Mentor-4 Language,Business & Academic Centre

Mentor-4 Language,Business & Academic Centre အင်္ဂလိပ်စာ သင်ကြားရေး

မိမိရဲ့သင်ကြားရေးအတတ်ပညာဖြင့်ဝင်ငွေရှာလိုသူများအတွက်သာhttps://www.facebook.com/share/1AVpRHZaiw/
21/01/2026

မိမိရဲ့သင်ကြားရေးအတတ်ပညာဖြင့်ဝင်ငွေရှာလိုသူများအတွက်သာhttps://www.facebook.com/share/1AVpRHZaiw/

We Are Hiring!

S.S.E.C မှ G-12 ( Academic Year 2026 / 27 ) အတွက်

"Guide Teachers များခေါ်ယူခြင်း"

ပညာသင်နှစ် ၂၀၂၆-၂၇ အတွက်

# # # # # သင်ကြားရေးဝါသနာပါပြီးအတွေ့ကြုံရှိသော

# # # # # # စနစ်သစ်ဘာသာရပ်များကိုကျွမ်းကျင်စွာသင်​ကြား
ပြသလမ်းညွှန်ပေးနိုင်သော

# # # # # ကျောင်းသားများကိုတတ်မြောက်ထူးချွန်အောင်သင်ကြားပေးနိုင်သောဆရာ/ဆရာမများနှင့်

# # # # # စနစ်သစ်ပညာရေးတွင်ထူးချွန်ဂုဏ်ထူးများရရှိထား
သောကျောင်းသူ/သားများလျှောက်ထားနိုင်ပါသည်

# # # အနည်းဆုံး (၂) ဘာသာသင်ကြားပြသပေးနိုင်ရမည်

# # အရည်ချင်းနှင့်ထိုက်တန်သော Fees များချီးမြှင့်ပေးမည်

# # Green Card မရှိသူများလဲလျောက်ထားနိုင်သည်

# # လွတ်လပ်စွာဆွေးနွေးတိုင်ပင်ညှိနှိုင်းနိုင်ပါသည်

Saya U Htay Aung (Principal of S.S.E.C)

09790581081, 09972420239

G-12 English 5-month Intensive Course၁၂ တန်း အင်္ဂလိပိစာ ၅-လပြတ် သင်တန်း၂၀၂၆ မတ်လတွင်ကျင်းပမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲတ...
18/09/2025

G-12 English 5-month Intensive Course

၁၂ တန်း အင်္ဂလိပိစာ ၅-လပြတ် သင်တန်း

၂၀၂၆ မတ်လတွင်ကျင်းပမည့်တက္ကသိုလ်ဝင်တန်းစာ
မေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်ထူးချွန်အောင်မြင်လိုသူများ
အတွက်သင်ကြားပေးမည်ဖြစ်ပါတယ်

အထူးသီးသန့် (၁၀) ယောက် ဝိုင်းအတွက် Online Class

G-12 English အခက်ခဲကိုလွယ်ကူစွာကျော်ဖြတ်နိုင်ဖို့ထူးချွန်ဂုဏ်ထူးထွက်နိုင်ဖို့သင်ကြားပေးပါမယ်

# # # Grammar အခြေခံ Lettetr/Essayရေးနည်း
# # # Read the Passage (Seen/Unseen) Verb Forms Word Forms ဖြေနည်း
# # # Initial Letters, Multiple Choice, Dialogues and Exchanges နဲ့ Poem Paraphrasing ဖြေနည်းတွေကိုအမှတ်ပေးစည်းမျဥ်းနဲ့အညီအကောင်းဆုံးအထိရောက်ဆုံးနည်းဖြင့်သင်ကြားပေးပါမယ်

လိုအပ်တဲ့ Notes and Assignments တွေကိုလဲ(အခမဲ့) ပေးပါမယ်

Teaching & Guiding တွဲသင်မှာမို့ထပ်ဆောင်းသင်တန်းများတက်ဖို့မလိုပါဘူး ပြီးပြည့်စုံအောင်စေတနာအပြည့်ထားသင်ကြားပေးပါမယ်

ဆရာလမ်းညွှန်တဲ့အတိုင်းကျောင်းသားဘက်ကလိုက်နာကြိုးစားလေ့ကျင့်ရင်ထူးချွန်စွာအောင်မြင်ဖို့အာမခံပါတယ်

Regular Classes သင်ပေးနေရတဲ့ဆရာ့သင်ကြားရေးအချိန်အခက်ခဲကြောင့် တစ်ပတ် (၃ ) ရက် (Mon, Tue,Wed) နံနက်ပိုင်း (၁၀: ၃၀ မှ ၁၂ နာရီထိ) ကျောင်းသား (၁၀) ယောက် အတန်း (၁) တန်းသာဖွင့်လှစ်မှာဖြစ်ပါတယ်

သင်တန်းကြေးအခက်ခဲရှိတဲ့ကျောင်းသား (၃) ဦးကိုလဲ
အရည်အချင်းစစ်ဆေးပြီး(အခမဲ့)သင်ကြားပေးပါမယ်

တက်ရောက်မည့်ကျောင်းသား( ၇ )ယောက်အတွက် သင်တန်းကြေးကိုလဲ (၃ )ကြိမ်ခွဲပြီးပေးသွင်းနိုင်ပါတယ်

အမြန်အပ်နှံမှစိတ်ချရမယ် နောက်ဆုံးဖွင့်ပေးတဲ့သင်တန်းဖြစ်ပါတယ်

Opening in October 1st (Monday)

Mon, Tue, Wed = 10:30 to 12:00 Am

Tuition Fees 500,000 MMK

Saya U Htay Aung (SSEC Principal)

09790581081, 09972420239

အားလုံးမင်္ဂလာပါ...- ပြီးခဲ့တဲ့တခေါက်ကစခဲ့တဲ့ Autocratic Leadership Style နဲ့ပတ်သက်ပြီးဆက်ပြောချင်ပါတယ်၊ Autocratic-Lead...
13/05/2025

အားလုံးမင်္ဂလာပါ...
- ပြီးခဲ့တဲ့တခေါက်ကစခဲ့တဲ့ Autocratic Leadership Style နဲ့ပတ်သက်ပြီးဆက်ပြောချင်ပါတယ်၊ Autocratic-Leadership Style ရဲ့အားသာချက်တွေထဲက ဒီမှာအသုံးများလူသိများတဲ့ခေါင်းစဉ်တွေကိုဦးစားပေးပြီးပြောပါ့မယ်။
- ပထမအချက်က Quick Decision Making ဆိုတဲ့ “ဆုံးဖြတ်ချက်လျင်မြန်စွာပေးနိုင်ခြင်း” ဆိုတဲ့အချက်ပါ၊
- Autocratic Leadership Style မှာ ခေါင်းဆောင်တယောက်ထဲကနေ အရာရာကို ဆုံးဖြတ်တဲ့အတွက်၊ ဆုံးဖြတ်ချက် တခုခုပေးရမယ်ဆိုယင် တော်တော်ကိုမြန်မြန်ဆုံးဖြတ်ပေးနိုင်တာကိုတွေ့ရပါတယ်၊ဒါက သူရဲ့ နံပါတ် ၁ အားသာချက်
- ဒုတိယအချက်ကတော့ “Effective in Crisis Situation” ဆိုတဲ့ အခက်အခဲကြီးကြီးမားမားနဲ့ ရင်ဆိုင်လာရတဲ့အချိန် ပါပဲ၊ အဲဒီလိုအချိန်မျိုးတွေမှာဆိုယင်လည်း၊ ခေါင်းဆောင်တယောက်ထဲကနေ ချက်ချင်းဆုံးဖြတ်ပြီး ဦးဆောင်သွား နိုင်တဲ့အတွက်ခပ်မြန်မြန်နဲ့ထိရောက်အောင်လုပ်သွားနိုင်တာကိုတွေ့ရမှာြဖစ်ပါတယ်၊ နောက်တခေါက်မှာဆိုယင်တော့ Autocratic Leadership Style ရဲ့အားနဲချက်များနဲ့အတူ၊ ဒီမှာတွေ့ကြုံနေရတာတွေနဲ့ဘယ်လိုစပ်ဟပ်မှုရှိသလူဲဆိုတာ ကိုပါနှိုင်းယှဥ်သုံးသပ်ပြသွားပေးပါ့မယ်။
- အားလုံးကျန်းမာရွှင်လန်းကြပါစေ....

ယခင်တပါတ်မှအဆက်အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး၊ မေးခွန်းတွေ အမျိုးမျိုရှိတဲ့အထဲက၊ ကျနော့်အနေနဲ့ မေးရ လွယ်ပြီးပိုလက်တွေ့ကျတယ်လ...
26/03/2025

ယခင်တပါတ်မှအဆက်
အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး၊ မေးခွန်းတွေ အမျိုးမျိုရှိတဲ့အထဲက၊ ကျနော့်အနေနဲ့ မေးရ လွယ်ပြီးပိုလက်တွေ့ကျတယ်လို့ထင်ရတဲ့ မေးခွန်းလေးတွေကိုထုတ်နုတ်ထားပါတယ်၊ ကြည့်ရအောင်ပါ။
သီဝရီအရကတော့ “Ethical Decision-Making”မေးခွန်းလို့ဆိုပါတယ်၊ အကျင့်သိက္ခာ/ကိုယ်ကျင့်တရားနဲ့ပတ်သက်လာတဲ့ အခါမှာ၊ ဘယ်လို စဉ်းစားဆုံးဖြတ် တယ်ဆိုတာကိုကြည့်ပြီ၊ ဘယ်လိုလူမျိုး ဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ဘို့ မေးတဲ့မေးခွန်းမျိုးလို့ဆိုနိုင်ပါတယ်။ (ဒီနေရာမှာတခုကြားဖြတ်ပြောချင်တာက၊ ဒီမေးခွန်းတွေဟာ “Moral” နဲ့သက်ဆိုင်တဲ့ အတွက်၊ မှားတယ် မှန်တယ်ဆိုတာထက်၊ လူ ၁ယောက်က ဘယ်ဘက်ကိုအားသန်သလဲ ဆိုတာကို၊ အကဲခတ်တဲ့မေးခွန်း များဖြစ်တယ် ဆိုတာကိုသတိထားစေချင်ပါတယ်)။
အခုမေးခွန်းပုံစံ ၃-မျိုးလောက်ကြည့်ရအောင်ပါ၊ မူရင်း “English Version.” တွေကို မြန်မာလိုဆီလျော်အောင် ဘာသာပြန် ထားပါတယ်၊
🚩Have you ever faced a moral dilemma at work? How did you resolve it?
🚩လုပ်ငန်းခွင်မှာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့အကျဉ်းအကျပ်မျိုးကြုံဘူးပါသလား? ကြုံခဲ့ဘူးတယ်ဆိုယင်ဘယ်လိုမျိုးကိုင်တွယ် ဖြေရှင်းခဲ့ပါသလဲ?

🚩What principles guide your decision-making?
🚩ဆုံးဖြတ်ချက်တခုချဘို့ဘယ်လိုအခြေခံမူဝါဒတွေကို (ကိုယ့်ဘာသာကိုယ်) ပြဌာန်း ထားပါသလဲ?

🚩How would you handle a situation where doing the right thing might lead to negative consequences?
🚩ကိုယ်ကတော့မှန်တာကိုလုပ်တာဘဲ၊ ဒါပေမဲ့အကျိုးဆက်က ‘Negative” ဘက်ကိုဦးတည်သွားနေတယ်ဆိုယင် ဘယ် လိုမျိုးထိန်းကျောင်းလုပ်ဆောင်ပါသလဲ?
အခုပြောခဲ့တဲ့မေးခွန်းတွေကတော့ကိုယ်ကျင့်တရား/သိက္ခာ စသည်တို့ကိုတနည်းနည်းနဲ့ ဖော်ထုတ်တဲ့မေးခွန်းများထဲကတချို့ပါ၊ အနဲနှင့်အများအသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
• နောက်လာမယ့်အခန်းမှာတော့၊ အသုံးများတဲ့ Leadership ပုံစံအချို့နဲ့၊ အဲဒီပုံစံတွေအရ၊ ဘယ်လိုလူမျိုးကို ဘယ်လို ပေါင်းသင်းဆက်ဆံသင့်တယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော့်အတွေ့အကြုံအရ sharing လုပ်ချင်ပါသေးတယ်၊
• နောက်တခေါက်ဆုံကြရအောင်ပါ။
⭐N.B. ဒီ “Sharing” တွေဟာ ကျနော့်ရဲ့ အနှစ် ၃၀ နီးပါးအတွေ့အကြုံတွေကို၊ လေ့လာဖတ်ရှုထားတဲ့သီဝရီများနဲ့ပေါင်းစပ်ပြီး Compile လုပ်ထားတာဖြစ်တဲ့အတွက် တချို့နေရာတွေမှာ၊ တခြားသောသူများနဲ့ အမြင်တူချင် မှတူပါလိမ့်မယ်၊ လိုတာယူ မလိုတာ ပယ် လို့ရပါတယ်၊ ကိုယ်ပိုင်အတွေ့အကြုံများဖြစ်တဲ့အတွက် ကူးယူချင်တယ်ဆိုယင် ခရက်ဒစ်လေးပေး ပြီးယူယင်ပိုကျေးဇူးတင်မိမှာအမှန်ပါဘဲ။

အားလုံးကျန်းမာအဆင်ပြေကြပါစေခင်များ

ဒီတခေါက်မှာတော့ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကိုအင်တာဗျူးတဲ့အခါမှာဘယ်လိုမေးခွန်းတွေမေးယင်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီးနဲနဲ...
23/03/2025

ဒီတခေါက်မှာတော့ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကိုအင်တာဗျူးတဲ့အခါမှာဘယ်လိုမေးခွန်းတွေမေးယင်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီးနဲနဲပြောပါရစေ၊ Company အများစုကအတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကို ခန့်ဘို့ဝန်လေးတတ်ကြပါတယ်၊ အချိန်မပေးနိုင်တာ၊ သေချာသင်ပေးနိုင်တဲ့ HR တို့၊ Mentor ကောင်းကောင်းတို့ မရှိသေးတာတွေလည်းပါမှာပါ၊ နောက်တခုအားမနာတမ်း ပြောရယင်၊ တချို့လူငယ်တွေကပညာအခြေခံကောင်းပြီး၊ Talent ကလည်းရှိတော့လက်ရှိ လူဟောင်းတွေကိုကျော်တက်သွားမှာကို စိုးရိမ်တာလည်းပါနိုင်ပါတယ်။ တချို့လူငယ်တွေမှာလုပ်ငန်းအတွေ့အကြုံမရှိသေးပေမဲ့၊ တခြားဗဟုသုတတွေ၊ ဘာသာစကားကျွမ်းကျင်တာတွေရှိနေနိုင်ပါတယ်၊ တခုပဲရှိတာက HR (သို့) သက်ဆိုင်ရာတာဝန်ရှိသူတွေက အဲဒီအရည်အချင်းတွေကိုမြင်တတ်ဘို့နဲ့၊ သူတို့ ပြောထွက်လာအောင်မေးတတ်ဘို့ပဲလိုပါတယ်။ “မင်းဘာတွေတတ်သလဲ၊ ဘာတွေသိလည်း”ဆိုတဲ့မေးခွန်းမျိုးတွေကတော့ ရှောင်ရန်ထဲမှာသာထည့်ထားလိုက်ပါတော့။ Interviewer ဘက်ကလိမ္မာပါးနပ် စွာနဲ့မေးတတ်ယင် တနည်းအားဖြင့်ချဉ်းကပ်တပ်ယင်၊ လူငယ်တွေပြောရဲဆိုရဲဖြစ်လာအောင် encourage လုပ်ပေးလိုက်ယင် သူတို့ဘက်ပြောယင်းနဲ့ ကိုယ်ပိုင်အရည်အချင်းတွေထွက်လာမှာသေချာပါတယ်။
ဥပမာ - ကျောင်းတက်တုန်းက (သို့) အားလပ်ရက်တွေမှာတုန်းက ဘာတွေလုပ်ဖြစ်သလဲ၊ ဘယ်လိုစာတွေဖတ်ဖြစ်သလဲ၊ ရှေးဟောင်းစာပေကိုဘယ်လိုမြင်သလဲ၊ AI ကိုဘယ်လိုမြင်သလဲ၊ သူငယ်ချင်းတွေထဲက အရင်းနှီးဆုံးတယောက်အကြောင်းနဲနဲ လောက်ပြောပြလို့ရမလား၊ ဘာလို့ အရင်းနှီးဆုံးဖြစ်သွားတာလဲ စသည်ဖြင့် အများကြီးမေးလို့ရပါတယ်၊ ဒီမေးခွန်းတွေက “ Ice-Breaking” လို့ခေါ်တဲ့မေးခွန်းတွေဘာပဲ။ နောက်အရေးကြီးဆုံးမေးခွန်းတမျိုးကတော့ စာရိတ္တကိုအကဲခတ်တဲ့မေးခွန်း တွေပါ၊ အဲဒါမျိုးကလည်းမေးတတ်မှ၊ နို့မို့ဆို “ကျနော်ကအကျင့်အားလုံးကောင်းပါတယ်၊ တခါတလေ လိမ်ပြောတတ်တာလေး တခုဘဲရှိပါတယ်” ဆိုတဲ့သူမျိုးခန့်မိရက်သား ဖြစ်နေတတ်ပါတယ်။
နောက်တပါတ်ဆက်ပါဦးမယ်

(ယခင်ဆောင်းပါးမှအဆက်)နောက်တခုသတိထားမိတာကတော့ခုနောက်ပိုင်းအင်တာဗျူးမေးတဲ့သူ/ဖြေတဲ့သူတွေကတချို့စာသင်ခန်းတွေမှာလို၊ဒါပေးဒါက...
12/03/2025

(ယခင်ဆောင်းပါးမှအဆက်)
နောက်တခုသတိထားမိတာကတော့ခုနောက်ပိုင်းအင်တာဗျူးမေးတဲ့သူ/ဖြေတဲ့သူတွေကတချို့စာသင်ခန်းတွေမှာလို၊ဒါပေးဒါကျက်ဒါဖြေတွေလုပ်လာကြတာကိုသတိထားမိပါတယ်။
ဥပမာ-candidate အခန်းထဲရောက်တာနဲ့ Interviewer က“Tell me about yourself” ဆိုတာနဲ့စတော့တာဘဲ၊ candidate ကလည်းဒါကိုဘဲအသေကျက်ထားတာဆိုတော့ အပိုင်ပေါ့၊ ဒေါက်ဒေါက်ဒေါက်နဲ့ ရွတ်တာအသက်တောင်မရှူနိုင်ဘူး၊ အင်တာဗျူးတိုင်းကို “Tell me about yourself” နဲ့စရမယ်လို့ပုံသေသတ်မှတ်ထားစရာမလိုဘူးလို့ထင်ပါတယ်၊ “Free Conversation” (or) “Casual Talk” လေးတွေနဲ့စလည်းရပါတယ်၊
ဥပမာ - “How do you feel today?”, “ Is your home far or near from here, how many minutes’ drive?” အစရှိသဖြင့်မေးခွန်းလေးတွေမေးယင်းနဲ့ကိုယ်သိချင်တာတွေကို၊ တဖြည်းဖြည်းမေးသွားလို့ရပါတယ်၊ တချို့ကဒါမျိုးတွေမေးယင် “personal” ဆံနေမှာပေါ့လို့ပြောစရာရှိပါတယ်၊ ကျနော့်အနေနဲ့ပြောရမယ်ဆိုယင်တော့“personal” မဆံပါဘူးလို့ဘဲပြောချင်ပါတယ်၊ တခုတော့ရှိတာပေါ့၊ “မင်းမှာအဝတ်အစားဘယ်နှစ်စုံရှိသလဲတို့၊ ဒီနေ့ဘာဟင်းနဲ့စားခဲ့သလဲတို့၊ မင်းအဖေနဲ့အမေအသက်ဘယ်လောက်ကွာသလဲ” ဆိုတဲ့မေးခွန်းမျိုးတွေတော့မမေးမိစေနဲ့ပေါ့လေ...
(ဆက်ပါဦးမယ်)

Summer Special Online Classes
11/03/2025

Summer Special Online Classes

နွေရာသီအထူးသင်တန်းများhttps://www.facebook.com/share/p/1AACDMsau9/
24/02/2025

နွေရာသီအထူးသင်တန်းများ

https://www.facebook.com/share/p/1AACDMsau9/

Summer English Classes for Youngs and Adults

နွေရာသီ (၃) လပြတ် အင်္ဂလိပိ စာသင်တန်းများ

(မတ်လ မှ ဇွန်လထိ)

General English 4 Skills (Elementary / Intermediate Level)

English Grammar ( Middle / High School Levels)

English Speaking (Elementary/Intermediate /Advanced)

GED / IELTS Special (One to One)

မိမိတက်ရောက်လိုသောသင်တန်းများကို Online / Offline /

Home Visit နှစ်သက်ရာပုံစံရွေးချယိတက်ရောက်နိုင်ပါသည်

အချိန်ညှိနှိုင်းပေးပြီး သင့်တော်မျှတသောသင်တန်းကြေးသာယူပါသည်

လိုအပိသောမှတ်စုစာရွက်စာတမ်းများ(အခမဲ့)ပေးပါသည်

February တွင်ကြိုတငိအပ်နှံပါက 10% Discount ပေးပါမည်

သင်တန်းအားလုံး1st March (Sat) နေ့တွင်စတင်သင်ကြားပေးပါမည်

Opening on 1st March (Saturday)

For more Information:

Saya U Htay Aung (09790581081 / 09972420239)

Welcome Back all our followers!
24/02/2025

Welcome Back all our followers!

Address

Bogyoke Aung San Road
Yangon

Telephone

+959790581081

Website

Alerts

Be the first to know and let us send you an email when Mentor-4 Language,Business & Academic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mentor-4 Language,Business & Academic Centre:

Shortcuts

Share

Category