06/07/2023
(N4/N3 向け)
稲に虫がつかないように願う「虫送り」の行事
စပါးပင်များပိုးမကျစေရန်ဆုတောင်းသည့် “ပိုးနှင်ပွဲ” ကျင်းပ
「虫送り」は、田んぼに稲を植え終わったころ、火を使って、悪い虫が稲につかないように願う 行事です。香川県の小豆島にある土庄町では江戸時代から続いています。
“ပိုးနှင်ပွဲ" သည် စပါးခင်းများတွင်စပါးပင်များစိုက်ပျိုးပြီးချိန်၌ မီးကိုအသုံးပြု၍ အဖျက်ပိုးမွှားများမကျရောက်စေရန် ဆုတောင်းသည့်ပွဲတော်တစ်ခုဖြစ်သည်။ Kagawa ခရိုင် Shoudo ကျွန်းရှိ Tonoshou မြို့တွင် Edo ခေတ်ကစ၍ ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။
今年は2日の夜、町の子どもや親など200人が神社に集まりました。米がたくさんできるように祈ったあと、長さ1m以上のたいまつに火をつけました。そして、火を田んぼに向けながら、1kmぐらい先にある川までゆっくり歩きました。
၂ ရက်နေ့ညပိုင်းတွင် မြို့ရှိကလေးနှင့်မိဘ ၂၀၀ ခန့်တို့သည် ဘုရားကျောင်း၌စုဝေးခဲ့ကြသည်။ စပါးအထွက်နှုန်းကောင်းစေရန်ဆုတောင်းကြပြီးနောက် အရှည် ၁ မီတာအထက်ရှိသောမီးတုတ်များကိုမီးညှိကာ စပါးခင်းများဘက်လှည့်၍ကိုင်ဆောင်ပြီး ရှေ့ ၁ ကီလိုမီတာခန့်အကွာရှိမြစ်အထိ ဖြည်းညှင်းစွာ လမ်းလျှောက်ခဲ့ကြသည်။
大勢の人が行事を見に来て、明るい火が進んでいく景色を楽しみました。火を持って歩いた人は「昔から続く夏の行事で感動しました」と話していました。
ပွဲတော်သို့လူအများအပြားလာရောက်ပြီး ထိန်လင်းနေသောမီးများရွေ့လျားသွားနေသောရှုခင်းကိုကြည့်ရှုခဲ့ကြသည်။ “ရှေးယခင်ကတည်းက အစဉ်အဆက်ကျင်းပလာခဲ့တဲ့ နွေရာသီပွဲတော်ကို လေးလေးနက်နက်ခံစားမိပါတယ်” ဟုမီးတုတ်ကိုင်၍လမ်းလျှောက်ခဲ့သူတစ်ဦးကပြောသည်။
ソース: NHK
Comment မှာ ふりがな များဖော်ပြထားပါတယ်
04/07/2023
(N3 向け)
どこでも同じ水害の保険料金 水害の危険が高い所は高くする
နေရာမရွေးတူညီစွာကောက်ခံသောရေဘေးအခွန်ကို ရေဘေးအန္တရာယ်မြင့်မားသောနေရာများတွင် တိုးမြှင့်ကောက်ခံသွားမည်
雨がたくさん降って、川の水があふれて家が壊れたり、家の中に水が入ったりする水害が増えています。水害を受けた場合、火災保険の「水災補償」でお金をもらうことができます。水害の保険の料金は今、どこに住んでいても同じです。
မိုးများစွာရွာပြီးမြစ်ရေလျှံခြင်းကြောင့် အိမ်များပျက်စီးခြင်း၊ အိမ်များအတွင်းသို့ရေများဝင်ခြင်း စသည့်ရေဘေးဖြစ်စဉ်များ များပြားလာသည်။ ရေဘေးခံစားရပါက မီးဘေးအာမခံ၏ “ရေဘေးအာမခံလျော်ကြေး”ကိုရယူနိုင်သည်။ ထိုအာမခံအခွန်ကို မည်သည့်နေရာမဆို တူညီစွာပေးဆောင်ကြရသည်။
最近、水害が増えているため、火災保険の料金が上がっています。水害の危険が少ない所に住む人たちは、料金が同じなのは公平ではないと言っていました。
ယခုအချိန်တွင် ရေဘေးဖြစ်စဉ်များ များပြားလာသောကြောင့် မီးဘေးအာမခံအခွန်သည်လဲမြင့်တက်လာသည်။ ရေဘေးဖြစ်စဉ်နည်းပါးသောနေရာများတွင်နေထိုင်သူများက အခွန်တူညီစွာပေးဆောင်နေရခြင်းမှာ မမျှတဟုပြောဆိုနေကြသည်။
このため保険会社の団体は、水害の危険が高い所の料金を上げることを決めました。住んでいる市や区などで、料金の割合を5つに分けます。いちばん高い所は、いちばん低い所の1.2倍ぐらいになります。
ထို့ကြောင့် ရေဘေးအန္တရာယ်များသောနေရာများတွင် အခွန်တိုးမြင့်ရန် အာမခံကုမ္ပဏီများအဖွဲ့အစည်းကဆုံးဖြတ်ခဲ့သည်။ နေထိုင်ရာမြို့၊ရပ်ကွက်ပေါ်မူတည်၍ အခွန်နှုန်းကို ၅ မျိုးခွဲခြားသွားမည်။ အခွန်အများဆုံးနေရာသည် အနည်းဆုံးနေရာ၏ ၁.၂ ဆ ဖြစ်လာမည်။
自分が住んでいる所の料金は、損害保険料率算出機構のウェブサイトで調べることができます。保険会社は来年4月から新しい料金に変える予定です。
မိမိနေထိုင်ရာနေရာ၏အခွန်ပမာဏကို “ထိခိုက်ပျက်စီးခြင်းအာမခံငွေကြေးတွက်ချက်ရေးအဖွဲ့အစည်း”၏ website တွင်ကြည့်ရှုနိုင်သည်။ အာမခံကုမ္ပဏီများသည် နောက်နှစ် ၄ လပိုင်းမှစ၍ နှုန်းထားအသစ်အတိုင်းပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။
ソース: NHK
Comment မှာ ふりがな များဖော်ပြထားပါတယ်
01/07/2023
(N4/N3 向け)
新型コロナ「第8波」の3か月に家で亡くなった人は1309人
ကိုရိုနာအဌမလှိုင်းသုံးလတာအတွင်း အိမ်၌သေဆုံးသူ ၁၃၀၉ ယောက်ရှိ
去年11月ごろから、新型コロナウイルスがうつった人が増えて、「第8波」になりました。厚生労働省によると、去年11月から今年1月までの3か月に、新型コロナウイルスがうつって家で亡くなった人は、1309人でした。
ယခင်နှစ်နိုဝင်ဘာလကစ၍ ကိုရိုနာရောဂါကူးစက်ခံရသူများပြားလာပြီး အဌမလှိုင်းစတင်ဖြစ်ပွါးခဲ့သည်။ ယခင်နှစ်နိုဝင်ဘာလမှ ယခုနှစ်ဇန်နဝါရီလအထိ ၃ လတာအတွင်း ရောဂါကူးစက်ခံရပြီးအိမ်၌သေဆုံးခဲ့သူအရေအတွက်မှာ ၁၃၀၉ ယောက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။
いちばん多いのは80歳以上の人で、63%でした。次は70歳から79歳の人で、22.6%でした。70歳以上のお年寄りが、85.6%でした。
အများဆုံးမှာ အသက် ၈၀ ကျော်ဖြစ်ပြီး ၆၃ ရာခိုင်နှုန်းဖြစ်သည်။ အသက် ၇၀ မှ ၇၉ အတွင်းမှာ ၂၂.၆ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံးဖြစ်သည်။ အသက် ၇၀ နှင့်အထက်သက်ကြီးရွယ်အိုများမှာ ၈၅.၆ ရာခိုင်နှုန်းဖြစ်သည်။
家で亡くなった人の77.5%は、新型コロナ以外の病気がありました。
အိမ်၌သေဆုံးသူ၏ ၇၇.၅ ရာခိုင်နှုန်းမှာ ကိုရိုနာရောဂါအပြင် အခြားရောဂါပါခံစားနေရသူများဖြစ်သည်။
厚生労働省は「入院しないで家にいる人が、具合が悪くなったときに、相談できる所がこれからも必要だと考えています」と言っています。
ဆေးရုံမတက်ပဲအိမ်မှာပဲနေသူများအနေဖြင့် အခြေအနေဆိုးဝါးလာပါက ဆွေးနွေးမှုခံယူနိုင်သောနေရာများ ယခုကစပြီး လိုအပ်လာပါပြီ ဟုကျန်းမာရေးဝန်ကြီးဌာနကပြောသည်။
ソース: NHK
Comment မှာ ふりがな များတင်ပေးထားပါတယ်
30/06/2023
(N4/N3 向け)
新しいデザインの3つのお札「来年7月から使います」
ငွေစက္ကူအသစ် ၃ မျိုး လာမည့်နှစ် ၇ လပိုင်းမှစတင်၍အသုံးပြုမည်
国は今、新しいデザインの1万円と5000円と1000円のお札をつくっています。28日、このお札を来年7月から使う予定だと発表しました。
အစိုးရသည် လက်ရှိတွင် ၁၀၀၀၀ တန်၊ ၅၀၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူအသစ် ၃ မျိုးကိုထုတ်လုပ်လျက်ရှိသည်။ အဆိုပါငွေစက္ကူအသစ်များကို လာမည့်နှစ် ၇ လပိုင်းမှစတင်၍ အသုံးပြုသွားရန်စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။
新しい1万円は「日本の経済の父」と呼ばれている渋沢栄一がデザインされています。5000円は日本の女性で初めてアメリカに留学した津田梅子、1000円は細菌の研究をした北里柴三郎です。
၁၀၀၀၀ တန်အသစ်တွင် “ဂျပန်၏စီးပွါးရေးဖခင်ကြီး” ဟုလူသိများသော Eiichi Shibusawa ၏ပုံကို ရိုက်နှိပ်ထားသည်။ ၅၀၀၀တန်အသစ်တွင် ဂျပန်၏ပထမဆုံးအမေရိကန်ပညာတော်သင်ကျောင်းသူ Umeko Tsuda၊ ၁၀၀၀ တန်အသစ်တွင် ဘက်တီးရီးယားသုတေသနပြုလုပ်ခဲ့သူ Shibasaburo Kitasato တို့၏ပုံများအသီးသီးရိုက်နှိပ်ထားသည်။
偽物をつくることができないように、いろいろな技術を使っています。光って見えるホログラムのところは、お札を斜めにすると、3Dで顔の向きが変わって見えます。この技術を使ったお札は世界で初めてです。
အတုအပမပြုလုပ်နိုင်စေရန် အမျိုးမျိုးသောနည်းပညာများကိုအသုံးပြုထားသည်။ လင်းနေသောဟိုလိုဂရမ်ရောင်ပြန်နေရာကို တစောင်းအနေအထားဖြင့်ကြည့်ပါက မျက်နှာကိုသုံးဖက်မြင်အဖြစ်မြင်ရပြီး မျက်နှာမူရာပြောင်းလဲသွားကြောင်းတွေ့ရမည်။ အဆိုပါနည်းပညာကိုအသုံးပြုထားသည့် ကမ္ဘာ့ပထမဆုံးငွေစက္ကူဖြစ်သည်။
ソース: NHK
Comment မှာ ふりがな များတင်ပေးထားပါတယ်
30/06/2023
(N3/N2 向け)
円安進む 一時1ドル=145円台に 約7か月ぶり
ယန်းစျေးဆက်ကျ လက်ရှိပေါက်စျေး ၁ ဒေါ်လာ = ၁၄၅ ယန်း၊ ၇ လတာအတွင်းအနိမ့်ဆုံးဖြစ်လာ
30日の東京外国為替市場、日本とアメリカの金融政策の方向性の違いから金利の高いドルを買って円を売る動きが進み、円相場は、一時、1ドル=145円台まで値下がりしました。�1ドル=145円台をつけるのは去年11月以来、およそ7か月ぶりです。
၃၀ ရက်နေ့ တိုကျိုနိုင်ငံခြားငွေကြေးလဲလှယ်ရေးစျေးကွက်အတွင်း ဂျပန်နှင့်အမေရိကန်ငွေကြေးဆိုင်ရာမူဝါဒဦးတည်ချက်အပြောင်းအလဲများကြောင့် အတိုးနှုန်းမြင့်သောဒေါ်လာကိုဝယ်ယူပြီး ယန်းကိုရောင်းချမှုများဆက်လက်ဖြစ်ပွါးလျက်ရှိကာ ယန်းစျေးကွက်အတွင်း လက်ရှိအချိန်တွင် ၁ ဒေါ်လာ = ၁၄၅ ယန်းအထိစျေးကျဆင်းလာခဲ့သည်။ ၁ ဒေါ်လာ = ၁၄၅ ယန်းအထိစျေးကျဆင်းမှုမှာ ယခင်နှစ်နိုဝင်ဘာလနောက်ပိုင်း ၇ လခန့်အတွင်း ပထမဆုံးဖြစ်လာသည်။
日本時間の29日夜、アメリカで発表された失業保険の新規申請件数が市場の予想を下回ったほか、ことし1月から3月のアメリカのGDP=国内総生産の確定値が上方修正されたため、アメリカでさらに利上げが行われるという見方が広がり、円を売ってドルを買う動きが強まっています。
ဂျပန်စံတော်ချိန် ၂၉ ရက်နေ့ညပိုင်း၌ အမေရိကန်တွင်ကြေငြာခဲ့သော အလုပ်အကိုင်ဆုံးရှုံးမှုအာမခံအသစ်လျှောက်ထားမှုအရေအတွက်မှာ စျေးကွက်ခန့်မှန်းချက်ထက် လျော့ကျနေသည့်အပြင် ယခုနှစ် ၁ လပိုင်းမှ ၃ လပိုင်းအတွင်း အမေရိကန်၏ GDP သတ်မှတ်တန်ဖိုးကို ပြောင်းလဲမြှင့်တင်သတ်မှတ်ခဲ့သည့်အတွက် အတိုးနှုန်းဆက်လက်မြင့်တက်နိုင်ကြောင်းခန့်မှန်းချက်များ များပြားလာပြီး ယန်းကိုရောင်းချကာ ဒေါ်လာကိုဝယ်ယူမှူများ ပိုမိုအားကောင်းလာသည်။
ソース: NHK
為替市場(かわせしじょう) - ငွေကြေးလဲလှယ်ရေးစျေးကွက်
金融政策(きんゆうせいさく) - ငွေကြေးဆိုင်ရာမူဝါဒ
上方修正(じょうほうしゅうせい) - ပြောင်းလဲမြှင့်တင်သတ်မှတ်ခြင်း
28/06/2023
(N3/N2 向け)
西日本~東北 今夜遅くにかけ大気不安定 土砂災害など厳重警戒
အနောက်ပိုင်းမှ Touhoku ဒေသအထိ ယခုညနက်ပိုင်းထိ လေထုမတည်ငြိမ်၊ မြေပြိုမှုသတိရှိရန်လို
西日本から東北にかけての広い範囲で大気の状態が非常に不安定になり、山形県や富山県では、レーダーによる解析で1時間におよそ100ミリから110ミリの猛烈な雨が降ったとみられます。
ဂျပန်နိုင်ငံအနောက်ပိုင်းမှ Touhoku ဒေသအထိ လေထုသည် ကျယ်ပြန့်သောအတိုင်းအတာဖြင့် အလွန်အမင်းမတည်မငြိမ်ဖြစ်လျက်ရှိပြီး Yamagata ခရိုင်နှင့် Toyama ခရိုင်တွင် ၁ နာရီလျှင် ခန့်မှန်းခြေ ၁၀၀ မီလီမှ ၁၁၀ မီလီအထိ မိုးသည်းနိုင်သည်ဟု ရေဒါလေ့လာချက်မှတစ်ဆင့်သိရှိရသည်။
�大気の不安定な状態は、28日夜遅くにかけて続く見込みで、気象庁は土砂災害や低い土地の浸水などに厳重に警戒するとともに、落雷や突風などに十分注意するよう呼びかけています。
လေထု၏မတည်ငြိမ်သောအခြေအနေသည် ၂၈ ရက်နေ့ ညနက်ပိုင်းအထိ ဆက်လက်တည်ရှိနေမည်ဟုခန့်မှန်းရပြီး မြေပြိုခြင်းနှင့် မြေနိမ့်ရာဒေသများရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းများကို သတိကြီးစွာထားရန် မိုးလေဝသဌာနက နှိုးဆော်လျက်ရှိသည်။
また、29日も午後を中心に再び大気の状態が不安定になり、夜遅くにかけて雷を伴った激しい雨が降り、大雨となるおそれがあります。
၂၉ ရက်နေ့ ညနေ့ပိုင်းတွင် လေထုသည် တစ်ဖန်မတည်မငြိမ်ဖြစ်လာပြီး ညနက်ပိုင်းထိ မိုးကြိုးနှင့်အတူ မိုးပြင်းထန်စွာရွာနိုင်သောအန္တရာယ်ရှိသည်။
ソース: NHK
土砂災害(どしゃさいがい) - မြေပြိုခြင်း
厳重(げんじゅう) - တင်းတင်းကြပ်ကြပ်၊ပြင်းပြင်းထန်ထန်
猛烈な(もうれつな) - ပြင်းထန်သော
警戒(けいかい) - သတိရှိခြင်း
落雷(らくらい) - မိုးကြိုးပစ်ခြင်း
突風(とっぷう)- လေပြင်းတိုက်ခြင်း
28/06/2023
(N3/N4 向け)
去年亡くなった人は156万人 今まででいちばん多い
ယခင်နှစ်အတွင်းသေဆုံးသူ ၁၅၆၀၀၀၀ ဖြင့် အများဆုံးစံချိန်ဖြစ်လာ
厚生労働省によると、去年日本で亡くなった日本人は156万人でした。おととしより8.9%増えて、今まででいちばん多くなりました。
ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံ၌ ယခင်နှစ်အတွင်း သေဆုံးသူ ၁၅၆၀၀၀၀ ရှိခဲ့ကြောင်းသိရသည်။ ရှေ့နှစ်ပမာဏထက် ၈.၉ ရာခိုင်နှုန်း များလာပြီး သမိုင်းတစ်လျှောက်စံချိန်တင်ပမာဏဖြစ်လာခဲ့သည်။
亡くなった理由でいちばん多いのはがんで24%、次は心臓の病気で14%でした。
သေဆုံးသည့်အကြောင်းရင်းအနေဖြင့် အများဆုံးမှာ ကင်ဆာဖြစ်ပြီး နှလုံးရောဂါမှာ ၁၄ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။
亡くなる人は30年ぐらい前の2倍に増えています。このため、人口が多いまちでは火葬する所が混んで、すぐに火葬できないことが増えています。
သေဆုံးသူပမာဏသည် လွန်ခဲ့သောနှစ် ၃၀ ခန့်ကပမာဏ၏ ၂ ဆဖြစ်လာသောကြောင့် လူဦးရေသိပ်သည်းသောမြို့များရှိ မီးသဂြိုလ်ရာနေရာများပြည့်ကြပ်ကာ ချက်ချင်းမီးသဂြိုလ်နိုင်ခြင်းမရှိသည့်ဖြစ်စဉ်များ များပြားလာသည်။
神奈川県の女性は今年、祖母が亡くなりました。女性は「火葬できる日を聞くと、いちばん早くても亡くなってから11日あとでした。亡くなった人の体を保管するお金も、1日1万3000円、12日で15万円以上かかりました」と話しました。女性は「長く待つことも、お金がたくさんかかることも、本当に驚きました」と話しました。
ခါနဂဝခရိုင်ရှိအမျိုးသမီးတစ်ဦးသည် ယခုနှစ်အတွင်း အဖွားဖြစ်သူကိုဆုံးရှုံးခဲ့ရသည်။ အဆိုပါအမျိုးသမီးက “ မီးသဂြိုလ်နိုင်မယ့်ရက်ကိုမေးကြည့်တာ အစောဆုံးက သေဆုံးပြီးနောက် ၁၁ ရက်အကြာမှဖြစ်ပါတယ်။ ရုပ်အလောင်းကိုထိန်းသိမ်းဖို့ ၁ ရက်ကို ယန်း ၁၃၀၀၀၊ ၁၂ ရက်အတွက် ယန်း ၁၅၀၀၀၀ ကျော်ကုန်ကျခဲ့ပါတယ်” ဟုပြောသည်။
“အကြာကြီးစောင့်ရတာရော၊ ငွေကြေးအများကြီးကုန်ကျတာရော အလွန်အံ့အားသင့်မိပါတယ်” ဟုဆက်ပြောသည်။
ソース: NHK
Commentမှာ ふりがな များတင်ပေးထားပါတယ်
26/06/2023
(N4/N3 向け)
広島の平和公園とアメリカのパールハーバー公園が姉妹公園
ဟီရိုရှိမား ငြိမ်းချမ်းရေးပန်းခြံနှင့် အမေရိကန်ပုလဲဆိပ်ကမ်းပန်းခြံကို "ညီအမပန်းခြံ" အဖြစ်သတ်မှတ်
広島市の平和公園とアメリカのパールハーバー国立記念公園が、「姉妹公園」になることが決まりました。5年の間、協力して若い人たちに平和の大切さを伝えていくことにしています。
ဟီရိုရှိမားမြို့ရှိ ငြိမ်းချမ်းရေးပန်းခြံနှင့် အမေရိကန်နိုင်ငံရှိ ပုလဲဆိပ်ကမ်းအမျိုးသားအထိမ်းအမှတ်ပန်းခြံတို့ကို "ညီအမပန်းခြံ" အဖြစ်သတ်မှတ်ခဲ့ကြသည်။ နောင် ၅ နှစ်အတွင်း အတူတကွပူးပေါင်းဆောင်ရွက်ကာ ငြိမ်းချမ်းရေး၏အရေးပါမှုကို လူငယ်များအား လက်ဆင့်ကမ်းသွားရန်ရည်ရွယ်ထားသည်။
今年4月、平和公園と姉妹公園になりたいという話がありました。広島市は、5月のG7サミットで決めた核兵器を少なくする計画が進むと考えて、姉妹公園になることを決めました。
ငြိမ်းချမ်းရေးပန်းခြံနှင့် "ညီအမပန်းခြံ" ဖြစ်လိုကြောင်းကမ်းလှမ်းချက်ကို ယခုနှစ်ဧပြီလက ရရှိခဲ့သည်။ မေလတွင်ကျင်းပခဲ့သည့် G-7 ထိပ်သီးအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ကြသော နျူကလီးယားလက်နက်လျှော့ချရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး စဉ်းစားကာ "ညီအမပန်းခြံ" အဖြစ်သတ်မှတ်ရန်ဆုံးဖြတ်ခဲ့သည်။
広島市は「戦争が始まったときと終わったときに関係する公園が協力することになります。戦争の悲しさと相手を憎む気持ちを越えて、これからの平和や国と国の関係をよくすることにつながります」と言っています。
"စစ်ပွဲစတင်ချိန်၊ပြီးဆုံးချိန်တို့နှင့်ဆက်စပ်လျက်ရှိသော ပန်းခြံ၂ခုကို ပူးပေါင်းဆောင်ရွက်သွားပါမယ်။ စစ်ပွဲရဲ့၀မ်းနည်းမှုနဲ့အမုန်းတရားများကိုကျော်လွန်ပြီး ငြိမ်းချမ်းရေးနဲ့ ၂နိုင်ငံအကြားဆက်ဆံရေးပိုမိုကောင်းမွန်လာစေရေးကို ဦးတည်ပါတယ်။" ဟုဟီရိုရှိမားမြို့တာ၀န်ရှိသူကပြောသည်။
ソース: NHK
comment မှာ ふりがな တင်ပေးထားပါတယ်
26/06/2023
(N3/N2 向け)
JR新宿駅 山手線車内に刃物持った人と通報 避難した3人がけが
ရှင်းဂျုကုဘူတာ JR Yamanote လိုင်း ရထားအတွင်း ဓားကိုင်ဆောင်ထားသူရှိဟုဆိုကာ ထွက်ပြေးသူ ၃ ဦးဒဏ်ရာရ
25日夕方、JR新宿駅の山手線の車内で刃物を持った人がいるという110番通報があり、一時、乗客が避難する騒ぎとなり、3人が転倒するなどしてけがをしました。
၂၅ ရက်နေ့ညနေပိုင်း ရှင်းဂျုကုဘူတာ JR Yamanote လိုင်းရထားတွင်း ဓားကိုင်ဆောင်သူရှိနေကြောင်းရဲစခန်းထံအကြောင်းကြားချက်ရရှိခဲ့ပြီး၊ စီးနင်းသူများအထိတ်အလန့်ထွက်ပြေးရင်း ၃ဦးချော်လဲကာဒဏ်ရာရရှိခဲ့ကြသည်။
警察官が駅に駆けつけ、刃物を持っていた外国籍とみられる男性を警察署に任意同行しました。
ဘူတာအတွင်းသို့ ရဲများချဉ်းနင်း၀င်ရောက်ပြီး နိုင်ငံခြားသားဟုထင်ရသူ ဓားကိုင်ဆောင်ထားသူအမျိုးသားကို ရဲစခန်းသို့ စစ်ဆေးရန်ခေါ်ဆောင်သွားခဲ့ကြသည်။
この男性はみずからを料理人だと話していて「職場からタオルに包んで包丁を持ち帰っていたときに車内でうたた寝をし、タオルが外れて包丁が見えてしまった」と話しているということです。
အဆိုပါအမျိုးသားသည် မိမိကိုယ်တိုင်က စားဖိုမှူးဖြစ်ကြောင်း"အလုပ်ကနေ ဓားကိုပုဝါနဲ့ပတ်ယူပြီးပြန်လာတုန်း ရထားပေါ်တရေးအိပ်ပျော်သွားချိန် ပုဝါကျွတ်ကျပြီး ဓားကိုလူတွေမြင်သွားကြတာပါ"ဟုပြောသည်။
JR東日本によりますと電車は山手線の外回りで新宿駅に到着する直前に、車内の非常ボタンが押され、駅に到着したあとに乗客がホームに避難したということです。
ရထားသည် Yamanote လိုင်း အပြင်ပတ်လမ်းမှတစ်ဆင့် ရှင်းဂျုကုဘူတာသို့ဆိုက်ရောက်ခါနီးတွင် ရထားပေါ်ရှိအရေးပေါ်ခလုတ်မှ အသိပေးချက်ရရှိခဲ့ပြီး ရထားဆိုက်ရောက်ပြီးနောက် ခရီးသည်များ ထွက်ပြေးခဲ့ကြကြောင်းသိရသည်။
東京消防庁によりますと20代と50代の男性2人と女性1人のあわせて3人が避難の途中に転倒するなどしてけがをしたということです。
အသက် ၂၀ နှင့် ၅၀ အရွယ်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး လဲကျပြီးဒဏ်ရာရရှိခဲ့ကြောင်း တိုကျိုမီးသတ်ဌာနမှပြောသည်။
山手線は安全を確認するため午後4時ごろからおよそ20分間、運転を見合わせました。 警視庁は男性から事情を聞くなどして詳しい状況を調べています。
Yamanote လိုင်းသည် လုံခြုံရေးအတည်ပြုနိုင်ရန် ညနေ ၄ နာရီ၀န်းကျင်မှစ၍ မိနစ် ၂၀ ခန့် ရထားလမ်းကြောင်းများကိုရွှေ့ဆိုင်းထားခဲ့သည်။ ရဲဌာနသည် အဆိုပါအမျိုးသားထံမှ အသေးစိတ်အခြေအနေကိုမေးမြန်းလျက်ရှိသည်။
ソース: NHK
刃物 (はもの) - အသွားချွန်သောလက်နက်
転倒 (てんとう) - လဲကျခြင်း
外国籍 (がいこくせき) - နိုင်ငံခြားသား
任意同行 (にんいどうこう) - စစ်ဆေးမေးမြန်းရန်ရဲစခန်းသို့ခေါ်ဆောင်ခြင်း
28/02/2023
(N3/N2 向け)
大きな地震から3週間 トルコとシリアで5万人以上が亡くなった
ငလျင်ကြီးလှုပ်ခတ်မှုအပြီး ၃ ပတ်အကြာ တူရကီနှင့်ဆီးရီးယားတွင် သေဆုံးသူ ၅၀၀၀၀ ကျော်ရှိလာ
2月6日にトルコで大きな地震があって、27日で3週間になりました。トルコとシリアで5万人以上が亡くなりました。
ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီတွင် လှုပ်ခတ်ခဲ့သောငလျင်ကြီးသည် ၂၇ ရက်နေ့တွင် ၃ ပတ်ပြည့်မည်ဖြစ်သည်။ တူရကီနှင့်ဆီးရီးယားတွင် သေဆုံးသူ ၅၀၀၀၀ ကျော်ရှိလာခဲ့သည်။
トルコの政府によると、191万人以上が避難してテントなどで生活しています。このような人たちが心のストレスを少なくして、安心できるようにすることが大事です。ユニセフは、ストレスで心の病気になる心配がある子どもがいるため、助ける必要があると言っています。
လူ ၁၉၁၀၀၀၀ ကျော်သည် နေရပ်စွန့်ခွာခဲ့ကြရပြီး ရွက်ဖျင်တဲများတွင်နေထိုင်နေကြရသည်ဟု တူရကီအစိုးရမှပြောကြသည်။ ၎င်းဒုက္ခသည်များ စိတ်ဖိစီးမှုလျော့ကျပြီး စိတ်သက်သာရာရနိုင်စေရေး ကူညီဆောင်ရွက်ပေးရန်အရေးကြီးသည်။ စိတ်ဖိစီးမှုကြောင့် ကလေးငယ်များ စိတ်ရောဂါခံစားလာရနိုင်ချေရှိသောကြောင့် ကူညီပေးရန်လိုသည်ဟု Unicef ကပြောသည်။
亡くなった人は壊れた建物の中でたくさん見つかっています。トルコでは、建物をつくった人たちに問題がなかったか調べています。政府は、180人以上を捕まえたと言っています。
အဆောက်အအုံအပျက်အစီးများအောက်တွင် အသက်ဆုံးရှုံးသူများစွာ ရှိနေကြသည်။ ထို့ကြောင့် တူရကီတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးလျက်ရှိပြီး လူ ၁၈၀ ကျော်ဖမ်းဆီးထားကြောင်းသိရသည်။
ソース:NHK
Comment မှာ ふりがな များတင်ပေးထားပါတယ်
28/02/2023
(N3/N4 向け)
新型コロナ 1年6か月過ぎて症状が残る人は25%以上
ကိုရိုနာကူးစက်ရောဂါကူးစက်ခံရပြီး ၁ နှစ်ခွဲကြာသည်အထိ ရောဂါလက္ခဏာခံစားနေရသူ ၂၅ ရာခိုင်နှုန်းအထက်ရှိ
国際医療研究センターは、新型コロナウイルスがうつった人に症状が続いているかどうか調べました。2020年2月から2021年11月に、センターや病院に行った502人に話を聞きました。
အပြည်ပြည်ဆိုင်ရာကုသမှုသုတေသနစင်တာသည် ကိုရိုနာကူးစက်ရောဂါကူးစက်ခံရပြီးသောသူတို့တွင် ရောဂါလက္ခဏာများ ဆက်လက်ခံစားနေရခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ကြသည်။ ၂၀၂၀ ဖေဖော်ဝါရီလမှစ၍ ၂၀၂၁ နို၀င်ဘာလအတွင်း စင်တာနှင့်ဆေးရုံသို့ လာရောက်ခဲ့ကြသူ ၅၀၂ ဦးကို မေမြန်းခဲ့သည်။
症状があると言った人の割合は、ウイルスがうつってから6か月過ぎた人が32.3%、1年過ぎた人が30.5%でした。1年6か月過ぎた人は25.8%で、4人に1人が後遺症のような症状があると言っていました。
ရောဂါလက္ခဏာဆက်လက်ခံစားရသည်ဟုဖြေဆိုသူများတွင် ကူးစက်ခံရပြီး ၆ လကျော်နေသူ ၃၂.၃ ရာခိုင်နှုန်း၊ ၁ နှစ်ကျော်နေသူ ၃၀.၅ ရာခိုင်နှုန်း နှင့် ၁ နှစ်ခွဲကျော်နေသူ ၂၅.၈ ရာခိုင်နှုန်းရှိသည်။ လူ ၄ ဦးတွင် ၁ ဦးသည် နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားနေရသည်။
1年過ぎた人の症状は、記憶に問題がある人が11.7%でした。集中しにくいが11.4%、においがわからないが10.3%などでした。
ကူးစက်ခံရပြီး ၁ နှစ်ကျော်ကြာပြီးသူတို့၏ ရောဂါလက္ခဏာများတွင် မှတ်ဉာဏ်ပိုင်းပြဿနာရှိသူ ၁၁.၇ ရာခိုင်နှုန်းရှိသည်။ အာရုံစူးစိုက်ရခက်ခဲသူမှာ ၁၁.၄ ရာခိုင်နှုန်းနှင့် အနံ့ပျောက်သူ ၁၀.၃ ရာခိုင်နှုန်းရှိကြသည်။
調べた医者は「オミクロン株は、後遺症が出る割合が低いと言われていますが、心配ないと言うことはできません。これからもうつらないようにしてください」と話しています。
"အိုမီခရွန်မျိုးခွဲက နောက်ဆက်တွဲလက္ခဏာခံစားရနိုင်ချေနည်းပါးတယ်လို့ဆိုပေမယ့် စိတ်ပူစရာမရှိဘူးလို့ပြောလို့မရပါဘူး။ အခုကစပြီး ကူးစက်မခံရအောင် ဂရုစိုက်ကြပါ" ဟုဆရာ၀န်တစ်ဦးမှပြောသည်။
ソース:NHK
Comment မှာ ふりがな များတင်ပေးထားပါတယ်
24/02/2023
(N2/N3 向け)
早咲きの「河津桜」が見頃 桜のトンネルも 静岡 河津町
Shizuoka ခရိုင် Kawazu မြို့တွင် "Kawazu ချယ်ရီ" ပန်းများ ဥမင်သဏ္ဍာန်ပွင့်လန်းနေပြီး ကြည့်ရှုရန်အကောင်းဆုံးအချိန်ဖြစ်
静岡県河津町で、早咲きの桜として知られる河津桜が見頃を迎え、多くの観光客が桜のトンネルなどを楽しんでいます。
Shizuoka ခရိုင် Kawazu မြို့ရှိ အပွင့်စောသောချယ်ရီဟုလူသိများသော "Kawazu ချယ်ရီ" ပန်းကိုကြည့်ရှုရန်အကောင်းဆုံးအချိန်ဖြစ်ပြီး ခရီးသွားဧည့်သည်များစွာက ချယ်ရီပန်းဥမင်ကို ကြည့်ရှုခံစားလျက်ရှိကြသည်။
河津町の河津桜は、先月の冷え込みなどで開花が遅れていましたが、ようやく見頃を迎え、濃いピンクの花びらが鮮やかに咲いています。
ယခင်လ၏ အအေးလွန်ကဲမှုကြောင့် "Kawazu ချယ်ရီ" ပန်းပွင့်ချိန်နောက်ကျခဲ့သော်လည်း ယခုအချိန်တွင်မူ ပန်းရင့်ရောင်ပွင့်ဖတ်များဖြင့် လန်းဆန်းစွာပွင့်လန်းနေပြီး ကြည့်ရှုရန်အကောင်းဆုံးအချိန်သို့ရောက်ရှိလာပြီဖြစ်သည်။
桜の名所の河津川沿いには4キロにわたって850本の桜の木が植えられ、23日は冷たい風が吹くものの青空が広がり、朝から多くの観光客が訪れて、花見を楽しんでいます。
ချယ်ရီပန်းကြည့်ရှုရန်နေရာဖြစ်သည့် Kawazu မြစ်နံဘေး ၄ ကီလိုမီတာတစ်လျှောက်လုံးတွင် ချယ်ရီပင် ၈၅၀ စိုက်ပျိုးထားရှိသည်။ ၂၃ ရက်နေ့တွင် လေးအေးများတိုက်ခတ်နေသော်လည်း ကောင်းကင်ပြာကျယ်ကြီးအောက်၌ မနက်ခင်းမှစ၍ ခရီးသွားဧည့်သည်များစွာလာရောက်ကာ ချယ်ရီပန်းအလှကိုကြည့်ရှုခံစားလျက်ရှိကြသည်။
観光客は、花のトンネルができた遊歩道をゆっくりと歩きながら、スマートフォンで写真を撮るなどしていました。
ခရီးသွားဧည့်သည်များသည် ချယ်ရီပန်းဥမင်ဖြစ်ပေါ်နေသည့်စင်္ကြန်လမ်းတစ်လျှောက် ဖြည်းညင်းစွာလမ်းလျှောက်ရင်း စမတ်ဖုန်းများဖြင့် ဓာတ်ပုံများရိုက်ကူးလျက်ရှိကြသည်။
河津町観光協会によりますと、今月1日から始まった桜まつりには、22日までに去年の同じ期間と比べて8万人多い、13万人が訪れたということです。
ယခုလ ၁ ရက်နေ့မှစတင်ခဲ့သော ချယ်ရီပန်းပွဲတော်သို့ ၂၂ ရက်နေ့အထိလာရောက်သူမှာ ၁၃၀၀၀၀ ဦးဖြစ်ပြီး ယမန်နှစ်ကာလတူနှင့် နှိုင်းယှဥ်ပါက ၈၀၀၀၀ ဦးပိုများလာခဲ့သည်ဟု Kawazu မြို့ ခရီးသွားအဖွဲ့အစည်းမှပြောသည်။
ことしは開花が遅れたことから、桜の見頃は3月上旬まで続く見込みだということで、まつりの期間は来月5日まで延長されました。
ယခုနှစ်တွင် ပန်းပွင့်ချိန်နောက်ကျခဲ့သောကြောင့် ပန်းကြည့်ရှုရန်အကောင်းဆုံးအချိန်သည် မတ်လဆန်းပိုင်းထိ ရှည်ကြာမည်ဟုခန့်မှန်းရသည့်အတွက် ပွဲတော်ရက်ကို မတ်လ ၅ ရက်နေ့အထိ သက်တမ်းတိုးထားသည်။
Source : NHK
見頃(みごろ) = ကြည့်ရှုရန်အကောင်းဆုံးအချိန်
遊歩道(ゆうほどう) = စင်္ကြန်လျှောက်လမ်း