စတင်ရာ

စတင်ရာ

Share

A non-profit community-led enterprise to support and develop for the community and youth in Myanmar

31/03/2024

Dress for Success
____________________________________

( English Below )

အင်တာဗျူးဖြေတဲ့အချိန်မှာ ဘယ်လိုဝတ်စားဆင်ယင်ရမလဲဆိုတာဟာ စဥ်းစားရအခက်ဆုံးအကြောင်းအရာတစ်ခုပါပဲ။

ဖုန်းထဲမှာ၊ ဗီဒီယိုထဲမှာ ဒါမှမဟုတ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် အင်တာဗျူးသွားဖြေတော့မယ်ဆိုရင် သင်အင်တာဗျူးဖြေရမယ့်အဖွဲ့အစည်းကို သင်ဟာအင်တာဗျူးဖြေဖို့အတွက် သေချာပြင်ဆင်လာတယ်ဆိုတာကိုပြသဖို့ နဲ့ သင့်ကိုယ်သင်ယုံကြည်မှုရှိနေဖို့အတွက် သင်ဟာအင်တာဗျူးဖြေတဲ့အချိန်မှာ ကောင်းမွန်စွာဝတ်စားဆင်ယင်လာသင့်ပါတယ်။

အဲ့ဒီ့လိုဝတ်စားဆင်ယင်လာခြင်းကလဲ အင်တာဗျူးဖြေမယ့်အချိန်မှာ သင့်ရဲ့စိတ်ခံစားချက်ကိုပိုမိုသက်တောင့်သက်သာရှိလာနိုင်စေမှာပါ။

အင်တာဗျူးမယ့်သူတွေဘက်က အဝတ်အစားနဲ့ပတ်သက်ပြီး ညွှန်ကြားမှုမရှိဘူးဆိုရင် သင်ဟာ အင်တာဗျူးမယ့်သူတွေထက်ပိုမိုပြီး စမတ်ကျကျဝတ်ဆင်သွားရပါမယ်။

အင်တာဗျူးမယ့်သူတွေက ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားရင်တောင်မှ သင်ဟာ formal clothes (သမာရိုးကျအဝတ်အစား) တွေဝတ်စားသင့်ပါတယ်။ သို့ပေမယ့် အလုပ်ရပြီးတဲ့နောက်မှာဆိုရင်တော့ သင်ဟာလဲ တခြားသူတွေဝတ်စားဆင်ယင်သလို ပေါ့ပေါ့ပါးပါးဝတ်ဆင်လို့ရပါပြီ။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

What to wear probably causes the most anxiety.

Whether on the phone, video or in person, you should dress up for an interview to show the organization that you take the process seriously, to make yourself feel good, to send your brain the implicit signal that the interview is important, and so that you’ll feel at ease during the process.

If the recruiter hasn’t issued any instructions, and you haven’t asked, then the rule of thumb is that it’s fine to be as, or more, smartly dressed than the recruiters.

So even if they wear jeans and T-shirts, wearing more formal clothes is fine. Once you have the job, you can adopt the house style of jeans and T-shirts.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

24/03/2024

Interviews
____________________________________

English Below
____________________________________

( Final Part )

အင်တာဗျူးဖြေရမယ့်နေ့မှာ အပြောင်းအလဲတွေရှိနိုင်ပါတယ်။

ဒါပေမယ့် ဘယ်လိုအပြောင်းအလဲတွေပဲဖြစ်လာပါစေ အဲ့ဒီ့ပြောင်းလဲမှုတွေကြောင့် သင့်ရဲ့စိတ်ကိုမရှုပ်ထွေးစေသင့်ပါဘူး။

ဘယ်လိုပြောင်းလဲမှုတွေပဲကြုံလာပါစေ သင်ဟာရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေရပါမယ်။

ဥပမာအားဖြင့် အင်တာဗျူးမယ့်သူတွေဟာ သင်သိထားတဲ့သူတွေမဟုတ်ဘဲ ပြောင်းလဲသွားတာ၊ ထိုင်ခုံတွေအဆင်မပြေတာ၊ လူတချို့က သင့်ထက်ပိုပြီး ကောင်းမွန်စွာဝတ်စားဆင်ယင်ထားတာ စသဖြင့်ပါ။

အဲ့လိုမျိုးအခြေအနေတွေနဲ့ ရင်ဆိုင်လာရတယ့်အချိန်မှာ ထိုအခြေအနေတွေနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးတာမျိုးတွေကို ရှောင်ကြဥ်တာဟာအကောင်းဆုံးပါပဲ။

သင့်အတွက် ဒီအခြေအနေတွေဟာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်နိုင်နေပေမယ့် အင်တာဗျူးခန်းထဲမှာရှိတဲ့ တခြားသူတွေအတွက်တော့ မထူးခြားတဲ့ ကြုံတွေ့နေကျဖြစ်တဲ့ အခြေအနေမျိုးတွေဖြစ်နေနိုင်ပါတယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

On the day, it may all change as perhaps some people are not available and have been replaced, or a different room is being used.

Don’t let any of that upset or worry you-the point of this paragraph is that you need to be ready for anything;

for example,
- someone you know is on the interview panel,
- there is a dog in the room,
- the chairs are very low,
- there is noisy intermittent building work in the next room,
- the fire alarm goes off, or
- some people on the panel are dressed much more or much less smartly than you.

It is probably best to avoid commenting on any elements that seem unusual or unexcepted-they might well be completely usual to the other people in the room and anything you say may sound critical.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

See you on next post. Bye😇

17/03/2024

Interviews
____________________________________

English Below
____________________________________

Part-3
____________________________________

သင့်ကို အင်တာဗျူးမယ့်သူတွေဟာ အခြားသောနိုင်ငံများမှဖြစ်နိုင်သလို သူတို့ရဲ့ ရိုးရာယဥ်ကျေးမှုတွေကလဲ သင်နဲ့တူညီနိုင်မှာမဟုတ်ပါဘူး။

အင်္ဂလိပ်စာကလဲ သူတို့ရဲ့မိခင်ဘာသာစကားမဟုတ်နိုင်တဲ့အတွက် သူတို့ရဲ့စကားပြောပုံက သင့်ထက် မြန်တာလဲဖြစ်နိုင်သလို သင့်ထက် နှေးနေတာမျိုးလဲ ဖြစ်နိုင်ပါတယ်။

သင်ဟာ အင်တာဗျူးမလုပ်ရသေးဘူးဆိုရင် အင်တာဗျူးနဲ့ပတ်သတ်ပြီးတော့ ဖုန်းဆက်မေးတာမျိုးလဲလုပ်သင့်ပါတယ်။

ဥပမာအားဖြင့်...
အင်တာဗျူးချိန်ဘယ်လောက်ကြာမှာလဲ?
ဘယ်သူတွေနဲ့ အင်တာဗျူးလုပ်ရမှာလဲ( အင်တာဗျူးမယ့်သူတွေရဲ့ နာမည်နဲ့ရာထူးကို သိခြင်းအားဖြင့် သူတို့ရဲ့အကြောင်းတချို့ကိုရှာတဲ့အခါမှာ အထောက်အကူဖြစ်စေမှာပါ။)၊
ရုံးတွင်း ဝတ်စားဆင်ယင်မှုပုံစံနဲ့ အင်တာဗျူးမယ့်ပုံစံတွေကို မေးမြန်းနိုင်ပါတယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )
Your interviewers may be from other countries and cultures to you, and English may not be their first language.

They may speak faster or slower than you; want more or less eye contact with you.

If you haven’t already been told, I’d recommend phoning up ahead of time to find out what to expect,
how many interviews,
how long, with whom (names and titles would be helpful for some background research),
usual dress code in the office, and the format of the interviews.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

To be continued...

10/03/2024

Interviews
____________________________________

English Below
____________________________________

Part-2
____________________________________

သင်ဟာ သင့်ရဲ့ CV, Cover Letter, တခြားသော စစ်ဆေးမှုတွေကိုလဲပြီးမြောက်ခဲ့တယ်၊ ပြီးတော့ တချို့သောထောက်ခံပေးမှုတွေကြောင့် သင်က သူတို့ရဲ့အလုပ်နဲ့ကိုက်ညီမှုရှိပြီး အဲ့ဒီ့ အလုပ်နေရာမှာ လုပ်ဆောင်နိုင်တယ်လို့ထင်တဲ့အတွက် interview ခေါ်ခံရတဲ့အဆင့်ထိရောက်ရှိခဲ့တာဖြစ်ပါတယ်။

အဲ့အတွက်ကြောင့် သင်ဟာသင့်ရဲ့လမ်းကြောင်းမှာတော့ ကောင်းမွန်စွာလုပ်ဆောင်နေပါတယ်။

Interview တဲ့လုပ်ငန်းစဉ်မှာဆိုရင် လူတစ်​ယောက် ဒါမှမဟုတ် တစ်​ယောက်ထက်ပိုတဲ့သူတွေက သင့်ကို interview ချိန် အနဲဆုံး ၁၅ မိနစ်ကနေ အများဆုံး ၁ နာရီအထိကြာနိုင်တဲ့မေးခွန်းတွေ​မေးမှာပါ။

Interview ခံရမယ့်နေရာကလဲ iinterview တဲ့သူတစ်ယောက်ထဲဆိုရင် hotel lobby မှာဖြစ်နိုင်သလို interview တဲ့သူနှစ်ယောက်ဆိုရင် ရုံးထဲမှာရှိတဲ့ meeting room ထဲမှာဖြစ်နိုင်ပါတယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

First things first: you’re in the room for the interview because, based on the CV, cover letter, other forms and tests you’ve completed, and may be based on some references, they think that, on paper, you could do the job.

So you’re well on your way. Most people who applied have not got this far.

Let’s talk through the process-one or more people will ask you a series of questions, which may or may not be from a script, for between fifteen minutes and an hour.

The interview could be a one-to-one meeting in a hotel lobby, a one-to-two interview in a small office, or a formal office.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

To be continued…

03/03/2024

Interviews
____________________________________

English Below
____________________________________

Part-1
____________________________________

ဖုန်းနဲ့ပဲဖြစ်စေ၊ လူကိုယ်တိုင်ပဲဖြစ်စေ၊ video link မှတစ်ဆင့်ဖြစ်စေ interview တော့မယ်ဆိုရင်၊

အဲ့ဒီ့အလုပ်ကလဲ သင်တကယ်လိုချင်တဲ့အလုပ်ဖြစ်တယ်ဆိုရင်

အဲ့ဒီ့အလုပ်ကိုရဖို့အတွက် interview မှာကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့လိုအပ်သလို၊ ကြိုးစားအားထုတ်မှုရှိဖို့လဲ လိုအပ်ပါတယ်။

ဒါဆိုရင် interview ဆိုတာကဘာလဲ?

Interview ဆိုတာကတော့ လူတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုတဲ့သူတွေက သင်နဲ့အတူတူအလုပ်လုပ်ချင်တယ်ဆိုရင် သင့်ကိုမေးခွန်းတွေမေးပြီးအကဲဖြတ်ဖို့အတွက် ပြုလုပ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။

အလုပ်ရှာဖွေတုန်းကလိုပဲ interview မှာဆိုရင်လဲ interviewer တွေရဲ့ နေရာကနေဝင်ကြည့်ပြီး သူတို့ကဘာကိုရှာဖွေနေတာလဲ?

သင်နဲ့အတူတူအလုပ်လုပ်ဖို့အတွက် သူတို့ဘက်က သင့်ကိုဘယ်လိုမျိုးအကဲဖြတ်မှာလဲ?

ပြီးတော့ အကဲဖြတ်မယ့်ပုံစံကိုသိသွားပြီဆိုရင်လဲ သင်ဟာသူတို့ရှာဖွေနေတဲ့သူ၊ သူတို့လိုအပ်နေတဲ့သူဖြစ်တယ်ဆိုတာကို ဘယ်လိုမျိုးပြသမှာလဲ? စသဖြင့်မေးမြန်းကြည့်တာက သင့်အတွက်အသုံးဝင်နိုင်ပါတယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

Whether on the phone or in person, over a video link or via a recorded machine-interview, you’ll need to do well at interviewing to get the job you want, and to work out if it is a job you really want.
So what is an interview?

An event in which you get to meet one or more people who ask you questions to assess if they want to work with you.

As with all aspects of the job search, it’s useful to step into their shoes and ask what are they looking for?

How will they assess if they want to work with you?

And if you knew that, how would you show them?

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

To be continued…..

25/02/2024

Down to Business
____________________________________

Final Part
____________________________________

( English Below )

သင်ဟာ Active listener(တက်ကြွတဲ့ နားထောင်သူတစ်ယောက်) ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ concern ဖြစ်နေတယ်ဆိုရင် သင့်ကိုယ်သင် ဗီဒီယိုရိုက်ပြီးတော့ သင့်ရဲ့ပုံစံဟာ စိတ်ဝင်စားစရာကောင်းရဲ့လား?

Active listener တစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေရောရှိရဲ့လား?

ခေါင်းတငြိမ့်ငြိမ့်နဲ့ “uh huh” စသဖြင့်ပဲ ပြောနေတာလား? ဆိုပြီးပြန်လည်ကြည့်ရှုနိုင်ပါတယ်။

အဲ့ဒီ့လိုမျိုး ဗီဒီယိုရိုက်ပြီးလေ့ကျင့်မှုက လုပ်ဆောင်သင့်တဲ့အရာတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့တွေ့ဆုံမှုတွေမှာလဲ ပိုမိုကောင်းမွန်လာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

If you have any concerns about whether you are an active listener, then video yourself and watch the result.

Do you look interested?
Lots of active listening signs?
Sitting forward?
Nodding and saying, “uh huh”?

It’s worth practicing, as it will make your meeting go a lot better.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

See you on next post...Bye😇

18/02/2024

Down to Business
____________________________________

Part-2
____________________________________

( English Below )

တွေ့ဆုံမှုတွေတိုင်းမှာ Active Listening(တက်ကြွစွာနားထောင်ခြင်း)လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

Active Listening က သင်နဲ့တွေ့ဆုံတဲ့သူတွေကို သင်ဟာသူတို့ပြောပြတဲ့အကြောင်းအရာတွေအပေါ်မှာ စိတ်ဝင်စားမှုရှိတယ်လို့ ဖော်ပြရာရောက်ပါတယ်။

ထိုကဲ့သို့ စကားပြောဆိုနေကြတဲ့အချိန်မှာ မှတ်စုရေးပြီးမှတ်ထားပါ။

ဥပမာအားဖြင့် “ ကျွန်တော်/ကျွန်မကို တစ်ခုလောက်မေးခွင့်ပြုပါ။ လူကြီးမင်းပြောခဲ့တာက...............ဆိုတာမှန်ကန်ပါသလား?” စသဖြင့်မေးမြန်းနိုင်ပါတယ်။

အဲ့ဒီ့လိုမျိုးမေးမြန်းခြင်းက သင်ဟာ Active Listening လုပ်နေတဲ့အချိန်အတွင်းမှာပဲ မှတ်စုရေးဖို့နဲ့ ရေးမှတ်ထားခဲ့တဲ့အကြောင်းအရာဟာမှန်ကန်ရဲ့လားဆိုတာကိုသိရှိဖို့အတွက် ကြိုးစားအားထုတ်မှုရှိတယ်ဆိုတာကို ပြသရာရောက်ပါတယ်။

တစ်ဖက်သူကိုလဲ သူပြောလိုတဲ့အဓိကအချက်ကိုသေချာစွာ ပြောဆိုရှင်းပြနိုင်ဖို့ အခွင့်အရေးပေးရာလဲရောက်ပါတယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

Make sure you demonstrate active listening.

Active listening is showing the other person that you’re really interested in what they are saying: it’s not enough just to be listening and talking it all in – you must show the other person that you’re doing that.

So write notes(ideally by hand as a tablet or laptop will create a physical barrier that you don’t want), nod, and summaries; for example, you might say, “Let me just check that I’ve understood that correctly, did you say…..?”

It shows you’ve been listening, making the effort to write it down and to get it right, and it also gives the other person a chance to correct or enlarge on the point.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

To be continued…..

11/02/2024

Down to Business
____________________________________

Part-1
____________________________________

(English Below)

သင်က ဘာကြောင့်ဒီနေရာကိုရောက်ရှိနေတာလဲဆိုတာနဲ့ သင်တို့မှာတွေ့ဆုံဖို့အတွက် အချိန်ဘယ်လောက်ရတယ်ဆိုတာ သင်နဲ့တွေ့ဆုံမယ့်သူကို remind လုပ်ပါ။

အဖွဲ့အစည်းနဲ့ပတ်သက်ပြီးလေ့လာထားတဲ့ သင့်ရဲ့ဗဟုသုတတွေကိုဖြန့်ကျက်ပြီး အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို လိမ္မာပါးနပ်စွာ ရှင်းပြပြောဆိုပါ။

အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ထိုအဖွဲ့အစည်းရဲ့ website၊ ကြော်ငြာစာ၊ အဖွဲ့အစည်းအတွင်းမှာ အလုပ်လုပ်နေတဲ့သူတွေနဲ့ သင်အရင်ကတွေ့ဆုံခဲ့ဖူးတဲ့ အဆက်အသွယ်တွေကနေမှတစ်ဆင့် သိရှိနိုင်ပါတယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

(In English)

Remind them why you are there and confirm how much time you and they have. ‘I understand that we are able to meet for fifteen minutes’, for example.

Demonstrate awareness, weaves in your knowledge of the organization or sector.

You may have gleaned this from web, from noticeboards, from people who work there or in the industry, and from previous meetings you’ve had.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

To be continued…..

04/02/2024

Face-To-Face Meeting
____________________________________

( English Below )

Face-To-Face Meeting လုပ်ဆောင်တဲ့အခါမှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ small talk လေးတွေကတော့

1)အလွန်သဘာဝကျသောခေါင်းစဥ်များ - ရာသီဥတု၊ ယာဥ်လမ်းကြောင်းအခြေအနေ၊ ပြတင်း‌ပေါက်အပြင်ဘက်မှာရှိတဲ့ရှုခင်းတွေ_ ဒီခေါင်းစဥ်တွေက risk လဲမများသလို small talk အနေနဲ့လဲပြောလို့သိပ်အဆင်မပြေလှပါဘူး။

2)အလားအလာကောင်းသော ခေါင်းစဥ်များ - အားကစားအကြောင်းများ၊ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ကောင်းမွန်သော ထင်မြင်ယူဆချက်များ၊ ယခင်က အဆက်အသွယ်များ၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းအကြောင်းများ။

3)အန္တရာယ်ရှိသော ခေါင်းစဥ်များ - နိုင်ငံရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းအရာများ။

( In English )

1)Very neutral topics: the weather, the traffic, the view out of the window – no risk of offence here but not very insightful.

2)Promising topics: sports, positive observations about the organization, previous connections, news items about the industry.

3)Very risky topics (that is, don’t do it!): politics, religion, personal comments.

28/01/2024

Model Information Interviewing: how to do it, step by step
____________________________________

Final Part
____________________________________

( English Below )

အချိန်ကာလတစ်ခုကြာတဲ့အခါတိုင်းမှာ သင်ဟာသင်တွေ့ဆုံခဲ့ဖူးတဲ့သူတိုင်းကိုဆက်သွယ်ပြီး သူတို့ရဲ့လုပ်ငန်းခွင်တွေအတွင်းမှာ သင်နဲ့သင့်တော်မယ့်အခန်းကဏ္ဍတွေရှိတယ်ဆိုရင် သင်လဲပါဝင်လုပ်ဆောင်လိုတဲ့အကြောင်းပြောပြသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ သင်လုပ်ဆောင်လိုတဲ့အလုပ်ကိုရွေးချယ်သတ်မှတ်ပြီး သင်တွေ့ဆုံခဲ့ဖူးတဲ့သူတိုင်းကို အဆက်အသွယ်လုပ်ပါ။

အောင်မြင်မှုတိုင်းမှာ ပဲ့ကိုင်ရှင်တွေရှိပါတယ်။ သင်အောင်မြင်မှုတွေရရှိလာတဲ့အခါမှာ ထိုသူတွေက သင့်ရဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုပြီး အဲ့ဒီ့အောင်မြင်မှုတွေမှာ သူတို့တွေကလဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်တယ်ဆိုတဲ့ ခံစားချက်မျိုးကိုခံစားရပါလိမ့်မယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

Every few months, make sure you write round to everyone you’ve met ( your network ) to let them know how you’re getting on; you might want to include a link to an interesting and relevant article on the industry.

Finally, when you land your next role or decide what job to take, write to them all again – success has many parents, and they all wish to congratulate you on your success that they will feel they had some part in.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

See you on next post…Bye😇

21/01/2024

Model Information Interviewing: how to do it, step by step
____________________________________

Part-5
____________________________________

English Below
____________________________________

အကယ်၍များ တွေ့ဆုံမှုတစ်ခုပြီးဆုံးသွားတဲ့အချိန်မှာ သင်ရရှိခဲ့တဲ့အဆက်အသွယ်တွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်ဆိုရင် သင်ဟာနောက်ထပ်လုပ်ငန်းစဥ်တစ်ခုကို ထပ်မံစတင်လို့ရပါပြီ။

သင်ရရှိခဲ့တဲ့အဆက်အသွယ်တွေက သင်နဲ့မရင်းနှီးတာကြောင့် ထိုသူတွေကို Email ပို့မယ်ဆိုရင် “ Mary suggested I contact you” စသဖြင့်အစပြုပြီးပို့နိုင်ပါတယ်။

ဒီလိုမျိုးအစပြုပြီးဆက်သွယ်ခြင်းက တစ်ဖက်သူအတွက်လဲ သိသာမြင်သာစေတဲ့အတွက် အဆင်ပြေနိုင်သလို သင့်အနေနဲ့ကလဲ သင့်ကို contact ပေးခဲ့တဲ့သူအပေါ်မှာ လေးစားမှုရှိကြောင်းကို ပြသရာရောက်ပါတယ်။

သင်ထပ်မံရရှိခဲ့တဲ့အဆက်အသွယ်တွေတော်တော်များများနဲ့ တွေ့ဆုံခဲ့ပြီးပြီဆိုရင်တော့ နောက်ထပ်တစ်ဆင့်အနေနဲ့ သင်စိတ်မဝင်စားတဲ့လုပ်ငန်းတွေရှိတယ်ဆိုရင် အဲ့ဒီ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့အဆက်အသွယ်တွေနဲ့ မတွေ့ဆုံ‌တော့လို့ရပါတယ်။

သင့်မှာတခြားသောတွေ့ဆုံမှုတွေရှိသလို သင်ထပ်မံလေ့လာရမယ့်အရာတွေလဲရှိတာကြောင့် တချို့သောသူတွေက သင့်ရဲ့တောင်းဆိုမှုကိုပြန်လည်မတုန့်ပြန်ဘူးဆိုရင်တောင်မှ စိတ်ပူစရာမလိုသလို အဲ့အတွက်ကြောင့် စိတ်ဖိစီးနေဖို့လဲမလိုအပ်ပါဘူး။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

Then you can start the process again, if you are still interested after your meeting, with the contacts you have been given.

These contacts will probably be strangers to you, so open your email with “ Mary suggested I contact you…”

The new contact is much more likely to open the note as they will know and respect Mary.

After a few meetings you may well have four, eight, sixteen contacts to follow up-at this stage you may decide not to pursue some if they are in an industry or part of the country you aren’t interested in, you won’t worry if some don’t respond to your request, and you won’t be too stressed if some can’t meet for a few weeks-not only do you have your studies or current job to worry about, you probably have some other meetings too.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

To be continued…..

14/01/2024

Model Information Interviewing: how to do it, step by step
____________________________________

Part-4
____________________________________

( English Below )

သင့်ကိုယ်သင်အရင်ဆုံးမိတ်ဆက်ပါ။ သူတို့ရဲ့အချိန်ကို သင့်အတွက်အသုံးပြုပေးလို့ ကျေးဇူးတင်ကြောင်းပြောပြီး ဒီတွေ့ဆုံမှုအတွက် အချိန်ဘယ်လောက်ရနိုင်မလဲဆိုတာကိုပါ မေးမြန်းကြည့်ပါ။

- လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်း၊
- ဒီလုပ်ငန်းထဲကိုဘယ်လိုဝင်ရောက်ရမလဲဆိုတဲ့အကြောင်း၊
- ဘယ်လိုမျိုးဝန်ထမ်းတွေကို ရှာဖွေနေတာလဲ၊
- ဘယ်လိုအရည်အချင်းတွေလိုအပ်လဲ၊
- ဘယ်လိုအရာတွေက လူတွေကိုအောင်မြင်မှုရရှိအောင်လုပ်ဆောင်ပေးတာလဲ၊
- ဒီလုပ်ငန်းမှာအလုပ်လုပ်တဲ့အတွက် ဘယ်လိုမျိုးစိတ်လှုပ်ရှားစရာကိစ္စတွေရှိနိုင်မလဲ....စသဖြင့် သင်သိချင်တဲ့မေးခွန်းတွေကို Information Interview မှာ မေးမြန်းနိုင်ပါတယ်။

တွေ့ဆုံမှုအပြီးမှာလဲ သူတို့နဲ့ရင်းနှီးမှုရှိတဲ့ အဆက်အသွယ်နှစ်ခုလောက် သင့်ကိုပေးခဲ့ဖို့အတွက် တောင်းဆိုကြည့်ပါ။

အကယ်၍ သင်ဟာ သင်တွေ့ဆုံခဲ့တဲ့သူတွေဆီကနေမှတစ်ဆင့် အဆက်အသွယ်တွေရခဲ့မယ်ဆိုရင် မကြာခင်မှာပဲ သင့်မှာအသိမိတ်ဆွေတွေ၊ အဆက်အသွယ်တွေ များပြားလာမှာပါ။

တွေ့ဆုံမှုပြီးသွားတဲ့အခါမှာလဲ သင့်ကိုအချိန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းကို ပြောဖြစ်အောင်ပြောပါ။

ကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာလဲ စာရေးပြီးပြောလို့ရသလို Email ကနေမှတစ်ဆင့်လဲပြောနိုင်ပါတယ်။

*Jonathan Black ၏ How To Find The Career You Have Always Wanted စာအုပ်မှ စီလျော်အောင် ဘာသာပြန်၍တင်ဆက်ပါသည်။

( In English )

Introduce yourself, thank them in advance for giving up their time and check how much time you have for the meeting.

Ask your questions about the industry, how to enter, what employers look for, any specific qualifications, what makes people successful, what is exciting about working there-these are genuine questions to which you really want the answers!

At the end of the meeting, make sure to ask for two more contacts that they can suggest. “This has been incredibly useful-can you recommend anyone else I could talk to?”

If you can get two names from everyone you meet, you’ll soon have more connections than you can manage.

After the meeting, be sure to send a thank you note-it doesn’t have to be handwritten”; an email will do.

*Reference from “How To Find The Career You Have Always Wanted” by Jonathan Black.

To be continued…..

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


64/1, Shwe Pyi Soe Street, 14/2 Ward, South Okklapa Township
Yangon