25/06/2023
English Grammar To Note-4
အင်္ဂလိပ်သဒ္ဒါ မှတ်သားစရာ
*********************************
Difference With
and
Without " The"
"The" ပါခြင်း မပါခြင်း ခြားနားချက်
**************************
" The " is called the Definite Article. It is used before the singular nouns and the plural nouns. Every learner of English
should note a difference with and without "The" before nouns. That is why it is often
written wrongly. Well, try to study that I wrote. You will understand it very well.
" The " ဟာ Definite Article ခေါ် တိကျရေရာတဲ့ Article လို့ခေါ်ပါတယ်။ အနည်းကိန်း အများကိန်းနာမ်ပုဒ်တွေရဲ့ရှေ့မှာ
ထားသုံးပါတယ်။ အင်္ဂလိပ်စာလေ့လာသူတိုင်း နာမ်ပုဒ်တွေရဲ့ရှေ့မှာ The ပါခြင်း မပါခြင်းရဲ့ ခြားနားမှုလေး ကို မှတ်သားထားသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မကြာခဏရေးတာ မှားနေကြလို့ပါ။ ဆရာရေးလိုက်တာလေးကို
လေ့လာ ကြည့်ပါ။ ကောင်းကောင်းနား
လည်သွားပါလိမ့်မယ်။
1: I will go to school.
ကျနော် ကျောင်းသွားမယ်။
(Going to school to learn
lessons.)
စာသင်ယူဘို့သွားခြင်းဖြစ်တယ်
I will go to the school.
ကျနော် ကျောင်းကိုသွားလိုက်အုန်းမယ်
( Not to learn lessons./ going
to the school.)
စာသင်ယူဘို့မဟုတ် ကျောင်းကိုအလည်သွား
ဖြစ်တယ်။
2:Go to class.(To learn lessons)
သင်တန်းသွားလေ (စာသင်ယူဘို့)
Go to the class.
သင်တန်းကိုသွားလိုက်အုန်း
(Not to learn lessons. Going
with matter.)
စာသင်ယူဘို့မဟုတ် ကိစ္ပနဲ့သွားခြင်းဖြစ်တယ်။
Similarly: အလားတူ
3:Go to University.
( To learn ./ To teach)
Go to the University.
(Not to learn./Not to teach.)
4:Go to Computer Class.
(To learn./To teach)
Go to the Computer Class.
(Not to learn./Not to teach)
5:Go to office.( As a staff)
ရုံးသွားပါ (ဝန်ထမ်းအနေနဲ့)
Go to the office.( With matter)
ရုံးကိုသွားလိုက်အုန်း( ကိစ္စနဲ့ )
6:Go to market.
စျေးသွားပါ
(To buy something.)
တခုခုဝယ်ဘို့
Go to the market.
စျေးသွားပါ
(Not to buy./ To see about)
ဝယ်ဘို့မဟုတ်/လျှောက်ကြည့်ဘို့
7:Go to company.
(To work.)
Go to the company.
(To visit./To go with matter.)
8:He is in prison for robbery.
သူ လုယက်မုနဲ့ထောင်ကျနေတယ်
I am going to the prison to
visit him.
ကျနော်သူ့ဆီ ထောင်ဝင်စာ သွားတွေ့မယ်လို့
(prison/ the prison=ထောင်)
9:He is in hospital.
သူဆေးရုံတက်နေတယ်
( As a patient လူနာ အနေနဲ့)
He is on duty at the hospital.
သူ ဆေးရုံမှာ duty ဝင်နေတယ် (As a doctor ဆရာဝန်အနေနဲ့)
10: Don't go to bed.
အိပ်ယာမဝင်နဲ့အုန်း /မအိပ်နဲ့အုန်း
( To sleep. အိပ်ဘို့)
Don't go to the bed.
အိပ်ယာပေါ်မတက်နဲ့/ မသွားနဲ့
( Not to sleep. အိပ်ဘို့မဟုတ်)
11:I go to church every Sunday.
ကျနော်Sunday တိုင်း ဘုရားကျောင်းတက်
တက်တယ်။
( To worship God. ဝတ်ပြုဘို့)
I went to the church.
ကျနော် churchကျောင်းကိုသွားလိုက်တာ
( Visit only. အလည်သက်သက်)
12:I like flowers.
ကျနော် ပန်းဆိုကြိုက်တယ်
( Meaning all flowers.)
ပန်းအားလုံးကိုဆိုလိုခြင်းပါ
I like the flowers that you
gave.
ခင်ဗျားပေးတဲ့ပန်းတွေ ကျနော်ကြိုက်တယ်
(Already known what flowers
they are. ဘာပန်းတွေဆိုတာသိထားတာ)
13:Children like toys.
ကလေးတွေ အရုပ်ကြိုက်ကြတယ်
(Meaning all children.)
ကလေးအားလုံးကို ဆိုလိုခြင်း
(Meaning all toys.)
အရုပ်အားလုံးဆိုလိုခြင်းပါ
I gave the children some toys.
ကလေးတွေကို အရုပ်အချို့ပေးလိုက်တယ်
(Already known the children.)
ကလေးတွေကို သိထားတာပါ
May you improve your English!
အင်္ဂလိပ်စာ တိုးတက်ပါစေ
Crd to Min Ko Hein( Myanmar)