09/01/2023
みなさん、こんにちは!
ひさしぶりね!!!
အားလုံးကိုကျွန်မအခုတလောဖတ်ဖစ်နေတဲ့
ရုပ်ပြစာအုပ်Websiteလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီWebsiteလေးမှာLevel 0 ကနေ Level 5 အထိရှိတဲ့အတွက် Levelအလိုက်လဲရွေးဖတ်လို့ရတော့တော်တော်လေးအဆင်ပြေတယ်နော်
အဲ့ဒါအပြင်ရုပ်ပုံလေးတွေနဲ့ဆိုတော့အရောင်စုံစုံလေးနဲ့
ဖတ်ရတာပိုပျော်ဖို့လဲကောင်းတယ် N5လေးတွေလဲLevel 0ကနေ ကြိုးစားပီးဖတ်ကြည့်နော် ကျွန်မတော့့
Level 0ကစာအုပ်လေးတွေတော်တော်သဘောကျနေတာ Level 4နဲ့Level 5အတွက်ကတော့စာအုပ်နည်းပါတယ် နမူနာအနေနဲ့လဲ Level 0 ထဲကစာအုပ်လေးတစ်အုပ်လဲ
တင်ထားပေးပါတယ်
ပီးတော့စသုံးမဲ့သူတွေWebsiteထဲဝင်ပီးရင်
Website homepageကနေစာအုပ်ဖတ်လို့ရတဲ့အထိ အဆင့်ဆင့်သွားပုံလေးကိုလဲနောက်ဆုံးပုံမှာ
ညွှန်ပေးထားပါတယ်နော်် အားလုံးပဲ ပျော်ပျော်ပါးပါးနဲ့
ဂျပန်စာအတူလေ့လာကြမယ်နော်
ဘာသာစကားသင်ယူတဲ့အခါ
ဖတ်စာအုပ်တွေတင်မဟုတ်ဘဲပြင်ပစာလေးတွေပါဖတ်ဖို့တိုက်တွန်းပါရစေရှင်
Website Link⬇️⬇️
https://tadoku.org/
အသုံးပြုပုံကိုလဲပုံလေးနဲ့ထည့်ထားပေးပါတယ်
15/08/2022
တစ်လုံးကျက် နှစ်လုံးရမဲ့ စာလုံးလေးတွေPart 2
နည်းနည်းကျက်ပီး နှစ်ဆပြန်ရမှာမို့ သေသေချာချာလေး မှတ်ကြရအောင်နော်🤩
🛎️ဂျပန်စာစတင်လေ့လာမဲ့သူတွေအတွက်100%ပညာဒါနသင်တန်းလေးလုပ်ဖို့စီစဉ်ထားပါတယ် 100%ပညာဒါနဆိုတဲ့အတိုင်း မည်သည့်အခကြေးငွေမှမကောက်ခံပါ စိတ်ဝင်စားရင်pageလေးကိုlike and followလေးလုပ်ထားကြပါနော် ဒီလကုန်လောက် စဖွင့်ပါမယ်ရှင်
Part1 Link
https://www.facebook.com/103711754886060/posts/537856558138242/?d=n
01/08/2022
ဒီနေ့တော့ あ、い、う、え、お。。。အစစာလုံးလေးတွေနဲ့ တိရစ္ဆာန်နာမည်လေးတွေ အတူတူမှတ်ကြရအောင်🤩
あကနေ とအထိ အလုံး20ထိအရင်တင်ပေးလိုက်ပါတယ်နော် နောက်နေ့ကျရင်ကျန်တဲ့စာလုံးလေးတွေနဲ့အကောင်နာမည်လေးတွေတွဲတင်ဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးရှင်💙
29/07/2022
ဒီနေ့မှာလည်း မူကြိုကလေးတွေအရွယ်ဖတ်ကြတဲ့ အရမ်းကြီးheavyမဖြစ်တဲ့ ရုပ်ပုံနဲ့စာလေးကိုတင်ပေးလိုက်တယ်နော်။
日本語を学んで上手になるため、頑張ろう!!
28/07/2022
12လပိုင်းJLPTအတွက်ဖောင်တွေတင်လို့ရပါတော့မယ်
27/07/2022
တစ်လုံးကျက်တာနဲ့နှစ်လုံးရမဲ့စကားလုံးလေးတွေ
ပုံပြင်လေးတွေခနနားပီးဒီတစ်ခါ meaningလေးတွေ မှတ်ကြစို့နော်🤩
နောက်နေ့ကျရင်ဖတ်ရလွယ်တဲ့ပုံပြင်အတိုလေးတစ်ပုဒ်လောက်အတူဖတ်ကြမယ်နော်
24/07/2022
ဒီတစ်ခေါက်ကတော့ ၁၂နှစ်အောက်လေးတွေဖတ်တဲ့စာအုပ်လေး💙
၁၂နှစ်လောက်ဖတ်တာဆိုတော့ စာလေးတွေနည်းနည်းများသွားပေမဲ့ ကြိုးစားပီးဖတ်ကြမယ်နော်
အရမ်းခေါင်းရှုပ်သွားရင်နောက်နေ့ ၃နှစ်အောက်လေးတွေဖတ်တဲ့စာအုပ်လေးထပ်တင်ပေးပါမယ်
(ပြင်ပစာတွေဖတ်တယ်ဆိုတာပေါ့ပေါ့ပါးပါးပျော်ပျော်ပါးပါးနဲ့ကိုယ့်skillကိုမြှင့်ချင်တာလဲရည်ရွယ်ချက်တစ်ခုပဲမို့လုံးဝမဖတ်နိုင်တော့တဲ့အခါအတင်းကြိုးစားပီးဖတ်ရင်စာတွေကိုမလုပ်ချင်တော့တာမျိုးမဖတ်ချင်တော့တာမျိုးဖစ်တတ်လို့ စာဖတ်တဲ့အခါbreakလေးယူပီးဖတ်သင့်တယ်လို့အစ်မကတော့အကြံပေးချင်ပါတယ်နော်)
23/07/2022
みんなでいっしょに
အသက်၄နှစ်အောက်ကလေးလေးတွေဖတ်တဲ့ရုပ်ပြစာအုပ်လေး
(ပုံချည်းပဲ ကြည့်မနေကြနဲ့နော်😁ဂျပန်စာလေ့လာရင်textbookတွေအပြင်ဒီလိုလေးတွေပါဖတ်ရင်စာဖတ်အားပိုမြန်လာပါလိမ့်မယ်နော်💙)
25/04/2022
「は」と「が」
皆さん�こんばんは😃
မနေ့ကကတိပေးထားတဲ့အတိုင်း ဒီနေ့မှာတော့ 「は」နဲ့「が」ရဲ့အသုံးပြုနည်းလေးတွေကိုပြောပြပေးသွားမယ်နော်။�ဂျပန်စာသင်နေတဲ့သူတော်တော်များများအခက်တွေ့နေတာက ဘယ်နေရာမှာ「は」သုံးပြီး ဘယ်နေရာမှာ 「が」သုံးရမလဲဆိုတာပါ။�အဲ့တော့Chalk Talkကြီးက ပြောပြပေးသွားမှာမို့ အောက်မှာဆက်ပြီးဖတ်ကြည့်လိုက်ရအောင်နော်⬇️
ကဲ..အရင်ဆုံး ဥပမာစာကြောင်းလေးကြည့်လိုက်ရအောင်။
1⃣私は先生です。�わたしはせんせいです。
2⃣私が先生です。�わたしがせんせいです。
အပေါ်က ဥပမာပေးထားတဲ့စာကြောင်း၂ကြောင်းမှာ ဘယ်စာကြောင်းကအမှန်လို့ထင်လဲ? ၂ခုလုံးအမှန်နော်။ ဘာလို့၂ခုလုံးမှန်သလဲဆိုတော့ ဆရာကြီး 「は」နဲ့「が」ကြောင့်ပေါ့။�ကဲ ရှင်းပြချက်လေးလာပြီမို့လို့ အောက်ကိုဆက်ပြီးကြည့်လိုက်ရအောင်။�✅�1⃣私は先生です。�ဒီနေရာမှာ 「は」ကိုဘာလို့သုံးလည်းဆိုတော့ ကျွန်တော်/မကဆရာမဖြစ်ပါတယ်ဆိုပြီးပြောချင်လို့ပါ။ ရှင်းရှင်းပြောရရင် ဆရာမဆိုတာကိုအထူးပြုချင်လို့ပါ။ 「は」ကိုအသုံးပြုမယ်ဆိုရင် 「は」ရဲ့အနောက်ကNounကိုအထူးပြုတာပါ။�အောက်မှာ ဥပမာစာကြောင်းလေးကြည့်လိုက်ရအောင်။��A:スーさんの仕事は何ですか?�B:私は先生です。�ဆရာမဆိုတာကိုအထူးပြုချင်လို့「は」ကိုအသုံးပြုတာပါ။
「は」⇒後が大事 (あとがだいじ)
�2⃣私が先生です。�ဒီနေရာမှာ 「が」ကိုဘာလို့သုံးလည်းဆိုတော့ ကျွန်တော်/မကဆရာမဖြစ်ပါတယ်ဆိုပြီးပြောချင်လို့ပါ။ ရှင်းရှင်းပြောရရင် ကျွန်တော်/မဆိုတာကိုအထူးပြုချင်လို့ပါ။ 「が」ကိုအသုံးပြုမယ်ဆိုရင် 「が」ရဲ့ရှေ့ကNounကိုအထူးပြုတာပါ။�အောက်မှာ ဥပမာစာကြောင်းလေးကြည့်လိုက်ရအောင်။
A:誰が先生ですか?�B:私が先生です。�ကျွန်တော်/မဆိုတာကိုအထူးပြုချင်လို့「が」ကိုအသုံးပြုတာပါ။
「が」⇒前が大事 (まえがだいじ)
✅✅�တစ်ခုနဲ့တစ်ခုကိုနှိုင်းယှဥ်တဲ့အခါမျိုးမှာ「は」ကိုသုံးပါတယ်။
ဥပမာစာကြောင်းလေးကြည့်လိုက်ရအောင်။�このラーメンはおいしい。でもこのラーメンはおいしくない。
ひらがなは簡単(かんたん)ですけど、漢字(かんじ)は難しい(むずかしい)。
✅✅✅�အကြောင်းအရာတစ်ခုခုကို ရှင်းပြ၊ပြောပြချင်တဲ့အခါမျိုးမှာ「は」ကိုသုံးပါတယ်။�ဥပမာစာကြောင်းလေးကြည့်လိုက်ရအောင်။�日本(にほん)の桜(さくら)はきれいですよ。
⬆️အပေါ်ကဥပမာပေးထားတဲ့စာကြောင်းမှာဆိုရင် ဂျပန်Sakuraအကြောင်းနဲ့ပတ်သက်ပြီးပြောလို့ 「は」ကိုသုံးထားတာပါ။
✅✅✅✅
နောက်ဆုံးတစ်ခုကတော့ 「が」အသုံးပြုနည်းလေးပါ။ သူကတော့ ကိုယ့်မျက်စိရှေ့မှာမြင်နေရတာကို မြင်နေတဲ့အတိုင်းပြောရင်သုံးပါတယ်။
ဥပမာစာကြောင်းလေးကြည့်လိုက်ရအောင်။
雨(あめ)が降って(ふって)いる。
မိုးရွာနေတာကို ရွာနေတယ်လို့မျက်စိရှေ့မှာမြင်တဲ့အတိုင်းပြောတာပါ။
နောက်တစ်ခုက ကိုယ်ကြုံတွေ့ရတဲ့အရာကိုပြောရင်သုံးပါတယ်။
ဥပမာစာကြောင်းလေးကြည့်လိုက်ရအောင်။
あ!財布(さいふ)がない。
ပိုက်ဆံအိတ်မရှိတော့ဘူးဆိုပြီး ကိုယ်တွေ့ကြုံတွေ့ရတဲ့အရာကိုပြောတာပါ။
အမှန်တကယ်တော့ 「は」နဲ့ 「が」ကရှုပ်ထွေးတာမဟုတ်ပဲ 「は」ကရှုပ်ထွေးတာပါ။ အဲ့တော့အခုအပေါ်မှာရှင်းပြထားတာလေးတွေကို နားလည်အောင်ကြိုးစားပြီး ခုကစပြီးနေရာအထားအသိုမမှားရလေအောင်ကြိုးစားပြင်ကြည့်လိုက်ရအောင်နော်။
အားလုံးနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။
ありがとうございました。
24/04/2022
「は」と「が」
皆さん
こんにちは😃
ဂျပန်စာကိုလေ့လာနေတဲ့သူတိုင်း「は」နဲ့「が」ကို ဘယ်နေရာမှာဘာကိုသုံးရမလဲ ဝေခွဲမရဖြစ်တတ်တယ်လို့ထင်ပါတယ်။ အဲ့ဒီတော့「は」နဲ့「が」ကိုဘယ်နေရာမှာ ဘာကိုသုံးသင့်သလဲဆိုတာ အလွယ်ကူဆုံး အရိုးရှင်းဆုံး ဥပမာလေးတွေနဲ့ မနက်ဖြန်မှာပြောပြပေးသွားမှာဖြစ်လို့ စောင့်နေပေးကြပါဦးနော်။
じゃ また明日😃
26/02/2022
ရေတောင်ဖြောင့်ဖြောင့် မဝင်တော့ဘူး🤧
Photo crd