရှိတဲ့ Tsukimi (お月見) သို့မဟုတ် ကောက်ပဲသီးနှံ ရိတ်သိမ်းရရှိမှုကို ကျေးဇူးတင်ကြတဲ့ ချစ်စရာ ရိုးရာပွဲတော်တစ်ခုရှိပါတယ်ရှင်! 💡👇

၁။ ဘာကြောင့် Tsukimi ပွဲတော်ကို ကျင်းပကြတာလဲ? 🌕

"Tsukimi" (月見) ဆိုတာ "လကြည့်ခြင်း" လို့ အဓိပ္ပာယ်ရပြီး ရှေးခေတ် နန်းတွင်းသူ နန်းတွင်းသားတွေက လပြည့်ညမှာ ကဗျာစပ်၊ သီချင်းဆိုရင်း လကြည့်ပွဲတော် ကျင်းပရာကနေ စတင်ခဲ့တာပါ။ ဒီရာသီမှာ သာတဲ့ လမင်းကြီးကို Chūshū no Meigetsu (中秋の名月) လို့ ခေါ်ဆိုပြီး တစ်နှစ်တာမှာ အလင်းလက်ဆုံးနဲ့ အလှပဆုံး လပြည့်လမင်းကြီးအဖြစ် ယူဆကြပါတယ်။

၂။ Tsukimi ညမှာ ပြင်ဆင်လေ့ရှိတဲ့ ရိုးရာပစ္စည်း ၃ မျိုး 🍡🌾

Tsukimi Dango (月見団子)🍡
လပြည့်လမင်း ပုံစံမျိုး ဆန်မှုန့်နဲ့ လုံးထားတဲ့ အဖြူရောင် မုန့်လုံးလေး ၁၅ လုံးကို ပိရမစ်ပုံစံ ဆင့်၍ လမင်းကြီးထံ တင်မြှောက် ပူဇော်ကြပါတယ်။

Susuki (ကျူမြက်)🌾
စပါးနှံနဲ့ ပုံစံတူပြီး Susuki မြက်များကို အလှဆင်ထားတာက၊ မကောင်းတဲ့ ဘေးအန္တရာယ်တွေကို မောင်းထုတ်ပေးပြီး ကောက်ပဲသီးနှံတွေ အထွက်ကောင်းစေဖို့ လယ်ယာနတ်ဘုရားထံ ဆုတောင်းကြတဲ့ အဓိပ္ပာယ်ရှိပါတယ်။

ဆောင်းဦးရာသီ ထွက်သီးနှံများ
Satoimo (ကန်စွန်းဥ)၊ စပျစ်သီးနှင့် ကောက်ပဲသီးနှံတွေကိုလည်း လမင်းကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ တင်မြှောက်ကြပါတယ်။

၃။ Tsukimi ရဲ့ ချစ်စရာ ပုံပြင်နဲ့ ရာသီစာ အစားအစာများ 🐇🍔

လမင်းပေါ်က ယုန်ကလေးဂျပန်ယဉ်ကျေးမှုမှာ လပြည့်လမင်းကြီးထဲမှာ "ယုန်ကလေးက Mochi (မုန့်ဆန်း) ထောင်းနေတာ" ကို မြင်ရတယ်လို့ ယုံကြည်ကြလို့ Tsukimi ရာသီ အလှဆင်ပစ္စည်းတွေမှာ ယုန်ပုံစံလေးများကို အများဆုံး တွေ့ရပါတယ်။

ဒီရာသီမှာ ဂျပန်နိုင်ငံမှာရှိတဲ့ McDonald's, KFC စတဲ့ ဆိုင်တိုင်းလိုလိုမှာ ကြက်ဥအနှစ် (လပြည့်လမင်း ပုံစံ) ပါဝင်တဲ့ Tsukimi Burger နဲ့ Tsukimi Soba/Udon တွေကို ရာသီစာအဖြစ် သီးသန့် ရောင်းချပေးလေ့ရှိပါတယ်။

🌾🌕 "အခုလိုဂျပန်မှာ ဆောင်းဦးဝင်လာတဲ့ရာသီမှာ အားလုံးပဲ လှပတဲ့ လပြည့်လမင်းကြီးနဲ့အတူ ကျန်းမာပျော်ရွှင်ကြဖို့ Edvantage က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်~"

🌸 "ဂျပန်စာ သင်ယူရင်း ဂျပန်နိုင်ငံရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတွေကိုပါ လေ့လာချင်တယ်ဆိုရင်တော့ Edvantage မှာ စနစ်တကျ သင်ကြားပေးနေပါပြီရှင်~ 💡✨








13/09/2026

COE Reject ဖြစ်ထားလည်း Edvantage နဲ့ အဆုံးထိ လက်တွဲပြီး အောင်မြင်စွာ COE ရရှိသွားကြပါပြီ! 🌸✨

လက်ရှိကာလမှာ COE စစ်ဆေးမှုတွေ အရင်ကထက် ပိုမိုကြပ်မတ်လာတဲ့အတွက် အမှားအယွင်း အသေးအဖွဲလေးကြောင့်နဲ့တင် COE ကျသွားတဲ့ ကိစ္စတွေ အများအပြား ရှိလာပါတယ်။

Edvantage မှာတော့ COE ကျဖူးထားတဲ့ ကလေးတွေကို အစကနေ ပြန်လည်စိစစ်ပေးပြီး ချို့ယွင်းချက်ရှိခဲ့တဲ့ စာရွက်စာတမ်းတွေကို ဥပဒေကြောင်းအရ ခိုင်မာအောင် ပြန်လည်ပြင်ဆင်ပေးခြင်းတို့ဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီလို အောင်မြင်မှုရလဒ်တွေကို ကျောင်းသားတွေနဲ့အတူ ပျော်ရွှင်စွာ ရိတ်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အိပ်မက်ကို အရှုံးမပေးဘဲ သေချာတဲ့ လမ်းကြောင်းနဲ့ ပြန်လည်လျှောက်ထားချင်တယ်ဆိုရင် Edvantage က အမြဲအသင့် ရှိနေပါတယ်ရှင် 💕


%
#တက္ကသိုလ်တိုက်ရိုက်

ဂျပန်ရောက်ရင် Uniqlo, GU စတဲ့ အထည်ဆိုင်တွေနဲ့ Lawson, Seven-Eleven, FamilyMart လို စတိုးဆိုင်တွေက ကျောင်းသားတွေ အချိန်ပိ...
13/09/2026

ဂျပန်ရောက်ရင် Uniqlo, GU စတဲ့ အထည်ဆိုင်တွေနဲ့ Lawson, Seven-Eleven, FamilyMart လို စတိုးဆိုင်တွေက ကျောင်းသားတွေ အချိန်ပိုင်းအလုပ်အနေနဲ့ အများဆုံးရွေးချယ်ကြတဲ့ နေရာတွေပါပဲ။

ဒီလို ဆိုင်တွေမှာ အလုပ်လုပ်ဖို့ဆို ဒီအချက်တွေကို သိထားသင့်ပါတယ်💡👇

၁။ ဂျပန်စာ Level ပိုင်း🗣️

Lawson, Seven-Eleven, FamilyMart စတဲ့ စတိုးဆိုင်တွေအတွက်

ဒီမှာကတော့ စာမေးပွဲ အောင်လက်မှတ် level ထက် ကိုယ်က ဧည့်သည်တွေနဲ့ တိုက်ရိုက်စကားပြောနိုင်လား၊ သူတို့ပြောတာနားလည်လားဆိုတာ က အဓိကပါ။စကင်ဖတ်တာ၊ ပစ္စည်းနွေးပေးတာ၊ စိဂရက်နံပါတ် ယူပေးတာ စတဲ့ စကားပြောတွေကို တန်းနားလည်ပြီး ပြန်ဖြေနိုင်ရပါမယ်။

Uniqlo & GU စတဲ့ဆိုင်တွေအတွက်

စပြီး အလုပ်လျှောက်ထားကတည်းကိုက ကိုယ့် CV မှာ ဂျပန်စာ Level က အရေးကြီးပါဝင်လာပါတယ်။ JLPT N3 / N2 Level ရှိထားရပြီးတော့ Listening နဲ့ Communication ကောင်းရပါတယ်။အထည်ဆိုင်တွေမှာ ပစ္စည်းနေရာ မေးတာ၊ ဆိုဒ် ရှာခိုင်းတာ၊ အဝတ်အစားလဲခန်း (Fitting Room) ညွှန်ပြရတာတွေ များတာမလို့ စကားပြောနားလည်ဖို့က အရမ်းအရေးကြီးပါတယ်။

နှစ်ခုစလုံးမှာ မဖြစ်မနေ တတ်ထားရမှာကတော့ Keigo အသုံးအနှုန်းတွေပါပဲ။🙇‍♂️

ဂျပန် ဝန်ဆောင်မှု လုပ်ငန်းတိုင်းမှာ သုံးရတဲ့ Keigo (バイト敬語) တွေကို ပါးစပ်က အလိုလို ထွက်နေအောင် လေ့ကျင့်ထားရပါမယ်။

၂။ အားနည်းချက်နဲ့အားသာချက်တွေ🌟💦

Konbini (စတိုးဆိုင်) 🏪

Pros (အားသာချက်များ): ဆိုင်ခွဲတွေအများအပြားရှိတာမလို့ အိမ် သို့မဟုတ် ကျောင်းအနီးမှာတင် အလွယ်တကူ ရှာဖွေလျှောက်ထားလို့ရတယ် 🏠။ ၂၄ နာရီ ဖွင့်တာမလို့ ကိုယ့် ကျောင်းချိန်နဲ့ အဆင်ပြေမယ့် Shift အချိန်ကို လွတ်လွတ်လပ်လပ် ရွေးလို့ရသလို၊ ဧည့်သည်တွေနဲ့ ထိတွေ့ဆက်ဆံရတာဆိုတော့ နေ့စဉ်သုံး စကားပြောစွမ်းရည်လည်း အရှိန်အဟုန်နဲ့ တိုးတက်စေပါတယ် 🗣️✨

Cons (အားနည်းချက်များ): ငွေချေစနစ်၊ ပစ္စည်းတင်ခြင်း၊ ကောင်တာချက်ပြုတ်ခြင်းနဲ့ သန့်ရှင်းရေးအထိ အလုပ်မျိုးစုံကို တစ်ယောက်တည်း ကိုင်တွယ်ရလေ့ရှိပါတယ် 🧹။ ဒါ့အပြင် စိဂရက်နံပါတ်တွေ မှတ်တာ နဲ့ ပါဆယ်/ငွေချေ ဝန်ဆောင်မှုစနစ်တွေကို စာကျက်သလို သီးသန့် မှတ်သားထားရတာမလို့ စတင်ဝင်ရောက်စမှာ စာကျက်ရသလို ဖိအားနည်းနည်း ရှိနိုင်ပါတယ်။

Uniqlo & GU (အထည်ဆိုင်များ) 👕

Pros (အားသာချက်များ): ဆိုင်ရဲ့ အဝတ်တွေကို ဝန်ထမ်း သီးသန့် Discount နဲ့ အများကြီး သက်သက် သက်သာ ဝယ်ယူခွင့်ရရှိပါတယ် 🛍️။ လုပ်ငန်းခွင်သုံး စနစ်ကျတဲ့ Business Manner နဲ့ Keigo (ယဉ်ကျေးစကား) တွေကို သဘာဝကျကျ လေ့ကျင့်ခွင့်ရမယ့်အပြင် ၊ အပြန်အလှန် ကူညီပေးကြတဲ့ စနစ်ကျပြီး Teamwork ကောင်းတဲ့နေရာမှာ အလုပ်လုပ်ရတဲ့ အားသာချက်ရှိပါတယ် 🤝🌟။

Cons (အားနည်းချက်များ): Shift Schedule အပြောင်းအလဲ နည်းပါးပြီး သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပုံမှန် ဆင်းပေးရတာဆိုတော့ အချိန် ညှိယူရ ပိုမို ခက်ခဲနိုင်ပါတယ်။ နောက်ပြီး တစ်နေကုန် မတ်တပ်ရပ်ပြီး အဝတ်အစား ခေါက်တာ၊ ဆိုင်ထဲမှာ ပတ်သွားပြီး ဧည့်သည်ကိုရှင်းပြရတာတွေ လုပ်ရလို့ ခြေထောက် ညောင်းညာတာ နဲ့ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှု အနည်းငယ်တော့ ရှိနိုင်ပါတယ်ရှင် 🦶💦။

၃။ အင်တာဗျူး သတိထားရန်များ 🙇‍♂️

ဂျပန်မှာအချိန်ပိုင်းအလုပ် လျှောက်တဲ့အခါ JLPT အမှတ်ထက် "ဂျပန် ယဉ်ကျေးမှု စည်းကမ်းတွေကို သေချာ လိုက်နာရဲ့လား" ဆိုတာကို မန်နေဂျာတွေက အဓိက စိစစ်တာဖြစ်လို့ ဒီအချက်တွေကို မဖြစ်မနေ သတိထားရပါမယ်ရှင်။

၁၀ မိနစ် ကြိုရောက်ရမည့် စည်းကမ်း ⏰
အင်တာဗျူးချိန်ထက် ၁၀ မိနစ် အတိအကျ ကြိုရောက်နေရပါမည်။ ဂျပန်မှာ ၅ မိနစ် ကြိုရောက်တာတောင်မှ နောက်ကျတယ်လို့ သတ်မှတ်ခံရတာဆိုတော့ ၊ အရေးပေါ် အကြောင်းတစ်ခုခုနဲ့ နောက်ကျမည်ဆိုရင် အနည်းဆုံး မိနစ် ၂၀ ကြိုတင်၍ ဖုန်းဆက် အကြောင်းကြားရပါမည်။

Rirekisho (CV ဖောင်) စည်းကမ်းများ📝
ဖောင်ကို ဘောပင်အမည်းဖြင့် သပ်သပ်ရပ်ရပ် ရေးသားရပါမည် (ခဲတံ သို့မဟုတ် ဖျက်ရလွယ်သော ဘောပင် လုံးဝ သုံးခွင့်မရှိပါ)။ ဓာတ်ပုံကိုလည်း စည်းကမ်းအတိုင်း နက်ကတိုင်/ဝတ်စုံဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံကို ကပ်ထားတဲ့ ဖောင်ကို ယူဆောင်ရပါမည်။

First Impression 🗣️✨
အင်တာဗျူးခန်းထဲ မဝင်မီ တံခါးကို ၃ ချက် ခေါက်ပြီး Sh*tsurei shimasu (အခန်းထဲ ဝင်ခွင့်ပြုပါ) လို့ ခွင့်တောင်းရပါမယ်။ တစ်ဖက်ကကိုယ့်မှ, "အပြုံးရှိရဲ့လား၊ အသံကျယ်ကျယ် ပျော်ပျော်ရွှင်ရွှင် စကားပြောရဲ့လား" ဆိုတာတွေကို အဓိက ကြည့်တာမလို့ ရိုရိုသေသေနှင့် ယုံကြည်မှုရှိရှိ ဖြေဆိုဖို့ လိုအပ်ပါတယ်။

Uniqlo သို့မဟုတ် GU လို အင်တာဗျူးတွေဆိုရင်တော့ မေးခွန်းတွေ မေးရုံတင် မဟုတ်ဘဲ အင်္ကျီ/ဘောင်းဘီကို စက္ကန့်ပိုင်းအတွင်း သပ်သပ်ရပ်ရပ် ခေါက်ပြခိုင်းတဲ့ စနစ်ပါတတ်လို့ ကြိုတင် လေ့ကျင့်ထားရင်အကောင်းဆုံးပါ။







🏆 "JLPT/JFT/NAT-TEST အောင်စာရင်း ထွက်တိုင်း ဂုဏ်ယူစရာ ပို့စ်တွေနဲ့ ပြည့်နှက်နေရတဲ့ အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ"တစ်ခုတည်...
13/09/2026

🏆 "JLPT/JFT/NAT-TEST အောင်စာရင်း ထွက်တိုင်း ဂုဏ်ယူစရာ ပို့စ်တွေနဲ့ ပြည့်နှက်နေရတဲ့ အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ

"တစ်ခုတည်းသော ပင်မ လျှို့ဝှက်ချက်"ကတော့ Edvantage မှာတော့ ကျောင်းသားတိုင်းကို ကိုယ်ပိုင်သီးသန့် ဂရုစိုက်မှုပေးနိုင်တဲ့ သင်ကြားရေးစနစ် ကြောင့် စာမေးပွဲ ရလဒ်ထွက်တိုင်း အကောင်းဆုံး အောင်ချက်တွေကို ရရှိနေတာဖြစ်ပါတယ်~ 🏆💯

👥: အတန်းထဲမှာ လူအများကြီးကြား ရောပါသွားတာမျိုး လုံးဝ မရှိပါဘူး! ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို Sensei တွေဘက်က သေချာ မှတ်သားထားပြီး ကိုယ်ပိုင် Tutor တစ်ယောက်လို အနီးကပ် သီးသန့် တွဲခေါ်ပေးပါတယ်။

အသေးစိတ် အိမ်စာ ပြင်ဆင်ပေးမှု 📝

နေ့စဉ် အိမ်စာ၊ Exercises၊ Kanji Test နဲ့ မေးခွန်းဟောင်း လေ့ကျင့်ခန်းတွေကို Sensei တွေ ကိုယ်တိုင် အသေးစိတ် စစ်ဆေးပေးပြီး ကျောင်းသားတစ်ဦးချင်းစီအတွက် အသေးစိတ် Feedbackပြန်လည် ပေးဖြစ်တယ်။ အမှားပါရင် ချက်ချင်းသိ၊ ချက်ချင်း ပြင်နိုင်လို့ အောင်ချက် အမြဲ ကောင်းနေတာပါ။

၁၀၀% ပြင်ဆင်ပေးဖြစ်နေတဲ့ Mock Test တွေ🎯

စာမေးပွဲ မဖြေမီကို အကြိမ်ကြိမ် မေးခွန်းဟောင်း လေ့ကျင့်တာတွေလုပ်ပေးရင်း စာမေးပွဲရဲ့ ဖိအားကို အသားကျအောင်လေ့ကျင့်ပေးဖြစ်နေတာပါ။ စနစ်တကျ မေးခွန်းပြုစုထုတ်နုတ်ပေးထားတာမလို့ အမှန်တကယ် စာမေးပွဲ ဖြေဆိုချိန်တွေမှာ စိုးရိမ်စိတ် လုံးဝမရှိဘဲ ယုံကြည်မှုအပြည့်နဲ့ကို အမှတ်မြင့်မြင့် ဖြေဆိုနိုင်ကြတာပါပဲရှင်။

💡 "အောင်မြင်မှုဆိုတာ တိုက်ဆိုင်မှု မဟုတ်ပါဘူး... စနစ်ကျတဲ့ သင်ကြားမှုနဲ့ အနီးကပ် ဂရုစိုက်မှုရဲ့ ရလဒ်ပါ!" 💯🌸

သင်လည်း ကိုယ့်ရဲ့ ဂျပန်စာ ရည်မှန်းချက်တွေကို အချိန်တိုအတွင်း အမှန်တကယ် အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ EDVANTAGE နဲ့အတူ အခုပဲ စတင်လိုက်ပါနော်! 🚀





"ဘာမှ မသိသေးလို့၊ ဘာမှ မရှိသေးလို့" ဆိုပြီး အခွင့်အရေးတွေ လက်လွှတ်မခံပါနဲ့! အခုအချိန်ဟာ ဂျပန်နိုင်ငံမှာ Tokutei Ginou (S...
12/09/2026

"ဘာမှ မသိသေးလို့၊ ဘာမှ မရှိသေးလို့" ဆိုပြီး အခွင့်အရေးတွေ လက်လွှတ်မခံပါနဲ့!

အခုအချိန်ဟာ ဂျပန်နိုင်ငံမှာ Tokutei Ginou (SSW - ကျွမ်းကျင်လုပ်သား) စနစ်နဲ့ လုပ်သားလိုအပ်ချက် အမြင့်မားဆုံး ဖြစ်နေတဲ့အချိန်မလို့ Zero ဘဝကနေ စတင်မယ့်သူတွေအတွက် အခွင့်အလမ်း အကောင်းဆုံးပါပဲ။

ဒီတော့ ဘာမှ မသိသေးတဲ့ ဘဝကနေ ဂျပန်ရောက်တဲ့အထိ "ဘယ်ကစပြီး ဘာတွေလုပ်ရမလဲ" ဆိုတဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးလိုက်ပါတယ်ရှင်!~ 💡✨

📌 N4/JFT-Basic ရဲ့ မရှိမဖြစ် အရေးပါမှု

ဂျပန်နိုင်ငံမှာ တရားဝင် အလုပ်သွားလုပ်နိုင်တဲ့ အဓိက လမ်းကြောင်း (၃) ခု ရှိပါတယ်။ ဘယ်လမ်းကြောင်းနဲ့ပဲသွားသွား JLPT N4 / JFT-Basic ကတော့ မဖြစ်မနေ ဖြေထားသင့်တဲ့အထဲမှာပါပါတယ်။ N4 /JFT-Basic မရှိရင် ကျွမ်းကျင်လုပ်သား ဗီဇာ လျှောက်လို့ လုံးဝ မရပါ။

ဒါ့အပြင်ကိုမှ အလုပ်ရှင်တွေ အဓိက ကြည့်တာ "N4 level အဆင့် စကားပြော တကယ် ပြောတတ် မပြောတတ်" ဆိုတာလည်းရှိပါသေးတယ်။ N4 ရှိမှ အင်တာဗျူးကို ယုံကြည်မှုရှိရှိ ဖြေနိုင်မှာပါ။

ပြီးရင်တော့လုပ်ငန်းခွင် ညွှန်ကြားချက်တွေ နားလည်ပြီး အဆင်ပြေပြေ ရှင်သန်နိုင်ဖို့ N4 က အနည်းဆုံး ရှိရမယ့် အခြေခံပါပဲ။

ဒီအတွက် အခုကတည်းက ၄ လမှ ၆ လအထိလောက်ပဲ အချိန်ပေးပြီး N4 Level ထိ ရောက်အောင် စနစ်တကျ သင်ယူပါ။စာမေးပွဲ အောင်ရုံတင် မကဘဲ အခြေခံ ကတည်းက အသံထွက် နဲ့ စကားပြောကို ပါတစ်ပါတည်း လေ့ကျင့်ထားပါ။ အလုပ်ရှင်နဲ့ Interview ဝင်တဲ့အခါ စကားပြောနိုင်စွမ်းက အဓိက အရာပါပဲ။🎯📚

၁။ N4 နဲ့ သွားလို့ရတဲ့ ဂျပန်အလုပ်အကိုင် လမ်းကြောင်း (၃) ခု တွေက

🔹 ၁။ Tokutei Ginou / SSW (ကျွမ်းကျင်လုပ်သား လမ်းကြောင်း)

အလုပ်အကိုင်တွေအနေနဲ့ : Hotel ၊ အစားအသောက်စက်ရုံ၊ ဘိုးဘွားစောင့်ရှောက်၊ စိုက်ပျိုးရေး တွေကတော့ မြန်မာနိုင်ငံက အသွားအများဆုံးလမ်းကြောင်းတွေပါ။

လိုအပ်ချက်: N4 / JFT-Basic + သက်ဆိုင်ရာ Skills Exam

ဒီလမ်းကြောင်းက အသက်အရွယ် အကန့်အသတ် နည်းပြီး အချိန်တိုအတွင်း ထွက်ခွာနိုင်လို့ လူကြိုက်အများဆုံးဖြစ်ပါတယ်။အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်လို့ရပါသေးတယ်နော်။

https://www.facebook.com/share/p/1D6NikAkM6/

🔹 ၂။ Technical Intern / Ginou Jisshusei (အလုပ်သင် လမ်းကြောင်း)

လုပ်ငန်းခွင် နည်းပညာ သင်ယူရင်း အလုပ်လုပ်ကိုင်နိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။

အလုပ်အကိုင်အများစုကစက်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးစတဲ့အလုပ်တွေနဲ့သွားကြတာများပါတယ်။အသက်အရွယ်နှင့် ကျန်းမာရေး ကောင်းမွန်မှုအပေါ် မူတည်၍ ချိတ်ဆက်သွားရောက်လို့ရပါတယ်။

လိုအပ်ချက်: အနည်းဆုံး N5/N4 လက်မှတ်

(သက်ဆိုင်ရာ ချိတ်ဆက်ထားတဲ့ အေဂျင်စီတွေကနေမှတစ်ဆင့် သွားလို့ရပါတယ်)

🔹 ၃။ Work Visa (ဘွဲ့ရ လမ်းကြောင်း)

တက္ကသိုလ် ဘွဲ့ရထားသူတွေအတွက် ရေရှည် အခြေချနိုင်ပြီး အခွင့်အလမ်း မြင့်မားသည့် လမ်းကြောင်း ဖြစ်ပါသည်။အလုပ်အကိုင်တွေအနေနဲ့က IT၊ Engineer၊ Hotel Front Desk၊ Office Staff စတဲ့အလုပ်အကိုင်တွေဖြစ်ပါတယ်။

လိုအပ်ချက်: တက္ကသိုလ် ဘွဲ့တစ်ခုခု + အနိမ့်ဆုံး N3 / N2 Level ရှိထားဖို့လိုပါတယ်။

(ရုံးဝန်ထမ်းလိုမျိုး အလုပ်လုပ်ကိုင်ရမှာဖြစ်လို့ ဂျပန်စာ စကားပြော ကျွမ်းကျင်ထားဖို့လည်းလိုပါသေးတယ်။)

🎯 "အခုဆိုရင် 'ဘယ်ကစရမလဲ' ဆိုပြီး တွေဝေလမ်းပျောက်နေစရာမလိုတော့ဘဲ အဖြေကို ရှင်းရှင်းလင်းလင်း သိသွားပြီနော်!"

အဓိက လိုအပ်တာကတော့ စတင်လိုက်ဖို့ပါပဲ!

ဂျပန်စာ အခြေခံ မရှိသေးလို့လည်း စိတ်ပူစရာ မလိုပါဘူး! EDVANTAGE ရဲ့ ထိရောက်တဲ့သင်ကြားမှုစနစ်က အခြေခံကနေ အင်တာဗျူး အောင်မြင်သည်အထိ အနီးကပ် တွဲခေါ်ပေးသွားမှာပါရှင်~ 💙✨

အခြေခံတန်းခွဲသစ်တွေနဲ့ အတန်းချိန် အသေးစိတ်ကို Messenger ကနေ အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါပြီနော်! 📥📲








JLPT အမှတ်က ဂျပန်မှာ အလုပ်ရဖို့ တကယ်ပဲ အရေးကြီးလား? 🇯🇵💼ဂျပန်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေတဲ့အခါ JLPT Certifi...
11/09/2026

JLPT အမှတ်က ဂျပန်မှာ အလုပ်ရဖို့ တကယ်ပဲ အရေးကြီးလား? 🇯🇵💼

ဂျပန်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေတဲ့အခါ JLPT Certificate ဟာ CV Form တင်ဖို့နဲ့ Screening တွေအတွက် အဓိက တံခါးဖွင့်ပေးတဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ့် အလုပ်ခွင်မှာ JLPT အမှတ်တစ်ခုတည်းနဲ့ အလုပ်ရတာ လုံးဝ မဟုတ်ပါဘူး။

ဂျပန်ကုမ္ပဏီတွေက စာရွက်ပေါ်က Level ထက် လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချနိုင်စွမ်းကို ပိုပြီး စိစစ်လေ့ရှိပါတယ် —

• ဂျပန်လူမျိုး လုပ်ဖော်ကိုင်ဖက်တွေ၊ ဧည့်သည်တွေနဲ့ အထစ်အငေါ့မရှိ နားလည်သဘောပေါက်အောင် အပြန်အလှန် ချိတ်ဆက်ပြောဆိုနိုင်မှု

• ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်အားထက်သန်မှုကို ဂျပန်လို သဘာဝကျကျ၊ ယုံကြည်မှုရှိရှိ တင်ပြနိုင်မှု

• လျှောက်ထားတဲ့ ရာထူးနဲ့ သက်ဆိုင်တဲ့ ပညာရပ်ဆိုင်ရာ အရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ

• ဂျပန်လူမျိုးတွေ အလွန်တန်ဖိုးထားတဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုနဲ့ စည်းကမ်းလိုက်နာမှု

💡 တကယ့် လက်တွေ့မှာဆိုရင် —

N2 သို့မဟုတ် N1 ရထားတာက ကိုယ်ဟာ ဂျပန်ဘာသာစကားကို ကြိုးစားလေ့လာထားကြောင်း ပြသနိုင်တဲ့ အလွန်ကောင်းတဲ့ အားသာချက် တစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ Interview မှာ ကိုယ်တိုင် ဂျပန်လို ကောင်းကောင်း မပြောနိုင်ရင် သို့မဟုတ် နေ့စဉ်သုံး စကားပြော မကျွမ်းကျင်ရင် အောင်လက်မှတ် ရှိနေရင်တောင် ရလဒ်ကောင်းဖို့ မလွယ်ကူပါဘူး။

ဒါကြောင့်...

❌ "JLPT စာမေးပွဲ အမှတ်ရဖို့ သက်သက်ပဲ လေ့လာခြင်း" ထက်

✅ "ဂျပန်မှာ တကယ် အလုပ်လုပ်နိုင်မယ့် စကားပြောနဲ့ လုပ်ငန်းခွင်သုံး ဘာသာစကားကို ပိုင်နိုင်အောင် လေ့လာခြင်း"က ပိုပြီး အရေးကြီးပါတယ်။

• စနစ်ကျတဲ့ ဂျပန်စာ အခြေခံ

• နေ့စဉ်သုံးနှင့် လုပ်ငန်းခွင်သုံး စကားပြော

• အလုပ်ခွင် အင်တာဗျူး ပြင်ဆင်မှု

ကိုယ့်ရဲ့ Japan Career ကို ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ စတင်နိုင်ဖို့ တကယ် အသုံးဝင်မယ့် Skill တွေကို Edvantage နဲ့အတူ အခုကတည်းက စနစ်တကျ ပြင်ဆင်လိုက်ပါ! 🌟

📍 စမ်းချောင်း Campus

အမှတ် ၁၉၊ မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ်
09 980 805 677 / 09 980 805 622

📩 စုံစမ်းမေးမြန်းလိုသည်များကို Page Chat Box သို့ အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါသည်။






Address

No 19, Jasmine House, MaKyeeKyee Street , Upper Block , Sanchaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959980805677

Alerts

Be the first to know and let us send you an email when Edvantage Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Edvantage Japanese Language School:

Shortcuts

Share

Category