Star Training Center - Yangon

Leading to International Education

Operating as usual

31/10/2023

လေးစားရ ပါ သော ဆရာ / ဆရာမ များ ရှင့်...
🙏🙏🙏
IGCSE (Edexcel & CIE) ဘာသာရပ် များအတွက် အရည်အသွေး ပြည့်ဝစွာ သင်ကြားပေးနိုင်တဲ့ ဆရာ/ ဆရာမ များနဲ့ လက်တွဲ ချိတ်ဆက်ပြီး online နှင့် In-class အတန်းများ ဖွင့်မှာဖြစ်လို့ မိမိတို့ သင်ကြားလိုသော ဘာသာရပ်များကို CV Form နှင့် တကွ cb မှ တဆင့် ပို့ပေးပါရှင့်...

Thanks!

အမှတ် (135), ဆိပ်ကမ်းသာလမ်း၊ ( အောက်ဘ လောက်) ,ကျောက်တံတား, ရန်ကုန်
09762664900

01/10/2023

May/June မှာ ဖြေမဲ့ (Edexcel & CIE)



ဘာသာရပ်များအတွက် Online တန်း /Inclass တန်းများကို ကြိုတင်စာရင်းသွင်းအပ်နှံနိုင်ပါပြီ။

ဘာသာရပ်ဆိုင်ရာ သင်ကြားမှု အတွေ့အကြုံရှိ ဆရာမများကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်...

အလိုက် စာတွေ့ အပြင် ကျောင်းသားကိုယ်တိုင် နားမလည်တဲ့ အပိုင်းအလိုက် တဦးစီ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်...

မေးခွန်းဟောင်းများ (Past Papers)များကိုလည်း အမှတ်ပေးစည်းမျဥ်းနှင့်အညီ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်....

Case Study များအလိုက်လည်း ကိုယ်တိုင်ဖြေဆိုနိုင်အောင် လေ့ကျင့်ပေးသွားမှာပါ...

အမှန်တကယ် ကြိုးစားသင်ယူလိုသူများသာ တက်ရောက်သင့်ပါတယ်...

တစ်ဦးချင်းသီးသန့် ဖြစ်စေ/ group လိုက်ဖြစ်စေ သင်ယူလိုသော ကျောင်းသား/ ကျောင်းသူများကိုလည်း အချိန်ညှိ၍ သင်ကြားပေးပါသည်။

သင်တန်းအချိန် /သင်တန်းကြေးများကိုလည်း ညှိနှိုင်းတက်ရောက်နိုင်ပါတယ်....

သင်ကြားမဲ့ ဆရာမများကတော့
******************************
Tr Nectar (M.Com/Ph.D Candidate)
over 10 years teaching experience

Tr Phyo (M.Act/Ph.D Candidate)
over 8 years teaching experience တို့ ဖြစ်ပါတယ်...

အသေးစိတ် မေးမြန်းလိုပါက 09762664900,
09799801081 (သို့) Page Messenger/Viber မှလည်း ဆက်သွယ် နိုင်ပါသည်။

Address
No(132), First Floor, Seikanthar Street, Kyauktada Township, Yangon
09762664900
09799801081

20/08/2023

လေးစားရ ပါ သော ဆရာ / ဆရာမ များ ရှင့်...
🙏🙏🙏
IGCSE (Edexcel & CIE) ဘာသာရပ် များအတွက် အရည်အသွေး ပြည့်ဝစွာ သင်ကြားပေးနိုင်တဲ့ ဆရာ/ ဆရာမ များနဲ့ လက်တွဲ ချိတ်ဆက်ပြီး online နှင့် In-class အတန်းများ ဖွင့်မှာ​ဖြစ်လို့ မိမိတို့ သင်ကြားလိုသော ဘာသာရပ်များကို CV Form နှင့် တကွ cb မှ တဆင့် ပို့ပေးပါရှင့်...

Thanks!

အမှတ် (135), ဆိပ်ကမ်းသာလမ်း၊ ( အောက်ဘ လောက်) ,ကျောက်တံတား, ရန်ကုန်
09762664900

20/08/2023

Taxation (Online Class)
အခွန်ဆိုင်ရာ လုပ်ငန်းခွင် လက်တွေ့သင်တန်း

နယ်ဝေးမှ လာမတက်နိုင်လို့ online ဖွင့်ပေးဖို့ တောင်းဆိုထားတဲ့သူတွေ အတွက် #(Online Class) ဖွင့်ပေးလိုက်ပါပြီ

အခွန်နဲ့ ပတ်သက်တာတွေကို ပြည့်ပြည့်စုံစုံ အသေးစိတ် သင်ကြားပေး သွားမှာဖြစ်ပါတယ်။

သင်ကြားပို့ချမဲ့ အကြောင်းအရာများ
***********************************
1. ကသခ လိုင်စင်လုပ်ပုံလုပ်နည်း
2. Form 31,32,33 များအသုံပြုပုံ
3. E Registration လုပ်နည်း(TIN Certificate)
4. E Filling တင်ပုံတင်နည်း
5. Quarterly Commerical Tax Return
တင်ပုံ တင်နည်း
6. Annual Commerical Tax Return တင်နည်း
7. Annual Income Tax Return တင်နည်း
8. Transaction capital gain tax return တင်နည်း
9. Consolidated Capital Gain Tax Return တင်နည်း
10. Quarterly Special Good Tax Return တင်နည်း
11. Annual Special Good Tax Return တင်နည်း
12. Personal Income Tax monthly တင်နည်း
13. Share Capital အခွန်ဆောင်ပုံဆောင်နည်း
14. Stamp Duty
15. Property Tax

အစရှိသည့် လုပ်ငန်းခွင်အတွင်း လက်တွေ့လုပ်ဆောင်ရမည့် အခွန်ဆိုင်ရာ လုပ်ပုံလုပ်နည်းများကို သင်ကြားပို့ချ ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကြေး

သင်တန်းချိန်
8:00 PM to 9:30PM

သင်တန်းစမည့်ရက်
1.9.23 (Friday)
အပတ်စဥ် သောကြာနေ့တိုင်း (3 weeks)

သင်တန်းချိန်အား အပြည့်တက်ရောက်ပြီးစီးပါက Certificate ထုတ်ပေးပါတယ်....

Thida Ohn
B.Com(Q),CPA,DBL,DIPIFRS,ASEAN CPA

အမှတ်.136,ပထမထပ်
ဆိပ်ကမ်းသာလမ်း(အောက်ဘလောက်)
ပန်းဆိုးတန်း၊ ရန်ကုန်
viber /phone - 09254013938,09762664900

01/08/2023

Factors of production (ထုတ်လုပ်မှု သွင်းအားစုများ)
~~~~~~~~~~~~~~~~~~~~~~~~~~~
ထုတ်ကုန် / ဝန်ဆောင်မှုတွေ ပြတ်လပ်တယ် ရှားပါးတယ် ဆိုတာက ...
အတောမသတ်နိုင်တဲ့ လူသားတွေရဲ့ လိုအင်ဆန္ဒ (wants) တွေ အတွက် အဲဒျီ ထုတ်ကုန် / ဝန်ဆောင်မှုတွေ ထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ သွင်းအားစုတွေဟာ အကန့်အသတ်နဲ့ ရှိနေလို့ ဖြစ်ပါတယ်...

တချို့ကလည်း အဲဒီ Factors of production (ထုတ်လုပ်မှု သွင်းအားစုများ)ကို
1. Land (မြေယာ)
2. Labour (လုပ်အား)
3. Capital (အရင်းအနှီး)
4. Enterprise (လုပ်ငန်း)
ဆိုပြီး သတ်မှတ်ကြပါတယ်...

1. Land (မြေယာ) - မှာ.. သဘာဝအလျောက် ဖြစ်နေတဲ့ သဘာဝ သယံဇာတ (natural resources) တွေ ပါဝင်ပါတယ်... (ဥပမာ - လယ်ယာမြေ, သစ်တော, ရေနံ, သဘာဝဓာတ်ငွေ့ , လောင်စာဆီ, သံရိုင်း, သတ္တုတွင်းထွက် တွေ စတာတွေ)

2. Labour (လုပ်အား) - မှာ... ကုန်စည်/ ဝန်ဆောင်မှုတွေ ထုတ်ရာမှာ လိုအပ်တဲ့ လူတွေရဲ့ လုပ်အားပေါ့...

3. Capital (အရင်းအနှီး) - မှာ.... ကုန်စည်/ ဝန်ဆောင်မှုတွေ ထုတ်ရာမှာ လိုအပ်တဲ့ ငွေကြေးအရင်းနှီး, စက်ပစ္စည်း, လက်နက်ကိရိယာ, ကုန်ကြမ်းတွေ ပါဝင်ပါတယ်...

4. Enterprise (လုပ်ငန်း) - မှာ... ကုန်စည်/ ဝန်ဆောင်မှုတွေ ထုတ်ရာမှာ လိုအပ်တဲ့ ရင်းမြစ်တွေကို ဘယ်လို ပေါင်းစပ်ပြီး မိမိတို့လုပ်ငန်းမှာအသုံးချရမလဲ, ဆုံးရှုံးမှု ဖြစ်နိုင်ခြေ အနည်းဆုံး ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ နားလည်တဲ့ လူတွေရဲ့ လုပ်ရည်ကိုင်ရည်, လုပ်နိုင်စွမ်း, အရည်အချင်း, ကျွမ်းကျင်မှုတွေ ပါဝင်ပါတယ်...

ဒီလိုမျိုး Factors of production (ထုတ်လုပ်မှု သွင်းအားစုများ) ၄မျိုးကို သတ်မှတ်ကြပါတယ်...

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ ဒီအရင်းမြစ်တွေဟာ နိုင်ငံတွေ အလိုက် သူ့နိုင်ငံနဲ့သူ အကန့်အသတ်နဲ့ ရှိနေကြတာပါ...

ကုန်စည်/ ဝန်ဆောင်မှုတွေ ထုတ်ရာမှာ လိုအပ်တဲ့ အရင်းမြစ်တွေဖြစ်လို့ Factors of production (ထုတ်လုပ်မှု သွင်းအားစုများ) အပြင် resources (အရင်းအမြစ်တွေ)လို့လည်း ခေါ်ကြပါတယ် ..

ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်နိုင်ငံမဆို ဒီ အရင်းအမြစ်တွေဟာ သူ့နိုင်ငံနဲ့သူ အကန့်အသတ်နဲ့ ရှိနေတာပါ...

တချို့ကလည်း Factors of production ထုတျလုပျမှု သွင်းအားစုများ)ကို M စာလုံးနဲ့ အလွယ်တကူ သတ်မှတ်ကြပါတယ်...

Manpower - လုပ်အား
Money - ငွေကြေးအရင်းအနှီး
Machine - စက်ပစ္စည်း
Minutes - အချိန်
Material - ကုန်ကြမ်း
Market - စျေးကွက်
Methods - နည်းပညာ
Maintenance - ပြုပြင်ထိန်းသိမ်းမှု
Measurement - သတ်မှတ်ချက် စံနှုန်း
Mother nature - သဘာဝ သယံဇာတ ပစ္စည်းManaging Information - သတင်းအချက်အလက် စီမံနိုင်မှု နဲ့
Management - စီမံခန့်ခွဲမှု ပညာ
စသဖြင့် သတ်မှတ်ကြပါတယ်...

နောက်ဆုံး M ကတော့ အပေါ်က Mတွေကို စီမံခန့်ခွဲနိုင်တဲ့ Management ဆိုတဲ့ စီမံခန့်ခွဲမှုပညာ...ပါပဲ

ဒီလို အကန့်အသတ်နဲ့ ရှိနေတဲ့ အရင်းမြစ်တွေကို ဘယ်လို အကောင်းဆုံးနည်းလမ်းနဲ့ ထိထိရောက်ရောက် အသုံးပြုရမယ်ဆိုတဲ့ စီမံခန့်ခွဲမှု ပညာပါ...

Management ဆိုတဲ့ စာလုံးဟာ လူတိုင်းနဲ့ အလှမ်းမဝေးပါဘူး...

လူတိုင်းဟာ နေ့စဥ် နေထိုင်မှု ဘဝမှာတောင်မှ ဒီရင်းမြစ်တွေထဲက တခုမဟုတ် တခုကို စီမံနေရတာပါ...(ကိုယ်တိုင် နေ့စဉ် ဘာတွေ စီမံနေရလည်း ဆန်းစစ်ကြည့်ပါအုံး)...

လူ တစ်ဦးစီအနေနဲ့ မိမိ ဘဝ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ဖို့အတွက် ဘယ်အချိန်မှာ ဘာတွေ လုပ်ရမယ် ဆိုတာ စီမံရတယ်...
(အခမဲ့ သင်တန်းတက်ဖို့ ဘာမှ မပေးရဘူးဆိုရင်တောင် မိမိရဲ့ ကြိုးစားအားထုတ်မှုနဲ့ အချိန်ကို
တော့ ပေးရမှာပါပဲ)

ကျောင်းသူကျောင်းသားတွေ အနေနဲ့ ဘယ်အချိန်မှာ ကျောင်းတက်ရမယ်/ ဘာလေ့လာရမယ်ဆိုတာ စီမံရတယ် / မိဘပို့ပေးတဲ့ ငွေ အပေါ်မှာ ဘယ်လို သုံးစွဲမယ်ဆိုတာ စီမံရတယ်...

အိမ်ရှင်မတွေ အနေနဲ့ အိမ်ထောင်ဦးစီးရဲ့ ဝင်ငွေပေါ်မှာ အိမ်ထောင်စုတစ်ခုရဲ့ လူမှုရေး, သားသမီးတွေရဲ့ ပညာရေး, ကျန်းမာရေး, စားသောက်ရေး စသဖြင့်အသုံးစရိတ်ကို စီမံရတယ်...

ပရဟိတ အသင်းအဖွဲ့တွေမှာလည်း အလှူခံရငွေနဲ့ သုံးရမဲ့ စရိတ်ကို စီမံရတယ်...

လုပ်ငန်း အဖွဲ့ အစည်းတွေမှာလည်း မိမိလုပ်ငန်း အမြတ်ရဖို့အတွက် ဝင်ငွေနဲ့ ထွက်ငွေကို စီမံရတယ် ... ကုန်ကြမ်းဝယ်တာ, ဝန်ထမ်းခန့်တာ, အော်ဒါတွေအတွက် ချိန်ကိုက်ဆောင်ရွက်ရတာ စီမံရတာတွေ ရှိပါတယ်...

ကျေးရွာ/ မြို့နယ်/ ပြည်နယ်,တိုင်း ဒေသကြီး / နိုင်ငံတွေမှာလည်း မိမိတို့ ကျေးရွာ/ မြို့နယ်/ ပြည်နယ်,တိုင်း ဒေသကြီး / နိုင်ငံတွေအလိုက် ဖော်ဆောင်ရမဲ့ ရည်မှန်းချက်တွေအတွက် ဒီအရင်းမြစ်တွေကို စီမံရပါတယ်...

အကျဥ်းချုံးပြောရမယ်ဆိုရင် Management ဆိုတဲ့ စီမံခန့်ခွဲမှုပညာ...ဟာ လူတစ်ဦးချင်းစီမှ စလို့ အိမ်ထောင်စုတွေ, အဖွဲ့အစည်းတွေ, ဒေသ နိုင်ငံအလိုက်အထိ အရေးကြီးပါတယ်...

ဘာလို့လဲဆိုရင် အရင်းမြစ်တွေက အကန့်အသတ်နဲ့ ရှိနေလို့ Management ဆိုတဲ့ စီမံခန့်ခွဲမှုပညာ...ဆိုတာ နေရာတိုင်းမှာ လိုအပ်တာပါ...

ထုတ်လုပ်မှု သွင်းအားစု (သို့) အရင်းမြစ်တွေဟာ အကန့်အသတ်နဲ့ မရှိဘဲ လိုသလောက်သာ ရနေမယ်ဆို ဘယ်သူကမှ ဘာမှ စီမံစရာ မလိုတော့ပါဘူး...🙅

အကန့်အသတ်နဲ့ ရှိနေလို့သာ ထိရောက်စွာ သုံးနိုင်အောင် စီမံရတာပါ...

ဒါဟာ Management ဆိုတဲ့ စီမံခန့်ခွဲမှုပညာ...ရဲ့ အဓိက ရည်ရွယ်ချက်/ အနှစ်သာရပါပဲ...

ဒီလောက်ဆိုရင် လုပ်ငန်းတွေမှာ
ဘာအရင်းမြစ်တွေကို စီမံရတယ် (what) နဲ့
ဘာကြောင့် စီမံရတယ် (why) ဆိုတာကို နားလည်သဘောပေါက်ကြမယ် ထင်ပါတယ်...

အားလုံးပဲ မိမိတို့ရဲ့ ဘဝရည်မှန်းချက်, နေ့စဥ် လုပ်ငန်းဆောင်တာတွေကို အကန့်အသတ်နဲ့ ရှိနေတဲ့ အရင်းမြစ်တွေကို သုံးပြီး အကောင်းဆုံး စီမံ ခန့်ခွဲနိုင်ကြပါစေ...🙏

ချစ်ခြင်းမေတ္တာများစွာဖြင့်
Ms.Nectar





31/07/2023

လေးစားရ ပါ သော ဆရာ / ဆရာမ များ ရှင့်...
🙏🙏🙏
IGCSE (Edexcel & CIE) ဘာသာရပ် များအတွက် အရည် အ ေသွး ြပည့်ဝစွာ သင် ြကားနိုင် တဲ့ ဆရာ/ ဆရာမ များနဲ့ ချိတ်ဆက် ြပီး online နှင့် In-class အတန်းများ ဖွင့်မှာ ြဖစ်လို့ မိမိတို့ သင် ြကား လို သော ဘာသာရပ်များ နှင့် သင် ြကား နိုင် သော level ကို CV Form နှင့် တကွ cb မှ တဆင့် ပို့ေပးပါရှင့်...

Thanks!

အမှတ် (135), ဆိပ်ကမ်းသာလမ်း၊ ( ေအာက် ဘ ေလာက်) ,ေကျာက်တံတား, ရန်ကုန်
09762664900

29/07/2023

July သင်တန်းမှာ မတက်လိုက်ရသူများအတွက် Taxation (Batch 2) class ကို August လတွင် တက်ရောက်နိုင်ပါသည်။

Taxation လုပ်ငန်းခွင်သုံးလက်တွေ့သင်တန်းပေးပါတယ်။
လက်ရှိလုပ်ငန်းခွင်ဝင်နေသူများတက်ရောက်သင့်ပါတယ်။
1.Ka Tha Kha လိုင်စင်လုပ်ပုံလုပ်နည်း။
2.E filling Commerical Tax Return/ Income Tax Return တင်ပုံတင်နည်း။
3.Form 31,32,33 အသုံးပြုပုံ
4.E registration လျှောက်လွှာတင်ခြင်း
5.Capital gain tax တင်ပုံတင်နည်း။
6.Personal Income Tax

သင်တန်းကြေး

Certificate ပေးပါတယ်။

သင်တန်းစမည့်ရက် 13.8.2023
Sunday (3)ပတ်
သင်တန်းအချိန် 10:30 မှ 12 နာရီအထိ
july last week မှာ စတင် လက်ခံပါမယ်

လိပ်စာ
အမှတ်.136,ပထမထပ်
ဆိပ်ကမ်းသာလမ်းအောက်ဘလောက်
ပန်းဆိုးတန်း

viber /phone - 09254013938

23/07/2023

Site Store staff (Male) 3ဦး
-Construction site store အတွေ့အကြုံ ၂နှစ်
-ပညာအရည်အချင်း အနိမ့်ဆုံး ၁၀တန်း
-နယ်Siteတွင်နေနိုင်ရမည်
-လစာ ကျပ် 2.5 သိန်းနှင့် 3သိန်းကြား(နေ စား ငြိမ်း)

HR staff (Male) 1ဦး
-ရုံးချုပ် (သံသုမာလမ်း နှင့်အုတ်ပုံဆိပ်လမ်းထောင့်) တွင်အလုပ်ဆင်းရမည်
-HR အတွေ့အကြုံ ၂နှစ်ရှိရမည်
-ပညာအရည်အချင်း ဘွဲ့တစ်ခုခုရရမည်
-လစာကျပ် ၃သိန်းဝန်းကျင်
-နားရက် - Sat, Sun, Gazetted Holiday
-ရုံးချိန် - မနက် 9နာရီမှ ညနေ ၅နာရီ

ဆက်သွယ်ရန်
cb (or) 09459898471(Viber)

12/04/2023

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

"A"

Accounting Period - စာရင်းကာလ
Assets - ရပိုင်ခွင့်များ
Account - စာရင်း
Adjusting Entries - စာရင်းညှိနှိုင်းခြင်း
Accumulated Fund - စုဆောင်းထား ရံပုံငွေ
Acceptor - ဘီလ်လက်ခံသောသူ
Accountancy - စာရင်းကိုင်ပညာ
Account Sales - ကုန်ရောင်း ရှင်းတမ်း
Accommodation Bills - ထောက်ပံ့ခြင်း ဘီလ်များ
Allocation - စာရင်းခွဲဝြေခင်း
Assets - ရရန်ပိုင်ခွင့်
Auditing - စာရင်းစစ်ပညာ
Authorized Capital - မှတ်ပုံတင်အစုအရင်းငွေ

"B"

Balance Sheet - လက်ကျန်ရှင်းတမ်း
Balance of the account - စာရင်းလက်ကျန်
Books of Prime Entry - ပထမသွင်း စာရင်းစာအုပ်
Books of Original Entry - အခြေခံသွင်းစာအုပ်
Bills Receivable Day Book - ရရန်ဘီမှတ်တမ်းစာအုပ်
Bills Payable Day Book - ပေးရန်ဘီမှတ်တမ်းစာအုပ်
Bank Statement - ဘဏ်ရှင်းတမ်း
Bank Reconciliation Statement - ဘဏ်စာရင်းနှင့် ကိုက်ညှိရှင်းတမ်း
Bills Receivable - ရရန်ဘီလ်များ
Bills of Exchange - ငွေလွှဲစာချုပ်
Bills Payable - ပေးရန်ဘီလ်များ
Bad Debts - ကြွေးလျော်များ
Bank Overdraft - ဘဏ်မှ ပိုထုတ်ငွေ
Bonus Shares - ဆုငွေ အစုများ
Book Keeping - စာရင်းရေးပညာ
Branch Accounts - ဆိုင်ခွဲ စာရင်းများ
Branch Profit & Loss Account - ဆိုင်ခွဲ အရှုံးအမြတ်စာရင်း

"C"

Capital - ရင်းနှီးငွေ
Creditor - မြီရှင်
Credit side - မြီရှင်ဘက်
Closing Entries - စာရင်းပိတ်ခြင်း
Cash Book - စာရင်းပိတ်ခြင်း
Credit Note - မြီရှင်လွှာ
Cash Receipts Journal - ရငွေဂျာနယ်
Cash Payments Journal - ပေးငွေဂျာနယ်
Compensating Errors - အချင်းချင်းနှိမ်သော အမှားများ
Capital Expenditure - မတည်ငွေအသုံးစရိတ်
Cost of Goods Sold - ရောင်းပြီး ကုန်တန်ဖိုး
Copyright - မူပိုင်
Current Assets - လက်ငင်းရပိုင်ခွင့်များ
Current Liabilities - လက်ငင်းပေးရန်တာ၀န်များ
Cost of Goods Manufactured - ထုတ်လုပ်ပြီး ကုန်ပစ္စည်းတန်ဖိုး
Cost - ကုန်ကျတန်ဖိုး
Control Account - ထိန်းချုပ်စာရင်း
Called Up Capital - ခေါ်ပြီး အစုအရင်းငွေ
Calls in Advance - ကြိုတင်ရ အခေါ်များ
Carriage Inwards - ကုန်သယ်ခ
Carriage Outwards - ကုန်ပို့ခ
Cash Discount - ငွေနှုန်းလျှော့
Cash Purchases - ကုန်လက်ငင်း၀ယ်
Cash Sales - ကုန်လက်ငင်းရောင်း
Cheques - ဘဏ်ချက်ခေါ် ငွေထုတ်လက်မှတ်များ
Closing Stock - စာရင်းပိတ်ကုန်လက်ကျန်ရှင်းတမ်း
Columnar Balance Sheet - ဇယားကွက် လက်ကျန်ရှင်းတမ်း
Columnar Cash Book - ဇယားကွက် ငွေ၀င်ငွေထွက် စာအုပ်
Consignment Inwards - ကုန်သွင်း ကုန်ရောင်း စာရင်း
Consignment Outwards - ကုန်ပို့ ကုန်ရောင်း စာရင်း
Control Accounts - အချုပ်စာရင်း၊ စာရင်းချုပ်များ
Credits - မြီရှင် စာရင်း
Credits Ledger - မြီရှင်များ စာရင်းစာအုပ်
Cumulative Preference Shares - အတိုးအပြည့်ပေးရသော အထူးအစုများ

"D"

Debit side - မြီစားဖက်
Double Entry Book-keeping - နှစ်ဖက်သွင်း စာရင်းရေး
Debit Note - မြီစားလွှာ
Deferred Expenses - ရွှေ့ဆိုင်းစရိတ်များ
Development Expenses - တိုးတက်ဖွံ့ဖြိုးမှု စရိတ်များ
Direct Material Cost - တိုက်ရိုက်ကုန်ကြမ်း စရိတ်
Direct Labor Cost - တိုက်ရိုက်လုပ်သားခ
Diminishing Balance Method - လက်ကျန်တဖြည်းဖြည်းကုန်ခြင်းနည်း
Debentures - ငွေချေး အစုများ
Debits - မြီစား စာရင်း
Debtors Ledger - မြီစားများ စာရင်းစာအုပ်
Deferred, Founders or Management Shares - နောက်ဆုံးအစုများ
Deferred Ordinary Shares - ဒုတိယ သာမန် အစုများ
Demand Drafts - ချက်ချင်းပေးသော ဘီလ်များ
Depreciation - တန်ဘိုးလျှော့
Directors Fees - ဒါရိုက်တာ ကြေးများ
Dividends - အစုပေါ် အမြတ်
Documentary Bills - ကုန်ရောင်း စာချုပ်ဘီလ်များ
Drawee - ဘီလ်လက်ခံသောသူ
Drawer - ဘီလ်ရေးဆွဲသောသူ

"E"

Errors of Omission - အလျင်းမေ့ကျန်အမှား
Errors of Commission - အရေးမှားများ
Errors of Principle - မူအရ အမှားများ
Expenditure - အသုံးစရိတ်
Expansion or Extension - တိုးချဲ့

"F"

Folio - အညွှန်း
Fixed Assets - ပုံသေရပိုင်ခွင့်များ
Fixed Liabilities - ပုံသေပေးရန် တာ၀န်များ
Factory Cost - စက်ရုံထွက်တန်ဖိုး
Factory Overhead - စက်ရုံ၀န်ဆောင် စရိတ်
Factory Supplies - စက်ရုံသုံးပစ္စည်းများ
Fixed Installment System - ပုံသေအရစ်ကျစနစ်
Factory Expenses - အလုပ်ရုံ စရိတ်များ
Factory Power - စက်ရုံအား
Finished Goods - ကုန်ချောများ
Forfeited Shares - ရုပ်သိမ်းသော အစုများ
Fuel & Power - မီးအား စက်အား

"G"
Gross Profit - အကြမ်းအမြတ်
Gross Loss - အကြမ်းအရှုံး
General Ledger - အထွေထွေလယ်ဂျာ
General Fund - အထွေထွေရံပုံငွေ
Goods on Consignment - ကုန်ပို့စာရင်း
Goodwill - ဆိုင်နာမည်

"H"
Hire Purchase - ငှါး၀ယ်ခြင်း

"I"

Impersonal Account - ပုဂိုလ်မဟုတ်သောစာရင်း
Invoice - အရောင်းကုန်ပို့လွှာ
Imprest System - ပုံသေငွေပေးထားစနစ်
Improvements - မွမ်းမံ
Intangible - ဒြပ်မဲ့
Indirect Material - သွယ်ဝိုက်ကုန်ကြမ်းတန်ဖိုး
Indirect Labor - သွယ်ဝိုက်လုပ်သားခ
Income and Expenditure Account - ၀ငျငှသေုံးငှစောရငျး
Imprest Cash - အသေးသုံးအတွက် ခေတ္တထုတ်ထားငွေ
Installments - အရစ်ကျ ပေး၀ယ်ခြင်း
Interim Dividends - ကြားဖြတ် အစုပေါ် အမြတ်
Investments - အစု၀ယ်များ
Issued & Subscribed Capital - ထုတ်ဝြေပီး အစု အရင်းငွေ

"J"
Joint Stock Companies - မှတ်ပုံတင် လူထုအစပ်အဆိုင်များ
Joint Venture - တွဲဘက်ရောင်း၀ယ်စာရင်း၊ ဖက်စပ်စာရင်း
Journalize - စာရင်းမှတ်တမ်းတင်ခြင်း
Journalizing - ဂျာနယ်သွင်းခြင်း
Journal - ဂျာနယ်

"L"

Liabilities - ပေးရန်တာ၀န်များ
Ledger - လယ်ဂျာ
Ledger Account - လယ်ဂျာစာရင်း
Loan on Mortgage - အပေါင်ခံချေးငွေ
Late Lodgments - မရှင်းသေးသောအချက်များ
Liquidation Account - ဆိုင်ပိတ်စာရင်း
Loose Tools - တူဆောက် လက်နက်များ

"M"
Manufacturing Account - ကုန်ကြမ်းအလုပ်ရုံစာရင်း၊ ကုန်ထုတ်လုပ်စာရင်း
Maintenance - ပြုပြင်
Medium of Exchange - အသိအမှတ်ပြု လဲလှယ်ခွင့်
Manufacturing - ကုန်ထုတ်လုပ်
Machine Hour System - စက်လည်ချိန်မှီးစနစ်

"N"
Net Profit - အသားတင်အမြတ်
Nominal Capital - အစွမ်းကုန် အစုအရင်းငွေ
Noting Stock - စာရင်းဖွင့် ကုန်လက်ကျန်
Net Loss - အသားတင်အရှုံး
Nominal Account - အမည်ခံစာရင်း
Net Worth - အသားတင်ပိုင်ဆိုင်ခွင့်

"O"

Opening Stock - စာရင်းဖွင့် ကုန်လက်ကျန်
Ordinary Shares - သာမန် အစုများ
Output - ကုန်ထွက်ပေါင်း
Operating & Administrative Expenses - လုပ်ဆောင်မှုနှင့် အုပ်ချုပ်မှု စရိတ်များ
Other Indirect Expenses - အခြားသွယ်ဝိုက်စရိတ်
Outstanding Expenses - ပေးရန်ရှိကုန်ကျစရိတ်
Outstanding Incomes - ရရန်ရှိ၀င်ငွေ

"P"

Packing Expenses - ကုန်ထုတ်စရိတ်များ
Paid Up Capital - ငွေရပြီး အစုအရင်းငွေ
Patents & Copyrights - မူပိုင်များ
Payee - ငွေရမည့်သူ
Petty Cash Book - အသေးသုံး ငွေစာရင်း စာအုပ်
Posting - စာရင်းပို့ဆောင်ခြင်း
Preference Shares - အထူးအစုများ
Preferred Ordinary Shares - ပထမ သာမန် အစုများ
Preliminary Expenses - မူလဆိုင်ဖွင့်စရိတ်များ၊ ပဏာမစရိတ်များ
Premium on Shares - အစုပေါ် အပိုကြေး
Profit & Loss Account - အရှုံးအမြတ်စာရင်း
Profit & Loss Adjustment Account - အရှုံးအမြတ် ခုနှိမ်စာရင်း
Profit & Loss Appropriation Account - အမြတ်ခွဲဝေစာရင်း
Promissory Notes - ပရိုနုတ်ခေါ် ငွေလွှဲလက်မှတ် / ကတိစာချုပ်
Purchases Day Book - ကုန်၀ယ်စာရင်မှတ်တမ်း
Purchases Returns Book - ကုန်၀ယ်ပြန်ပို့ မှတ်တမ်းစာအုပ်
Profit & Loss Statement - အရှုံးအမြတ်ရှင်းတမ်း
Profit & Loss Account - အရှုံးအမြတ်စာရင်း
Personal Account - ပုဂိုလ်စာရင်း
Posting - စာရင်းပို့ဆောင်ခြင်း
Purchase or Construction of Fixed Assets - ပုံသေပစ္စည်း၀ယ်ယူခြင်း (သို့) ဆောက်လုပ်ခြင်း
Provision for Depreciation Account - တန်ဖိုးလျှော့ ရာထားစာရင်း
Provision for Bad Debts - ကြွေးဆုံးရာထား
Patents - ပိုင်ခွင့်ကန့်သတ်သည့် လက်မှတ်များ
Purchase Ledger - အ၀ယ်လယ်ဂျာ

"R"

Real Account - ပစ္စည်းစာရင်း
Revenue Expenditure - သာမန်အသုံးစရိတ်
Replacement - အစားထိုးခြင်း
Renewal - အသစ်လဲ
Repairs - ပြင်ဆင်
Reducing Installment Method - လျော့ဆင်းသော အရစ်ကျစနစ်
Revaluation - ပြန်လည်တန်ဖိုးဖြတ်
Receipts and Payments Accounts - စုငွေပေးငွေစာရင်း
Rate & Taxes - မြူနီစီပါယ်ကြေး
Raw Materials - ကုန်ကြမ်းများ
Realization Account - ဆိုင်ဖျက်သိမ်းစာရင်း
Rebates - ပြန်အမ်းငွေ
Redeemable Preference Shares - ပြန်သိမ်းနိုင်သော အထူးအစုများ
Registered Capital - မှတ်ပုံတင်အစုအရင်းငွေ
Reserves - သီးသန့်ရံပုံငွေ
Reserve for Bad & Doubtful Debts - ကြွေးလျော်ရံပုံငွေ
Reserves Capital - သီးသန့်ထားသော အစုအရင်းငွေ

"S"

Salaries - လစာများ
Sales Day Book - ကုန်ရောင်း စာရင်းမှတ်တမ်း
Sales Returns Book - ကုန်ရောင်း ပြန်သွင်း မှတ်တမ်းစာအုပ်
Shares Capital - အစုအရင်းငွေ
Sight Drafts - လဆိုင်းပေးဘီလ်များ
Single Entry Book-keeping - တဘက်သွင်းစာရင်းရေးနည်း
Subsidiary Ledgers - လက်ထောက်စာရင်း စာအုပ်များ
Summary - စာရင်းတူများ ပေါင်းပေးခြင်း
Service - ဆောင်ရွက်မှု
Special Journal - အထူးဂျာနယ်
Straight Line Method - မျဉ်းဖြောင့်နည်း
Sales Ledger - အရောင်းလယ်ဂျာ
Statement of Affairs - လုပ်ငန်းအခြေအနေပြရှင်းတမ်း

"T"

Trade Discounts - ကုန်သည်နှုန်းလျှော့
Trading Account - ကုန်ရောင်း ကုန်၀ယ်စာရင်း၊ အရောင်းအ၀ယ်စာရင်း
Transfer Fees - အစုလွှဲပြောင်းကြေး
Transfer Journal - စာရင်းအပြောင်းအလွှဲမှတ်တမ်း
Travelers Salaries - နယ်လှည့် အရောင်းသမားများလစာ
Trial Balance - အစမ်းရှင်းတမ်း
Turnover - ကုန်ရောင်းရငွေ
Tangible - ဒြပ်ရှိ
Taking out a Trial Balance - အစမ်းရှင်းတမ်းရေးဆွဲခြင်း
Trade Mark - ကုန်မှတ်တမ်းတံဆိပ်
Total Account - စုစုပေါင်းစာရင်း
Total Debtors Account - စုစုပေါင်းမြီးစားများစာရင်း
Total Creditors Account - စုစုပေါင်းမြီရှင်များစာရင်း

"U"

Uncalled Capital - မခေါ်ရသေးသော အစုအရင်းငွေ
Unclaimed Dividends - လာမယူသေးသော အမြတ်ငွေ
Unpaid Calls - မရသေးသောအခေါ်များ
Unpresented Cheques - ငွေလာ၍မထုတ်သေးသော ချက်များ
Unit of Performance Method - ထုတ်လုပ်ကုန်အရေအတွက်ဖြင့် တွက်နည်း

"W"

Wages - အလုပ်သမားအခများ
Warehouse Expenses - ကုန်ရုံစရိတ်များ
Work in Progress - မပြီးသေးသော အလုပ်များ/ လုပ်ဆဲကုန်

# Credit
shweaeimsidictionary

23/03/2020

💢အလေအလွင့်မရှိရေး💢
*တချို့စီးပွားရေးလုပ်ငန်းတွေဟာ ၀င်ငွေရရှိ‌ရေးကိုချည်း အာရုံစိုက်ပြီးအလောတကြီး လုပ်ကိုင်ကြတဲ့အတွက် လုပ်ငန်းဖြစ်စဉ်တွေရဲ့ အရေးပါပုံကို မမြင်ကြဘူး။
*အလေအလွင့်တွေ ဖြစ်နေခြင်းရဲ့ ဆိုးကျိူးကိုလည်းမမြင်ကြတော့ဘူး။
*တနည်းအားဖြင့် နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး ထောင့်စေ့အောင် စနစ်တကျလုပ်ကိုင်နိုင်တဲ့ စီးပွားရေးအဖွဲ့အစည်းတွေဟာ ကျွမ်းကျင်ထိရောက်အောင် မဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေထက် သိသိသာသာ အားသာချက်တွေရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

👇 👇 👇
*အယူအဆ*

*ထိပ်တန်းဂျပန်ကုမ္ပဏီတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဂျပန်လို Muda လို့ခေါ်တဲ့(အလေအလွင့်မရှိရေး) ကို ဦးတည်ပြီး ကုန်ကျစရိတ်သက်သာအောင် အားထုတ်ခဲ့ကြတယ်။
*အနောက်တိုင်း ကုမ္ပဏီတွေဟာ 1970 ပြည့်လွန်ကစပြီး အနှစ်20 လောက်အတွင်း အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့တဲ့ အဲ့ဒီ Muda ခေါ် အလေအလွင့်ပပျောက်ရေးစနစ်တွေ အတိုင်းအရေးယူဆောင်ရွက်ခဲ့ကြတယ်။
* အချိန်မီ လုပ်ကိုင်ဆောင်ရွက်ရမယ်။ အလေအလွင့်မရှိစေရဆိုတဲ့ အယူအဆတွေကြောင့် စီးပွားရေးလုပ်ငန်းလောကမှာ 'လုပ်ငန်းဖြစ်စဉ် ဆန်းစစ်ခြင်း'၊'လုပ်ငန်းအဆင့်ဆင့်ကို ကောက်ကြောင်းလိုက်ခြင်း' နဲ့ 'လုပ်ပုံကိုင်ပုံ ပြန်လည်ပြုပြင်ခြင်း'ဆို‌တဲ့ ဝေါဟာရတွေ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ ဒီဝေါဟာရတွေကို အင်္ဂလိပ်လို အစဉ်လိုက်ဖော်ပြရင်

✨Process Analysis ၊ Process Mapping နဲ့ Reengineering✨

တို့ဖြစ်ပါတယ် ။ 'လုပ်ငန်းဖြစ်စဉ် ဆန်းစစ်ခြင်း' ဆိုတာ လုပ်ငန်းစဉ်တစ်လျှောက် ဘာတွေဖြစ်လာလို့ အဆုံးမှာ ဘာတွေဖြစ်သွားတယ်ဆိုတာ သိဖို့လိုတတ်ပါတယ်။
* Harley-Davidson ဟာ 1970 ပြည့်လွန် ဆယ်နှစ်တာကာလအတွင်းက အခက်အခဲတွေ ကြုံတွေ့ရပြီးကြုံတွေ့ရပြီးနောက်ပိုင်း Chis ပြည်နယ်ရှိ Honda မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးစက်ရုံကို သွားလေ့လာတယ်။
* Honda ရဲ့ စက်ရုံနဲ့ Harely-Davidson ရဲ့ မန်နေဂျာတွေဟာ JIT စနစ်ကို ကျင့်သုံးဖို့လိုပြီဆိုတာသိလာကြတယ်။
*JIT (Just In Time ) ကုန်ထုတ်လုပ်ရေးဆိုတော့ ၀ယ်သူရှိမှ ထုတ်လုပ်တဲ့ စနစ်ဖြစ်တယ်။ တစ်နည်းအားဖြင့် MAN ( M-Materials As Need ) လို့လည်းခေါ်တယ်။ ဒါလည်း လိုသလောက်ပဲ ပစ္စည်းထုတ်လုပ်တာပါပဲ။
* ထုတ်လုပ်ရေးနဲ့ အကျုံး၀င်တဲ့ လုပ်ငန်းတွေကို တစ်စုတစ်ဝေးတည်း ထားလိုက်တယ်။ဒါကြောင့် တစ်နေရာမှတစ်နေရာ ထုပ်ပိုးရွှေ့ပြောင်းသယ်ယူသွားရတဲ့အလုပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း အစောကြီးကြိုပြီး များများစားစား ထုတ်လုပ်မထားဘူး။
*ဒီတော့ ကုန်ထုတ်လုပ်ရေးအတွက် နေရာတွေပိုရလာပါတယ်။လယ်ယာနဲ့စိုက်ပျိုးရေးဆိုင်ရာ စက်ယန္တားကြီးတွေကို ထုတ်လုပ်တဲ့ Caterpillar ကုမ္ပဏီဟာလည်း အလားတူလုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတယ်။
*ဒီကုမ္ပဏီဟာ သူ့ရဲ့ပြိုင်ဘက် ဂျပန်ကုမ္ပဏီ Komatsu နဲ့ ကုန်ထုတ်လုပ်မှုစရိတ်ချင်း နှိုင်းယှဉ်လိုက်ရင် သိသိသာသာကြီးပိုများနေတာ သိသွားတယ်။ ဂျပန်ကုမ္ပဏီလုပ်တဲ့အတိုင်း ကုန်ထုတ်လုပ်ငန်းစဉ်ထဲမှာ အကျုံး၀င်တဲ့ လုပ်ငန်းပိုင်းတွေကို တစ်ခုနဲ့တစ်ခု၊ တစ်နေရာနဲ့တစ်နေရာ နီးနီးကပ်ကပ်ထားပြီး စက်ရုံရဲ့အခင်းအကျင်းကို ပြန်လည်ဖွဲ့စည်းလုပ်ကိုင်လိုက်တဲ့အခါHandling Expenses လို့ခေါ်တဲ့ကိုင်တွယ်စရိတ်(ပစ္စည်းတွေကို ထုတ်ပိုးသယ်ယူရွှေ့ပြောင်းပေးရတဲ့အတွက် ကုန်ကျစရိတ်)တွေ သက်သာသွားနိုင်တယ်။

*ထုတ်ထုပ်ရမယ့်ပစ္စည်းအရေအတွက် ကိုလည်း ထိန်းညှိပေးသွားနိုင်ရုံသာမက ပစ္စည်းတစ်ခုချင်းရဲ့ အစက အဆုံး ထုတ်လုပ်ကြတဲ့ အချိန်ဟာလည်း ၈၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်။

👇 👇 👇
*လက်တွေဆောင်ရွက်ရန်*

ကိုယ်ရဲ့ကုန်ထုတ်လုပ်မှုဖြစ်စဉ်ဟာ ထိရောက်မှုရှိရဲ့လား၊အလေအလွင့်တွေ!အလဟဿဖြစ်နေတာတွေရှိမလားဆိုတာစိစစ်ကြည့်ပါ။

*ဒီအလုပ်တွေလုပ်နေတဲ့သူတွေကိုဘယ်လိုပိုကောင်းအောင်ထိရောက်အောင်လုပ်မလဲဆိုတာ အကြံဥာဏ်တောင်းပါဝန်ဆောင်မှုပဲလုပ်လုပ်! ကုန်ပစ္စည်းထုတ်လုပ်ရေးပဲလုပ်လုပ် ဒီလိုပဲ အကြံဉာဏ်တောင်းသင့်တယ်။
*လုပ်ငန်းတွေထိရောက်မှုမရှိဘူးဆိုရင် အဲဒီအဖြစ်မျိုးနည်းသွားအောင် ဘယ်လိုလုပ်မလဲ စရိတ်ကျဉ်းကျဉ်းနဲ့ ထိရောက်တဲ့နည်းကိုဘယ်လိုရှာမလဲ ဆိုတာနဲပတ်သက်ပြီး ရှင်းလည်းရှင်း၊လက်တွေ့လည်းလုပ်နိုင်တဲ့ အစီအစဉ်တစ်ရပ် ကြံဆဆောင်ရွက်ပါ။

*ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုအောင်မြင်မလဲ။အဲဒီအောင်မြင်မှုကိုဘယ်လိုတိုင်းတာမလဲ!(တစ်နည်း ဘာကြောင့် အောင်မြင်တယ်လို့ပြောနိုင်တာလဲ)ဆိုတာနဲ့ဘယ်တော့ အဲဒီလို အကဲဖြတ် ဆုံးဖြတ်ဖြစ်မလဲဆိုတာ သိသင့်တယ်။

*လုပ်နည်းလုပ်ငန်အသစ်ကို စလုပ်ပြီဆိုရင် သတိထားပါ။အ‌ပြောင်းအလဲဆိုတာတွေဟာ မျှော်မှန်းမထားခဲ့တဲ့ ဆိုးကျိုးတွေရှိတက်တယ်။ ဒါမျိုးတွေကို သတိမူပြီး ဘယ်လိုအတိုးအလျှော့တွေ လုပ်ရမလဲဆိုတာ သတိပြုပါ။

~~~~~~~~~~~~~~~~~~
Crd #
စီးပွားရေးဆိုင်ရာအယူအဆ(၁၀၀)
ညွန့်သောင်း

21/03/2020

🔥သတင်းအချက်အလက်တွေကိုအသုံးတည့်အောင်ဆောင်ရွက်ခြင်း🔥

🖥️သတင်းအချက်အလက်နည်းပညာနဲ့ပတ်သတ်တဲ့ဆော့(ဖ်)ဝဲတွေ၊ကွန်ပျူတာစက်တွေမှာ
💵 နှစ်စဥ်ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေတာကိုကြည့်ရင်ဒီကနေ့သတင်းအချက်အလက်ဆိုင်ရာနည်းပညာတွေဟာ စီးပွါးရေးလုပ်ငန်းတွေပိုမိုအောင်မြင်ဖို့ အထောက်အကူပြုနေတယ်ဆိုတာ မန်နေဂျာတွေအတိအကျသိနေကြပါပြီ။

💭အယူအဆ💭
"ပါမောက္ခ Donald Marchand "ရဲ့သုတေသနတစ်ရပ်အရ လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ဟာ ရထားတဲ့သတင်းအချက်အလက်တွေကို အကျိုးရှိအောင်သုံးစွဲနိုင်ဖို့နဲ့ပတ်သတ်ပြီး အချက်သုံးချက်ရှိတယ်။ ဒီအချက်သုံးချက်ကိုခြုံပြီးInformation Capabilition လို့ခေါ်ထားတယ်။
🌞Information Behaviors and Values
သတင်းအချက်အလက်နဲ့ပတ်သတ်ပြီး ကြိုတင်ဆောင်ရွက်တာ၊ ထိန်းချုပ်တာ၊ထင်သာမြင်သာပြုတာ၊မျှဝေတာတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့အချက်တွေ ပါ၀င်ပါတယ်။ သတင်းအချက်အလက်တွေရရှိရေးမှာ အဟန့်အတားဖြစ်နေတာတွေကိုဖယ်ရှားပေးပြီး ရထားတဲ့သတင်းအချက်အလက်တွေကိုသုံးတတ်အောင် အားပေးတာတွေလည်းပါ၀င်တယ်။

🌞 Information Management Practices
သတင်းအနံ့ခံတာ၊စုဆောင်းတာ၊စုစည်းတာ၊စိစစ်တာနဲ့ထိန်းသိမ်းတာတွေပါ၀င်ပါတယ်။ မန်နေဂျာတွေက သတင်းအချက်အလက်တွေကို စီမံရာမှာ တာ၀န်ယူရတယ်။အဖွဲ့အစည်းအတွက်မှန်ကန်တဲ့သတင်းအချက်အလက်ရဖို့ အာရုံစိုက်ရတယ်။သတင်းတွေ ဖောင်းပွမနေဖို့လည်းအရေးကြီးတယ်။
🌞 Information Technology Practices
သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပစ္စည်းတွေကို သုံးစွဲပြီး ဆုံးဖြတ်ချက်ချနိုင်တာတွေရှိတယ်။
ကုမ္ပဏီအတော်များများဟာ သတင်းအချက်ဆိုင်ရာ နည်းပညာနဲ့ပက်သတ်တဲ့စီမံချက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြတယ်။ဥပမာအားဖြင့် BBVA လို့အတိုကောက်ခေါ်တဲ့ ဘဏ်ဟာ ဘဏ်ခွဲတွေ ထားပြီး ဆောင်ရွက်တဲ့ စပိန်နိုင်ငံက ဘဏ်လုပ်ငန်းဖြစ်တယ်။သူ့ရဲ့ဘဏ်ခွဲတွေရှိလူတေကို မှန်ကန်တဲ့သတင်းအချက်အလက်တွေပေးပြီး ဆောင်ရွက်တဲ့ အတွက် ရက်တစ်ထောင်အတွင်း အအောင်မြင်ဆုံးဘဏ်တွေထဲမှာ အပါအ၀င်ဖြစ်လာခဲ့ပါတယ်။
🍁Skandia Bavker 🍁 ဆိုတဲ့ ဘဏ်ဟာ ဘဏ်ခွဲမထားဘဲ အင်တာနက်တို့၊ တယ်လီဖုန်းတို့နဲ့သာ ဆက်သွယ်ဆောင်ရွက်တာဖြစ်ပေမယ့် ဖောက်သည်တွေအတွက်ရော ၀န်ထမ်းတွေအတွက်ပါ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူပေးနိုင်လို့ ဖြစ်တယ်။ ဒါ့ပြင် ပွင့်လင်းမြင်သာမှုကိုလည်း အထူးအလေးပေးတယ်ဆိုတဲ့ အကြောင်းတွေကြောင့်ဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန်
သတင်းအချက်အလက်ကို စီမံခန့်ခွဲအသုံးချတယ်ဆိုတာ
လူတွေ အဲ့ဒီ့သတင်းအချက်အလက်တွေဘယ်လိုအသုံးပြုတယ်၊ လူတွေကို ဘယ်လိုမျှဝေပေးတယ်၊ တီထွင်ကြံဆနိုင်အောင် ဒီသတင်းအချက်အလက်တွေကို သုံးစွဲချင်စိတ်ဘယ်လောက်ပေါ်လာသလဲ ဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်တယ်ဆိုတာ သိထားပါ။
လုပ်ငန်းအောင်မြင်ရေးအတွက် နည်းပညာဟာ မရှိမဖစ် လိုအပ်တာမှန်ပေမယ့် သူ့ချည်းပဲကတော့ စီးပွားရေးဆိုင်ရာကိစ္စအားလုံးကို ဆောင်ရွက်မပေးနိုင်ဘူးဆိုတာသဘောပေါက်ပါ။
ဒီကဏ္ဍပါအကြောင်းအရာတွေကို ပိုမိုပြည့်စုံစွာသိချင်ရင်
🔥Donlad Marchand 🔥 ‌ ရေးတဲ့
💢 Marking the Invisible Visible💢
ဆိုတဲ့စာအုပ်ကိုဖတ်ပါ။

🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
Crd #
စီးပွားရေးဆိုင်ရာအယူအဆ(၁၀၀)
ညွန့်သောင်း

17/03/2020

❣️ဖောက်သည်နဲ့ပက်သတ်တဲ့
သတင်းအချက်အလက်တေကို အသုံးချခြင်း❣️

💬အဆက်အစပ်ရှိရှိ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက် တွေဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံး၀င်ပါတယ်။ ကုန်ကျစရိတ်သက်သာဖို့ အသုံးချနိုင်တယ်။ ဖောက်သည်တစ်ဦးချင်းရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုတင် အရန်သင့် စီစဉ်ထားနိုင်တယ်။ဒါတွေကို အင်တာနက်ကနေတဆင့် ဆောင်ရွက်ပေး နိုင်တယ်။

"အယူအဆ"
လက်လီဖြန့်ချိရောင်းချတဲ့ လုပ်ငန်းကို ဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံက" Amazan .com" ဟာ စာအုပ်ရောင်းတဲ့အလုပ်ကို သမာရိုးကျမဟုတ်ဘဲ တစ်နည်းတစ်ဖုံ ဆောင်ရွက်လုပ်ကိုင်တယ်။ ဒီကုမ္ပဏီဟာ ဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုပြီး ရရှိတဲ့ သတင်းအချက်အလက်တွေကို အောက်ပါအတိုင်း အကျိုးရှိအောင်သုံးစွဲတယ်။
☀️ ဆုံးရှုံးနစ်နာမှုနည်းနိုင်သမျှ နည်းရေးအတွက်
ဖောက်သည်တွေသာ ဘယ်အခါမျိုးမှာ ဘယ်လို၀ယ်ယူကြတယ်ဆိုတာဘသိရအောင် သန်းပေါင်းများစွာသော ဖောက်သည်တွေထံမှ သတင်းအချက်အလက်တွေကို စုဆောင်းစစ်ဆေးမှုတွေလုပ်တယ်။ ဒါကြောင့် ရမ်းသန်းပြီးလုပ်တာနဲ့စာရင် လုပ်ငန်းအတွက် ဆုံးရှူံး နစ်နာမှုနည်းသွားတယ်။
☀️ ကုန်ကျစရိတ်သက်သာရေးအတွက်
ဆိုင်ပေါ်တင်ရောင်းတဲ့ ပစ္စည်း‌အရေအတွက်နဲ့ ပစ္စည်းတင်သွင်းသူ အရေအတွက်တွေကို လိုအပ်သလို သတင်းနည်းပညာကိုအသုံးပြုပြီး အတိုးအလျှော့လုပ်ပေးတယ်။

☀️ ပစ္စည်းတန်ဖိုးတတ်လာရေးနဲ့ ဖောက်သည်တွေကို ကူညီရေးအတွက်
မိမိလက်လီဖြန့်ဖြူးရောင်းချတဲ့ ပစ္စည်းတွေ (စာအုပ်တွေ)ကို အကျဉ်းဝေဖန်သုံးသပ်ပြပေးတယ်။ဒါတွေကို အင်တာနက်ကတစ်ဆင့် အခမဲ့ကူးယူခွင့် ပေးထားတယ်။မိမိရဲ့အင်တာနက် ပထမဦးဆုံး ၀က်ဘ်ဆိုက်စာမျက်နှာမှာ ယခင်၀ယ်ယူထား၊ ဖတ်ရှုထားပြီး သူများရဲ့အကြိုက်တွေကို အခြေခံပြီး ဖတ်လို့ကောင်းမယ့် စာရင်းတွေကိုလည်း ပြုစုတင်ပြပေးထားတယ်။

☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️☀️

Crd #
စီးပွားရေ၊(၁၀၀)
ညွန့်သောင်း

16/03/2020

📚 Elementary Accounting 📚
အခြေခံစာရင်းကိုင်သင်တန်း

👉 စာရင်းကိုင်ပညာရပ်ကို အခြေခံမှစ၍ လေ့လာလိုသူများအတွက် .... မြန်မာလို လွယ်ကူ ရှင်းလင်းစွာ သင်ကြားပေးမည် 👈

Elementary Accounting (အခြေခံစာရင်းကိုင်သင်တန်း)ကို UM Business Center Pyinoolwin တွင် ဖွင့်လှစ်လိုက်ပါပြီ။

သင်ကြားပေးမည့်အကြောင်းအရာများ
__________________________
📚 စာရင်းကိုင်ပညာ၏ အဓိပ္ပါယ်၊ရည်ရွယ်ချက်၊
အကျိုးကျေးဇူးများ
📚 နှစ်ဖက်သွင်းစာရင်း ရေးသွင်းနည်းစနစ်အရ
စာရင်းရေးသွင်းခြင်း
📚 လယ်ဂျာစာရင်းအမျိုးအစားများ
📚 အစမ်းရှင်းတမ်း
📚 ကနဦးမှတ်တမ်းများ
📚 အသေးသုံးငွေစာရင်း
📚 အသုံးစရိတ်နှင့် ဝင်ငွေစာရင်း
📚 ကုန်သွယ်မှု (အရောင်းအဝယ်)စာရင်း
📚 အရှုံးအမြတ်စာရင်း
📚 လက်ကျန်ရှင်းတမ်း

စသည်တို့ကို စာတွေ့လက်တွေ့နားလည်လွယ်စေရန် အတွေ့အကြုံရှိ ဆရာမမှ သင်ကြားမျှဝေပေးသွားမည် ဖြစ်ပါသည်။

သင်ကြားပေးမည့်ဆရာမ
_________________
Daw Wutt Yee Lwin
🎓 Dip in Business Accounting
🎓 B.Com (Hons;), M.Com
🎓 Ph.D (Candidate)

တက်ရောက်သင့်သူများ
_________________
✅ အထက်တန်းအောင်မြင်ပြီးကာစလူငယ်များ
✅ တက္ကသိုလ်ကျောင်းသား၊သူများ
✅ ကိုယ်ပိုင်လုပ်ငန်းတွင် စာရင်းဇယားများကို စနစ်တကျထားရှိလိုသူများ
✅ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်လိုသူများ
✅ စာရင်းကိုင်ပညာရပ်ကို လေ့လာလိုသူများ
✅ စာရင်းကိုင်တစ်ဦးအဖြစ် အသက်မွေးဝမ်း ကျောင်း ပြုလိုသူများ
✅ အလုပ်အကိုင် အခွင့်အလမ်းကောင်းရရှိလိုသူများ

အကျိုးကျေးဇူးများ
______________
✅ မည်သည့်လုပ်ငန်းမဆို လချုပ်စာရင်း ဆွဲနိုင်သည်အထိ လူကြီးမင်းတို့၏လုပ်ငန်းပိုင်းဆိုင်ရာ စာရင်းပိုင်းနှင့်ပတ်သတ်၍ အသေးစိတ် ဆွေးနွေးမေးမြန်းနိုင်ပါတယ် ...

သင်တန်းအစီအစဉ်
_____________
Date: Mar 27 , 28 & Apr 4
Time: 9:00am-4:00pm
Duration: 3 Days Training

သင်တန်းကြေး
___________
💵 သင်တန်းကြေး: 80,000 Ks

Early Bird 10ဦးအတွက်
💵 (25%Discount) :60,000 Ks

MESI(POL)မှ EDBMကျောင်းသား၊သူဟောင်းများအတွက်
💵 (30% Discount): 56,000 Ks

🌍နေရာ
_______
No.(6/A) , Ruby Mart , မန္တလေး-လားရှိုး လမ်းမကြီးဘေး ၊ ပြင်ဦးလွင်မြို့။

☎ဆက်သွယ်ရန်
____________
09- 977 429 080
09- 691 997 590

🤝သင့်အနာဂတ် တိုးတက်အောင်မြင်ဖို့UM Business Center Pyinoolwin မှာ တက်ရောက်လေ့လာကြပါစို့🤝

13/03/2020

🏆၀န်ထမ်းတွေ ဂုဏ်ယူနိုင်ကြပါစေ🏆

👩‍🚒ကုမ္ပဏီ၀န်ထမ်းတွေဟာ ကိုယ့်ကုမ္ပဏီကို အကောင်းမြင်ပြီး
ဂုဏ်လည်းယူတတ်ရင် ဒီကုမ္ပဏီဟာ ပိုမို စည်းလုံးပြီး ပိုမိုလုပ်ငန်းကျွမ်းကျင်လာမှာဖြစ်ပါတယ်။

👩‍💼လုပ်ငန်းရှင်လည်းနာမည်ကောင်း ခိုင်မာ လာမှာဖြစ်ပါတယ်။
☀️၀န်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအား၊ လုပ်သားစွမ်းအား၊
လုပ်ထားတဲ့ အလုပ်ရဲ့ အရည်အသွေးနဲ့ လုပ်ငန်းခွင်
စိတ်ကျေနပ်မှု တွေလည်းတိုးလာမှာ ဖြစ်တယ်။☀️

🐝အယူအဆ🐝
🛑၀န်ထမ်းတွေဟာ ကိုယ့် ဆီ မှာလုပ်ရတာပျော်ရဲ့လား၊
ကိုယ့်လုပ်ငန်းမှာလာလုပ်ကြသူတွေ လုပ်ငန်းကို ဂုဏ်ယူ
တယ်ဆိုတာ အကြောင်းအမျိုးမျိုး ရှိတယ်။

ကိုယ့်ကုမ္ပဏီရဲ့ 🌺ရည်ရွယ်ချက်၊ 🌺အောင်မြင်မှု၊
🌺အချင်းအချင်းတရားသဖြင့် ပြုမူဆက်ဆံမှု၊
🌺ခေါင်းဆောင်ပိုင်းရဲ့ အရည်အသွေး၊
🌺ထုတ်လုပ်တဲ့ ပစ္စည်းတွေရဲ့အရည်အသွေး၊
🌺ဒီပစ္စည်းတွေကို လူတွေကြိုက်မကြိုက် စတဲ့
အကြောင်းတွေဖြစ်တယ်။

👉 ဒါနဲ့ပတ်သက်ပြီး
💢Taylor Nelson Sofres (TNS) 💢
ကိုနမူနာအဖြစ် ပြနိုင်တယ်။

🏢ဒီကုမ္ပဏီ ဟာ စျေးကွက် သတင်းအချက်အလက်ဆိုင်ရာ
ကုမ္ပဏီဖြစ်ပြီး ကမ္ဘာအနှံ့ အချိန်ပြည့်၀န်ထမ်းပေါင်း
၁၄,၀၀၀ ကျော်ရှိတယ်။

🛑သူ့လုပ်ငန်း မှာစျေးကသတင်းအချက်အလက်တွေကို
🎲စုဆောင်းခြင်း၊ 🎲ဆန်းစစ်ခြင်း၊ 🎲အဓိပ္ပါယ် ကောက်ခြင်း၊

စတာတွေကို ဆောင်ရွက်ပြီးထုတ် ဝေဖြန့်ချိတာဖြစ်တယ်။
🎲လူမှူရေး နဲ့ နိုင်ငံရေး ဆိုင်ရာ သဘောထားစစ်တမ်း
တွေကိုလည်း ကောက်ယူ့တယ်။🎲

🎇ဒီကုမ္ပဏီရဲ့ လုပ်ငန်းတွေ ကို နိုင်ငံပေါင်း ၇၀ မှာ
ဖြန့်ကြက်ထားပြီး အများအားဖြင့် တခြားကုမ္ပဏီ
တွေကို ၀ယ်ယူလုပ်ကိုင်တာ ဖြစ်တယ်။

ဒါကြောင့် အဲ့ဒီ့ ကုမ္ပဏီတွေက ပါလာတဲ့၀န်ထမ်တွေဟာ
ဒေသခံ မူလကုမဏီ ကိုပဲ ပိုပြီး သံယောဇဉ်ရှိကြတယ်။

TNS ကုမဏီ အုပ်စုကြီးအနေနဲ့ ကတော့ သူတို့နဲ့ဝေးနေသလို “နိုင်ငံခြားကပါ” ဆိုတဲ့ အသိကရှိနေတယ်။

📰ဒါပေမယ့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက
အရှေ့တောင်အာရှမှာ ဆူနာမီဘေးသင့်သွားတဲ့
TNS အမှုဆောင်အရာရှိတစ်ဦးအတွက် အပါအ၀င်
ဒုက္ခသည်တွေအတွက် UNICEF ကတဆင့်
ကယ်ဆယ်ရေးအလှူငွေဒေါ်လာ ၂၅၀,၀၀၀ ကို
ပေးအပ်လိုက်ပါတယ်။ 📌း

အခုလို ပရဟိတစေတနာ လုပ်ရပ်ကြောင့် ၀န်ထမ်းတွေ
စည်းလုံးညီညွတ်လာကြတယ်။ကုမ္ပဏီမှာ အလုပ်လုပ်ရတာ
ဂုဏ်ယူတတ်လာတယ်။
👆 👆 👆 👆
အထက်ပါ TNS နမူနာမှာတင်ပြထားတဲ့အတိုင်း
ရိုးရိုးစင်းစင်းလေးနဲ့ ကောင်းတာတွေကို လုပ်ရင်
၀န်ထမ်းတွေဟာ အလုပ်လုပ်ရတာ ပျော်ပြီးဂုဏ်လည်း
ယူတတ်လာကာ အလုပ်ကြိုးစားချင်စိတ်တွေလည်းတိုးပွား
လာနိုင်ပါတယ်။

💯လက်တွေ့ဆောင်ရွက်ရင်💯

-ကုမ္ပဏီအနေနဲ့ လူမှုရေးအရကူညီသင့်တာတွေ ကူညီပေးပါ။
ငွေလှူဒါန်းတာကူညီဖို့အတွက် ငွေကောက်ခံပေးတာဒါမှမဟုတ်ပိုပြီးဂရုဏာသဘော၀င်တဲ့လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်ပေးတာတွေဖြစ်တယ်။

-၀န်ထမ်းတွေကိုအများအကျိုးအတွက် အခမဲ့ ဆောင်ရွက်လုပ်ကိုင်ပေးတာ စတဲ့ အလုပ်တွေမှာ ပါ၀င်လာနိုင်အောင် အခွင့်အလမ်းတွေဖန်တီးပေးပါ။

-အနုတ်လက္ခဏာဆောင်တဲ့ လုပ်ငန်းလုပ်ကိုင်ပုံကိုရှောင်ပါ။ လူတွေကအမြင်ဆောင်းနေတဲ့ ကုမ္ပဏီတွေ၊ ၀န်ထမ်းတွေ သိပ်လုပ်ချင်ကြမှာမဟုတ်ပါဘူး။

-၀န်ထမ်းကိုလည်း သူတို့ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ အလုပ်တွေကြောင့် အများပြည်သူတွေ အကျိုးရှိသွားကြတယ်ဆိုတာ ပြောပြပေးပါ။

-------------------------------------

Crd #
စီးပွားရေးဆိုင်ရာအယူအဆ(၁၀၀)
ညွန့်သောင်း

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.