Achievements to Success

Achievements to Success Specifically for learning & acquisition

18/05/2023

Educational Opportunities & Training and Consultation Services

26/03/2023

Achievements to Contribution "A2C"
Achievements to Success

Achievements to Contribution  "A2C"Achievements to Success
26/03/2023

Achievements to Contribution "A2C"
Achievements to Success

Scholarship အတွက် ပြင်ဆင်ဖို့ Free Writing Course (1st Batch) အတွက် ရွေးချယ်ခံရသူများစာရင်း။လျှောက်ထားသူ စားရင်းကို ပိတ်...
21/06/2022

Scholarship အတွက် ပြင်ဆင်ဖို့ Free Writing Course (1st Batch) အတွက် ရွေးချယ်ခံရသူများစာရင်း။

လျှောက်ထားသူ စားရင်းကို ပိတ်ထားပြီး ဖြစ်ပါပြီ။

လက်ရှိလျှောက်ထားသူ 173 ဦးထဲမှ ၂၆ ဦးအား Batch 1 တွင် သင်ကြားပေးသွားမည်ဖြစ်ပြီး
ယခု စာရင်းတွင် မပါလိုက်သူများအား နောက်ထပ် batch များတွင် ထည့်တွက် လက်ခံပေးမည်။ ✌️✌️✌️

စာရင်းထဲပါသူများက အောက်ပါ link (Facebook အကောင့်၏ chat box မှ ကိုယ့်နာမည်ပါရှိသော ပုံနှင့်တကွ လာhi ပေးပါရန်။ (မနက်ဖြန် နေ့လယ် ၁ နာရီ နောက်ဆုံးထားပြီး hi ပေးပါ)📌📌📌

https://www.facebook.com/profile.php?id=100007630518900

Achievements to Success
Achievements to Contribution "A2C"

အားလုံးမျှော်နေကြတဲ့ ကျနော့်ရဲ့ Absolute contribution program လေးတစ်ခုကို စလိုက်ပါပီ။Purpose: Writing ပိုင်းမှာ ထိထိမိမိ...
18/06/2022

အားလုံးမျှော်နေကြတဲ့ ကျနော့်ရဲ့ Absolute contribution program လေးတစ်ခုကို စလိုက်ပါပီ။

Purpose: Writing ပိုင်းမှာ ထိထိမိမိ ကျစ်ကျစ်လျစ်လျစ် ရေးတတ်ချင်သူတွေနဲ့ Scholarship လျှောက်ဖို့ပြင်ဆင်နေကြတဲ့ ညီတွေ ညီမတွေအတွက် အချိန်မကုန် အဖိုးအခ မပေးရဘဲ Skill level တစ်ဆင့်မြင့်တက်စေဖို့။

Time period: 2 weeks (6 hours Zoom interactive class) + Homework & Free Proofreading

Fee: 0 Kyats 💚💚💚

Little contribution: All participants are encouraged to donate any amount to people who are seriously suffering from civil war and leaving home. (For example, donation of 500 Kyats or 1,000 Kyats or any with the name of A2C's free writing course with respective batch name for vulnerable people. You can transfer to my account in 2nd week of the course)

📌📌How to apply:
Fill the given application form, share this post, and write a comment under this original post (to contact you back). 💚💚
https://docs.google.com/forms/d/e/1FAIpQLSe3-xFjdXh1z8zT-aF7Y6AxExb1zukSqSZCh4Cd32RX86ZFcw/viewform?usp=sf_link

📌Eligible candidates will be contacted on 21st June, 2022.

Language နဲ့ ဆိုင်တာမလို့ ဒီpage ကနေ တင်လိုက်ပါမယ်။


Achievements to Contribution "A2C"
Achievements to Success

15/06/2022

"Preparation for Scholarship" (3 Selected Thailand Universities) and Introducing Free Writing Course"

ထိုင်းနိုင်ငံက
- Chulalongkorn University (CU)
- Chaing Mai University (CMU) နှင့်
- Panyapiwat Institute of Management (PIM)
မှ မြန်မာကျောင်းသားတွေအတွက် နှစ်စဉ်ပေးလေ့ရှိတဲ့ Scholarship program များ၊ Timeline၊ Eligible Criteria and Requirement များ အကြောင်းကို

Mr. Si Thu Phyo
- CP Full Scholarship (PIM), Thailand
- Sias Exchange Scholarship, China
- CMU Presidential Scholarship (CMU), Thailand

နှင့်

Ms. May Wathan Lin
- ASEAN and Non-ASEAN Scholarship (CU), Thailand

တို့ကနေ
Zoom မှ တစ်ဆင့် sharing လုပ်ပေးသွားမှာပါ။

💛💛💛 ဒါ့အပြင် Bonus အနေနဲ့ ဒီအစီအစဉ်ကို တက်ရောက် နားထောင်သူများကို 100% free writing short course လေးနှင့် မိတ်ဆက်ပေးသွားဦးမှာပါ။

Zoom link ကို
15 ရက်နေ့မှာ ယခု မူရင်း post အောက်မှာ ပို့ပေးပါမယ် ခင်ဗျ။

ယခုအစီအစဉ်ကို ပါဝင်လိုသူများက
JOIN လို့ မန့်ပေးကြပါ။

Scholarship Information for U
25/02/2022

Scholarship Information for U




စကော်လားရှစ်ပြင်ဆင်နည်း နိူင်ငံတကာပညာသင်ဆု စတင်လျှောက်ထားနိူင်ဖို့ ဘာတွေ ကြိုပြင်ဆင်ထားရမလဲ။နိုင်ငံတစ်နိုင်ငံနှင့်တစ်နို...
24/01/2022

စကော်လားရှစ်ပြင်ဆင်နည်း

နိူင်ငံတကာပညာသင်ဆု စတင်လျှောက်ထားနိူင်ဖို့ ဘာတွေ ကြိုပြင်ဆင်ထားရမလဲ။

နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ကျောင်းတစ်ကျောင်း နှင့် တစ်ကျောင်းချင်း မတူတာကြောင့် အမှန်တကယ် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အကုန်လုံးတော့ ထပ်တူမကျနိုင်ပါ။ အဲ့အတွက် General & Common ဖြစ်တဲ့ လိုအပ်ချက်လေးတွေကိုပြောပေးပါမယ်။

၁။ Academic Transcript

ပညာသင်ဆု အားလုံးနီးပါး အတွက် transcript ခေါ်အမှတ်စာရင်းက မပါမဖြစ် တင်ပေးရပါတယ်။

Academic transcript မှာ GPA အမှတ်ကောင်းတဲ့သူတွေသာ ပညာသင်ဆုရကြတာမဟုတ်ပါဘူး။

GPA အမှတ်နည်းနေလည်း တစ်ခြားလိုအပ်တာကိုပြင်ဆင်ပြီး လျှောက်ဖို့ လုပ်လို့ရပါတယ်။ လျှောက်ကြည့်ရမှာက မိမိတာဝန်ဖြစ်လို့ တွေးပူပြီး ကြောက်စရာမလိုပါဘူး။
💚GPA ပိုကောင်းတဲ့သူက Chance ပိုများတာမလို့
ခုလက်ရှိသင်ယူနေတဲ့ academic work တွေမှာ အားစ်ိုက်ပေးဖို့ တိုက်တွန်းပါရစေ။

၂။ English Proficiency

ပညာသင်ဆုအများစုက IELTS/ TOEFL တောင်းကြပါတယ်။ ပညာသင်ဆုလျှောက်လွှာနဲ့ တိုက်ရိုက်တွဲတင်စရာမလိုသေးရင်တောင် Screening အဆင့်တွေမှာဆို လိုအပ်လို့ မဖြေထားရသေးသူများဆို ဖြေပေးရလေ့ရှိပါတယ်။ အဲဒါကြောင့်မို့လို့ မိမိဘက်က IELTS/ TOEFL တွက်ကို အချိန်မရွေး ဖြေတဲ့ခါ မိမိလိုချင်တဲ့ Score ရနိူင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

လိုအပ်တဲ့ Score ကတော့ ပညာသင်ဆုပေါ်မူတည်ပြီးအနည်းငယ်ကွာပါမယ်။ Master Scholarship အများစုအတွက်က Minimum IELTS 6.5 or TOEFL 575 တောင်းလေ့ရှိပါတယ်။ IELTS 7 or TOEFL 600 အထက် ရထားရင်တော့ အကောင်းဆုံးပါ။ ကိုယ်ကအကောင်းဆုံးပြင်ဆင်သင့်သလို Score မြင့်လေ ကိုယ့်အတွက်ပိုကောင်းလေပါ။ Merit Scholarships မျိုးဆို Competition များသလို အတော်ဆုံးကျောင်းသားကိုဦးစားပေးရွေးချယ်ကြတာများပါတယ်။

Bachelor အတွက်ဆိုရင် အနည်းဆုံး IELTS Band 6 လောက်ရှိထားသင့်ပါတယ်။ 5.5 လောက်နဲ့ခေါ်တဲ့ ထိုင်းက ကျောင်းတွေရှိတတ်ပေမယ့် competitive world ထဲ ခြေစုံဝင်ရမှာမလို့ the higher, the better ပါခင်ဗျ။

၃။ ဘာသာရပ်ရွေးချယ်ခြင်းနှင့် Scholarship များရှာဖွေခြင်း

Scholarships တွေက အမျိုးစား အမျိုးမျိုးရှိပါတယ်။

အကြမ်းဖျင်းအားဖြင့် နိူင်ငံတကာပညာသင်ဆု ဆိုရာမှာ အစိုးရပညာသင်ဆု၊ Institute အဖွဲ့အစည်းကပေးတဲ့ ပညာသင်ဆု၊ ကျောင်းကပေးတဲ့ပညာသင်ဆု၊ Merit-based ပညာသင်ဆု ဆိုပြီး ရှိကြပါတယ်။

နောက်ပြီး Partial Scholarship တွေရှိတယ်၊ Partial Scholarship ဆို ကျောင်းလခ ကိုရာခိုင်းနှုန်းနဲ့ လျှော့ပေးတာ မျိုး၊ အပြည့်ပေးရင်လည်း နေစရိတ်စားစရိတ်၊ ခရီးစရိတ်တွက် မပေးပါဘူး။

Fully-funded Scholarships ပညာသင်ဆု ဆိုရင် ပညာသင်နှစ်တွက် လိုအပ်တာတွေ၊ အသုံးစရိတ်ခရီးစရိတ်တွေ အားလုံးထောက်ပံ့ပေးလေ့ရှိပါတယ်။

ကျောင်းကပေးတဲ့ပညာသင်ဆုမျိုးဆို ကျောင်းဝင်ခွင့် Admission Letter နဲ့ တွဲလျှောက်ရ‌လေ့ရှိတယ်။ တစ်နည်းအားဖြင့် ကျောင်းဝင်ခွင့်ကို မိမိကိုယ်တိုင် တိုက်ရိုက်လျှောက်ထားရပါတယ်။
အစိုးရပညာသင်ဆုတွေ၊ အဖွဲ့အစည်း တွေကပေးတာဆို အများစုက ဆိုင်ရာတာဝန်ရှိသူတွေက ရွေးချယ်ပြီးမှ ကျောင်းလျှောက်ပေးပါတယ်။

ဘာသာရပ်ရွေးချယ်ရာမှာ တော့ မိမိ က ဘယ်ဘာသာရပ်ကို စိတ်ဝင်စားတယ်ဆိုတာ ရွေးချယ်ပါ။

အဓိက သိထားဖို့လိုတာက မိမိရွေးချယ်လျှောက်ထားမယ့်မေဂျာနဲ့ပတ်သက်ပြီး မိမိမှာ အခြေခံဘယ်လောက်ထိရှိထားလဲဆိုတာပါ။ Undergraduate မှာ ပြီးထားတဲ့ ဘာသာရပ်နဲ့ ပညာသင်ဆုတွက် လျှောက်ထားမယ့်ဘာသာရပ်က အတိကျမတူရင်တောင် နီးစပ်နေဖို့ လိုပါတယ်။ ပြီးရင် ပညာသင်ဆု ရှာဖွေဖို့လုပ်ပါ။ ခုခေတ်မှာ နိူင်ငံတကာပညာသင်ဆုများစွာကို Online မှာ အလွယ်တကူရှာလို့ရပါတယ်။ ရှာပြီးရင် မှတ်စုမှာ စာရင်းလုပ်ထားပြီး မိမိပါသာ Category ခွဲထားပါ။ ပြီးရင်တော့ ပိုသေချာမယ်ဆိုတာ‌တွေကို ရွေးချယ်ပြီး လျှောက်ထားပါ။

၄။ Essays /Personal Statement

Essay ရေးတဲ့အခါ သတ်မှတ်ထားစာလုံးရေ နဲ့ချိန်ပြီး Specific ဖြစ်ပြီး လက်တွေ့ကျ အောင်ရေးပေးဖို့လိုပါတယ်။ အရေးကြီးဆုံးက Essay ရေးရာမှာ ကိုယ့်ရဲ့စိတ်ကူးနဲ့ရေးရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့အကြောင်းအရာတွေကိုလည်း အမှန်တိုင်းထင်သာအောင်ရေးရပါမယ် (ကိုယ်လျှောက်တဲ့ဘာသာရပ်ပေါ်မူတည်ပြီး ဆက်စပ်မှုရှိအောင်ရေးဖို့အရေးကြီးပါတယ်)။ ကိုယ့်လုပ်ငန်းအတွေ့အကြုံနဲ့လည်း ချိတ်ဆက်ရေး‌‌ပေးဖို့လိုပါတယ်။

Personal Statement ဆို မိမိနဲ့ပတ်သက်တာမျိုးကိုသာ အဓိကထား ရေးပေးရပါတယ်။ ပညာသင်ဆုရခဲ့ရင် အနာဂါတ်မှာ ကိုယ်သင်ယူထားတဲ့ ပညာရပ်နဲ့ဘယ်လိုကောင်းအောင်လုပ်ပေးချင်တယ် ဆိုတာမျိုး ကို ရှင်းလင်းတိကျစွာ ရေးပေးပါ။ အရေးအသားကောင်းတစ်ခုက admission team အပေါ် ဆွဲဆောင်နိုင်တဲ့အချက်တစ်ခုပါ။

၅။ Recommendation Letters

Scholarship လျှောက်တဲ့အခါ ‌နောက်ထပ်လိုတာက Recommedation letters တွေပါ။

အရေးကြီးဆုံးက ထောက်ခံစာ ဆိုတဲ့အတိုင်း ကိုယ့်ကို သေချာသိပြီး ကောင်းကောင်းရေးပေးမယ့်သူ၊ Email ပုံမှန်သုံးတဲ့သူ ဖြစ်ဖို့လိုပါတယ်။ Recommender ရဲ့ ရာထူးအဆင့်က အရေးမကြီးပါဘူး။
(တစ်ချို့ ကြီးကျယ်တဲ့ကျောင်းတွေကတော့ ဌာနမှူး Dean အဆင့်ကရေးပေးမှ လက်ခံပါတယ်)

Recommendation မှာလည်း ကိုယ်က ဘယ်လိုကြိုးစားခဲ့လဲ စတာတွေကိုဖော်ပြရာမှာ ကြောင်းကျိူးဆီလျော်မှုရှိဖို့လိုပါတယ်။ (ဆိုင်ရာ Recommender ကို ရှင်းပြပေးလို့ရအောင်ပါ)

၆။ Curriculum Vitae(CV)

စကော်လာလျှောက်ရာမှာ CV ဆိုတဲ့ ကိုယ်ရေးအချက်အလက်ဖောင်ကလည်း စကော်လားရှစ်ဖောင်တွေနဲ့တွဲတင်ပေးရတာဖြစ်လို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်ရဲ့အတွေ့အကြုံတွေ ကိုယ်လုပ်ခဲ့တာတွေကို သပ်ရပ်စွာ နှစ်၊လ၊ရက် အလိုက်တစ်ခုချင်းဖော်ပြပေးရတာပါ။ အလုပ်ဆိုတဲ့နေရာမှာ Volunteer လုပ်ခဲ့ဖူးတာလည်းအလုပ်ပဲမို့ အားလုံးထည့်လို့ရပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်နဲ့ ကိုယ်လျှောက်မယ့် ဘာသာရပ်က ဆက်စပ်မှုရှိရင် ကိုယ့်အတွက် စကော်လားရှစ်ရ ဖို့အခွင့်လမ်းပိုများပါတယ်။ တစ်ချို့ ပညာသင်ဆုတွေမှာ CV format ပါ ပေးထားတတ်ပါတယ်။

၇။ အမြဲရှာဖွေနေပါ။ Try ဖြစ်အောင် Try ကြည့်ပါ။
ဘယ်အလုပ်မဆို ပေါ့ပျက်ပျက်နဲ့မလုပ်ပါနဲ့။

အထက်ပါအချက်လက်တွေအားလုံး သိထား၊ ပြင်ဆင်ထားပြီးပြီ ဆိုရင်တော့ ပညာသင်ဆု Application Form ကို Submit လုပ်ထားနိူင်ပါပြီ။ Application တင်ရင် စိတ်ချရအောင် Deadline မတိုင်ခင် တင်ပါ။ အကယ်၍ အစဉ်လိုက်ဖတ်တယ်ဆိုရင် ကိုယ့် Application က အရင်ဖြစ်ပါလိမ့်မယ်။

ကိုယ့်ရဲ့ တက်ကြွမှုကိုလည်း ပြရာ ရောက်ပါတယ်။

၈။ Interview

Interview ပါပြီဆိုရင် ပညာသင်ဆုရဖို့ အခွင့်ရေး Chance များပါပြီ။ Interview မှာ အဓိက ကိုယ့် ရိုးသားမှု၊ ကိုယ်ပြောတာနဲ့ ကိုယ့် Essay တွေနဲ့ ထပ်တူကျ‌နေမှု၊ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ပြနိုင်ဖို့ ပါပဲ။

နောက်ထပ် ထပ်‌လောင်းပြော‌ချင်တာက Essays မတောင်းတဲ့စကော်လားရှစ်တော်တော်များလည်းရှိပါတယ်။ အဲလိုစကော်လားရှစ်တွေဆိုရင် အတွေ့ကြုံကိုဦးစားပေးကြည့်ပါတယ်။ အဲဒီတော့ CV နဲ့ IELTS score ကိုအဓိကထားကြည့်နိုင်ပါတယ်။

ကြိုးစားတဲ့ အနာဂါတ်မြန်မာ့လူငယ်များအားလုံး အောင်မြင်ကြပါစေ။

Edited by
Si Thu Phyo

IELTS/TOEFL Writing ဘက်သို့ ခြေမလှမ်းမီ.....နိုင်ငံခြား ပညာသင်ဆုလျှောက်မယ့်ကျောင်းသားအားလုံးမှာ English Proficiency Test...
12/01/2022

IELTS/TOEFL Writing ဘက်သို့ ခြေမလှမ်းမီ.....

နိုင်ငံခြား ပညာသင်ဆုလျှောက်မယ့်ကျောင်းသားအားလုံးမှာ English Proficiency Test Score က မရှိမဖြစ်လို့ဆိုရင်မမှားပါဘူး။

အဲ့တော့ IELTS စာမေးပွဲသာဖြေဖို့ ပြင်ဆင်မယ်ဆိုရင် Intensive Foundation တက်ရပါမယ်။ ပြီးနောက် IELTS Preparation Course/self-practice လုပ်ရပါမယ်။ သည်နေရာမှာ ကိုယ်ဟာ IELTS အဆင့်သို့ မတက်လှမ်းမှီ ကိုယ့်ရဲ့ Readiness ကို အရင်ဆုံးသိအောင်လုပ်ရပါမယ်။ တစ်ချို့က Intermediate level ရှိမှ IELTS ကို စသင့်တယ်လို့ ဆိုကြပေမယ့် ကျနော်ကတော့ ဒီလို တိုင်းတာ စစ်ဆေးပါတယ်။

IELTS/ TOEFL မှာ Independent Essay တွေ ရေးရပါတယ်။ အဲ့ဒါတွေသင်ယူဖို့ ready ဖြစ်မဖြစ်ကို ဒီအဆင့်အတိုင်း ယှဉ်ကြည့်ပါ။

ကိုယ်ဟာ
1. Words တွေ သိပြီလား။ Parts of Speech တွေကို ကျွမ်းကျင်စွာ သုံးနိုင်တဲ့အဆင့်လား။ (ဒီအဆင့်မပိုင်ရင် IELTS ကို မျက်စတောင် မပစ်ပါနဲ့ဦး)

2. Phrase တွေကို မှန်မှန်ကန်ကန် သဒ္ဒါနည်းကျ သုံးနိုင်ပြီလား။ စကားလုံး တစ်ခုချင်းစီရဲ့နောက်မှာ ဆီလျှော်စွာ တွဲသုံးရတဲ့ collocation လေးတွေကိုရော သိရဲ့လား။ (ဒီအဆင့်မပိုင်ရင် ခြင်တောင်မရိုက်ပါနဲ့ 😁)

3. ဝါကျတိုတွေ ဝါကျပိုင်းတွေ Clauses လေးတွေ သေသေချာချာ မှန်မှန်ကန်ကန် တည်ဆောက်တတ်ပီလား။ Subject-Verb agreement လေးတွေ, tense အသုံးအနှုန်းလေးတွေ ပိုင်ပြီလား။ (ဒီအဆင့်ထိ မသေချာသေးရင် no ပါ။)

4. ဝါကျ အမျိုးအစားမျိုးစုံအောင်ရေးတတ်နိုင်ပြီလား။ Compound sentence တွေ၊ Complex sentence တွေ၊ Compound-Complex sentence တွေရေးတတ်ပြီလား။ Parallel structure မှန်အောင်ရေးနိုင်ရဲ့လား။ Sentence Pattern အမျိုးများစွာ ရေးနိုင်နေပီလား။ (ဒီအဆင့်ထိ မကျွမ်းကျင်သေးရင် IELTS ကို မစပါနဲ့ဦး။ သေချာရင်တော့ စလို့ရပါပီ)

5. Sentence အမျိုးအစားများစွာကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်နေပြီဆိုရင်တော့ သင်ဟာ စလို့ရပါပြီ။ ဒီအဆင့်မှာ စာကြောင်းတွေကို paragraph ဖြစ်လာအောင် ချိတ်ဆက်ရပါတော့မယ်။ Paragraph ရဲ့ သဘောသဘာဝနှင့် paragraph အမျိုးအစားများနှင့် လက္ခဏာများကို သင်ယူရပါမယ်။ Paragraph တစ်ခုအထဲမှာ sentence တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပုံကိုပါ သင်ယူရမှာပါ။

6. Paragraph တွေရေးတတ်ပြီဆိုရင်တော့ Paragraph တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုရှိအောင်၊ ဆီလျှော်အောင် ရေးတတ်အောင်သင်ရမှာပါ။ Paragraph တွေ ရေးတတ်နေရင်တော့ Essay Format တွေ သင်ယူပြီး ရေးသားလို့ရပါပြီ။

7. IELTS/ TOEFL writing test မှာ အမှတ်ကောင်းဖို့ ရည်ရွယ်ထားရင်တော့
paraphrasingလုပ်နည်း, thesis statement, the introduction, the summary & the conclusion ရေးနည်းတွေ အပြင် idea developmentလုပ်နည်းနှင့် organizing technique တွေပါ ဆက်လက်သင်ယူရမှာပါ။

အနှစ်ချုပ်။ ။
သင်ဟာ no.4 လောက်ထိ ကျွမ်းကျင်နေပြီးမှ IELTS ဘက်က်ိုစပါ။ မဟုတ်ရင် မစပါနဲ့။ အချိန်ကုန် ငွေကုန်ပြီး မထိရောက်နိုင်ပါ။
သင်ဟာ no.5 အဆင့်မှာ ထစ်နေရင်တော့ ဆရာသမားကောင်းကောင်းဆီ ချည်းကပ်ပါ။ သင်ယူပါ။ လေ့ကျင့်ပါ။ constructive feedback ရယူပါ။ အားနည်းချက်ကိုပြင်ပါ။

ပန်းတိုင်သို့ အမြန်ရောက်နိုင်ပါစေ 😍

မေတ္တာဖြင့်
Si Thu Phyo
Founder of Achievements to Contribution "A2C"
Achievements to Success

Listening နဲ့ Speaking ကို အိမ်မှာ ကိုယ်တိုင် self-study လုပ်ချင်သူတွေအတွက် တော်တော်လေးကောင်းတဲ့ website တစ်ခု 👇👇👇elllo ...
11/01/2022

Listening နဲ့ Speaking ကို အိမ်မှာ ကိုယ်တိုင် self-study လုပ်ချင်သူတွေအတွက် တော်တော်လေးကောင်းတဲ့ website တစ်ခု 👇👇👇

elllo (English Listening Lesson Library Online) လို့ခေါ်ပါတယ်။
အခမဲ့ free lesson တွေ ၂,၅၀၀ ကျော်ပါတယ်။
ပေးထားတဲ့ lesson တွေ topic တွေဟာ စိတ်ဝင်စားစရာတွေများပါတယ်။ တိုတိုလေးတွေမဟုတ်ဘူး။ တစ်နေ့ကို lesson တစ်ခု ကြေညက်အောင်လေ့လာမယ်ဆိုရင်တောင် ၈ လလောက် လေ့လာဖို့ ကုန်ကြမ်းတွေပေါ့။
native speaker ၂ ယောက်ပြောထားတာကို နားထောင်ရမယ်။ သူတို့ပြောတဲ့ dialogue ရဲ့ စာသား script ကိုလည်းပေးထားတော့ နားထောင်လိုက် ဖတ်လိုက် အခါခါပြန်လေ့ကျင့်နိုင်တယ်။ dialogue ထဲမှာပါတဲ့ expressions and idioms တွေကို နမူနာတွေနဲ့ သပ်သပ်ထပ်ပြီး ရှင်းပြထားတယ်။ Native speaker လေသံနဲ့ fluently ပြောတတ်ချင်သူတွေ headphone နားကြပ်လေးတပ်ပြီး အထပ်ထပ်အခါခါ လေ့လာပါတော့။
အောက်မှာပေးထားတဲ့ link ကို နှိပ်လိုက်ပြီး မြည်းစမ်းကြည့်ပါ။

http://www.elllo.org/

With thanks to original uploader ဆရာ စိုးသန်း 😍

Englishလေ့လာနေသူတွေနဲ့ အခုမှစပြီးလေ့လာမယ့်သူတွေအတွက်1. English Of The Dayမှာက Quizလေးတွေဖြေလို့ရပြီးတော့ အဖြေမှန်ရင် အစိ...
09/01/2022

Englishလေ့လာနေသူတွေနဲ့ အခုမှစပြီးလေ့လာမယ့်သူတွေအတွက်

1. English Of The Dayမှာက Quizလေးတွေဖြေလို့ရပြီးတော့ အဖြေမှန်ရင် အစိမ်းလေးတခါတည်းပြပါတယ် မှားသွားရင် ကြတ်ခြေခတ်ပြပြီး အပေါ်ထောင့်နားလေးက မီးလုံးပုံလေးကိုနှိပ်လိုက်ရင် ရှင်းပြချက်ပေါ်လာပါလိမ့်မယ်။
t.me/Englishoftheday

2. Reading Skillတက်လာအောင် စာဖတ်ချင်သူတို့အဖို့ အတော်အသုံးဝင်ပါတယ်
Elementary, Intermediateအစရှိသဖြင့်ခွဲပေးထားတယ်။ storyလေးတွေက တမျက်နှာ ၂မျက်နှာstoryလေးတွေပါ။
t.me/StoryPage

3. English Slangs ဗန်းစကားတွေလေ့လာချင်ရင် အသုံးဝင်ပါတယ်။ ရှင်းပြချင်နဲ့ Exampleလေးပါထည့်ပေးထားပါတယ်
t.me/SlangWords

4. Phrasal Verbsတွေက တကယ်အသုံးဝင်လို့ လေ့လာသင့်ပါတယ်။ Vocabတခုတည်းနဲ့ ပြီးမသွားပါဘူး။
t.me/PhrasalCards

5. Vocabularyတွေ နေ့တိုင်းတင်ပေးတာလေးတွေလိုက်မှတ်ရုံနဲ့လေ့လာဖြစ်အောင်ပါ
t.me/Vocabulix

6. Grammarသီးသန့်လေ့လာလို့ရမယ့်Videoတွေပါ
t.me/GrammarCards

7. Essential Grammar in Useစာအုပ်သင်ရိုးအတိုင်း ဆရာ Sithu Htetက မြန်မာလိုသင်ပေးတာမို့လို့ Elementaryကနေစပြီးလေ့လာမယ့်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်
t.me/EssentialEnglishGrammar

8. Idomတွေနေ့စဥ်လေ့လာသွားလို့ရမဲ့ Channelလေး
t.me/IdiomsLand

9. နောက်တခုက Espresso Englishပါ
Englsihစာလေ့လာနေတဲ့သူတိုင်းသဘောကျမဲ့ Channelလေးပါ Adminတော့ ဝင်ဖတ်ဖြစ်ပါတယ် ဝင်သာကြည့်လိုက်ပါတော့😉
t.me/EspressoEnglish

10. Movieတွေမှာ သုံးသွားတဲ့ Englishစကားပြောတွေကို Movieဖြတ်စလေးတွေကြည့်ရင်းEnglishစာလေ့လာလို့ရမယ့် Channel
t.me/EnglishGate

11. Lyricနဲ့သီချင်းနဲ့တွဲတင်ပေးလို့ သီချင်းနားထောင်ရင်း Englsihစာလေ့လာနိုင်မယ့်Channel
t.me/English_Songs_and_Lyrics

Photo Credit To Rightful Owner
(original uploader)

Sharing with love,

Achievements to Success

"နှစ်ဦး သင်တန်းအတွက် scholarship အစီအစဉ်" 💛💛သင်တန်းကြေးအခက်အခဲရှိသူ ၆ ဦး ဆက်သွယ်ပါ။လာမယ့် Monday (Jan 10) မှာ ဖွင့်မယ်...
07/01/2022

"နှစ်ဦး သင်တန်းအတွက် scholarship အစီအစဉ်" 💛💛

သင်တန်းကြေးအခက်အခဲရှိသူ ၆ ဦး ဆက်သွယ်ပါ။

လာမယ့် Monday (Jan 10) မှာ ဖွင့်မယ့် Grammar & Basic Writing& Speaking (Batch-3) တန်းခွဲအတွက်

100% scholarship 1 ဦး
70% scholarship 2 ဦး နှင့်
50% scholarship 3 ဦး ပေးပါမယ်။

📌ဒီအပတ် Sunday ည 7 နာရီ နောက်ဆုံးထားအပ်ပေးပါ။ မူရင်း သင်တန်းကြေးက (၁၅၀၀၀ ကျပ်) တည်းပါ။

*Elementary level အနည်းဆုံး ရှိရပါမယ်။

✅သင်တန်း (၃)ရက်ပျက်ပါက သင်တန်းမှ ထုတ်ပယ်ပါမည်။
✅အမှန်တကယ် တတ်လိုသူ၊ အမှန်တကယ် တက်နိုင်မည့်သူများသာ လျှောက်ပေးပါ။

တက်နိုင်မယ့်သူတွေက
(1) အမည်
(2) ပြည်နယ်/ တိုင်း အမည်
(3) ဖုန်းနံပါတ်
(4) လိုအပ်သည့် financial aid (%) က်ို ရေးပြီး

ယခု page ရဲ့ chat box က လာပြောပေးပါ။

ရွေးချယ်မည့် စံသတ်မှတ်ချက်များ 💚💚
- အမှန်တကယ် လိုအပ်သူ၊
- သင်တန်းပြီးဆုံးသည်ထိ တက်ရောက်နိုင်မယ့်သူ
- ယခု Post အောက်တွင် နှစ်သက်ရာ cmt မန့်သူ
- ယခု post ကို public တွင် share ထားသူ

ယခုသင်တန်းအား ပုံမှန်
Achievements to Contribution "A2C" page မှ သင်ကြားနေပါသည်။

https://www.facebook.com/1225392567506243/posts/5161698730542254/

Address

Yangon

Telephone

+959787179420

Website

Alerts

Be the first to know and let us send you an email when Achievements to Success posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Achievements to Success:

Shortcuts

Share