02/04/2025
Alternative Paces
The Everything Page
02/04/2025
30/03/2025
29/03/2025
Source - X
28/03/2025
🚨ငလျင်သတင်းupdateတွေသိနိုင်တဲ့appလေးပါ
07/11/2024
အခုရက်ပိုင်းတွေ ဟိုးလေးတကျော် ဖြစ်နေတဲ့
သူဌေးကြီး Elon Musk အကြောင်း ဖတ်ကြည့်ကြရအောင်ပါ 📖
မင်္ဂလာပါ📚
🚫စာများအား လုံး၀လုံး၀ ကူယူသုံးစွဲခွင့်မပြုပါ
🆕 ခုတလော သတင်းတွေပေါ်မှာ Elon Musk ဆိုတဲ့ နာမည်ကိုတော့ ခဏခဏတွေ့ဖူးနေကြပြီး ဖြစ်မှာပါ။
Elon Muskသူဌေးကြီးကတော့ အခုချိန်ထိစာရင်းဖော်ပြချက်တွေအရတော့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
⬛အခုကတော့ သူ့အကြောင်းကို အပြည့်စုံ ဆုံးဖော်ပြထားတယ်လို့ ဆိုရမယ့် Biography စာအုပ်လေးကို ညွှန်းသွားပေးမှာပဲဖြစ်ပါတယ်။ စာရေးသူကတော့ biography ရေးတဲ့နေရာမှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ Walter Isaacson ပဲဖြစ်ပြီးသူရဲ့ထွက်ရှိထားဖူးပြီး လူတိုင်းသိတဲ့အုပ်ကတော့ Steve Jobsရဲ့ biography စာအုပ်ပဲဖြစ်ပါတယ်။
⬛အခုစာအုပ်ထဲမှာဆိုဆိုရင်တော့ Elon Muskရဲ့အကြောင်းအပါအ၀င် သူနဲ့ပက်သက်ဆက်စပ်သူတွေရဲ့အကြောင်းကိုပါ အလင်းသင့်ရင်သင့်သလို ရေးသားထားတာမို့ personal network တစ်ခုကို အတိုင်းအတာ တစ်ခုအထိ စာဖတ်သူတွေသိကြရမှာပါ။ အခုလိုအခြေအနေမျိုးအထိရောက်လာဖို့ သူပက်သက်ဆက်ဆံရှင်သန်ခဲ့ရတဲ့ ပတ်၀န်းကျင်ပုံစံကို ခန့်မှန်းလို့ရမှာပါ။
⬛Adminရဲ့ကိုယ်တိုင်ဖတ်ဖူးထားတဲ့ အတွေ့အကြုံတိုင်းပြောရမယ်ဆိုရင်တော့ ဖတ်တဲ့အချိန်တွေတိုင်း လက်ကမချနိုင်လောက်အောင်ပါပဲ Technicalပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါ၀င်တာမို့ googleခဏခဏ ခေါင်ရပေမယ့်လည်း စိတ်မပျက်နိုင်အောင် အာရုံကိုတောက်လျှောက် ဖမ်းစားနိုင်ခဲ့တာကတော့ Elonကိုယ်တိုင်အရမ်းစိတ်အားထက်သန်စွာနဲ့ ဦးစီးလုပ်ကိုင်ချင်တဲ့ future project တွေပါပဲ။ တလောကမှာ Teslaကနေ မိတ်ဆက်လိုက်တဲ့ robotတွေ မောင်းသူမဲ့ vanတွေ taxiတွေအကြောင်းပါ အပါအ၀င်ပေါ့။
အခုလည်းအရမ်းနာမည်ကြီးနဲ့တဲ့ Starlink wifiကို စတင်တည်ထောင်ခဲ့သူပါပေါ့။
⬛နောက်ပြီး Twitter ကို၀ယ်ယူလိုက်ပြီး X လို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့တာတွေကို အသေးစိတ်ဖတ်ရှုရမှာပဲဖြစ်ပါတယ်။ သူX(twitter) ရုံးခန်းကို ရယ်မောစွာနဲ့ကြွေခွက်ကြီးကိုင်ပြီး Let that sink in!!! စ၀င်လာခဲ့တဲ့ပုံလို Twitter နဲ့ပက်သက်တဲ့ သူ့အကြောင်းဟာ မရိုးရှင်း မလွယ်ကူနေခဲ့ပါဘူး။
⬛အခုနောက်ပိုင်း လူငယ်ရော လူကြီးတွေကြားမှာပါ အရမ်းအသုံးများနာမည်ကြီးနေတဲ့ Chat Gpt (Open AI) ထွက်ရှိလာတာနဲ့ ပက်သက်ပြီး Elon Muskရဲ့လွှမ်းမိုးမှု ဘယ်လောက်ကြီးမှာလဲဆိုတာပါ သိရမှာပါ။ Elon Muskရဲ့ humanity အပေါ်ထားတဲ့ စေတနာဟာ ဘယ်လိုတွေတောင်ကြီးမားတယ်ဆိုတာကို အတိုင်းသားတွေ့ရမှာပါဖြစ်ပါတယ်။ဟုတ်ပါတယ် Open AI company ကို non-profit organizationအနေနဲ့ Elon Musk စတည်ခဲ့တာပါ။ အဲ့ဒါကို Elon မပါတော့တဲ့နောက်ပိုင်း profit orgအနေနဲ့ပြောင်းလိုက်ကြတာပါ။ ဒါတွေနဲ့ပက်သက်ပြီး အသေးစိတ် ဖတ်ကြည့်ကြရမှာပါ။
⬛AI threatsတွေနဲ့ပက်သက်ပြီး Elon အရင်ကတည်းက ကြိုတွေးမိတာတွေ၊ တစ်ချိန်ကရင်းနီးတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ဖူးတဲ့ Google founder တစ်ဦးဖြစ်တဲ့ Larry Pageနဲ့ရော ဘာကိစ္စတွေနဲ့ပက်သက်ပြီး ဘယ်လိုတွေ ဝေးသွားခဲ့ကြလဲ။
⬛Elonရဲ့ မိသားစု ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ ကျန်းမာရေး စတာတွေကို ဖတ်ပြီးသွားရင် Elonဟာ ကြံ့ကြံ့ခံနိုင်သူ တစ်ဦးဖြစ်တယ်ဆိုတာ ပိုပြီးသိသာလာမှာပါ။
⬛Elonကနေ သူ့ရဲ့Space X, Tesla, X, Starlink company စတဲ့companyတွေကို ဘယ်လိုစတင်တည်ထောင်ခဲ့သလဲ ကိုယ်မသိလိုက်ခင်ချိန်လေးမှာပဲ ကိုယ့်companyကကိုယ့်ကိုဖယ်ထုတ်ခဲ့တာေတွ နောက်ပိုင်းဘယ်လိုrun သလဲ
စတာတွေကို အသေးစိတ်ဖတ်ရှုရမှာပဲဖြစ်ပါတယ်
⬛Elon Muskကို Idol အဖြစ်သတ်မှတ်ထားသူတွေပဲဖြစ်ဖြစ် စီးပွားရေးနယ်ပယ်မှာ ကျင်လည်နေသူတွေပဲဖြစ်ဖြစ် အနာဂတ်ဟာ ဘယ်လောက်နှုန်းအထိ မြန်မြန်သွားနေလဲ ဆိုတာသိချင်တဲ့သူတွေပဲဖြစ်ဖြစ် ဒီစာအုပ်ဟာ ဖတ်ကြည့်ဖို့ အသင့်တော်ဆုံး စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်။
14/10/2024
Teslaရဲ့ We, Robot event Recap videoကိုကြည့်ရအောင်ပါ 🔥💯
Tesla's 'We, Robot' Event: Everything Revealed in 8 Minutes At Tesla's 'We, Robot' event in Los Angeles, CEO Elon Musk unveils Robotaxi, a fully autonomous car for less than $30,000. In addition, he reveals Robovan, ...
14/10/2024
Tesla ရဲ့ We, Robot eventက အဓိကအားဖြင့်ဆိုရမယ်ဆိုရင် အနာဂတ်မှာ ဆန်းသစ်တဲ့နည်းပညာတွေနဲ့တည်ဆောက်ဖန်တီးထားတဲ့ အလိုအလျောက်စနစ်တွေနဲ့ချည်း လည်ပတ်သွားတော့မှာဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့eventတစ်ခုပဲဖြစ်ပါတယ်။
Tesla We, Robot eventကနေချပြလိုက်တဲ့
Teslaရဲ့ နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုတွေထဲက
စိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့လူတော်တောိများများရဲ့ အာရုံကိုဖမ်းစားလိုက်နိုင်ခဲ့တဲ့
🤖 Tesla Optimus Robot အကြောင်းကို ကြည့်လိုက်ရအောင်ပါ။
🔷တန်ဖိုးကတော့ ဒေါ်လာ$20,000 နဲ့ $30,000 ကြားရှိမယ်လို့သိရပါတယ်။
🔷Elon Muskကတော့ ဘာမဆိုလုပ်နိုင်တယ်ဆိုပြီးတော့ တပြောပြော ပါပဲ။ အိမ်ကိစ္စ ကလေးထိန်းတာတွေ ကနေစပြီး အခြေခံအလုပ်တွေကို လုပ်ပေးနိုင်မှာဖြစ်ပါတယ်တဲ့။
🔷event ကထွက်လာတဲ့ video အပိုင်းအစလေးတွေအရတော့ Optimus ကတော့ ကျောက်တုံး ကတ်ကြေး လက်ဝါး ကစားတာရော၊ အအေးစပ်တာတွေရော၊ သီချင်းဆိုတာတွေရော၊ လူတွေနဲ့တရင်းတနှီးပြောဆိုသွားနိုင်တာတွေ ကိုပါ တွေ့ရတာဖြစ်ပါတယ်။
🔷Optimus စက်ရုပ်တွေရဲ့ လှုပ်ရှားမှု movementsတွေကို တော့ အဝေးကနေ လူ၀န်ထမ်းတွေက အတိုင်းအတာတစ်ခုအထိတော့ ထိန်းချုပ်ထားပါသေးတယ်။ (ဒါပေမယ့် eventမှာလာတဲ့လူ
တွေကို စက်ရုပ်ရဲ့လှုပ်ရှားသွားလာပြောဆိုနေပုံတွေအရတော့ တကယ့်ကိုချီးကျူးဖွယ်ရာပါပဲလို့ ဆိုရပါမယ်)
🔷AI ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုတော့ ချင့်ချိန်ကိုင်တွယ်ရမှာဖြစ်တယ်လို့တော့ Elonက သတိပေးပြောကြားသွားပါတတ်။
🔷2025ခုနှစ်အတွင်းမှာတော့ ဈေးကွက်ထဲရောက်ရှိနိုင်အောင် ကြိုစားနေပါတယ်လို့ဆိုပါတယ်။
Adminတို့ ရုပ်ရှင်ေတွထဲမှာသာတွေ့နေရတဲ့ ဆန်းကြယ်ခေတ်မီတဲ့ အနာဂတ်ကြီးကတော့ Adminတို့ မျှော်မှန်းထားတာထက် ပိုပြီးနီးကပ်လို့တောင် လာနေပါပြီ။ Teslaရဲ့ဆန်းသစ်တီထွင်နိုင်မှုတွေကို ဆက်လက်စောင့်မျှော်ကြည့်ရအောင်ပါ။
📖 စာရေးဆရာ Walter Isaacson ရေးသားထားတဲ့ Elon ရဲ့ biography စာအုပ်ကိုဖတ်ဖူးထားသူဆိုရင်တော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက Optimusထုတ်လုပ်နိုင်မှုအပေါ် ကြိုးကြိုးစားစား ဆောင်ရွက်နေခဲ့ကြတယ် ဆိုတာသိနှင့်ပြီး ဖြစ်မှာပါ။
မင်းသားကြီး Will Smith ရိုက်ကူးထားဖူးတဲ့ I, Robot ဆိုတဲ့ ရုပ်ရှင်နာမည်ကို inspire ယူပြီး Teslaရဲ့ ဒီ event name ကိုလည်း We, Robot ဆိုပြီး ပေးထားတာပဲဖြစ်ပါတယ်။
📸 - X
#နည်းပညာ
#နည်းပညာ၏အနာဂတ်
14/10/2024
Tesla ရဲ့ We, Robot eventက အဓိကအားဖြင့်ဆိုရမယ်ဆိုရင် အနာဂတ်မှာ ဆန်းသစ်တဲ့နည်းပညာတွေနဲ့တည်ဆောက်ဖန်တီးထားတဲ့ အလိုအလျောက်စနစ်တွေနဲ့ချည်း လည်ပတ်သွားတော့မှာဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့eventတစ်ခုပဲဖြစ်ပါတယ်။
Tesla We, Robot eventကနေချပြလိုက်တဲ့
Teslaရဲ့ နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုတွေထဲက
Tesla Robotvan ကိုကြည့်လိုက်ရအောင်ပါ။
🔷Robotvanကလည်း autonomusဖြစ်ပါတယ်။ မောင်းသူမဲ့ ယာဉ်ပဲဖြစ်ပါတယ်
🔷 ဆန်းသစ်တဲ့အပြင်အဆင်အနေနဲ့ဆိုရင်ညFront window (ကားရှေ့မှန်ကြီး) မပါ၀င်ပါဘူး။ 👀
Sliding doors တွေနဲ့ဖြစ်ပါတယ်။
🔷သူကတော့ minibusပုံစံဆန်တယ်လို့ပြောရမှာပါ။
လူအယောက်20လောက်ထိဆံ့ပြီး eventကထွက်လာတဲ့ပုံတွေကို ကြည့်ရတာတော့ အတွင်းပိုင်းအပြင်အဆင်ကလည်းpremiumဆန်ပါတယ်
🔷Public ရော commercial အတွက်ရောပါ ရည်ရွယ်ပြီး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
🔷🦾Tesla Robot vanကေတာ့ Transportationနယ်ပယ် ကို တစ်ခေတ်ဆန်းစေတော့မှာကတော့ အသေအချာပါပဲ။
🔷ထုတ်လုပ်မှုတွေစတင်မယ့်အချိန်ကိုတော့ အတိအကျ ပြောကြားသွားခြင်းတော့မရှိသေးပါဘူး။
မင်းသားကြီး Will Smith ရိုက်ကူးထားဖူးတဲ့ I, Robot ဆိုတဲ့ ရုပ်ရှင်နာမည်ကို inspire ယူပြီး Teslaရဲ့ ဒီ event name ကိုလည်း We, Robot ဆိုပြီး ပေးထားတာပဲဖြစ်ပါတယ်။
📸 - X
#နည်းပညာ
#နည်းပညာ၏အနာဂတ်
14/10/2024
⚙️Tesla ရဲ့ We, Robot eventက အဓိကအားဖြင့်ဆိုရမယ်ဆိုရင် အနာဂတ်မှာ ဆန်းသစ်တဲ့နည်းပညာတွေနဲ့တည်ဆောက်ဖန်တီးထားတဲ့ အလိုအလျောက်စနစ်တွေနဲ့ချည်း လည်ပတ်သွားတော့မှာဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့eventတစ်ခုပဲဖြစ်ပါတယ်။
Tesla We, Robot eventကနေချပြလိုက်တဲ့
Teslaရဲ့ နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုတွေထဲက
Tesla Cybercab/Robotaxi ကိုကြည့်လိုက်ရအောင် ပါ
သူ့ဘာသူအလိုအလျောက်မောင်းနှင်နိုင်တဲ့ ယာဉ်ဖြစ်ပြီး ဝယ်သူတွေတတ်နိုင်မယ့်ဈေးနှုန်းအနေအထားမှာရှိပါမယ်လို့ဆိုပါတယ်။
🔷 ခန့်မှန်းခြေဈေးနှုန်းကတော့ ဒေါ်လာ $30,000 ၀န်းကျင်မှာရှိပါမယ်လို့တော့ မှန်းထားကြပါတယ်။
🔷 အရင်ကမျှော်လင့်ထားကြသလို ထိုင်ခုံ2ခုံ၊ တံခါးနှစ်ရွက် + နောက်ဖုံး၊ ဘီး4 ဘီးဖြစ်ပါတယ်။
🔷အလိုအလျောက်သန့်ရှင်းနိုင်သည့်စနစ် (robotic cleaning) နှင့် wireless အားသွင်းစနစ်ပါဝင်ပါမယ်။
🔷ကားပိုင်ရှင်တွေအတွက်ကတော့ ကိုယ်တိုင်အချိန်မပေးရပဲ ၀င်ငွေတွေရှာပေးနိုင်တော့မှာပါ။ သူ့ဘာသူအလိုအလျောက်လမ်းပေါ်မှာ မောင်းနှင်နိုင်တာဖြစ်လို့ ပိုင်ရှင်တွေက ဘယ်အချိန်မဆို ကားဖြင့်ငွေရှာနိုင်တာကတော့ ဒီအသွားအလာလုပ်ငန်းတွေအတွက်တော့ အရမ်းအမြတ်အစွန်းရတော့မှာပါ။
🔷ထုတ်လုပ်ခြင်းပိုင်းနဲ့ပက်သက်ပြီးတော့ 2027မတိုင်ခင်မှာစတင်သွားမယ်လို့သိရပါတယ်။
မင်းသားကြီး Will Smith ရိုက်ကူးထားဖူးတဲ့ I, Robot ဆိုတဲ့ ရုပ်ရှင်နာမည်ကို inspire ယူပြီး Teslaရဲ့ ဒီ event name ကိုလည်း We, Robot ဆိုပြီး ပေးထားတာပဲဖြစ်ပါတယ်။
စာရေးဆရာ Walter Isaacson ရေးထားတဲ့ Elon Muskရဲ့ biography ကိုဖတ်ဖူးသူတွေကတော့ ဒီRobotaxiနဲ့ပက်သက်ပြီး Elonစိတ်ကူးတွေရှိတဲ့အကြောင်း သိနှင့်ပြီး ဖြစ်မှာပါ။ now he's making it happen!!
📸- X
#နည်းပညာ
#နည်းပညာ၏အနာဂတ်
ပြီးခဲ့တဲ့ Teslaရဲ့ We, Robot eventရဲ့ recapလေးကိုတင်ပေးသွားပါမယ်။
12/10/2024
Tesla က ထုတ်တဲ့ Optimus စက်ရုပ်တွေကတော့ ဟိုးလေးတကျော် ဖြစ်နေပါပြီ
Stay tuned to the updates!!! 👀 🔥
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Yangon