31/01/2024
ငြင်းတယ် ဆိုလား ?
စိတ် အခန့်မသင့်တဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြ၊ခုံကြတာ၊ စကားများကြ၊ ရန်ဖြစ်ကြတာမျိုးတွေ က နေ့စဉ်ဘဝ ဖြစ်နေကြ အကြောင်း အရာ တွေပါပဲ။ ဒီနေ့တော့ အဲဒီစကားလုံးလေးတွေ နဲနဲလောက်လေ့လာကြည့် ရအောင်။
Fight (v/n)
ဒီ အထဲမှာ fight ကတော့ တစ်ယောက်နဲ့တစ်ယောက် လက်တွေနဲ့ ချကြတာ၊ တိုက်ခိုက်ကြတာတွေ ကော စကားများကြတာကော သုံးပါတယ်။ နေ့စဉ် စကားပြောမှာတော့ verb အနေနဲ့ သုံးတာထက် noun အနေနဲ့ အသုံးများပါတယ်။
What happened, you two?
မင်းတို့နှစ်ယောက်က ဘာဖြစ်ကြတာတုံး။
We got a fight last night.
ငါတို့ ညက ရန်ဖြစ်ကြတယ် လေ။
Argue (v)
Argue ကတော့ စကားများကြ တယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးပါတယ်။
I don't want to argue with you over money.
ပိုက်ဆံကိစ္စနဲ့ မင်းနဲ့ငါ စကားမများ ချင်ဖူးကွာ။
Quarrel (v/n)
Quarrel ကလည်း စကားများကြတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါပေမယ့် မိသားစုဝင်အချင်းချင်း ကြား၊သူငယ်ချင်းတွေအရင်းနှီးသူတွေကြား အတွင်းရေးကိစ္စတွေအကြောင်း စကားများကြတယ်ဆိုတဲ့ သဘောမျိုး အသုံးများပါတယ်။
My mother always quarrels with my sister.
ကျွန်တော့် အမေကတော့ အမနဲ့ အမြဲပဲ စကားများ တော့တာပဲ။
Bicker (v) Squabble (v/n)
ဒီစကားလုံး နှစ်လုံးက လည်း စကားများတယ် ၊ ငြင်းကြခုံကြတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါပေ့မယ့် ဒီစကားလုံးနှစ်လုံးကြ သိပ်အရေး သိပ်မကြီးတဲ့ ဒီနေ့ည ဘယ်ကိုရီးယားကား ကြည့်မလဲ ဆိုတာမျိုးတွေမှာသုံးပါတယ်။
Lee Min Ho is more handsome.
လီမင်ဟိုက ပိုချောတယ်ဟဲ့🤣
My sisters are squabbling about korean actors.
ကျွန်တော့် အစ်မတွေတော့ ကိုရီးယား မင်းသားတွေအကြောင်း ငြင်းနေကြပြီ။
bicker ကတော့ ကလေးတွေ အရုပ်လုကြတယ်ဆိုတဲ့ ပုံစံမျိုး ပိုပေါက်ပါတယ်။ လူကြီးတွေ၊ချစ်သူတွေ ကြားထဲမှာ လည်း ကလေးကလားနဲ့ ကွာ ဆိုတဲ့ အဓိပ္ပါယ် မျိုးပါ ပါအောင်သုံးတတ်ပါတယ်။ noun အနေနဲ့ ဆိုရင် bickering ကိုသုံးပါတယ်။
The twins often bicker over toys.
အဲဒီအမွှာညီနောင် က အမြဲ အရုပ် ပဲလုနေတာ။
This is monastery. Stop bickering over where to sit.
ဒါ ဘုန်းကြီးကျောင်း နော်။ (ကလေးကလား) နေရာလာလု မနေနဲ့🤣(ရပ်ကွက်ထဲက အဒေါ်ကြီးတွေဆို ဒါမျိုးက ဖြစ်နေကြ)
Fight နဲ့ Argue ကို အခြားနေရာတွေမှာ သုံးတဲ့ ပုံစံလေးတွေ လည်း ရှိပါသေးတယ်။ နောက်တစ်ပတ်လည်း ဒီလို အသုံးဝင်မယ့် အကြောင်း အရာ လေးတွေ တင်ပေးမှာမို့ Page ကိုလည်း Like လုပ်ထားခဲ့ပါဦး။ ကျေးဇူးတင်ပါတယ်။
19/01/2024
ကဲ ... မတင်တာလဲကြာပြီ ဆိုတော့ လက်ထဲရှိတဲ့ဟာ လေးတွေပဲတင်ပေးလိုက်ပါတယ်။
In hand ဆိုတဲ့ idiom လေးကတော့ "(အချိန်၊ပိုက်ဆံ၊ စသည်) သုံးဖို့ ရှိတယ်။ အချိန်တွေ ၊ပိုက်ဆံတွေ စသည် ကျန်သေးတယ်။ " ဆိုတဲ့ အဓိပ္ပါယ်ပါ။
E.g. Though we bought a new house last week, we still have enough money in hand to go on vacation next month.
ငါတို့ အိမ်အသစ်တစ်လုံး အရင်တပတ် က ဝယ်ခဲ့ပေမယ့် ၊ နောက်လ ခရီးသွားဖို့ လက်ထဲ ပိုက်ဆံ အလုံအလောက် ရှိသေးတယ်။
နောက်ထပ် အဓိပ္ပါယ်တစ်မျိုးကတော့ အခြေအနေ၊ ကိစ္စတစ်ခုခုမှာ ကောင်းကောင်း "လုပ်နိုင်ပါတယ်။ ကိုင်တွယ်နိုင်ပါတယ် ။ထိန်းချုပ်နိုင်ပါတယ်။ စီမံနိုင်ပါတယ်။စသည့် အဓိပ္ပါယ်မျိုးပါ။
E.g. I have already saved the money to enroll in the English course. So, you don't need to worry about me. Everything is in hand.
ငါက အဲဒီ အင်္ဂလိပ် အတန်းကို တက်ဖို့ ပိုက်ဆံတောင် စုပြီးသွားပြီ။ အဲတော့ မင်းငါ့အတွက် စိတ်ပူနေစရာမလိုတော့ ဘူး။ အားလုံးက လက်ထဲမှာပဲ။ ("ငါကောင်းကောင်း လုပ်နိုင်ပါတယ်။" ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။)
At hand (idm) အနီးအနားမှာ ၊လက်တစ်ကမ်းမှာ ဆိုတဲ့အဓိပ္ပါယ်မျိုးပါ။ နေရာ နီးတယ်လို့ပြောလို့ရသလို၊ အချိန်နီးတယ်လို့လည်း ပြောလို့ရပါတယ်။ မဝေးတော့တဲ့ကာလမှာဆိုပါတော့။ လက်တစ်ကမ်းမှာပဲ အလွယ်တစ်ကူ ရနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်ယူလို့ရပါတယ်။
E.g. The restaurant is close at hand, just around the corner.
အဲဒီ စားသောက်ဆိုင်က ဒီနားလေးတင်ပဲ။
The information you need is close at hand, just a click on the website.
မင်းလိုနေတဲ့ အချက် အလက်တွေက လက်တစ်ကမ်းတင်ပဲလေ ကွာ ၊ အဲဒီဝက်ဆိုဒ် ကို ကလစ်လေးနှိပ်ရုံပဲ။
နောက်ဆုံး အနေနဲ့ ကြားဖူးနေကြ ဆိုရိုးစကားလေးတစ်ခု ဖေါ်ပြလေးလိုက်ပါတယ်။
A bird in the hand is worth two in the bush.
လက်ထဲက ငှက်တစ်ကောင်က ချုံထဲ က နှစ်ကောင်ထက် ပိုတန်တယ်။ (ကျွန်တော်တို့ နားက အဒေါ်ကြီးကတော့ "ကိုယ့်အိပ်ထဲက တစ်ထောင်က ချဲဒိုင်ဆီ တစ်သောင်းထက် တန်ဖိုးရှိတယ်။"တဲ့😀)
Hand မှာတော့ အခြား idiom တွေအများကြီးရှိပါသေး။ဒီ post မှာတော့ အသုံးဝင်မယ့် ဟာလေး နှစ်ခုလောက်ပဲဖေါ်ပြပေးတာပါ။ နောက် အပတ်တွေလည်း ဒီလိုပဲ အသုံးဝင်မယ့် အကြောင်း အရာလေး တွေတင်ပေးပါ မို့ Page ကို follow လုပ်သွားခဲ့ပါဦး။ ကျေးဇူးတင်ပါတယ်။
11/06/2023
ဒီတစ်ပတ်မှာတော့ သိလျှက်နဲ့ ကျောင်းသားတွေ အမြဲ မေးတတ်တဲ့ အသုံးအနှုံး အချို့ ပြောပြချင်ပါတယ်။
ဖြစ်ပုံကတော့ဒီလိုပါ။ ကျွန်တော်တို့ ကျောင်းမှာတော့ ကျောင်းသား တွေကို ကိုယ်တိုင် ရေးတတ်အောင် ရေးနည်းလေးတွေသင်ပေးပြီးရင် ဝါကျလေးတွေဖွဲ့ ခိုင်းတတ်ပါတယ်။ ဒါမှလဲ ကိုယ်တိုင် ရေးတတ်မှာပေါ့။ ရေးတတ်ပြီဆိုရင် ပြောနိုင်ဖို့ကလည်း လွယ်သွားပြီလေ။ လူတွေက 4 skills လို့သာပြောတာ တကယ်တော့ ရေးတာနဲ့ ပြောတာက လက်နဲ့ရေးရတာနဲ့ ပါးစပ်နဲ့ ပြောရတာပဲကွာတာပါ။ အသုံးအနှုံးလေးတွေ နဲနဲ ထပ်မှတ်ထားလိုက်ရုံပါပဲ။
ဝါကျတွေရေးပြီဆိုရင် ကျောင်းသား အငယ်လေးတွေက "အမေ လာကြိုတယ်။ဘယ်သူလိုက်ပို့တယ်။"ဆိုတဲ့ စာကြောင်းလေးတွေ ရေးချင်ကြတယ်။ သူတို့စဉ်းစားလို့မရရင် ဆရာကို မေးတယ်ပေါ့။ဒါပေမယ့် တကယ်တော့ သူတို့သိပြီးသားစကားလုံးလေးတွေပါပဲ။
Pick somebody up(ph v) လာကြိုသည်။
I will pick you up at five.
ငါ မင်းကို 5 နာရီ လာကြိုမယ်။
Drop somebody/something off(ph V) (informal) (လူ)လိုက်ပို့သည်။/ပို့ပေးခဲ့သည်။ (ပစ္စည်း) ပို့သည်။/ချပေးခဲ့သည်။
Mother drops me off at the school and goes to her work.
အမေက ကျွန်တော့လိုက်ပို့ပြီး အလုပ်ဆက်သွားတာ။
We dropped our luggage off at hotel and went sightseeing.
ကျွန်တော်တို့ အိတ်တွေ ဟော်တယ်မှာချခဲ့ပြီး လျောက်သွားတာ။
Take/walk/drive တွေကိုလဲသုံးနိုင်ပါတယ်။
A boy took us to our room.
ကောင်လေးတစ်ယောက် ကျွန်တော်တို့ အခန်းကိုလိုက်ပို့တယ်။(ကျွန်တော်တို့ အခန်းဆီသို့ ခေါ်လာတယ်။)
I will walk you to the door.
ကျွန်တော် တံခါးအထိ လိုက်ပို့မယ်။(လမ်းလျောက်ပြီး တံခါးဆီခေါ်သွားမယ်။)
My mother drove us to the airport.
အမေ ကျွန်တော်တို့ကို လေယဉ်ကွင်းလိုက်ပို့တယ်။(ကားမောင်းပြီး လိုက်ပို့တယ်။)
Bring နဲ့ send မှာလဲ ဒီသဘောမျိုးရှိတယ်။
ပစ္စည်းဆိုတော့ ယူလာသည်။လူဆိုတော့ ခေါ်လာသည် ပေါ့။ ပစ္စည်းဆိုတော့ ပို့သည်။ လူဆိုတော့ လွှတ်လိုက်သည်ပေါ့။
She brought her friend to the party.
သူ သူ့သူငယ်ချင်းကို ပါတီ ခေါ်လာတယ်။
Mother sent me to the shop.
အမေ ကျွန်တော့ကို ဈေးဆိုင် လွှတ်လိုက်တယ်။(သွားခိုင်းသည်။)
ဒီစကားလုံးတွေမှာ အခြား အဓိပ္ပါယ်တွေရှိပါသေးတယ်။ အဘိဓါန် မှာကြည့်လိုက်ပါဦး။ ကျန်းမာ၊ချမ်းသာကြပါစေ။ သင်တန်းတက်ချင်ရင်တော့ ph 09440223071/09250498109 ကိုရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။ messenger မှာတော့ မအားတဲ့အခါ ပြန်မဖြေနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
28/05/2023
ဒီတစ်ပတ်မှာတော့ အချစ်ရေး၊ အချစ်ရာ နဲ့ပတ်သက်ပြီး ရုပ်ရှင်တွေထဲမှာအတွေ့များတဲ့ အင်္ဂလိပ်စကားပြော အသုံးလေးတွေ ပြောပြချင်ပါတယ်။ သင်တန်းလာတက်တဲ့ ကျောင်းသားတွေကလည်း ဒါမျိုးကြတော့ သိပ်စိတ်ဝင်စားကြတာကိုးဗျ😀။
1. Are you seeing someone?
တိုက်ရိုက်အဓိပ္ပါယ်ကတော့ "မင်းတစ်ယောက်ယောက်နဲ့ တွေ့နေလား။" ဆိုပေမယ့် အဓိပ္ပါယ်ကတော့ "မင်းတစ်ယောက်ယောက် နဲ့ ချိန်းတွေ့နေလား""မင်းတစ်ယောက်ယောက်နဲ့ ကြိုက်နေလား"ဆိုတဲ့ အဓိပ္ပါယ်ပါ။
2. Can I take you out sometime?
Can I ask you out on a date?
" မင်းနဲ့ လျှောက်လည်လို့ရမလား။ ငါ မင်း နဲ့ချိန်းတွေ့လို့ရမလား။" ဆိုပြီး မေးတာပါ။ ညစာစားတာမျိုး ရုပ်ရှင်ကြည့်တာမျိုး ကော်ဖီအတူ သွားသောက် တာမျိုးပါ။
3. Hit on somebody (ph v) တစ်ယောက်ယောက်ကို ကြိုက်နေကြောင်း ပြောသည်၊ အမူအရာဖြင့် ပြသည် ဆိုတဲ့သဘော မျိုးပါ။ ခေတ်စကားနဲ့ ပြောရရင်တော့ "ကြောင်သည်" ပေါ့။
Are you hitting on me? "နင်ငါ့ကို လာကြောင်နေတာလား။" Stop hitting on me. "ငါ့ကို လာကြောင် မနေနဲ့။" စသည်ဖြင့် ရုပ်ရှင်တွေထဲမှာတွေ့ရတတ်ပါတယ်။
4. Be into (somebody/something) (idiom)
စိတ်ဝင်စားသည်။ တစ်ယောက်ယောက်ကိုကြိုက်သည်။ ဆိုတဲ့ အဓိပ္ပါယ်ပါ။
He's really into you. သူနင့်ကို တကယ် ကြိုက်နေတာ။
I love you. I am in love with you. I fell in love with her. ဆိုတဲ့ စကားတွေကတော့ ရှင်းပြဖို့ တောင် မလိုတော့ လောက်ပါဘူး။ ဒါပေမယ့် love ကိုတော့ တန်ဖိုးထားပြီး သုံးကြပါတယ်။ တော်တော်လေး ချစ်လို့သာ ချစ်တယ်လို့ပြောတာပါ (ဒါတော့ သူပြောမှလား😁)။
5. နောက်ဆုံးမှာတော့ "Will you marry me?" "ငါ့ကို လက်ထပ်နိုင်မလား။" ဆိုပြီး လက်ထပ်ခွင့် တောင်းပါတယ်။ အနောက်တိုင်းသားတွေရဲ့ "ချိန်းတွေ့တယ်၊လက်ထပ်တယ်" ဆိုတဲ့ ကိစ္စ တွေကတော့ မြန်မာ နဲ့ တော်တော်လေးကွာပါတယ်။
ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။ နောက်တစ်ပတ်လည်း စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ တင်ပေးမှာမို့ Page ကို Like and follow လုပ်ထားခဲ့ပါဦး။ သင်တန်းတက်ချင်တယ်ဆိုရင်တော့ ph 09440223071/09250498109 ကိုရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။ messenger မှာတော့ အလုပ်မအားတဲ့အခါ အချိန်ပြည့် မဖြေနိုင်တာမျိုး ရှိပါတယ်။ ကျန်းမာကြပါစေ။
ကျေးဇူးတင်ပါတယ်။
10/04/2023
ဒီတစ်ပတ်မှာ တော့ ကတ်သီးကတ်သတ် နဲ့ သတိမထားမိရင် မှားနိုင်တဲ့ အင်္ဂလိပ်စကားလုံး လေးတွေအကြောင်း ပြောပြချင်ပါတယ်။
ပထမတစ်ခုကတော့ indoor နဲ့ indoors ပါ။ Noun တွေ Verb တွေ လို s/es ပေါင်းလိုက်ရင် အနဲကိန်း၊ အများ ကိန်း ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ indoor က adjective ဖြစ်ပြီး "
(အဆောက်အဦး၊ အိမ်စသည်တို့၏)အတွင်း တွင်ရှိသော ၊ အတွင်းတွင် လုပ်ရသော" ဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်ပါတယ်။ indoors ကတော့ adverb ပါ။ " (အဆောက်အဦး၊ အိမ်စသည်တို့၏)အတွင်းမှာ" လို့ အဓိပ္ပါယ်ရပါတယ်။ ဥပမာလေးတွေ ကြည့်လိုက်ပါဦး။
Example: indoor (adj)
Table tennis is indoor game.
စားပွဲတင် တန်းနစ် က (အဆောက်အဦး) အတွင်းမှာ ကစားရတဲ့ ကစားနည်းမျိုး ဖြစ်တယ်။
There is a big indoor swimming pool in this hotel.
ဒီဟိုတယ်မှာ အဆောက်အဦးအတွင်းမှာဆောက်ထားတဲ့ ရေကူးကန် ရှိတယ်။
Example: Indoors (adv)
It is raining outside. We had better stay indoors.
အပြင်မှာ မိုးရွာနေတယ်။ ငါတို့အိမ်ထဲမှာပဲ နေတာ ကောင်းလိမ့်မယ်။
I prefer to stay indoors in this really hot weather.
ဒီလောက်ပူတဲ့ ရာသီမှာ ငါတော့ အထဲမှာ နေရတာပဲ ပိုကြိုက်တယ်။
နောက်တစ်ခုကလည်း ဒီလိုမျိုးပါပဲ။ Sale (noun) ရောင်းချခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ Sales (noun) ရောင်းအား (ရောင်းရငွေ )/ (ကုမ္ပဏီတစ်ခုရဲ့)အရောင်းပိုင်း၊ အရောင်းဌာန လို့ အဓိပ္ပါယ်ရပါတယ်။
Example
I haven't made a sale all week.
ငါဒီတစ်ပတ်လုံး အရောင်း တစ်ခါမှ မဝင်ရသေးဘူး။ (ပရိုမိုးရှင်းသမား လေသံနဲ့😁😁)
Retail sales fell in November by 10 per cent.
လက်လီ ရောင်းအားက နိုဝင်ဘာလမှာ 10 ရာခိုင်နှုန်း လောက်ကျသွားတယ်။
She works in sales.
သူက အရောင်းဌာနမှာ အလုပ်လုပ်တာ။
(sales department လို့ ပြောလဲရပါတယ်။)
နောက်တစ်ကတော့ On Sale နဲ့ for sale ပါ။
(Up)For sale (idiom) ရောင်းရန်ရှိသည် (ပိုင်ရှင်မှ) ဆိုတဲ့ အဓိပ္ပါယ်ပါ။ On sale (idiom) ရောင်းရန်ရှိသည် (ဆိုင်ပေါ်မှာ) ဆိုတဲ့ အဓိပ္ပါယ်ရယ်၊ နောက်တစ်မျိုးက လျှော့ဈေးနှင့် ရနိုင်သော ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဥပမာလေးတွေ ကြည့်လိုက်ပါဦး။
Example
All phone accessories are on sale today and tomorrow.
ဒီနေ့ နှင့် မနက်ဖြန်မှာ ဖုန်းစပ်ဆက်ပစ္စည်းတွေအားလုံးကို လျှော့စျေးနှင့် ရပါမယ်။
Tickets are on sale from the office.
လက်မှတ်တွေကို ရုံးမှာ ဝယ်ယူရရှိနိုင်ပါတယ်။
She has put her house up for sale.
သူ သူ့အိမ်ကို ရောင်းဖို့ လုပ်ထားတယ်။
ကျေးဇူးတင်ပါတယ်။
နောက်တစ်ပတ်မှာလည်း စိတ်ဝင်စားစရာလေးတွေ တင်ပေးမှာမို့ Page ကို Like နဲ့ follow လုပ်ထားခဲ့ပါဦး။ သင်တန်း စုံစမ်းချင်ရင်တော့ Ph 09440223071/09250498109 ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။
26/03/2023
S-L-E-E-P အိပ်သည် ဆိုတာ ငယ်ငယ်ကတည်းက အော်ကျက်ခဲ့ရတဲ့ စကားလုံးလေးပါ။ ဒီတစ်ပတ်မှာတော့ အိပ်တာနဲ့ ပတ်သက်တဲ့ စကားလုံးလေးတွေ၊သုံးနေကြ ပြောစကားလေးတွေ အကြောင်း ပြောချင်ပါတယ်။ အရင်ဆုံး အောက်မှာရေးထားတဲ့ လူနှစ်ယောက် အပြန်အလှန် ပြောစကားလေးကိုဖတ်ကြည့်ပါဦး။
Susan: You seem tired, Jake.
Jake: Yeah, I couldn't sleep well last night.
Susan: Did you stay up late watching football game again?
Jake : No, I stayed over at my sister's place.I kept tossing and turning in bed all night?
အိပ်ရေးပျက်တယ်လို့ ပြောချင်ရင်တော့ ဒုတိယ စာကြောင်းမှာပါတဲ့အတိုင်း "I couldn't sleep well last night." ငါမနေ့ညက ကောင်းကောင်းမအိပ်ရဘူးကွာ။ " လို့ လွယ်လွယ် ကူကူ ပြောနိုင်ပါတယ်။"I didn't get much sleep last night." ဆိုလဲ အတူတူပါပဲ။ Sleep ကို noun ပုံစံနဲ့ သုံးတာရယ် verb ပုံစံနဲ့သုံးတာရယ်ပဲကွာပါတယ်။"
Stay up late ဆိုတာကတော့ "နောက်ကျတဲ့အထိ မအိပ်ပဲ နေသည် " ဆိုတဲ့ အဓိပ္ပါယ်ပါ။
Did you stay up late watching football game again? ဆိုတာကတော့ "မင်း ဘောပွဲတွေကြည့်ပြီး နောက်ကျတဲ့အထိ မအိပ်ပဲ နေပြန်ပြီလား။" ခေတ်စကားနဲ့ ပြောရင်တော့ "မင်းဘောပွဲကိုက် ပြန်ပြီလား။" လို့ပြောတာပါ။
Stay over ဆိုတာကတော့ "သူများ အိမ်မှာ အိပ်သည် " လို့ အဓိပ္ပါယ်ရပါတယ်။
I stayed over at my sister's place. ဆိုတာကတော့ "ငါ ငါ့အမအိမ်မှာ အိပ်ခဲ့တာ။
Stay overnight/Sleep overnight ဆိုရင်လဲ တစ်ညတာ တည်းခိုသည်၊ အိပ်သည် လို့ ဆိုလိုတာပါပဲ။
We stayed overnight in Mandalay.
ငါတို့ မန္တလေးမှာ တည်းခဲ့တယ်။ overnight (adv) တစ်ညတာ ဆိုတဲ့ စကားလုံးကို သုံးလိုက်တာပါပဲ။
Toss ဆိုတာက တစ်ခုခုကို "မြှောက်သည်" ၊ turn ဆိုတာက "လှည့်သည်၊ ကွေ့သည်" ပါ။ ဒါပေမယ့် toss and turn ဆိုတာကတော့ "တစ်လူးလူး တလှိမ့်လှိမ့် ဖြစ်သည်"လို့ ပြောတာပါ။
I kept tossing and turning in bed all night. ဆိုတော့
"တစ်ညလုံး အိပ်ယာထဲမှာ တစ်လူးလူး တစ်လှိမ့်လှိမ့် ပါပဲကွာ။" လို့ ဆိုလိုတာပါ။
ဒီတစ်ပတ်တော့ဒီလောက်ပါပဲ။ နောက်တစ်ပတ်မှာလဲ အသုံးဝင်မယ့် အကြောင်းအရာလေးတွေ တင်ပေးမှာမို့ Page ကို Like & follow လုပ်ထားခဲ့ပါဦး။ သင်တန်းတက်ချင်တယ် ဆိုရင် တော့ ph. 09440223071/09250498109 ကိုရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ April လဆန်း မှာ တန်းခွဲ သစ်တွေလဲ ရှိပါတယ်။
ကျေးဇူးတင်ပါတယ်။
19/03/2023
ဒီတစ်ပတ်မှာတော့ ရုတ်တရက် ကြည့်လိုက်ရင် မှားနေသလို ထင်ရတဲ့ စကားလုံးတွဲ လေးနှစ်ခုကို ရှင်းပြချင်ပါတယ်။ အင်္ဂလိပ်စာမှာ Want to eat - စားချင်တယ် Seem to know သိပုံပေါ်တယ် ဆိုတဲ့ စကားစု လေးတွေ ရှိပါတယ်။ Want to eat ကို eat နေရာမှာ go အစားထိုးပြီး "Want to go -သွားချင်တယ်" Want to swim - ရေကူးချင်တယ်" စသည်ဖြင့် သုံးကြပါတယ်။ ဒါပေမယ့် want eat ရယ်လို့တော့ (verb)နှစ်လုံး ရှေ့နောက်ဆက်တာမျိုးတော့ မဟုတ်ပါဘူး။ ကြားထဲမှာ Prepositions "to" လေးတစ်လုံးတော့ ခံထားရပါတယ်။Make do နဲ့ Stay put ဆိုတဲ့ စကားလုံးနှစ်လုံးကတော့ ဒီလို သုံးလို့ရပါတယ်။ ရုတ်တရက် ဆိုရင် တော့ make(verb)ပြုလုပ်သည်၊ do(verb) ပြုလုပ်သည် နှစ်ခုတွဲ ရေးလိုက်တော့ ဘယ်လို မှန်းကို မသိတော့ပါဘူး ဆိုပြီး ထင်ချင်စရာပါ။
"Make do (with something) (idom) သိပ်မကောင်းတဲ့ ပစ္စည်းတွေနဲ့ပဲ၊ ရှိတာနဲ့ပဲ ရအောင်/ဖြစ်အောင် လုပ်သည်။" ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ ဥပမာလေးတွေ ကြည့်လိုက်ပါဦး။
Examples
We don't have potatoes to cook the chicken curry tonight.
We wiil have to make do with vegetables that we have.
ဒီည ကြက်သားဟင်းချက်ဖို့ ငါတို့မှာ အာလူး မရှိတော့ဘူးဟေ့။
ရှိတဲ့ အသီးအရွက်တွေနဲ့ ပဲ ဖြစ်အောင် ချက်လိုက်တော့မယ်။
A:I forgot to buy chopsticks for the party.
B: Don't worry. We can make do with forks.
A: ငါ ပါတီအတွက် တူတွေ ဝယ်ဖို့ မေးလာတယ်ဟေ့။
B: ရပါတယ်ကွာ။ ခရင်းနဲ့ပဲ ဖြစ်သလို စားလဲရပါတယ်။
"Stay put (idiom) ရှိနေတဲ့နေရာ၊ ရောက်တဲ့နေရာ၊ထားထားတဲ့နေရာ မှာပဲ ဆက်နေသည်။" လို့ အဓိပ္ပါယ်ရပါတယ်။
Example
Stay put here until I get back.
ငါ ပြန်လာတဲ့အထိ ဒီမှာပဲ နေ။
The Baby won't stay put long enogh for the photo to be taken.
ကလေးက ဓာတ်ပုံ ရိုက်လို့ရလောက်အောင် ငြိမ်ငြိမ် နေမှာ မဟုတ်ဘူး။
ဒီအပတ်ကတော့ ဒီလောက်ပါပဲ။နောက် အပတ်တွေမှာလဲ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေ တင်ပေးမှာမို့ Page ကို like and follow လုပ်ခဲ့ပါဦး။ သင်တန်းတက်ချင်ရင်လဲ April လအတွက် တန်းခွဲ သစ်တွေရှိလို့ Ph. 09440223071/09250498109 ကိုရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
15/02/2023
ဒီတစ်ပတ်မှာတော့ Prepositions (in,on,at....) မလိုပဲ ထည့်မိတတ်တဲ့ စကားလုံးလေးတွေအကြောင်း ပြောပြချင်ပါတယ်။
Visit ( v ) လည်ပတ်သည် လို့ သုံးတဲ့အခါ လည်ပတ်တဲ့နေရာ၊လည်ပတ်တဲ့သူတွေကို to မလိုပဲ တန်းရေးရုံပါပဲ။ E.g.ငါတို့ အရင်အပတ်က တိရစ္ဆာန်ရုံသို့ သွားသည်။ We visited to the zoo last week. "သို့ "ဆိုပြီး to ကို မှားထည့်မိတတ်ပါတယ်။ We visited the zoo last week. ဆိုရင်ရပါပြီ။
Visit ( n ) အလည်အပတ်ခရီး ဆိုပြီး Noun အနေနဲ့ သုံးရင်တော့ to ထည့်ပါတယ်။
The family paid a visit to England in the summer.
Answer ( v ) ဖြေသည်။ ထူးသည်။ ဆိုတဲ့ စကားလုံးကလည်း ဒီလိုပါပဲ။
မင်းငါ့မေးခွန်းကို မဖြေသေးဘူးနော်။
E.g.You haven't answered my question.
သူ ဖုန်းကို ကိုင်လိုက်တယ်။
He answered the phone.
Answer ( n ) အဖြေ ဆိုပြီး Noun အနေနဲ့ သုံးရင်တော့ ထည့်ပါတယ်။
I can't easily give an answer to your question.
Approach(v) (နေရာတစ်ခု၊ အချိန်တစ်ခုသို့) ချဉ်းကပ်သည်၊နီးကပ်လာသည် ။ ကလည်း "ဘယ်ဆီသို့" ဆိုပြီး to မှားထည့်မိတတ်ပါတယ်။
E.g.မနေ့ညက ဘားမှာ ငါ့ကောင်မလေးနား အင်္ကျီအပြာနဲ့ ကောင် ကပ်လာလို့။
The man in the blue shirt approached my girlfriend at the bar last night.
ဆောင်းတွင်း နီးလာပြီ။
Winter is approaching.
Approach(n) (ကိစ္စရပ်၊ပြဿနာ)ကိုင်တွယ်သည့်နည်းလမ်း ဆိုရင်တော့ Prepositions တွေသုံးပါတယ်။
We need to adopt a new approach to the problem.
Accompany (v) (တစ်ယောက်ယောက်နှင့်)အတူတူသွားသည်။ "အတူတကွ" ဆိုပြီး With မှားထည့်မိတတ်ပါတယ်။
She accompanied her mother to the market.
* ဂီတ မှာတော့ အတူတူလိုက်ဆိုသည် လိုက်တီး သည် ဆိုတဲ့ အဓိပ္ပါယ် မျိုးနဲ့ သုံးတဲ့အခါမှာ တော့ On ထည့်ပါတယ်။
The singer was accompanied on the piano by her sister. အဆိုတော်ကို သူ့ညီမလေးက စန္ဒရား လိုက်တီးပေးတယ်။
ကျေးဇူးတင်ပါတယ်။
သင်တန်း စုံစမ်းရန် 09440223071/09250498109
12/02/2023
ဒီတစ်ပတ်မှာတော့ breath ပါတဲ့ idiom လေးတွေ နဲနဲ တင်ပေးလိုက်ပါတယ်။
1.Catch your breath (stop breathing for a moment because of fear,shock) ကြောက်လို့ အရမ်း အံ့ဩ ထိတ်လန့် သွားလို့ အသက်ရှူ ခဏရပ်သွားတာမျိုး ကို ပြောတာပါ။
I caught my breath when I saw a big shadow behind her last night.
သူ့နောက်ကအရိပ်မဲကြီး မြင်ပြီးတော့ ငါအသက်ရှုတောင် ခဏရပ်သွားတယ်။
2.Catch your breath ( breathe normally again after running or doing some tiring exercise) လေ့ကျင့်ခန်းတွေ လုပ်ပြီး၊ မြန်မြန်ပြေးပြီး ခဏ လောက်နားပြီး အသက်ပြန်ရှုတာမျိုးကို ပြောတာပါ။
Slow down, I have to sit down and catch my breath.
ခဏစောင့်ပါဦး၊ ငါထိုင်ပြီး ခဏနားမှ ရတော့မယ်။
Hold your breath ( stop breathing temporarily)
"အသက်ရှုအောင့်ထားသည်။" လို့ပြောတာပါ။
When I dived into the pool,I held my breath under the water.
ငါ ရေကန်ထဲငုပ် ဝင်သွားတော့ အသက်ရှူ အောင့်ထားတယ်။
2.to be nervous while you are waiting for something that you are anxious about
ကိုယ် စိုးရိမ် နေတဲ့ ကိစ္စတစ်ခုကို စောင့်နေတဲ့အခါမျိုးမှာစိတ်လှုပ်ရှားနေတာ မျိုးကို ပြောတာပါ။
He held his breath while the results were read out.
ရလဒ်တွေ ဖတ်ပြတဲ့ အချိန်မှာ သူ့အသက် ခဏလောက်အောင့်ထားခဲ့ရတယ်။
Save your breath (to tell somebody that it is not worth wasting time and effort saying something because it will not change anything) တစ်ယောက်ယောက်ကို လုပ်မနေပါနဲ့ ဘာမှလဲ ထူးမှာ မဟုတ်ပါဘူးလို့ ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်။
Save your breath. He's not listening what you say. It will fall on deaf ears.
ကျေးဇူးတင်ပါတယ်။
23/01/2023
Idiom ဆိုလား ?
လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတစ်ယောက်က မေးတာနဲ့ idiom ဆိုတာဘာလဲ ဆိုတဲ့ အကြောင်းလေး ပြောပြမိပါတယ်။ idiom ဆိုတာကတော့ စာသားရဲ့ ဖော်ပြတဲ့ အဓိပ္ပါယ် အရင်းအတိုင်း မဟုတ်ပဲ အခြား သွယ်ဝိုက်ပြီး လူအများနားလည်တဲ့အဓိပ္ပါယ် တစ်ခုဖြစ်နေတာမျိုးပါ။
give/lend a (helping) hand (idm) to help sb
အဓိပ္ပါယ် ကိုတိုက်ရိုက်ပြန် ရင်တော့ မင်းကို ကူညီမယ့် လက်တစ်ဖက် ပေးသည်/ ငှားသည် ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ကူညီပေးသည် လို့ဆိုလိုပါတယ်။ helping ကို ဖြုတ် ပြောလေ့ရှိပါတယ်။
May I give you a hand? ငါမင်းကို ကူညီပေးရမလားလို့ပြောတာပါ။
be beyond somebody (idm) to be impossible for somebody to imagine, understand or do
တစ်ယောက်ယောက်ရဲ့အလွန်မှာ ဆိုတဲ့ အဓိပ္ပါယ် နဲ့ မဟုတ်တော့ပဲ မတွေးနိုင်တော့ဘူး၊ နားမလည်နိုင်တော့ဘူး၊ မလုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။
It's beyond me why she wants to marry Mike. သူဘာကြောင့် မိုက်ကို လက်ထပ်ချင်လဲဆိုတာ နားကိုလည်တော့ဘူး။
broke (adj/idm) having no money
break/broke/broken ကိုပုံမှန် ကျိုးသည်၊ ချိုးသည် ဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်တော့ ပဲ broke ကို ပိုက်ဆံမရှိဘူး မွဲနေတယ် ဆိုပြီး သုံးပါတယ်။
I am broke. "ငါတော့ မွဲနေပြီ။" ဆိုပြီး ဆိုလိုတာ ပါလို့ သူငယ်ချင်းကို ရှင်းပြလိုက်ပါတယ်။
မင်းအား ရင် ငါ့ဆီမှာ သင်တန်းလာတက်ပေါ့ကွ ဆိုပြီး ကြုံတုန်းလေး လူခေါ်ရပါတယ်။ ဆရာကောင်း တပည့်က တစ်ခုပဲ ပြန်ပြောသွားပါတယ်။ "I am broke." တဲ့။
ကျေးဇူးတင်ပါတယ်။
15/01/2023
ဒီတစ်ပတ်မှာတော့ pain,ache နဲ့ hurt ဆိုတဲ့ စကားလုံးလေးသုံးလုံး အကြောင်း ပြောပြချင်ပါတယ်။
Pain (noun) ကိုယ်ခန္ဓာ အပြင်ပိုင်း က နာကျင်တာမျိုးကို အဓိကပြောတာပါ။ ထိခိုက်မိလို့၊ နေမကောင်းလို့ ချက်ချင်း နာလာတာမျိုး ပြီးတော့ မေ့ထားပို့ခက်တဲ့ နာကျင်မှုမျိုးတွေမှာ အသုံးများပါတယ်။
She's in constant pain. These tablets will help to ease the pain.
သူမတစ်ချိန်လုံးနာနေတာ။ ဒီဆေးတွေက သက်သာအောင် ကူညီပေးပါလိမ့်မယ်။
I'm feeling a sharp pain in my foot.
ငါ့ခြေထောက်မှာ တော်တော်လေး နာနေတယ်။
(*စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာတွေ နာကျင်ရတာမျိုးအနေနဲ့လဲသုံးပါတယ်။)
Ache (noun) ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ နာတာ၊ ကိုက်ခဲတာမျိုးကို အဓိကပြောတာပါ။ ခန္ဓာကိုယ် အတွင်းပိုင်းက ကိုက်ခဲတာမျိုး၊ စူးခနဲ နာလာတာမျိုး မဟုတ်ပဲ အောင့်တောင့်တောင့် နဲ့ မပျောက်နိုင်တာမျိုးတွေမှာ အသုံးများပါတယ်။
I had toothache last night.
မနေ့ညက ငါ့ သွားတွေကိုက်နေတာ။
Mummy, I've got a tummy ache.
မေမေ ရေ သမီးဗိုက်ထဲက အောင့်အောင့်နေတယ်။
(*ရင်ထဲမှာ နာကျင်ဝမ်းနည်း ရတယ်လို့ ခိုင်းနှိုင်းပြီး သုံးတာမျိုးလည်းရှိပါတယ်။)
Hurt (verb) တစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ့်ကိုကိုယ် နာကျင်စေသည်၊ ဒဏ်ရာ ရစေသည် ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ သုံးပါတယ်။
It hurts when I try to bend down my knees.
ငါ ဒူးကွေးလိုက်ရင် နာနေတယ်။
No one was seriously hurt in the accident.
ဒီမတော်တဆမှု မှာ ဘယ်သူမှ ပြင်းပြင်းထန်ထန် ဒဏ်ရာ မရပါဘူး။
Strong light hurts my eyes.
အလင်း ရောင်စူးစူးတွေက ငါမျက်လုံး ကို နာကျင်စေတယ်။
(* ဝမ်းနည်းစေတယ် ၊ စိတ်ညစ်စေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့လည်း သုံးပါတယ်။)
Muscular aches and pains can be soothed by a relaxing massage. It won't hurt you anymore.
ကျေးဇူးတင်ပါတယ်။
27/12/2022
Who will bell the cat: ဒီကြောင်ကို ဘယ်သူခြူဆွဲမလဲ???
Once upon a time, there lived many mice in a grocery store.
တစ်ခါက ကုန်စုံဆိုင်ထဲမှာ ကြွက်တွေအများကြီးနေကြသတဲ့။ There in the shop, they ate delicious wheat and rice, pulses and nuts, bread and butter and biscuits.အဲဒီဆိုင်ထဲမှာတော့ သူတို့က အရသာရှိတဲ့ ဂျုံ၊ ဆန်၊ ပဲနဲ့ အခွံမာအသီးတွေ၊ ပေါင်မုန့်၊ထောပတ်နဲ့ ဘီစကစ်တွေကို စားကြတာပေါ့။ They grew fat day by day.သူတို့တွေဟာ တစ်နေ့ထပ်တစ်နေ့ ပိုပို ၀ဖြိုးလာပါသတဲ့။
One day, the grocer thought about the heavy losses that he had to suffer because of the menace of the mice.တစ်နေ့တော့ ဆိုင်ပိုင်ရှင်က ကြွက် အန္တရယ်ကြောင့် ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတွေအကြောင်း တွေးမိပါတော့တယ်။ This angered him so much, that the next day, he brought a big fat cat to his shop. အဲဒါက သူ့ကို အလွန်စိတ်ဆိုးစေပြီး နောက်တနေ့မှာတော့ သူ ကြောင် ဝ ၀ ကြီးတစ်ကောင် ဆိုင်ကို ခေါ်လာပါတော့တယ်။The big fat cat began to catch and kill the fat mice everyday.ကြောင်၀ကြီးက ကြွက်တွေကို စပြီး ဖမ်းယူသတ်ဖြတ်ပါတော့တယ်။The mice became worried.ကြွက်တွေလဲ စိတ်တွေ ပူလာကြပါရော။ They called a meeting to discuss the problem. သူတို့လည်း ဒီပြဿနာကို တိုင်ပင်ကြဖို့ အစည်းအဝေးတစ်ခု ခေါ်လိုက်ပါတော့တယ်။
"Let's get rid of this cruel fat cat," the leader of the mice said.ဒီရက်စက်ကြမ်းကြုတ်တဲ့ ကြောင်၀ကြီး ကိုမောင်းထုတ်ကြရအောင်ဟေ့ လို့ ကြွက်တွေရဲ့ ခေါင်းဆောင်က ပြောလိုက်တယ်။"But how?" the other mice asked.ဒါပေမယ့် ဘယ်လိုမောင်းထုတ်မှာလဲလို့ အခြားကြွက်တွေကမေးကြတာပေါ့။
All of them began to think. သူတို့အားလုံးပဲစပြီး စဉ်းစားကြတာပေါ့။Then one mouse said, "We should tie a bell round the neck of the fat cat. So, whenever she would move towards us, the bell would ring and we will run into our holes immediately."ဒီလိုနဲ့ ကြွက် တစ်ကောင်က ထပြောတယ်။ ငါတို့ကြောင်၀ကြီးရဲ့လည်ပင်းမှာ ခြူတစ်လုံးလောက် ချည်ပေးထားသင့်တယ်။ဒီတော့ သူဘယ်အချိန်ပဲ ငါတို့ဘက် လှည့်လာလာ၊ ခေါင်းလောင်းက အသံမြည်ပြီး၊ ငါ့တို့ လဲ ကိုယ့်အပေါက်ထဲ ကိုယ်ချက်ချင်း ဝင်ပြေးလို့ရတာပေါ့။
All the mice became very happy to hear this.ကြွက်တွေ အားလုံး ဒီစကားကြားရတာ အရမ်းပဲ ပျော်ရွင်ကြသတဲ့။ They began dancing with joy.သူတို့ ပျော်ရွင်ကြတာနဲ့ အတူစတင်ပြီး ကခုန်ကြသတဲ့။But their joy was short-lived.ဒါပေမယ့် သူတို့ရဲ့ ပျော်ရွင်မှုကကြာရှည်တော့ မခံလိုက်ပါဘူး။ An old and experienced mouse interrupted their merrymaking and shouted, "Fools, stop it and tell me, who'll bell the cat?"အသက်ကြီးပြီး အတွေ့အကြုံရှိတဲ့ ကြွက်တစ်ကောင်က သူတို့ရဲ့ ပျော်ရွင်စွာ ကခုန်နေတဲ့ ကြားထဲကိုအော်ပြီး "အရူးတေ၊ အခုရပ်ပြီး ငါ့ကို ပြောစမ်းပါဦး ၊ ဘယ်သူက အဲ့ကြောင်ကို ခြူသွားဆွဲမှာလဲ။ "
No mouse had the answer to this big question.ဘယ်ကြွက်မှ ဒီအဓိကမေးခွန်းကြီး ရဲ့ အဖြေ ရှိမနေကြပါဘူး။