Lyn Yaung Chi

Lyn Yaung Chi Your best education channel !

29/06/2023

မင်မင် Japan ရောက်နေလို့ page လေးကို ခဏ brake ထားတာပါ နောက်ပိုင်း အသစ်အသစ်တွေနဲ့ ပြန် run ပေးတော့မှာပါရှင် 🙏🙏🙏
ဆရာဆရာမများနဲ့ ‌ သားသားမီးမီးတွေလည်း တီချယ်က လွမ်းနေပါတယ်နော် 💕💕💕

07/06/2023

a,e,i,o,u နှင့် စလျှင် an နဲ့တွဲဆိုသည်မှာ
မမှန်ကြောင်း သက်သေပြချက်
-----------------------------

ခေတ်အဆက်ဆက် English သင်ကြားရေးတွင် သင်ကြား
ပေးသူဆရာများကိုယ်တိုင်က မှားနေသောကိစ္စမှာ a နှင့် an
ကို ခွဲခြားရာ၌ အနည်းကိန်းနာမ်သည် a,e,i,o,u (သရ)နှင့်
စလျှင် an နှင့်တွဲရမည် ဟူသောအချက်ဖြစ်သည်။

အမှန်က a,e,i,o,u နှင့် အစပြုတိုင်း an နှင့်မတွဲရသလို
a,e,i,o,u နှင့် မစသော်လည်း an နှင့်တွဲရသည်လည်း ရှိပါ
သည်။

သက်သေပြချက်

umbrella (ထီး)တွင် u နှင့်စသည်။
ထို့ကြောင့် an နှင့်တွဲသည်။ an umbrella မှန်သည်။

သို့ရာတွင်

university(တက္ကသိုလ်)တွင်လည်း u နှင့်စသည်။
သို့ရာတွင် an နှင့်မတွဲရ။ an university မဟုတ်။
a university ဟု ရေးရသည်။

Why? ဘာ့ကြောင့် ထိုအရာ ၂ ခု မတူရတာလဲ

umbrella တွင် အန်ဘရဲလား ဟု (အ)အသံနှင့်ထွက်ရသော
ကြောင့် an နှင့် တွဲရခြင်းဖြစ်သည်။

university တွင်မူ u နှင့်စသော်လည်း(အ)အသံမထွက်သော
ကြောင့်(အူနီဗာစီတီ မဟုတ်။ယူနီဗာစီတီဟုထွက်သောကြောင့်)
an နှင့်မတွဲရဘဲ a နှင့် တွဲရခြင်းဖြစ်သည်။

ထို့အတူ -

hour တွင် a,e,i,o,u နှင့် မစသော်လည်း an နှင့်တွဲရ၏။
an hour ဟုရေးမှ အမှန်ဖြစ်သည်။

ထို့အတူ honest တွင် ဟောနက်စ် ဟုမထွက်ရ။ h နှင့်
စသော်လည်း အောနက်စ် ဟု ထွက်သည်။ သို့ဖြစ်၍
an honest man ဟုရေးရသည်။ a,e,i,o,u နှင့်မစ၍
a နှင့်တွဲလျှင် မှားပါလိမ့်မည်။

union တွင်လည်း u နှင့်စသော်လည်း an နှင့်မတွဲရ။
a union ဟုရေးရသည်။

Why? ဘာ့ကြောင့်လဲ

hour ၏ အသံထွက်သည် သရသံ(အ)အသံဖြင့် ထွက်ရသော
ကြောင့်ဖြစ်သည်။ hour ကို ဟာဝါ ဟုမထွက်ရ။ အာဝါ ဟု
ထွက်ရသည်။ (အ)အသံဖြစ်သည်။

union တွင် u နှင့်စသော်လည်း အူနီယံ ဟုအသံမထွက်။
ယူနီယံ ဟုအသံထွက်သောကြောင့် a union ဟု ရေးရသည်။
an union ဟု မတွဲရချေ။

သို့ဖြစ်၍ သရသံ(အ)အသံထွက်မှသာ an နှင့် တွဲရမည်။ အများ
ပြောနေသလို a,e,i,o,u နှင့် စ၍ an နှင့်တွဲရသည်ဆိုသည်မှာ
မှန်ကန်မှု မရှိပေ။

အောက်ပါ အဆိုအမိန့်အတိုင်း
ကျင့်သုံးပါ -

Countable noun တွင်သာ a,an,the ကို သုံးရ၏။
A နှင့် An ကို အောက်ပါအတိုင်း ခွဲပါ။

၁။ ဗျည်းသံ(consonant sound)ဖြင့်စလျှင် = a နှင့်တွဲ

e.g a book /a man/ a boy/ a house/
a chair/ a European/a cat/ a girl
a union/ a unicorn/ a one-eyed man
a useful article/ a university etc:

၂။ သရသံ(vowel sound) ဖြင့်စလျှင် = an နှင့်တွဲ

သရသံဆိုသည်မှာ မြန်မာလို အ,အာ.အိ,အီ,အု,အူ
အေ,အဲ,အော့,အော်,အံ,အား ဟူသောအသံတို့ဖြစ်သည်။
ထိုအသံများကို vowel sound ဟုခေါ်သည်။

e.g an egg/an orange/ an ice-cream/ an hour
an honest man/ an English book/ an engineer
an ant/ an officer/an umbrella etc:

ထို သရသံနှင့် အစပြုမှသာ an နှင့် တွဲရမည်ဟု သင်ကြား
ပေးသင့်ပါကြောင်း ဆရာ ဆရာမ မိတ်ဆွေတို့ရေ ---

မူရင်းရေးသားသူ credit
Via; Daw Thu Zar Myint

Photo Crd.အဲ့လိုမလုပ်ရဘူးနော်မေမေတို့ရေ 😁💞
12/05/2023

Photo Crd.

အဲ့လိုမလုပ်ရဘူးနော်မေမေတို့ရေ 😁💞

ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလ...
04/05/2023

ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။

၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။

ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။

၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။

ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။

၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။

ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။

၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။

ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။

၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။

အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။

၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။

ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။

ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။

မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။

1. Calm
2. Correct
3. Consistent
4. Consequences

1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။
------------------------------------
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။

မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။

ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။

ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။

2. Correct ကလေး အားပြုပြင်ပါ။
-----------------------------
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။

ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။

ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။

3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။
-------------------------------
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။

ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။

ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။

"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။

ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။

4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။
------------------------------------
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။

မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။

ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။

ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။

ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။

ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။

မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။

အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။

ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။

ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။

ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။

Kids aren't born with perfect manners and etiquette. We need to teach them correctly.

ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။

21/03/2023

တီချယ်ရပါပြီ
လင်းရောင်ခြည် မှ တီချယ်များရှင်
ဆူးလေစေတီ အနီးရှိ ကလေးအား
Grade 12/ Maths guide လုပ်ပေးရန် တီချယ်လိုပါသည်
တစ်ပတ် သုံရက် တစ်ရက် 2:00
အသက်လေးဆယ် အောက် စိတ်ရှည်ပြီး အသင် ပြ ကောင်း သူ ဖြစ်ပါရမယ်ရှင့်
Yaung Chi Education Center.
09958434096

လင်းရောင်ခြည် မှ Primary 1 to 4 🎓♣International school ( IGCSE ) Kg နှင့် Grade 1 to 8 အထိ 🌈♣Group အလိုက်အတန်းများစွာဖွင...
06/12/2022

လင်းရောင်ခြည် မှ Primary 1 to 4 🎓♣
International school ( IGCSE )
Kg နှင့် Grade 1 to 8 အထိ 🌈♣
Group အလိုက်အတန်းများစွာဖွင့်လှစ်ပေးလျှက် ရှိရာ ယခု အခါတွင် တတိယကြိမ် အဖြစ်✍
Groupလိုက်အတန်း များကို ထပ်မံ ဖွင့်ပေးနေပါပြီရှင်
တတိယ အကြိမ်တွင် Grade 8 (စနစ်သစ်) နှင့် Grade 9
( အဌမတန်း) အပြင် Grade 10 / Grade 11 ထိ ထပ်မံ
ခေါ်ယူ ဖွင့်ပေးမည်ဖြစ်ပါသောကြောင့်
ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီရှင်📣

သင်ကြားမည့်တီီချယ်များမှာ
သင်ကြားမူ အတွေ့အကြုံ 10နှစ်အထက်ရှိခြင်း😱
လစဥ်စာမေးပွဲများစစ်ပေးခြင်း✍
အကြိမ်ကြိမ််ရှင်းပြ၍နားလည်သည်ထိစိတ်ရှည်စွာသင်ကြားခြင်း😍
အိမ်စာများကို တိကျစွာ စစ်ဆေးပေးခြင်း🙏
အကြောင်းမျိုးမျိုးကြောင့် အချိန် နောက်ကျခဲ့ပါကလည်း အချိန်အစားထိုးပြန်ပေး၍သင်ကြားခြင်း🙏
Grade 1 to 4 ထိကို Rolls call ခေါ်စေ၍
အရည်ချင်းပြည့်မှီပြီး လစဥ်စာမေးပွဲများအောင်မြင်ပါက. Certificate. ထုတ်ပေးမှာ ဖြစ်တာကြောင့်😱
ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီရှင်🎓♣

မိမိတို့ကလေးအား fees သင့်တင့်၍ အရည်ချင်း ပြည့်မှီစွာ သင်ယူ တတ်မြောက်စေရန် လင်းရောင်ခြည်
Academy. မှ ကူညီဆောင်ရွတ်ပေးနေပါပြီရှင် 🕯🎓

သင်ကြားမည့်ပုံစံ✍👩‍🏫

Online. ( Zoom Meeting )

Grade 8
Fees - 50000

Grade 9/10 (New /old)
Fees - 50000

Grade 11 ( Only 4 students ) Old / New
Fees -80000
Time - တစ်ရက် 2:00 (တစ်ပတ်ငါးရက်) ⏰

Group တစ်ခုလျှင် 5 ယောက်သာ 👩‍🏫

လူပြည့်မြန်တာကြောင့် နာမည်နဲ့ ph no ပေးပို့၍ ကြိုတင်
စာရင်းသွင်းထားနိုင်ပါပြီရှင် 🕯🎓📣📣📣

တီချယ်ကို one by one ဖြင့်လည်းအိမ်ခေါ်သင်ကြားနိုင်ပါတယ်ရှင်📣

join မယ်ဆို နာမည် ph no တို့ကို page messenger မှာပေးပို့စာရင်းပေးသွင်းနိုင်ပါပြီ ‼

☎ 09958434096
Yaung Chi Acadamy

02/12/2022

လင်းရောင်ခြည် Academy မှ တီချယ်များရှင်
grade 1 ကလေးကို
English and Chinese Language
သင်ကြားရန်တီချယ်လိုပါတယ်ရှင်
Experience ရှိပြီကျွမ်းကျင်စွာသင်ကြနိုင်သောတီချယ်များလျှောက်ထားနိုင်ပါတယ်ရှင့်
Time - 3 day in a week ( online )
Yaung Chi Academy
09958434096

စာရင်းပေးထားသော Lyn Yaung Chi Acadamy မှ ကလေးများ၏ certificate များရပါပြီမိမိတို့၏ အတန်းပိုင် တီချယ်များထံ တောင်းယူနိုင်...
04/11/2022

စာရင်းပေးထားသော Lyn Yaung Chi Acadamy မှ ကလေးများ၏ certificate များရပါပြီ
မိမိတို့၏ အတန်းပိုင် တီချယ်များထံ တောင်းယူနိုင်ပါပြီရှင်🎓‼

02/10/2022

အတန်းများအားလုံး ပြီးဆုံးတော့မယ် ဖြစ်ပါသောကြောင့် Certificate ထုတ်ယူမည့်ကလေးများ သက်ဆိုင်တီချယ်များထံ စာရင်းပေးပေးပါရှင့်
Name
Class
အတန်းချိန် 75% ပြည့်မပြည့်
စာမေးပွဲများ၏ ရမှတ်
တစ်ပါတည်းဖော်ပြပေးရပါမယ်ရှင်
Yaung Chi

20/08/2022

လင်းရောင်ခြည်မှ လက်တွဲသင်ကြားလျှက်ရှိသောတီချယ်များရှင်

လင်းရောင်ခြည်page ကို တည်ထောင်ထားသော
Founder သည် မည်သူတစ်ဦးတစ်ယောက်နှင့်မှ လက်တွဲ
လုပ်ကိုင်ခြင်းမရှိပါ certificate. ထုတ်ပေးခြင်း
လစဥ်အတန်းများဖွင့်ပေးခြင်း နှင့် လစာ ကိစ္စ အလုံးစုံ
ကို founder တစ်ဦးထဲ မှ တာဝန်ယူ ၍ တစ်နိုင်တပိုင်
လခ သက်သာသော နှုန်းဖြင့် စေသနာ ရှေ့ထားကာ
ဖွင့် လှစ်ပေး ပေးနိုင်ခဲ့ ပြီးဖြစ်ပါသည်

လင်းရောင်ခြည်မှ လက်တွဲ သင်ကြားနေသော တီချယ်များထဲမှ ကလေးမိဘ နှင့် ကိုယ်ရေးကိုယ်တာ အကြောင်းအရာမှာ ဝင်ရောက်စွပ်ဖက်ပြောဆိုခြင်း

စာသင်ချိန် သတ်မှတ် သောအချိန်အား တနည်းနည်းဖြင့်
မိမိကြောင့် လျော့နည်းစေခြင်း

စာသင်ချိန်တွင်း ကိုယ်ရေးကိုယ်တာကိစ္စ များ ဖုန်းဆက်ပြောဆိုခြင်း

စာသင်ပုံသင်နည်း နှင့် သင်ရိုး ညွှန်းတန်းအား မပိုင်နိုင်ခြင်း

မိမိသင်ကြားသောကလေး အပေါ် စိတ်ရှည်သည်းခံမူမရှိခြင်း

ထိုသို့သောအကြောင်းရာများနှင့် ငြိစွန်းခဲ့ပါက လင်းရောင်ခြည် Education centre မှ လုံးဝ လက်တွဲသွားမည်မဟုတ်ပါ.

အထူးသတိပြုရန်

လင်းရောင်ခြည်မှ ချိတ်ပေးသော အတန်း သာလျှင်
လက်ခံထားသော တီချယ်များနှင့် သက်ဆိုင်ပါသည်

ကလေးမိဘက. တခြားတန်းကိုထပ် join စေလိုက သင်ပေးနိုင်ပါသည်

ထိုသို့မဟုတ်ပါပဲ မိမိသဘောဖြင့် တခြားတန်း
( လင်းရောင်ခြည်မှ join ပေးခြင်းမဟုတ်သော ) တီချယ်
ရှိနှင့် ပြီးသော အတန်းသည် မိမိနှင့်မသက်ဆိုင်သောကြောင့်
ငွေကြေး နည်းသည်များသည် ဝင်ရောက်စွပ်ဖက်ခြင်း
စာသင်ကြားမူစနစ်အား ဝေဖန်ခြင်း လုံးဝ မလုပ်ကြပါရန်
မေတ္တာ ရပ်ခံပါတယ်ရှင်

Yaung Chi Academy

18/07/2022

တီချယ်ရပါပြီ
Lyn Yaung Chi Academy. မှ တီချယ်များရှင် အင်းစိန်ဘူတာရုံလမ်းတွင်ရှိသော သုံးနှစ်နဲ့ ငါးနှစ်ကလေးကို
eng 4 skill နဲ့ phonic အိမ်အရောက်သင်ကြားရန်တီချယ်လိုပါတယ်ရှင်
အခြေ ခံ ဖြစ်တာကြောင့် သင်ရိုးကို ကျွမ်းကျင်စွာသင်ကြားနိုင်ပြီး မြို့နယ်နှင့်နီးစပ်သော တီချယ်များ လျှောက်ထားနိုင်ပါိတယ်ရှင့်
တစ်ပတ် လေး ရက်
တစ်ရက် တစ်နာရီ
fees - 150000

Address

Mingalardon
Yangon
11021

Alerts

Be the first to know and let us send you an email when Lyn Yaung Chi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share