12/02/2022
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့မှ အမှုဆောင်များလဲပါဝင်ခဲ့ပါသည်။
အ.ထ.က (၅) ဗိုလ်တထောင် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့
12/02/2022
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့မှ အမှုဆောင်များလဲပါဝင်ခဲ့ပါသည်။
24/01/2022
ယခု sign petition သည် CDM ID ကိစ္စကိုထောက်ခံသည့် လူစာရင်းစစ်တမ်းကောက်တာဖြစ်ပါတယ်
ထောက်ခံသည့်လူအသက်အရွယ်မရွေး sign ထိုးလို့ရပါတယ်ဗျ။
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့
19/01/2022
| CDM student များအတွက် CDM ID card ထုတ်ပေး ရန်ကိစ္စနှင့်စပ်လျဉ်း၍ကြေညာချက်
18/01/2022
မင်္ဂလာပါ။
ကျွန်တော်တို့ရဲ့ | Lattsaung or ThaDin | app တို့မှ points တွေစုပြီး ပစ္စည်းလဲလှယ်ယူတဲ့အစီစဉ်ပြီးသွားပါပြီခင်ဗျာ။ပါဝင်ပေးခဲ့တဲ့လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဒီအရှိန်အတိုင်းပဲ ဆက် click ပေးကြဖို့မေတ္တာရပ်ခံပါတယ်ဗျ။
post link - https://www.facebook.com/103677825202814/posts/254372003466728/
အရေးတော်ပုံအောင်ရမည်။
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာ အဖွဲ့
08/01/2022
အားလုံးပဲမင်္ဂလာပါဗျ။
2020 Febလကတည်းက အာဏာသိမ်းခဲ့တာ အခုဆိုရင်တော့ ( ၁ )နှစ်တောင် ပြည့်တော့ပါတော့မယ်။ ဒီ ( ၁ )နှစ်အတွင်းမှာ တော်တော်များများရဲ့ နိုင်ငံရေးအမြင်တွေလည်း ပိုပြီး တိုးတက်လာတာ မြင်တွေ့နိုင်ပါတယ်။ လမ်းပေါ်က ကစားနေတဲ့ ကလေးတစ်သိုက်ကို မေးရင်တောင် ဘယ်ဟာက မှန်လား မှားလားဆိုတာ သိနိုင်တဲ့ အချိန်တစ်ခုကို ရောက်နေပါပြီ။ သို့ပေမယ့်လည်း စကားပြောတတ်ခါစ ကလေးလောက်တောင် အတွေးအခေါ်မရှိတဲ့ လူတစ်ခုကတော့ အခုထိ ရှိနေပါသေးတယ်။
ကျွန်တော်တို့ ဗိုလ်တထောင်(၅)အမှုဆောင်အဖွဲ့၏ ရဲဘော်တွေဖြစ်ကြသော ဗိုလ်တထောင် (၄) အမှုဆောင်အဖွဲ့က ကျွန်တော်တို့နည်းတူ Non-CDMကျောင်းသူ listကို ဒီတစ်ပတ်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီpostကို Non CDM ကျောင်းသူ ညီမငယ်တစ်သိုက်က reportလုပ်သည့်အပြင် comment section တွင် ကိုယ်အမှားကိုယ်မသိ ရှက်ရကောင်းမှန်းမသိပဲ ပြောဆိုနေပြပါတယ်။
ကျွန်တော်တို့အမှုဆောင်တွေက ဒီလိုထိုးနှက်မှုတွေကြားထဲက social punishment ပြုလုပ်ရန်အတွက် Non CDM list များကိုတတ်နိုင်သလောက်ရယူပေးနေပါတယ်။အခုလိုမျိုးတွေဖြစ်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ CDM ကျောင်းသား/ကျောင်းသူတွေလဲ ပြတ်ပြတ်သားသား social punishment ပြုလုပ်ပေးကြဖို့တိုက်တွန်းအပ်ပါတယ်။ပြတ်ပြတ်သားသားမလုပ်သရွေ့ Non CDM ကျောင်းသားတွေနဲ့ CDM ကျောင်းသားတွေ သူလိုလို ငါလိုလိုဖြစ်နေရပါမယ်။ကျွန်တော်တို့အနေနဲ့ အဲ့လိုတစ်တန်းထဲမဖြစ်စေချင်တဲ့အတွက် မိဘပြည်သူကျောင်းသား၊ကျောင်းသူအားလုံးကို ပြတ်ပြတ်သားသား social punishment ပြုလုပ်ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
(စာကြွင်း : : ပုံတွင်ပါသော comment များကိုဖတ်ခြင်းဖြင့် မိဘဖိအားပေးခံရလို့ကျောင်းတက်ရတာလား မိမိဆန္ဒအလျောက်ကျောင်းတက်ရတာလားဆိုတာပေါ်လွင်နေပါတယ်။)
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့
Bo 4 page မှတင်ထားသောပိုစ့်
https://www.facebook.com/104246158486378/posts/257043899873269/
ဇန်နဝါရီလ ၄ရက်၊ ၂၀၂၂ ခုနှစ်တွင် ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကျွန်တော်တို့ အထက (၅) ဗိုလ်တထောင် အခြေခံပညာ ကျောင်းသားရေးရာ အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုအပ်ပါတယ်။ သည် လွတ်လပ်ရေးသည် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ရှစ်ဦး အသက်စတေးကာ ခက်ခက်ခဲခဲရယူ ခဲ့ရသော လွတ်လပ်ရေးဖြစ်ပါသည်။ ဒါ့အပြင် နယ်ချဲ့အင်္ဂလိပ်တွေရဲ့ ခြယ်လှယ်မှု၊ အုပ်ချုပ်မှုကို မခံချင်စိတ်ဖြင့် အစဉ်မပြတ် တော်လှန်ခဲ့ကြသော မြန်မာပြည်သူတို့၏ သူ့ကျွန်မခံစိတ်ကြောင့်ပင်ဖြစ်သည်။ ကျွန်တော်တို့၏ နွေဦးတော်လှန်ရေးသည်လည်း အလားတူပင်ဖြစ်ပါသည်။ တော်လှန်ရေးတလျှောက် ဆုံးရှုံးလိုက်ရသော ရဲဘော်သူရဲကောင်းများကို လေးစားသမှုဖြင့် ကျန်ရှိနေသေးသော နိုင်ငံသားတိုင်းသည် နယ်ချဲ့မျက်နှာဖြူများထက် အဆတစ်ထောင် ဆိုးဝါးသော ဖက်ဆစ်စစ်တပ်အား နာကျည်းမုန်းတီးစိတ်ဖြင့် မိမိတတ်နိုင်သည့်ဘက်က အမြဲမပြတ်တော်လှန်နေမှသာလျှင် လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်မည်ဖြစ်ပါသည်။ "တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏" ဟူသည့် စကားပုံအတိုင်းပင် လက်နက်ကိုင်တော်လှန်နေကြသော ရဲဘော်များအား ကျန်ရှိနေသောသူများက နိုင်ရာနိုင်ရာ ကူညီမှသာလျှင် ပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်သည်။ တော်လှန်ရေး ခရီးရှည်ခြင်း၊ တိုခြင်းသည် မြန်မာပြည်သူ တစ်ဦးခြင်းစီ အပေါ်တွေ သက်ဆိုင်နေသောကြောင့်သာဖြစ်သည်။
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့
02/01/2022
January လမှစ၍ | Lattsaung Or Tha Din | application တို့မှ click point တွေစုပြီး အောက်ပါပစ္စည်းတွေထဲကတစ်ခုကိုရယူလိုက်ပါ။
ကိုယ်ကြိုက်တဲ့ပစ္စည်းရအောင် point စုတဲ့နေရာမှာ သုံးမျိုးစုလို့ရပါတယ်။
1. Lattsaung app only click ပြီး point စုမယ်။
or
2.Tha din app only click ပြီး point စုမယ်။
or
3. Lattsaung နှင့် Tha din အတူတူ click ပြီး point စုမယ်။
How to participate -
∆ January 2 ရက်နေ့တွင် မိမိတို့၏ lattsaung or Tha Din app မှ point ကို screen record ၍ကျွန်တော်တို့ page messenger သို့ပို့ပေးရမည်။
(မှတ်ချက်။ ။ screen shot မရပါ။screen record သည့်အခါ date နှင့် point ပါအောင် record ပေးရပါမည်။ )
∆ အရင်လတွေက click ထားသော point ကိုမကြည့်ပါဘူး။ January လ 2 ရက်နေ့မှစ၍ click ထားသော point ကိုသာကြည့်ပါသည်။
∆ January 2 ရက်နေ့မှ 21 ရက်နေ့အထိသတ်မှတ်ပေးထားပါတယ်။ ရက် 20 အတွင်း မိမိလိုချင်သောပစ္စည်းနှင့်ကိုက်ညီသည့် point ကိုစု၍ page messenger တွင်လာရောက်ပြပေးနိုင်ပါသည်။
ဦးရာလူစနစ် အရင်ရတဲ့လူအရင်ယူ စနစ်ပါ။
∆ ယခုအစီစဉ်တွင်ပါဝင်သည့် လူအရေအတွက်ကိုကြည့်၍ ပစ္စည်းအသစ်များကို comment section တွင်ထပ်ဖြည့်ပေးမည်ဖြစ်ပါသောကြောင့် post ကို share ၍စောင့်ကြည့်နိုင်ပါတယ်ဗျ။
∆ ပစ္စည်းပို့ဆောင်ခကိုလဲ ကျွန်တော်တို့ဘက်မှ စိုက်ပေးမည်ဖြစ်ပါသောကြောင့် လူကြီးမင်းတို့က click ပေးရင်ရပါတယ်ဗျ။
December လအတွက် သိန်းတစ်သောင်းရသလို January လအတွက်လဲ သိန်းတစ်သောင်းရအောင်လုပ်ကြစို့လားဗျ။ကျွန်တော်တို့ဘက်မှ Clicker တွေများများ click အောင် တတ်နိုင်တဲ့ဘက်ကတိုက်တွန်းပေးပါမယ်ဗျ။
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ လိုအင်ဆန္ဒတွေအားလုံးပြည့်ဝကြပါစေဟု ကျွန်တော်တို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
ပစ္စည်းလှူပေးသောအလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါသည်။
အရေးတော်ပုံအောင်ရမည်။
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့
23/12/2021
| စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့မှ အမှုဆောင်အချို့လဲပါဝင်ခဲ့ပါသည်။
စစ်အာဏာရှင်ကျဆုံးပါစေ။
အရေးတော်ပုံအောင်ရမည်။
( စာကြွင်း : : အခြေအနေအမျိုးမျိုးကြောင့် ကျွန်တော်တို့ page ၏ လုပ်ငန်းစဉ်များ ခေတ္တရပ်ဆိုင်းခဲ့ရသည့်အတွက် အနူးညွတ်တောင်းပန်အပ်ပါသည်။)
10/12/2021
| Silent Strike | photo campaign
December (10) ရက်နေ့ Silent Strike photo campaign တွင်ပါဝင်ပေးခဲ့ကြသူများ၏ပုံအချို့-
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့
09/12/2021
| အသံတိတ်သပိတ် ( Slient Strike )
မနက်ဖြန် December လ ၊ (10) ရက်နေ့ ၊ မနက် (10) နာရီမှ ညနေ (4) နာရီအထိ အသံတိတ်သပိတ်ပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် မိဘပြည်သူ၊ညီအစ်ကိုမောင်နှမများအားလုံးပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
ကျွန်တော်တို့ | Slient Strike | photo campaign ပြုလုပ်သွားမည်ဖြစ်သောကြောင့် ပါဝင်လိုသူများအနေဖြင့် -
∆ အင်္ကျီအနက်ဝတ်ကာ လက်သုံးချောင်းထောင်ထားသည့်ပုံများကို page messenger သို့ဒီနေ့ညနောက်ဆုံးထား၍လာရောက်ပေးပို့နိုင်ပါသည်။
∆ ပေးပို့သူများအနေဖြင့် လုံခြုံရေးအခြေအနေကြောင့်မိမိ၏မျက်နှာကို Blur ပြီးမှပို့ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။အကယ်၍ မ blur ထားပါကကျွန်တော်တို့ဘက်မှ blur ပေးပါမည်။
အရေးတော်ပုံအောင်ရမည်။
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့
06/12/2021
| သွေးမအေးမယ့် ရန်ကုန်ဆောင်း
ပြန်ယူကြမယ် သွေးကြွေးဟောင်း
ယနေ့ည ရန်ကုန်မြို့တွင်း သာကေတ၊ သင်္ဃန်းကျွန်း၊ ရေကျော်၊ ရန်ကင်းတို့တွင် သံပုံးတီးသောကြောင့် အကြမ်းဖက် စစ်ကောင်စီမှ ပြည်သူပိုင်ပစ္စည်းများကို ဖျက်စီးသွားသည့်အပြင် အပြစ်မဲ့ပြည်သူများကိုပါ အတင်းဓမ္မ ဖမ်းဆီးသွားခဲ့သည်။
ရန်ကုန်ဟာ ဆောင်းတွင်းလည်း သွေးမအေးကြောင်း၊ နွေဦးရဲ့ မီးတောက်ဟာ ဒီဇင်ဘာအထိ တဟုန်းဟုန်း တောက်နေကြောင်း သက်သေပြရန် ရန်ကုန်တစ်မြို့လုံး ညစဥ်ညတိုင်း သံပုံးပြန်တီးပေးပါကြရန် တိုက်တွန်းအပ်ပါသည်။
သပိတ်ထွက် လူငယ်တွေ အသက်အန္တရာယ်ကို ပဓာနမထားဘဲ ထင်းချောင်းတွေ ယူပေးနေချိန် မြို့ပေါ်ရှိလူထုက မီးမငြှိမ်းအောင် ညတိုင်း(၈)နာရီအချိန်တွင်ကြောက်ခေတ်ကိုမှောက်ပစ်ရမည် ဟူသောအသိဖြင့် သံပုံးတီးပြီး မွှေးနေပေးဖို့ လိုပါတယ်ခင်ဗျ။
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့
05/12/2021
| ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းပေါ်တွင် စစ်ကောင်စီ၏လူမဆန်စွာအကြမ်းဖက်မှုနှင့်ပတ်သက်၍ထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် (၁၀/၂၀၂၁)
အ.ထ.က (၅) ဗိုလ်တထောင်အခြေခံပညာကျောင်းသားများရေးရာအဖွဲ့