Excellence Foreign Languages Online Center

Excellence Foreign Languages Online Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Excellence Foreign Languages Online Center, Education, Yangon.

Wanna be a proficient language instructor of all of you pupilsďż˝ trying as much as i could to reach the highest status with reasonable online class in learning English Japanese and Korean languages for Myanmar

05/08/2021

🛑 의리 🛑

တောင်ကိုရီးယားမှာ 의리 ဆိုတဲ့ အရေးပါတဲ့ စကားလုံးတစ်ခုရှိတယ်။

의리 ဆိုတဲ့ အဓိပ္ပါယ်က လူအချင်းချင်း ယုံယူံကြည်ကြည်နဲ့ သစ္စာစောင့်သိမှု။ အင်္ဂလိပ်လိုဆို loyalty ..။

တော်လှန်ရေးစကားနဲ့ပြောရင် ရဲဘော်ရဲဘက်အချင်းချင်း နောက်ဆုံးအချိန်အထိ စောင့်ထိန်းရမယ့်
ကိုယ့်ကျင့်တရား၊
ယုံကြည်မှု၊
ပြီးတော့ သစ္စာတရား…။

🛑

တောင်ကိုရီးယားပြည်သူတွေဟာ တော်လှန်ရေးမှာ 의리 ရှိတာမို့ ဒီမိုကရေစီတိုက်ပွဲကြီးအောင်မြင်ခဲ့သတဲ့။

🛑

ကိုယ်ကျင့်တရား ဆိုတာ ငွေရေးကြေးရေးနဲ့ တကိုယ်ရည် ရိုးသားမှုရှိဖို့..၊

ယုံကြည်မှုဆိုတာ တစ်ဦးကိုတစ်ဦးသံသယမရှိဖို့..၊

ဒီမှာ သစ္စာဆိုတာကတော့ တော်လှန်ရေးသစ္စာကိုဆိုလိုတယ်။

🛑

တော်လှန်ရေး သစ္စာဆိုတာကရော ဘယ်လိုတည်ဆောက်ရမလဲ..။

ဘေးကလူကို သစ္စာရှိလိုက်တဲ့အခါ…၊
Zoom meeting တစ်ခုအပေါ် သစ္စာရှိလိုက်တဲ့ အခါ..၊ ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်းလေးတစ်ခုကိုသစ္စာရှိလိုက်တဲ့အခါ.. ငါတို့မှာ သစ္စာရှိတဲ့ အလေ့အထတစ်ခုရလာမယ်။

အဲဒီအခါ ငါတို့ တော်လှန်ရေးကို သစ္စာရှိလာမယ်။ ကိုယ့်နိုင်ငံကို သစ္စာရှိလာမယ်။

တော်လှန်ရေးကို သစ္စာရှိရှိ လက်တွဲမဖြုတ်ပဲ အဆုံးအထိ စည်းစည်းလုံးလုံးနဲ့ ငါတို့ ပါဝင်နိုင်ရင် ဒါ.. ငါတို့ တော်လှန်ရေး သစ္စာတည်တာပဲ။

နောက်တစ်ခုက တော်လှန်ရေးကို အတားအဆီးမဖြစ်အောင် သတင်းလုံခြုံမှုပေးပြီး သေတဲ့အထိ သစ္စာရှိရင် တော်လှန်ရေး သစ္စာတည်တာပဲ။

🛑

တော်လှန်ရေး သစ္စာရှိဖို့ အချင်းချင်းသည်းခံဖို့ အရေးအကြီးဆုံးဖြစ်တယ်။

ရုပ်ရှင်တစ်ခုရိုက်သလိုပေါ့။

“ တကယ် အနောက်က လုပ်နေတာက ဒါရိုက်တာပါ။ မင်းသမီး၊ မင်းသား က နာမည်ဝင်ယူတာ။ မီးထိုးသမားက အပင်ပန်းဆုံး။ လူကြမ်းက အသက်အန္တရာယ်နဲ့ နီးနီး ဇာတ်ပို့သွားတာ..”

ဝေဖန်သံတွေ..။
ဘာတစ်ခုမှ မမှန်ပါဘူး။
အားလုံးအတူတူလုပ်လို့ ဒီရုပ်ရှင်ကြီးပြီးလာတာဖြစ်တယ်။

🛑

၈၈ ကျောင်းသားဟောင်းကြီး အစ်ကို ကိုမင်းကိုနိုင်ပြောသလိုပေါ့။ ‘တို့အရေး’လို့ တစ်ခွန်းအော်လိုက်ရင်လည်း တော်လှန်ရေးအတွက် တစ်အားဖြစ်တယ်။

ပညာရှင်တွေကလည်း သူတို့ တတ်တဲ့ ပညာနဲ့ ဝန်းရံကြတယ်။ ကျောင်းသားလေးကလည်း သူအော်တတ်တဲ့ကြွေးကျော်သံတွေနဲ့ လမ်းပေါ်ထွက်နေကြတယ်။

ငါ တော်တယ်။ သူ ညံ့တယ်။ ငါပင်ပန်းတယ်။ သူ သက်သာတယ် မဟုတ်ပါဘူး။ စိတ်ဓာတ်က အဓိကပဲ။

ကိုယ့်အတွက် အလွန်လွယ်တဲ့ အလုပ်တစ်ခုက သူ့အတွက် အင်မတန် ခက်ခဲနေတတ်သလို ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ သူ့မှာရှိနေတတ်တာပဲ မဟုတ်လား။

အဓိကက တစ်ဦးနဲ့ တစ်ဦး မခိုမကပ် တစ်ကိုယ်ကောင်း မဆန်ဖို့။ မာနတွေ မထားဖို့။ ကိုယ်ကျိုးကြည့် အတ္တတွေ မထားဖို့..။

🛑

တော်လှန်ရေးဆိုတဲ့ အဓိပ္ပါယ် အလုံးစုံကို ငါတို့က ငါတို့ကိုယ်ငါတို့ သိတယ်လို့ ထင်နေကြတယ်။ အမှန်တော့ ငါတို့ သင်ယူနေဆဲပါ။ ငါတို့ မသိသေးပါဘူး။ တစ်နေ့ထက်တစ်နေ့ သင်ရတာတွေ အသစ်တွေပဲ…။

တော်လှန်ရေး အားလုံးပြီးသွားရင် ငါတို့ကိုယ်ငါတို့ ဘယ်သူလဲဆိုတာကို လိပ်ပြာသန့်သန့် ရပ်တည်နိုင်ဖို့၊ ငါတို့ ဘယ်သူလဲဆိုတာကို ငါတို့မြေးမြစ်တွေကို ပြန်ပြောပြနိုင်ဖို့ဆိုရင် တော်လှန်ရေး သစ္စာဆိုတာဘာလဲဆိုတာကိုပါ အခုကတည်းက ငါတို့ သင်ယူရမယ်။

🛑

တော်လှန်ရေးပြီးသွားတဲ့အခါ တစ်ခါမှ မဖတ်ဖူးတဲ့ သမိုင်းအသစ်တွေလည်းပေါ်လာမယ်။

သို့သော်လည်း ငါတို့သိထားသောအရာတွေအားလုံး လုံးလုံးအမှန်တွေပါနေမှာတော့ မဟုတ်။ နိုင်ငံရေးဟာ မာယာများတယ်။

တော်လှန်ရေးမှာ အသက်အသေခံ၊ ကိုယ်ကျိုးစွန့်၊ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ပြီး ပုခုံးနဲ့ တွန်းတင်ကြတဲ့ တော်လှန်ရေးသမားတွေက နိုင်ငံရေးရဲ့ မာယာတွေမှာ စိတ်ဓာတ်ကျနိုင်တယ်။

သတိပြုဖို့က အခု ငါတို့ ဘာနိုင်ငံရေးထ လုပ်တာမဟုတ်၊ မတရားတာ မခံနိုင်လွန်းလို့ ငါတို့ ထ လုပ်ခဲ့တာ… ငါတို့ဆက်လုပ်နေတာ တော်လှန်ရေးဆိုတာပါပဲ..။

🛑

အခုဆို တော်လှန်ရေးက ၆ လကျော်ကြာပြီ။ ပင်ပန်းစပြုလာတဲ့ တော်လှန်ရေး မောင်နှမတွေဟာ အတော့်ကို တင်းခံနေရတယ်။ ပိုဆိုးတာက အခုတလော Facebook ပေါ်ကနာရေးတွေ..။ ဒါတွေ မြင်ရတိုင်း မျက်ရည်ဝဲနေကြရတယ်။

ကွဲရှထိခိုက်လွယ်တဲ့ အချိန်မို့ ခဏတာလက်ချင်းမတွဲနိုင်တောင် ကျောချင်းကပ်ထားရမယ့် အချိန်ပါလို့ သတိပေးချင်ပါတယ်။

အားတင်းထားလို့ ငါတို့ကိုယ်ငါတို့ အားပေးကြပါ။ ငါတို့ တော်လှန်ရေး သစ္စာကိုစောင့်သိရမယ်။

ဒါဟာ ငါတို့ရဲ့ 의리 ပဲ..။

🛑🛑🛑

မရွှေမိုး- ကိုရီးယား
August 5th,2021.

05/08/2021

똑똑한 사람은 알맞게 옳은 말을 하고
지혜로운 사람은 때맞춰 침묵할 줄 안다....❤👑photo crd

19/01/2021

형용사အသုံးဝင်ကြပါ​စေ🖤❤쏙쏙 고급
Graceful 단아하다
Monotonous 단순하다
단조롭다
Calm 담담하다
Flat 덤덤하다
Various 다채롭다 호화롭다 찬란하다
Confident 당당하다
Honorable 떳떳하다
Cold 데면데면하다
Thick 도톰하다 두툼하다 두껍다
Plentiful 넉넉하다 두둑하다
Rare 드물다 opposite to 흔하다
Reassured 든든하다 믿음직스럽다
Severe 따끔하다
Huge 막대하다
Desolate 막막하다 캄캄하다
막막하다=막연하다
Never Do 을/ㄹ 리 만무하다 pattern
Prevalent 만연하다
Not too distant 머지않다
Barren 메마르다
Disgusting 메스껍다
Clear 명료하다
Displeased 불만스럽다
못마땅하다
No less than 못지않다
못지아니하다
Mysterious 묘하다 미묘하다
Not related 관계없다
무관하다 상관없다
Infinite 끊임없다
무궁구진하다
Boring 무료하다
Reckless 무모하다
သင်တန်းစုံစမ်းရန်
👉messenger

Photos from Excellence Foreign Languages Online Center's post 08/01/2021

❤Yonsei Reading book Newest Classes연세 읽기 책 제일 새로운 수업
👉သင်ကြားမည့်စာအုပ်
연세대 Yonsei Korea University သငိရိုး reading 읽기 책
🧡သင်ကြားမည့်ပုံစံ/သင်တန်း​ကြေး
Fb private gp liveဖြင့်တိုက်ရိုက်သင်ကြားခြင်း
Level 1-1+ 1-2 30000ks
Level 2-1 + 2-2 35000ks
Level 3-1+3-2 40000ks
Level 4-1+4-2 45000ks
Level 5-1+ 5-2 55000ks
❣တအုပ်စီ တခန်းစီ တဆင့်စီ အများကြီး​လေ့လာနိုင်တဲ့ reading book coursesဖြစ်ပါတယ်
Levelတန်းများအ​ကြောင်းက​တော့ pageမှာဝင်​ရောက်ကြည့်ရှုနိုင်ပါတယ်🖤
အ​သေးစိတ် messengerမှာစုံစမ်းနိုင်ပါတယ်

31/12/2020

새해 복 많이 받으세요❤🤗
🍒Basic Korean 10000ks
🍇Level 1-1 25000ks
Level1-2 25000ks
Level 2-1 30000ks
Level 2-2 30000ks
Level 3-1 35000ks
Level 3-2 35000ks
Level 4-1 40000ks
Level 4-2 40000ks
Level 5-1 50000ks
Level 5-2 50000ks
Level 6-1 60000ks
Level 6-2 60000ks
အထက်ပါများ သင်ရိုးကုန်textbook အပြီးထိဖြစ်သည်
🍉Topik 1 basic level1 level2 preparation 30000ks
Topik2 level 3 4 5 6 preparation 50000ks
🍏Speaking - Basic 15000ks
Level 1 20000ks
Level 2 25000ks
Level 3 30000ks
Level 4 35000ks
Level 5 40000ks
Level 6 45000ks

အ​သေးစိတ်cbတွင်စုံးစမ်းနိုင်သည်
Text 연세 쏙쏙
Fb private gp liveဖြင့်သင်ကြားခြင်းဖြစ်သည်

Photos from Excellence Foreign Languages Online Center's post 24/12/2020

광고🍇
메리 크리스마스🥰၂၀၂၁ခုနှစ် Octoberမှာသံရုံး토픽 ရှိ​လောက်မယ်​နော်၂၀၂၀မှာလည်းမကျင်းပနိုင်ခဲ့​တော့ဒီနှစ်​တော့ရှိမှာပါ စာကြိုလုပ်ကြ​တော့​နော်❤🍒
🐼Topik 1 preparation 3months 26000ks(3books teaching courses)
Basic Level1 Level2
🐼Topik2 preparation 5months 50000ks(4books teaching courses)
Level 3 4 5 6
အ​သေးစိတ်messenger ဖြင့်စုံစမ်းနိုင်ပါတယ်

22/12/2020

အသုံးနည်းလို့ ​မေ့သွားကြမှာစိုးလို့ ပြန်လည် ကျက်မှတ်ရန်❤
사용할 상황이 적은지라 외우기위해 올려놨어🇰🇷💯
သင်တန်းအ​သေးစိတ် cbတွင်စုံစမ်း​ပေးပါ

30/09/2020

Country Names called in Korean Language
1. Korea - 한국
2. South Korea - 남한
3. North Korea - 북한
4. Australia - 호죟
5. Austria - 오스트리아
6. Brazil - 브라질
7. Canada - 캐나다
8. China (PRC) - 중국
9. China (Taiwan) - 대만
10. England (United Kingdom) - 영꾭
11. France - 프랑스
12. Germany - 독일
13. Hong Kong - 홍콩
14. India - 인도
15. Italy - 이탈리아
16. Japan - 일본
17. Malaysia - 말레이시아
18. Mexico - 멕시코
19. Mongolia - 몽고
20. Myanmar (Burma) - 미얀마
21. New Zealand - 뉴질랜드
22. The Philippines - 필리핀
23. Singapore - 싱가폴
24. Spain - 스페인
25. Sweden - 스웨덴
26. Switzerland - 스위스
27. Thailand - 태국
28. United States of America - 미꾭
29. Vietnam - 베트남

Photos from Excellence Foreign Languages Online Center's post 28/09/2020

ဂျိုဆွန်ခေတ် မိဖုရားတွေ အကြောင်း

ဘုရင်တစ်ပါးရဲ့ မိဖုရားတွေ အားလုံးထဲမှာ [ 비-ဘီ ] အဆင့်ရှိတဲ့ မိဖုရားတွေက အမြင့်ဆုံးအဆင့်ပါပဲ။

Part 1 ရဲ့ No 2 and 3 မှာ [대비마마-ဒယ်ဘီ မားမား- မယ်တော်ကြီး] နဲ့ [ 대왕대비마마 - ဒယ်ဝမ်ဒယ်ဘီ မားမား - ဘွားမယ်တော်/စီနီယာမယ်တော်] အကြောင်းပြောပြီး။။ ဒီမိဖုရားတွေကလည်း တော်ဝင်မိသားစုရဲ့ အကြီးအကဲအဆင့် [비-ဘီ] မိဖုရားတွေပါပဲ။

13.
왕비 - ဝမ်ဘီ - မိဖုရားကြီး။ ဒါက အများက ခေါ်တာမျိုးတော့ မဟုတ်ပါဘူး။ "အခု ဘယ်သူက မိဖုရားကြီး ဖြစ်လာမှာလဲ" ဆိုတဲ့ third person အသုံးတွေမှာပဲ အများအားဖြင့် တွေ့ရပါတယ်။ ဝမ်ဘီ အဆင့် ဆိုတာ မိဖုရားခေါင်ကြီးပါ။ ဝမ်ဘီမယ်မယ် ဆိုတဲ့ နာမည်မျိုး မဟုတ်ပါဘူး။ မိဖုရားခေါင်တွေဆိုတာ အလယ်နန်းဆောင်မှာ စံမြန်းလို့ အလယ်ဆောင်မယ်မယ်လို့လဲ ခေါ်ကြပါတယ်။ အားလုံး နားထဲ ရင်းနှီးတဲ့ 중전마마 - ဂျွန်းဂျောင်းမားမား ဆိုတာ မိဖုရားခေါင်ကြီးကို ခေါ်တဲ့ အခေါ်အဝေါ်ပါ။ "မိဖုရားခေါင်ကြီး ကြွရောက်ပါပြီ" စတဲ့ အခေါ်အပြောတွေမှာ သုံးပါတယ်။ 왕후 ဝမ်းဟု ဆိုတာကတော့ သေဆုံးပြီးတဲ့ or အရင်ဘုရင်ရဲ့ မိဖုရားခေါင်တွေလို့ ပြောတဲ့ နေရာမှာသုံးပါတယ်။ {{ ဖဲရား လို့ ခေါ်ကြတဲ့ ခေတ်မှာတော့ မိဖုရားဧကရီကို 황후 마마 ဟွမ်းဟု မားမား လို့ ခေါ်ပါတယ်၊ မယ်တော်ကြီးကို 태호마마 ထယ်ဟိုမားမားလို့ ခေါ်ပါတယ် }}

14.
세자빈마마 / 빈궁마마
ဆယ်ဂျာဘင် မားမား/ ဘင်ဂွန်း မားမား ဆိုတာ အိမ်ရှေ့စံမင်းသားရဲ့ မိန်းမ အိမ်ရှေ့စံမင်းသမီးကို ခေါ်တာပါ။ ( ဘင်ဂွန်းဆိုတာ မိဖုရားရဲ့ နာမည်မဟုတ်လို့ သူ့ကို စာတန်းထိုးတဲ့ အခါ အိမ်ရှေ့စံမင်းသမီးလို့ စာတန်းထိုးမှ မှန်ပါတယ်)

15.
내명부 နယ်မြောင်ဘု ဆိုတာ မိဖုရားငယ်တွေရှိတဲ့ အနောက်ဆောင်ကိုပဲ ရည်ရွယ်တာဖြစ်ပါတယ်။ 후궁마마 ဟုဂွန်မားမား ဆိုတာ မိဖုရားခေါင် မဟုတ်တဲ့ မိဖုရားငယ် မောင်းမ ကိုယ်လုပ်တော် အားလုံးကို ခြုံ၍ ခေါ်ပါတယ်။

16.
군부인 ဂွန်းဘုအင်း ဆိုတာ မင်းသားရဲ့ ဇနီးကို ခေါ်တာဖြစ်ပါတယ်။ မင်းသားငယ်တွေက နောက်ပိုင်းမှာ နန်းပြင်အိမ်တော်မှာပဲ စံမြန်းတာများလို့ သခင်မကြီးလို့ပဲ အခေါ်များကြပါတယ်။

17.
공주마마 ဂုံဂျုမားမား ဆိုတာ ဘုရင်နဲ့ မိဖုရားခေါင်တို့ ရတဲ့ သမီးတော်ကို ခေါ်တဲ့ မင်းသမီးဖြစ်ပါတယ်။ 옹주마마 အိုးန်းဂျုမားမားဆိုတာ ဘုရင်နဲ့ မိဖုရားငယ်က ရတဲ့ သမီးကို ခေါ်တဲ့ မင်းသမီး ဖြစ်ပါတယ်။ မင်းသမီးတွေ ငယ်ရွယ်စဉ်မှာ 공주아기씨 / 공주아기씨 ဂုံဂျု အာဂီရှိ/ အိုးန်ဂျု အာဂီရှိ မင်းသမီးကလေး လို့ ခေါ်ပြီး အရွယ်ရောက်တဲ့ အခါ မယ်မယ်လို့ final ending သုံးပါတယ်။
(( ဥပမာ - 은해공주 အွန်းဟယ်ဂုံဂျု ဆိုရင် မိဖုရားခေါင်ရဲ့ သမီး အွန်းဟယ်မင်းသမီးပါ။ 화완옹주 ဟွာဝန်းအိုးန်းဂျု ဆိုရင် မိဖုရားငယ်ရဲ့ သမီး ဟွာဝန်းမင်းသမီး ဖြစ်ပါတယ် ))

18.
군의 부마 / 의빈부마 ဂွန်းနွီဘုမာ/ အွီဘင်ဘုမာ ဆိုတာ ဘုရင့် သားမက်တော်ကို ခေါ်တာဖြစ်ပါတယ်။ မိဖုရားခေါင်ကြီးနဲ့ ရတဲ့ ဂုံဂျုမားမားရဲ့ ခင်ပွန်းပါ။ 군위부마/ 승빈부마 ဂွန်းဝီဘုမာ/ ဆွစ်းဘင်ဘုမာ ဆိုတာ မိဖုရားငယ်နဲ့ ရတဲ့ အိုးန်းဂျုမားမားရဲ့ ခင်ပွန်းကို ခေါ်တာဖြစ်ပါတယ်။ မင်းသမီး‌ အများစုက အိမ်ထောင်ကျရင် နန်းပြင်က ခင်ပွန်းအိမ် လိုက်နေရတာမလို့ သခင်ကြီးလို့သာ ခေါ်ကြတာ များပါတယ်။ နန်းတွင်းဝင်ရင် သားမက်တော်၏ ရာထူးကိုပဲ ခေါ်လေ့ရှိကြပါတယ်။

19.
군주마마 ဂွန်းဂျု မားမား ဆိုတာ အိမ်ရှေ့စံမင်းသားနဲ့ အိမ်ရှေ့စံ မင်းသမီးရတဲ့ သမီးတော်ကို ခေါ်ပါတယ်။ 부빈/ 부위 ဘုဘင်/ဘုဝီ ဆိုတာ သူမရဲ့ ခင်ပွန်း အိမ်ရှေ့မင်းသားရဲ့ သားမက်ကို ခေါ်ပါတယ်။ 현주마마 ဟျောင်းဂျုမားမား ဆိုတာ အိမ်ရှေ့စံမင်းသားနဲ့ သူ၏မောင်းမ မှ ရတဲ့ သမီးကို ခေါ်တာဖြစ်ပါတယ်။ 첨빈/ 첨위 ချောမ်ဘင်/ချောမ်ဝီ ဆိုတာ သူမရဲ့ ခင်ပွန်းကို ခေါ်တာ ဖြစ်ပါတယ်။

20.
A. 빈 - ဘင်
>> အဆင့် ၁ အကြီးတန်း
(( ဘင် သို့မဟုတ် ဘင်း လို့ အသံထွက်လေ့ ရှိပါတယ်။ ဒီဘွဲ့ မိဖုရားကို ဘုရင်က နာမည်ပါ ချီးမြှောက်ပါတယ်။ ဂျန်းအို့ဂျောင်းကို လှပသော |ဟီ| ဆိုတဲ့ နာမည်ပေးပြီး ဟီဘင်း လို့ ချီးမြှောက်တယ်။ နာမည်ရှိပြီးသား Ki ဆိုရင် ကီဘင်မားမား ကီမိဖုရားငယ်ပါ။ ဆူဘင်၊ ဝမ်ဘင်၊ ဟွာဘင်၊ ယောင်ဘင်၊ ဆိုဘင်၊ အင်ဘင် စသဖြင့် များပါတယ် )

နောက်ပိုင်းအဆင့် မိဖုရားတွေကို
မျိုးရိုး+ ဘွဲ့ ဆင့်+ မယ်မယ် လို့ ခေါ်ပါတယ်။

B.
귀인 - ဂီအင် or ဂွီ
>> အဆင့် ၁ အငယ်တန်း
(( ဒါမျိုးက မာယာနန်းတော် ထဲက ဂျို မိဖုရား ရဲ့ အဆင့်မျိုးပါ။ မျိုရိုး ဂျို၊ အဆင့် ဂွီ ဆိုတော့ ဂျိုမိဖုရားငယ်ပါ ))

C. 소의 - ဆိုအှိ
>> အဆင့် ၂ အကြီးတန်း

D. 숙의 - ဆုဂ်ဂွီ
>> အဆင့် ၂ အငယ်တန်း

E. 소용 - ဆိုယုန်
>> အဆင့် ၃ အကြီးတန်း

F. 숙용 - ဆုဂ်ဂယုန်
>> အဆင့် ၃ အငယ်တန်း

G. 소원 - ဆိုဝန်
>> အဆင့် ၄ အကြီးတန်း

H. 숙원 - ဆုဂ်ဂဝန်
>> အဆင့် ၄ အငယ်တန်း

စုစုပေါင်း တရားဝင် နန်းဆောင်ရ မိဖုရားငယ် ၈ ဆင့် ရှိပါတယ်။

(( ဆူဂျုံးဘုရင်ရဲ့ လက်ထပ်မှာ ဥပဒေတစ်ခု ထည့်သွင်းပြဌာန်းလိုက်ပါတယ်။ အဲ့ဒါက မိဖုရားငယ်တွေ မိဖုရားခေါင် နေရာ မတတ်ရဘူး ဆိုတဲ့ ဥပဒေပါ။ အားလုံးကြားဖူးကြတဲ့ နာမည်ကျော် ဂျန်းအို့ဂျောင်း-ဟီဘင်း‌မိဖုရား ကြောင့် ပြဌာန်းလိုက်တာလို့ သိရပါတယ်။ အဲ့လိုပြဌာန်းလိုက်ခြင်းအားဖြင့် မိဖုရားငယ်တွေရဲ့ မိဖုရားခေါင် ဖြစ်ဖို့ တိုက်ခိုက်ခြင်းတွေကို ရပ်တန့်သွားစေမှာ ဖြစ်ပါတယ်။ မိဖုရားခေါင် တစ်ပါး နတ်ရွာစံရင် နောက်မိဖုရားခေါင်ကို နန်းပြင် အထက်တန်းလွှာ မိသားစုက အကောင်းဆုံးဇာတာရှင် မိန်းကလေးကို ရွေးချယ်သွားမှာပါ ))

21.
အိမ်ရှေ့စံ မင်းသားမှာလည်း တရားဝင် မောင်းမ မြှောက်ခွင့် ရှိပါတယ်။

A. 빈궁마마 - ဘင်ဂွန်း မားမား
(( ဒီ အဆင့် တစ် ကတော့ အိမ်ရှေ့စံ နန်းတတ်ရင် မိဖုရားခေါင်ကြီး ကျိန်းသေဖြစ်ရမယ့် အဆင့်အတန်း အမြင့်ဆုံး၊ အတော်ဆုံး၊ အလှဆုံး၊ အကောင်းဆုံးကို ရွေးပြီး လက်ထပ်ပေးထားခံရတဲ့ အိမ်ရှေ့စံ မင်းသမီး ဖြစ်ပါတယ်။ မင်းသား ဘယ်သူ့ကိုပဲ ချစ်ချစ် အိမ်ရှေ့မင်းသမီးကတော့ ဒီလိုစံနှုန်း သတ်မှတ်ချက်ပြည့်တဲ့ သူပဲ ရွေးချယ်ကြပါတယ် ))

ကျန်တဲ့ အဆင့်ကို
မျိုးရိုး+ ဘွဲ့ + မယ်မယ် လို့ ခေါ်ပါတယ်။

B. 양제- ယန်းဂျယ်

C. 양원- ယန်းဝန်

D. 승휘 - ဆွစ်းဟွီ

E. 소훈 - ဆိုဟွန်

တရားဝင် အဆင့် ၅ က နန်းတော်တွင်းမှာ နန်းဆောင်ရ မင်းသမီးငယ်တွေ ဖြစ်ပါတယ်။
CREDIT_TO _ORIGINAL_UPLOADER
မူရင်း​ရေးသူအားကိုးကားသည်🇰🇷💝

27/09/2020

ကိုရီးယား ရေညှိထမင်းလိပ်🇰🇷🌸💗

ကိုရီးယား ရေညှိထမင်းလိပ် (Gimbap) ဆိုတာ ဂျပန်ဆူရှီ(Norimaki) မှ ဆင်းသက်လာတာ ဖြစ်ပါတယ်။
Norimaki ကို ဂျပန်နိုင်ငံမှာ 1750sလောက်ထဲက တီထွင်ခဲ့ပြီး ကိုရီးယားနိုင်ငံကို ဂျပန် အုပ်ချုပ်စဥ်ကာလမှာ Norimaki က ကိုရီးယားကို စတင် ရောက်ရှိလာခဲ့တာဖြစ်ပါသည်။
1960s,1970s အတောအတွင်း တောင်ကိုရီးယားနိုင်ငံမှာ Norimaki ကို လူကြိုက်များလာပါတယ်။
ဘာလို့ဆိုတော့ Norimaki က အရံဟင်းတွေမပါဘဲ သူ့ချည်းဘဲ စားလို့ရတဲ့ fast food ဖြစ်တာကြောင့်ပါ။
နှစ်ပေါင်းများစွာ Gimbap ကို Norimaki လို့ပဲ ခေါ်ဝေါ်ခဲ့ကြပြီး 1948 မှာတော့ တောင်ကိုရီးယားအစိုးရ က ကိုရီးယားစာပေထုံးတမ်းအရ Gimbap လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
ဒါပေမဲ့ Norimaki ဆိုတဲ့ နာမည်ကို 1990 ထိ ခေါ်ဝေါ်နေကြတုန်းပါပဲ။
နောက်ပိုင်း1996 လောက်ကစပြီး Gimbap လို့ လူအများက စတင်ခေါ်ဝေါ်လာကြပါတယ်။
2000 ခုနှစ်မှာတော့ တောင်ကိုရီးယား media တွေက Gimbap ဟာ တောင်ကိုရီယားက အစပြုခဲ့တယ်လို့ ဆိုကြပါတယ်။
သို့သော်လည်း ကိုရီးယားရိုးရာအဘိဓာန်ထဲမှာတော့ Gimbap ရဲ့အစဟာ ဂျပန်က ဖြစ်ပါတယ်လို့ အတိအကျ ရေးသားဖော်ပြထားပါတယ်။
သင်တန်းစုံစမ်းရန်
https://www.facebook.com/103588664771002/posts/157894789340389/
မူရင်း​ညွှန်းသူအားကိုးကားသည်

27/09/2020

TOPIK PREPARATION CLASS ANOUNCEMENT💝
------------------------------- See moreနှိပ်၍အပြည့်အစုံဖတ်ပါ🥳
📌TOPIK 1 for LEVEL1+2 Preparation Class_

20000Ks
Edited:စာအုပ်​ရောင်းတာမဟုတ်ဘူး​နော် အတန်းသင်တန်းဖြစ်ပါတယ် မှားပြီးလာလာ​မေးလို့ပါ🥰😁
📌YONSEI TEXT BOOK Classes
Level 1-1
Level 1-2 (5000ks per month)
Level 2-1
Level 2-2 (6000ks per month)
Level 3-1
Level 3-2 (6000ks per month)
Level 4-1
Level 4-2 (7000ks per month)

📌New Basic Korean Class-3500ks

📌Listening &Speaking Only Courses
1.Basic 3500ks
2.Level-1 5500ks
3.Level-2 6000ks
Each Details check in messenger💝🌸💖

TOPIK ဖြေမယ်ဆိုရင် TOPIK I နဲ့ TOPIK II ဆိုပြီး ၂မျိုးရှိတယ်

Level နဲ့ဆိုရင် 1 ~ 6 အထိ ရှိပြီး ...

Level 1 & Level 2 ဖြေချင်တဲ့လူတွေက TOPIK I ကို ဖြေဆိုပြီး Level 3 to Level 6 ဖြေမယ့်လူတွေက TOPIK II ကို ဖြေရမှာပါ...

TOPIK I >>> စုစုပေါင်း အမှတ် ၂၀၀ ဖိုးဖြေဆိုရမှာဖြစ်ပြီး Listening 100 marks (30Questions) + Reading 100 marks (40Questions) ဖြစ်ပါတယ် .. အကုန်လုံး multiple choice မေးခွန်းတွေ ဖြစ်ပါတယ်

စုစုပေါင်း ၂၀၀မှတ် မှာ Average

အမှတ် ၈၀နဲ့ အထက်ဆိုရင် Level 1,

အမှတ် ၁၄၀နဲ့အထက်ဆိုရင် Level 2 အောင်တယ်လို့ သတ်မှတ်ပါတယ်

TOPIK II >>> စုစုပေါင်း အမှတ် ၃၀၀ ဖိုးဖြေဆိုရမှာဖြစ်ပြီး Listening 100 marks (50Questions) + Writing 100 marks (4Questions) + Reading 100 (50Questions) ဖြစ်ပါတယ် .. multiple choice အပြင် ရေးဖြေရတဲ့ မေးခွန်းတွေလည်း ပါပါတယ် .. 띄어쓰기 ပုံစံ ရေးရမယ့် answer sheet နမူနာပုံစံ တွဲတင်ပေးထားပါတယ်...

စုစုပေါင်း ၃၀၀မှတ်မှာ ... Average

အမှတ် ၁၂၀နဲ့အထက် ဆိုရင် Level 3

အမှတ် ၁၅၀နဲ့အထက် ဆိုရင် Level 4

အမှတ် ၁၉၀နဲ့အထက် ဆိုရင် Level 5

အမှတ် ၂၃၀နဲ့အထက် ဆိုရင် Level 6 အောင်တယ်လို့ သတ်မှတ်တယ်...

တစ်ခါဖြေရင် ၂နှစ် valid သက်တမ်းရှိပါတယ်

မြန်မာနိုင်ငံမှာတော့ စာမေးပွဲက တစ်နှစ်ကို ၁၀လပိုင်းမှာ တစ်ကြိမ်ပဲ ကျင်းပပြီး ၁၁လပိုင်းမှာ အောင်စာရင်းသိရပါတယ် ...

၈လပိုင်းလောက်ဆိုရင် Form တင်ဖို့အတွက် ကိုရီးယားသံရုံး page မှာ ကြေညာပေးတတ်ပါတယ်

Application form, passport ဓာတ်ပုံ, မှတ်ပုံတင်နဲ့ ပိုက်ဆံ ၁၅,၀၀၀ကျပ် (?) လိုပါတယ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon