Our Class Education Centre

Our Class Education Centre fun and learn

Snack party and present exchange for Christmas 🌲🌲🌲
24/12/2025

Snack party and present exchange for Christmas 🌲🌲🌲

26/11/2025

မူကြိုGroupတွေမှာ
ပြသနာတစ်ရပ်အနေနဲ့
အများဆုံးတွေ့ရတဲ့
မူကြိုဆရာမများရဲ့ လုပ်ခလစာ

မူကြိုလို့ဆိုလိုက်တာနဲ့
ပတ်ဝန်းကျင်နေရာဒေသအလိုက်
ဝန်ဆောင်မှုအမျိုးမျိုးရှိကြသော
သင်ယူသင်ကြားမှု အမျိုးမျိုးနဲ့
မတူကွဲပြားကြတဲ့
မူကြိုကျောင်းတွေဆိုပြီး ရှိကြပါတယ်

အဲ့ဒီလို ကျောင်းရဲ့ဝန်ဆောင်မှု
ကျောင်းရဲ့ရည်ရွယ်ချက်
သင်ကြားသင်ယူမှုပြုပုံ
ကျောင်းသင်ရိုး
ကျောင်းရဲ့နည်းစနစ်
ကျောင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံ
ကလေးဦးရေနဲ့အညီ
ဆရာမအလုံအလောက်ထားရှိပေးမှု တွေအပေါ်
အခြေခံပြီး ကျောင်းလခတွေဟာလဲ
တစ်ကျောင်းနဲ့တစ်ကျောင်း မတူညီကြပါဘူး

ကိုယ်ထူကိုယ်ထကျောင်း
တနိုင်တပိုင်ကျောင်း တွေဟာ များသောအားဖြင့်
ကလေးလစာ သောင်းဂဏန်းပတ်ချာလည်သာ
ယူပြီး ကိုယ့်ကျောင်းကို အကောင်းဆုံးကြိုးစား
တည်ဆောက်ကြပါတယ်

ကိုယ်ပိုင်ကျောင်းဆိုသော်လဲ
အဆောက်အဦးတွေ ငှားရမ်းရပါတယ်
ကျောင်းတစ်ကျောင်းဖြစ်ဖို့
အဆောက်အဦးရှိရုံနဲ့လဲ မပြီးပါဘူး
စာရေးခုံတွေကစပြီး အောက်အခင်း
ဖယောင်းဖဆိုးတွေ ကျောင်းအတွက်
လိုအပ်တဲ့ ပစ္စည်းတွေကို
လစဥ်တိုင်း ဖြည့်ပေးရသလို
ကစားကွင်းပစ္စည်းတွေ
ကျောင်းပရိဘောဂတွေ
ဖယောင်းပုဆိုးတွေ အစရှိသဖြင့်
အသေးအမွှားပစ္စည်းလေးတွေမှအစ
တစ်ကျောင်းလုံးရှိ ပစ္စည်း
ထိခိုက်ပျက်စီးမှုတွေကိုလဲ
အမြဲတမ်းပြန်ဝယ်ပြီး ဖြည့်ရပါတယ်
ဘယ်အရာမှ အဆင်သင့်ဖြစ်မနေပါဘူး
ဘယ်အရာမှ လွယ်လွယ်ရထားတာမရှိပါဘူး

ရေဖိုး မီးဖိုး အမှိုက်ဖိုးတွေထည့်မတွက်ရင်တောင်
အကြမ်းဖျင်းတွက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်

Founder တွေအတွက်မလွယ်ကူလှပါဘူး
ကျောင်းတစ်ကျောင်းဖြစ်လာဖို့အတွက်
နှစ်နဲ့ချီပြီး အချိန်တွေ ငွေတွေ
စိတ်ပင်ပန်းမှုတွေ ရင်းနှီးမြုပ်နှံပြီး
ဝါသနာအရင်းခံကြောင့်သာ
နှစ်ရှည်လများ ရပ်တည်နေနိုင်နေကြတာပါ

Founder (သို့) ကျောင်းအုပ်တစ်ယောက်ဖြစ်လာဖို့
Pressure ပေါင်းများစွာ စိတ်ဓာတ်ကျမှုပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်

ကျောင်းအတွက်ဖြည့်တာတွေများပြီး
အကြွေးတင်ခဲ့ရတဲ့အချိန်တွေရှိသလို
ကိုယ့်မိဘ မိသားစုတွေဆီက ပြန်တောင်းခဲ့ရချိန်
တွေလဲ ရှိခဲ့ကြတာပါဘဲ ဒါပေမဲ့ အတိုးနဲ့အကြွေးယူပြီး
ကျောင်းအတွက် လုပ်နေတယ် ကြိုးစားနေတယ်ဆိုပြီး
ဘယ် Founderမှ ထုတ်ဖော်ပြောမနေကြပါဘူး
ငါ့ကျောင်း ငါ့ကလေးတွေ ငါဘာလုပ်ပေးချင်တယ်
ငါ့ဆရာမတွေကို ဘယ်လိုလေး ထပ်လုပ်ပေးနိုင်အောင်
ကြိုးစားမယ် ဆိုတဲ့အတွေးတွေ Founder ပီသတဲ့ Founder တိုင်းမှာ ရှိကြပါတယ်

ကိုယ့်ကျောင်းကို
ဥယျာဥ်ကြီးလို ဂရုစိုက်ကြရတဲ့အပြင်
ကျောင်းက ကလေးတွေအပြင်
ကျောင်းသားမိဘတွေ
ခန့်ထားတဲ့ဝန်ထမ်းဆရာမလေးတွေ
အားလုံးကို အသေးစိတ် ဂရုစိုက်ပြီး
တစ်ကျောင်းလုံးရှိသမျှတာဝန်တွေရဲ့
အသေးစိတ်ကစပြီး လိုက်ကြည့်ပြီး
ရှု့ထောင့်ပေါင်းစုံက Pressureတွေကို
ခေါင်းတစ်လုံးတည်းမှာအကုန်ထည့်ပြီး
တစ်ကန့်ချင်း ဖြေရှင်းလိုက် စီစဥ်လိုက်
ညွှန်ကြားလိုက် ကိုယ်တိုင်ဆောင်ရွက်လိုက်နဲ့ပါ

ပြောချင်တာကတော့
ကျောင်းတစ်ကျောင်းဖြစ်ဖို့
မလွယ်ကူခဲ့ဘူးဆိုတာပါဘဲ
အများကြီးကြိုးစားအားထုတ်ခဲ့ရပါတယ်

ကျောင်းရဲ့ တည်ရှိပုံနဲ့အညီ
ကလေးတွေဆီကယူတဲ့
ကျောင်းလခတွေနဲ့အညီ
အိမ်ငှားခ ဝန်ထမ်းလခတွေကို
ဆောင်ရွက်သတ်မှတ်ကြပါတယ်

အဲ့ဒီမှာ ကလေးဦးရေ နဲ့ဝင်ငွေကိုကြည့်ပြီး
လစာလိုချင်ကြတဲ့ ဆရာမလေးတွေ
တွေ့ကြရပါတယ်
ကလေးဦးရေ ဘယ်လောက်ရှိပြီး
ဝင်ငွေကဘယ်လောက်
ငါတို့ကရတာဘယ်လောက်
ငါတို့တော့ ဘယ်လောက်ရသင့်တယ်
ခုက ဘယ်လောက်လေးရတာဆိုတဲ့post တွေပေါ့

ကလေးဦးရေအလိုက်
ဝင်ငွေကိုကြည့်ပြီး
လစာကို လိုချင်လို့ တွက်မယ်ဆိုရင်
ကျောင်းအဆောက်ဦး ငှားရမ်းခ
ကျောင်းပစ္စည်းလိုအပ်သမျှ ကုန်ကျငွေ
ပျက်စီးလို့ပြန်ပြန်ဝယ်ထည့်ရသောကုန်ကျငွေ
ရေ မီး အမှိုက်ခတွေပါ ထည့်တွက်ကြဖို့လိုပါတယ်
နောက်တစ်ခု Founderတွေရဲ့
ရင်းနှီးပေးဆပ်ထားမှုတွေကို
ထည့်တွက်ပေးကြဖို့လဲ မမေ့ပါနဲ့
Founder (သို့) ကျောင်းအုပ်တစ်ယောက်ဟာ
ဘာအရည်အချင်း ဘာစွမ်းဆောင်ရည်
ဘယ်လိုကျွမ်းကျင်မှုမျိုးမှမရှိဘဲ
အလွယ်တကူ အကြီးအကဲ ဖြစ်မလာကြပါဘူး

ဒါကိုဖတ်ပြီး သေချာပေါက်
စိတ်ခုကြတော့မယ်
ဝိုင်းပြောကြတော့မယ်ထင်ပါတယ်
ဆက်ပြီးဖတ်ပေးပါ

ဆရာမတွေထဲမှာ မူကြိုဆရာမတွေဟာ
အပင်ပန်းရဆုံး စိတ်အရှည်ရဆုံး
စဥ်ဆက်မပြတ်လေ့လာသင်ယူမှုတွေလုပ်ပြီး
တကယ်ကို ကလေးတွေကိုချစ်မှ
တကယ်ကို ဝါသနာပါမှသာဖြစ်ကြရတဲ့
အာဂ ဒုတိယမိခင်တွေလိုပါ
တော်ရုံဝါသနာမျိုးနဲ့
မူကြိုဆရာအဖြစ်
ရေရှည်မရပ်တည်နိုင်ကြပါဘူး
အဲ့ဒါကြောင့် မူကြိုဆရာမတိုင်းကို
လေးစားသလို တန်ဖိုးလဲထားရပါတယ်

ကိုယ့်ရဲ့ဝါသနာကြောင့်
မူကြိုဆရာမအဖြစ်
ရပ်တည်ကြပြီဆိုတာနဲ့
လုပ်ခလစာဆိုတာကလဲရှိလာပါပြီ
အဲ့ဒီမှာ မူကြိုဆရာမချင်းတူပေမဲ့
ခံယူချက်တွေကွာသွားတဲ့အလိုက်
မူကြိုဆရာမတွေဟာလဲ
အမျိုးအစားကွဲသွားကြတော့တာပါဘဲ

ကိုယ်ကဘယ်လိုမူကြိုဆရာမမျိုးဖြစ်ချင်တာလဲ?
လစာများများလိုချင်တာလား
အတွေ့အကြုံများများလိုချင်တာလား
ကိုယ်ပိုင်မူကြိုကျောင်းဖွင့်နိုင်ဖို့ထိရည်ရွယ်တာလား
အစရှိသဖြင့် ခံယူချက် ဦးတည်ချက်တွေရှိကြမှာပါဘဲ

လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်တွေရှိကြပါတယ်
ကိုယ်လိုချင်တဲ့အရာကို ရအောင်
ကြိုးစားခွင့် တောင်းဆိုခွင့်ရှိကြပါတယ်
မကြိုက်တာကိုမကြိုက်ကြောင်း
အဆင်မပြေတာကိုမပြေကြောင်း
အပြုံးမပျက် ပြောခွင့်ရှိပါတယ်

အဲ့ဒီလို တောင်းဆိုဖို့ ပြောဖို့အတွက်လဲ
ကိုယ့်မှာ လုံလောက်တဲ့ အရည်အချင်းတွေ
အပြည့်ရှိနေဖို့လဲ လိုပါမယ်
မရှိနေသေးရင်အရင်ဦးဆုံး ဖြည့်နေရပါမယ်

အရှင်းဆုံးပြောရရင်
ကိုယ်လိုချင်တဲ့ လစာရဖို့အတွက်
ကိုယ့်မှာအရည်အချင်းပြည့်ဝနေရင်
ကိုယ်လိုချင်တဲ့လစာကို ပေးနိုင်တဲ့
ကျောင်းတွေ အများကြီးရှိတာမို့
ကိုယ့်စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်

တစ်ခါတစ်လေမှာ
လစာကိုအရင်မကြည့်ဘဲ
အတွေ့အကြုံကောင်းတွေရဖို့
ကိုယ့်အချိန်တွေ
ရင်းနှီးကြရတဲ့အချိန်ဆိုတာလဲရှိရပါတယ်
ငွေကြေးဆိုတာ လိုအပ်တာမှန်ပေမဲ့
ငွေကြေးကိုအဓိက ထည့်မတွက်ဘဲ
အတွေ့အကြုံကို လုပ်အားနဲ့
ဝယ်ယူပြီး ဦးနှောက်နဲ့စုပ်ယူကြရပါတယ်
မိမိရဲ့ အရည်အချင်းဟာ
မိမိရဲ့ ဝင်ငွေပါဘဲ
အဲ့ဒါကြောင့် ကိုယ်သာအရည်အချင်း
ပြည့်ဝနေပါစေ ငွေကြေးဆိုတာ
နောက်ကလိုက်ပါတယ်

ဘယ်အလုပ်ဘဲ လုပ်လုပ်
ငွေကြေးကိုအရင်မကြည့်ဘဲ
စိတ်ရင်းစေတနာကောင်းတွေနဲ့
ကိုယ့်အလုပ်အပေါ် ဦးစွာပထမ
သစ္စာရှိရှိနဲ့ ကြိုးစားအားထုတ်ကြည့်ပါ
အလုပ်အပေါ် အနစ်နာခံပြီး
မှန်မှန်ကန်ကန် စိတ်နှစ်လူနှစ်ပြီး
ကြိုးစားတဲ့ လူတိုင်းအတွက်
နေရာကောင်းတွေများစွာ ရှိပါတယ်

နောက်ဆုံးပြောချင်တာကတော့
ကိုယ်က အကောင်းဆုံးကြိုးစားပါရဲ့နဲ့
ကိုယ့်မှာလဲ အရည်ချင်းတွေရှိနေပါရဲ့နဲ့
နေရာမရ ကိုယ်ကြိုးစားသလောက်ပြန်မရ
ကိုယ့်ရဲ့စိတ်ရင်းစေတနာ
အနစ်နာခံမှုတွေနဲ့ထပ်တူကျမနေဘူးဆိုရင်
ဘာလို့အာရုံအနောက်ခံပြီး
ဆက်ရှိနေမလဲ
ကိုယ်လဲစိတ်ပင်ပန်းလူပင်ပန်းနဲ့မပျော်နေမဲ့အတူတူ
ဘာဖြစ်တယ် ညာဖြစ်တယ် ပြောမနေဘဲ
ထွက်ပါ ဘာအကြောင်းညာအကြောင်းမှ
ငဲ့ကွက်စရာမလိုဘဲထွက်ပါ

ကိုယ်လိုချင်တဲ့ အရာတွေရဖို့အတွက်
ရှိသင့်တဲ့အရည်အချင်းတွေ
ပြည့်ဝနေတဲ့သူအတွက်
နေရာကောင်းဆိုတာ
အမြဲရှိကြပါတယ် ။

မူကြိုဆရာမတိုင်းကို
လေးစားချစ်ခင်စွာဖြင့်

မျက်နှာဖုံးတွေ တပ်ပြီး Halloween နေကြသော အချစ်ကလေးများ 🥰🥰🥰
31/10/2025

မျက်နှာဖုံးတွေ တပ်ပြီး Halloween နေကြသော အချစ်ကလေးများ 🥰🥰🥰

သီတင်းကျွတ် ဆရာကန်တော့ပွဲလေး🙏🙏🙏ချစ်ရ ရန်ဖြစ်ရ နဲ့ နေ့ရက်ပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ရတဲ့ သား သမီးလေးတွေ ဘယ်လောက်ပဲ ပင...
03/10/2025

သီတင်းကျွတ် ဆရာကန်တော့ပွဲလေး🙏🙏🙏
ချစ်ရ ရန်ဖြစ်ရ နဲ့ နေ့ရက်ပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ရတဲ့ သား သမီးလေးတွေ ဘယ်လောက်ပဲ ပင်ပန်းနေလည်း နေလို့မကောင်းနေလည်း အော်ရင်း ဆူရင်း ပြုံးရင်း ရယ်ရင်းနဲ့ နောက်ထပ်နေ့တွေ ကိုလည်း အတူဖြတ်သန်းပြီး အနာဂတ်မှာ တော်တဲ့ တတ်တဲ့ လိမ္မာတဲ့ ကလေးလေးတွေ ဖြစ်လာပါစေ သားတို့ သမီးတို့ရေ။ နေ့တိုင်း စာမေးပြီး မရရင် စိတ်ဆိုး တတ်ပေမယ့် ချစ်တယ် ကလေးတို့ရေ ။ ကျန်းမာပျော်ရွှင်ကြပါစေ ။😍😍😍

ကလေးတို့ရဲ့- မေမေဒူးရင်းသီး😁😁

27/08/2025

မူကြို အကူ ဆရာမတစ်ဦးအလိုရှိသည်။ ကလေးများအား စိတ်ရှည်သည်းခံ နိုင်ပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။ ပညာရေး အထက်တန်းအဆင့်ရှိရမည်။

09252209587
အင်းစိန် ၊ မုဒိတာ အိမ်ရာ ၂

27/08/2025

Naing Naung (nursery)
Afternoon class

27/08/2025

Shin po (nursery)
Afternoon class

27/08/2025

Monitor-koko aung lay (KG)

27/08/2025

မမသီရိ (pre kg)

27/08/2025

ကိုကို အားခွန် (pre kg)

27/08/2025

Pre-KG က မတ်မတ်ထူး

Address

ဖွဲနုဆီစက်လမ်း မုဒိတာအိမ်ရာ ၂
Yangon
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 10:00 - 13:00
Sunday 10:00 - 13:00

Telephone

+959252209587

Website

Alerts

Be the first to know and let us send you an email when Our Class Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Our Class Education Centre:

Shortcuts

Share

Category