May Chelsea School of Excellence

May Chelsea School of Excellence

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Chelsea School of Excellence, Education, No. 7, 2nd Floor, Awaiyar Street, Hledan, Kamayut, Yangon.

May Chelsea School of Excellence is a unique training centre that facilitates effective corporate soft skills trainings, modern etiquette programs, as well as English Pronunciation courses for self-development - regardless of age and gender.

01/01/2026

𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟔!

Season’s Greetings and best wishes to everyone for a healthy, peaceful and prosperous New Year 2026! 🥰

To all my wonderful clients and training participants, thank you so much for your trust and kind support throughout the years 🙏

Wishing you a prosperous year 2026 full of success, new adventures, and good fortunes🍀

With best wishes,
𝐴𝑛𝑛𝑖𝑒 𝑁𝑖𝑙𝑎𝑟 𝑆𝑒𝑖𝑛
𝗠𝗮𝘆 𝗖𝗵𝗲𝗹𝘀𝗲𝗮 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗘𝘅𝗰𝗲𝗹𝗹𝗲𝗻𝗰𝗲

24/12/2025

Season’s Greetings!
Merry Christmas to all who are celebrating, and Happy Holidays everyone!🎄🥰🤩

27/11/2025

“𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞𝐬”

စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီ ကြီးငယ်များ၊ မိမိတို့၏ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန်အတွက်၊ မိမိတို့၏ဝန်ထမ်းများအား မွမ်းမံသင်တန်းများပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

မွမ်းမံသင်တန်းများပေးခြင်းဖြင့် မိမိတို့၏လုပ်ငန်းများသာမက၊ မိမိတို့၏ ဝန်ထမ်းများအတွက်လည်း များစွာအကျိုးရှိနိုင်ပါသည်။

သက်ဆိုင်ရာလုပ်ငန်း၊ ရာထူးနှင့်သက်ဆိုင်သည့် technical training လို သင်တန်းများအပြင်၊ professional environment ပရော်ဖက်ရှင်နယ်ဆန်သည့် (သက်ဆိုင်ရာ အလုပ်ကို အလုပ်နှင့်တူအောင်လုပ်သည့်) ပတ်ဝန်းကျင်ဖြစ်စေဘို့၊ မိမိတို့လုပ်ငန်း၏ပုံရိပ်ကို ဖော်ဆောင်ထိန်းသိနိုင်ဘို့၊ ရာထူးကြီးငယ်မရွေး၊ သက်ဆိုင်ရာ ရာထူးအလိုက် သင့်လျှော်သော soft skill သင်တန်းများလည်း လိုအပ်ပါသည်။

Soft skills သင်တန်းများတက်ရောက်ခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ -

☑️Professional & Respectful Workplace
☑️More effective communication
☑️Improved customer service
☑️Better Client & Stakeholder Relations
☑️Stronger leadership
☑️Improved teamwork, efficiency, and productivity
☑️Improved problem-solving
☑️Enhanced creative and critical thinking
☑️Higher employee retention
☑️Better sales approach အစရှိသည်တို့ဖြစ်ပါသည်။

၎င်းအပြင် မိမိဝန်ထမ်းများ လူအများနှင့် ပြောဆိုပေါင်းသင်းဆက်ဆံသည့်အခါ အဆင်ပြေချောမွေ့ခြင်း၊ ယဉ်ကျေးစွာ ပြောတတ်ဆိုတတ်ခြင်းနှင့် အမူအကျင့်ကောင်းများ (Good manners) ရှိခြင်း အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

May Chelsea School of Excellence မှ အောက်ပါ Soft Skill သင်တန်းအမျိုးမျိုးသင်ကြားပေးပါသည်။

♦️Corporate Grooming & Business Etiquette
♦️Mastering Effective Business Communication Skills
♦️Personality Development Program for Young Leaders
♦️Time Management & Productivity
♦️Personal Branding
♦️Effective Leadership Skills
♦️Customer Service Excellence
♦️Perfect Telephone Etiquette
♦️Fine Dining Etiquette
♦️My Fair Lady (ဂုဏ်ရှိန်မြင့်မား မိန်းမသား)
♦️Speak Real English (Pronunciation) Class
♦️Professional Business Presentation Skills
♦️Professional Master of Ceremonies
♦️Smart Executive Secretary
♦️Essential Basics of Human Resource Management

Corporate လုပ်ငန်းကြီးများ၊ ကုမ္ပဏီနှင့်လုပ်ငန်းကြီးငယ်များအတွက် သင်တန်းသားဦးရေအလိုက်၊ အထူးနှုန်း (Corporate Rate) ဖြင့် ဆောင်ရွက်ပေးပါသည်။

အချိန်မပေးနိုင်သည့် လုပ်ငန်းများအတွက် ထိရောက်မှုရှိသော“One Day Workshop” များလည်း သင်ကြားပေးပါသည်။

သိလိုသည့် အသေးစိတ်အချက်အလက်များကို Messenger (CB) မှဖြစ်စေ၊ ဖုန်း 095049871 / 095197056 / 09965049871 သို့ ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

တိုင်းသူပြည်သားများအားလုံး စမတ်ကျ၍ ကိုယ်ရည်ကိုယ်သွေးများ တောက်ပနိုင်ကြပါစေ🥰



20/10/2025

𝐇𝐚𝐩𝐩𝐲 𝐃𝐞𝐞𝐩𝐚𝐯𝐚𝐥𝐢!🪔🕯️🔥

𝑭𝒐𝒓 𝒕𝒉𝒐𝒔𝒆 𝒘𝒉𝒐 𝒂𝒓𝒆 𝒄𝒆𝒍𝒆𝒃𝒓𝒂𝒕𝒊𝒏𝒈, 𝒎𝒂𝒚 𝒕𝒉𝒊𝒔 𝒂𝒖𝒔𝒑𝒊𝒄𝒊𝒐𝒖𝒔 𝒐𝒄𝒄𝒂𝒔𝒊𝒐𝒏 𝒃𝒓𝒊𝒈𝒉𝒕𝒆𝒏 𝒖𝒑 𝒚𝒐𝒖𝒓 𝒍𝒊𝒇𝒆 𝒘𝒊𝒕𝒉 𝒉𝒆𝒂𝒍𝒕𝒉, 𝒘𝒆𝒂𝒍𝒕𝒉 𝒂𝒏𝒅 𝒉𝒂𝒑𝒑𝒊𝒏𝒆𝒔𝒔!🥰

06/10/2025

💥𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 𝟐𝟎𝟐𝟓💥🏮🕯️

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်
သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့မှာ
မြန်မာပြည်သူ ပြည်သားများ အားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 🙏
စီးပွါးဥစ္စာ ဒီရေအလားတိုးပွါးကြပါစေ🙏

29/09/2025

✨🌟𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐝𝐞𝐫𝐬✨🌟
💥“သီတင်းကျွတ်ကျောင်းပိတ်ရက်သင်တန်း”💥

ဤ Personality Development Program for Young Leaders သင်တန်းတွင် မိမိတို့၏ သားငယ် သမီးငယ်များအား ငယ်စဉ်ကတည်းမှစ၍ ဘဝတလျှောက်လုံးအတွက် အရေးကြီးသည့် အကြောင်းအရာများဖြစ်သည့် -

🎯စည်းကမ်းရှိစေရန်
🎯အခြေခံ လူ့ကျင့်ဝတ်နှင့်လောကဝတ်များ သိရှိစေရန်
🎯ကိုယ်ကျင့်တရား ကောင်းမွန်စေရန်
🎯စာရိတ္တ ကောင်းမွန်စေရန်
🎯ကိုယ်ချင်းစာတရားနှင့် စာနာစိတ် ထားတတ်စေရန်
🎯အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်ပိုင်းခြား သိမြင်တတ်စေရန်
🎯လူအများနှင့် လိုက်လျှောညီထွေစွာ နေထိုင် ပြောဆို ပေါင်းသင်းတတ်ရန်
🎯သူ့နေရာနှင့်သူ လိုက်လျှောညီထွေ၊ သင့်တင့်လျှောက်ပတ်စွာ ဝတ်စားဆင်ယင်တတ်၍ နေထိုင်စားသောက်တတ်စေရန်
🎯လူမှုဆက်ဆံရေး ကောင်းမွန်စေရန်
🎯အချိန်ကို လေးစား တန်ဘိုးထားတတ်စေရန်
🎯မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ဖြင့် ကိုယ်ရည်ကိုယ်သွေး တောက်ပစေရန် …
အတန်းကျောင်းစာများတွင် ထည့်သွင်းသင်ကြားလေ့မရှိသည့် ဆောင်ရန်ရှောင်ရန်များ၊ ဗဟုသုတများစွာကို awareness ရှိစေရန် စနစ်တကျမျှဝေ သင်ကြားပေးမည်ဖြစ်ပါသည်။

လူငယ်လူရွယ် သားငယ်သမီးငယ်များ အတန်းကျောင်းစာများမှာသာ တော်ရုံမကဘဲ၊ အပြင်ပန်းအမြင် (appearance) လည်း smart ဖြစ်၊ အတွင်းပိုင်းမှလည်း (inside-out) မှန်ကန်သော စိတ်နေသဘောထား၊ အပြောအဆို၊ အပြုအမူ၊ အမူအကျင့်ကောင်းများဖြင့် စိတ်ထားတတ်စေရန်နှင့် စာရိတ္တများကောင်းမွန်စေရန်၊ လူမှုဆက်ဆံရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဆောင်ရန်ရှောင်ရန် အသိတရားများ (awareness) ရှိစေရန် နှင့် လူတော်လူကောင်းများဖြစ်စေရန် သင်ကြားပေးမည့် Modern Etiquette သင်တန်းဖြစ်ပါသည်။

✅သင်တန်းတက်သင့်သူများ

အသက် ၁၂နှစ် မှ ၂၀နှစ် အတွင်း - လူငယ်လူရွယ်လေးများ ကျောင်းမှာဖြစ်စေ၊ မိမိ၏ကိုယ်ပိုင်အချိန်များတွင် သူငယ်ချင်းများနှင့် ပြောဆိုဆက်ဆံသည့် လူမှုဆက်ဆံရေးနယ်ပယ် social life မှာဖြစ်စေ၊ မိမိကိုယ်ကိုမိမိ ယုံကြည်မှု (Self-confidence) အပြည့်နှင့် ကိုယ်ရည်ကိုယ်‌သွေး (Personality) တောက်ပသော၊ စမတ် (Smart) ကျသည့် လူတော်လူကောင်းလေး တယောက်ဖြစ်စေရန်၊ လူအများနှင့် ပြောဆိုပေါင်းသင်းဆက်ဆံ communicate လုပ်သည့်အခါ အဆင်ပြေချောမွေ့စေရန်၊ ဤ Personality Development Program သင်တန်းမှ သင်ကြားပေးမည်ဖြစ်ပါသည်။

နိုင်ငံခြားသွား၍ ကျောင်းတက်ရန် ရည်ရွယ်ထားသူများသာမက၊ အလည်အပတ်သွားမည့်သူများလည်း တက်ရန် အထူးသင့်တော်ပါသည်။

ဘယ်နေရာ ဘယ်နိုင်ငံဘဲရောက်ရောက် လူအများနှင့်ပေါင်းသင်းဆက်ဆံပြောဆိုသည့်အခါတွင် အဆင်ပြေချောမွေ့စေရန်၊ အတန်းကျောင်းများတွင် ပါဝင်သင်ကြားလေ့မရှိသည့် ဘာသာရပ်များကို စိတ်ဝင်စားဘွယ် သင်ကြားပေးမည်ဖြစ်ပါသည်။

❕ မှတ်ချက် - ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါ။
“ကျား၊ မ မရွေး” တက်ရောက်နိုင်ပါသည်။

သင်ကြားမည့် Presentation slides များမှာ English လိုဖြစ်ပြီး၊ မြန်မာလိုရော အင်္ဂလိပ်လိုပါ ပြော၍ သင်ကြားပါမည်။

✅Course contents (သင်တန်းတွင်ပါဝင်မည့် အကြောင်းအရာတချို့) …

♦️Essential Good Manners & Etiquette
(မရှိမဖြစ်လိုအပ်သော အမူအကျင့်ကောင်းများနှင့် လူ့ကျင့်ဝတ်များ)

♦️The 8 Keys of Excellence
(ထူးချွန်စွာအောင်မြင်ခြင်း၏ သော့ချက် ၈ ခု)

♦️First Impression
(ပထမဆုံး အထင်အမြင်)

♦️Image Management
(မိမိပုံရိပ်ကို ထိန်းသိမ်းစောင့်ရှောက်မှု)

♦️Personal Hygiene
(တကိုယ်ရည်သန့်ရှင်းခြင်း)

♦️Children & Teenager Health
(ကလေးနှင့်လူငယ်များ ကျန်းမာရေး)

♦️Dress & Outfit Management
(အဝတ်အစား မှန်ကန်စွာရွေးချယ်ဝတ်ဆင်ခြင်း)

♦️Deportment (Poise, Posture & Body Language)
(ကိုယ်နေဟန် နှင့် ကိုယ်နှုတ်အမူအရာ)

♦️Social Graces
(လူမှုဆက်ဆံရေး)

♦️Time Management & Self-Discipline
(အချိန်ကို အကျိုးရှိစွာ အသုံးချခြင်း)

♦️Advanced Dining & Table Manners
(ထမင်းစားပွဲ ကျင့်ဝတ်များ)

စိတ်ဝင်စားစရာ၊ ပျော်စရာ interactive session တခုဖြစ်ပြီး၊ Exercises, Quizzes, Video များလည်း ပါဝင်မည်ဖြစ်ပါသည်။

✅သင်တန်းဖွင့်မည့် နေ့ရက်နှင့်အချိန်
=====================
📅𝗗𝗮𝘁𝗲: 8th to 11th October 2025

⏰𝗧𝗶𝗺𝗲: 9.00 a.m. to 12.00 noon

📆 𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻: 4 days (12 Learning-hours)

🏫 𝗩𝗲𝗻𝘂𝗲: သင်တန်း တည်နေရာ -
အမှတ် ၇၊ ဒုတိယထပ်
အဝေရာလမ်း (ရှောက်ပင်ခြံ)
လှည်းတန်း
ကမာရွတ်မြို့နယ်၊ ရန်ကုန်။
(အထက ၅ ကမာရွတ်၊ မျက်နှာချင်းဆိုင်လမ်း၊
တာလီရွှေဆိုင်အနောက် တလမ်းကျော်၊
ဇီဝက ဆေးခန်းအပေါ်ထပ်)

💰သင်တန်းကြေး - Kyats 120,000 (သင်ခန်းစာ စာရွက်များ အပြီးအစီး)

☕Coffee/Tea Break & Snacks ပါဝင်ပါမည်။

📥သင်တန်းအပ်ရန် (𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻) -
https://forms.gle/djHzCQX6hdkducMV6 Link တွင် စာရင်းပေးသွင်းပါရန်။

💢လူဦးရေ ကန့်သတ်ထားပါသည်။

🏆သင်တန်းပြီးဆုံးလျှင်၊ သင်တန်းပြီးမြောက်ခြင်း "Certificate of Completion" ပေးအပ်ပါမည်။

သင်တန်းတက်လိုသော်လည်း ဖော်ပြပါနေ့ရက်နှင့်အချိန် မကိုက်သူများ၊ အဖွဲ့လိုက် သီးသန့်သင်တန်းတက်လိုသူများ၊ မိမိတို့တက်ရောက်လိုသော နေ့ရက်နှင့်အချိန်ကို Customized class များလည်း သင်ကြားပေးသလို၊ Private school များအတွက် short course များလည်း on-campus လာရောက်သင်ကြားပေးပါသည်။

အသေးစိတ်အချက်အလက်များ၊ ငွေသွင်းရန် အချက်အလက်များကို Messenger (CB) မှဖြစ်စေ၊ ဖုန်း 095049871 / 095197056/ 09965049871 သို့ဖြစ်စေ၊ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

တိုင်းသူပြည်သားများအားလုံး စမတ်ကျ၍ ကိုယ်ရည်ကိုယ်သွေးများ တောက်ပနိုင်ကြပါစေ🥰

𝑾𝒊𝒕𝒉 𝒎𝒚𝒊𝒕𝒕𝒂,
𝗠𝗮𝘆 𝗖𝗵𝗲𝗹𝘀𝗲𝗮 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗘𝘅𝗰𝗲𝗹𝗹𝗲𝗻𝗰𝗲

15/09/2025

𝐓𝐚𝐛𝐥𝐞 𝐌𝐚𝐧𝐧𝐞𝐫𝐬, 𝐃𝐢𝐧𝐢𝐧𝐠 𝐄𝐭𝐢𝐪𝐮𝐞𝐭𝐭𝐞 နှင့် ထမင်းစားပွဲကျင့်ဝတ် 🍽️
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

‌အစားအသောက်စားတဲ့အခါ ဇွန်းနဲ့ခက်ရင်း၊ ဒါမှမဟုတ် ဓားနဲ့ခက်ရင်းနဲ့ hotel တက်စားမှ အခြေခံထမင်းစားပွဲကျင့်ဝတ် (table manners, dining etiquette) ဆိုတာ ရှိတာမဟုတ်ပါဘူး။

နေ့စဉ် လက်နဲ့စားရင်လည်း ထမင်းစားပွဲကျင့်ဝတ်ဆိုတာရှိတာပါဘဲ။

တကယ်တန်းတော့ ဒီကျင့်ဝတ်တွေကို လူကြီးမိဘအများစုက သားသမီးတွေကို ငယ်စဉ်ကတည်းက ထမင်းဝိုင်းမှာ သင်ပေးခဲ့ကြလို့ရှိခဲ့တာပါ။

အခုအချိန်ထိလည်း ဒီအခြေခံထမင်းစားပွဲကျင့်ဝတ် (table manners, dining etiquette) တွေကို ကမ္ဘာနဲ့အဝှမ်း နိုင်ငံအများစုက တူညီစွာ လက်ခံကျင့်သုံးနေကြဆဲဖြစ်ပါတယ်။

အစားအသောက်စားတဲ့အခါ လက်နဲ့ဘဲစားစား၊ ဇွန်းနဲ့ဘဲစားစား၊ ဘာနဲ့ဘဲစားစား -

⛔️ ပါးစပ်က အသံမြည်အောင် မစားရ
⛔️ ပလပ် ပလပ် မြည်အောင် မစားရ
⛔️ ဟင်းရည်ကို ရှလွတ်ရှလွတ်မြည်အောင် မသောက်ရ
⛔️ ပူတဲ့ သောက်စရာ အရည်တွေကိုလည်း ဖလူးဖလူးနဲ့ အသံအကျယ်ကြီး မမှုတ်ရ
⛔️ ပါးစပ်ကို အကျယ်ကြီးဟပြီး စားစရာကို မဆန့်မပြဲ ပလုတ်ပလောင်း အလုတ်အကြီးကြီး မစားရ
⛔️ ပါးစပ်နဲ့ ဆန့်နိုင်ရုံ အလုတ်သာ စားရန်
⛔️ လျှာထုတ်ပြီး မစားရ
⛔️ လက်မှာ ထမင်းစေ့တွေ ပေကျံအောင် မစားရ
⛔️ လက်မှာ ပေကျံနေတဲ့ ထမင်း ဟင်းတွေကိုလည်း လျှာဖြင့် မလျှက်ရ၊ လက် မစုတ်ရ
⛔️ ထမင်းစားနေတဲ့ လက်အပေနဲ့ ဟင်းခပ်ဇွန်းကို မကိုင်ရ၊
⛔️ ဟင်းပန်းကန်ထဲကို လက်ဖြင့်မနှိုက်ရ
⛔️ ပါးစပ်ထဲမှာ အစားတွေအပြည့်နဲ့ စကားမပြောရ
⛔️ အစားအစာကို ပါးစပ်ပိတ်ပြီး ဝါးစားရန်
⛔️ ဝါးတဲ့အခါလည်း အစာကြေအောင် ညက်ညက်ဝါးပြီးမှ မျိုချရန်

အစရှိသဖြင့် ထမင်းကို သပ်သပ်ယပ်ယပ် အဆင့်အတန်းရှိရှိ စည်းကမ်းတကျ စားတတ်ရန် ငယ်စဉ်ကတည်းက သင်ကြားခဲ့ကြရပါတယ်။

ထမင်းစားပွဲမှာ မလိုအပ်ဘဲ -

❎ စကားတွေအများကြီးမပြောရ
❎ ချွဲသလိပ် မခတ်ရ
❎ မေးမထောက်ရ
❎ တံတောင်ဆစ်မထောက်ရ
❎ ခြေဆင်းပြီး (ခြေထောက်ကြီးဆန့်ပြီး) မစားရ
❎ ဒူးထောင်ပေါင်ထောင်မစားရ၊ ဆိုတာတွေလည်း သင်ခဲ့ရပါသေးတယ်။

ဒါ့အပြင် -

✅ ထမင်း စစားရင် လူကြီးမိဘ၊ ကြီးသူကို အရင်ဦးချစားရန်
✅ ဧည့်သည်ပါလျှင် ဦးစားပေးပြီး အရင်ထည့်ပေးရန်
✅ ထမင်း ဟင်းကို ကုန်နိုင်ရုံသာ ထည့်စားရန်
✅ ထည့်ထားတာများနေတယ်၊ မကုန်နိုင်ဘူးထင်ရင် အရင်အသန့်ဖယ်ပြီး ပြန်ထည့်ရန်များလည်း သင်ကြားခဲ့ကြပါသည်။

ထမင်းကို သပ်သပ်ယပ်ယပ်စားတတ်ဖို့နဲ့ မလိုအပ်ဘဲ ပါးစပ်က စားနေတဲ့အသံတွေ၊ ဇွန်းသံ ပန်းကန်သံတွေ မမြည်အောင် ငယ်စဉ်ကတည်းက သင်ခဲ့ရပါတယ်။

အခုအချိန်ကြည့်လိုက်ရင် တချို့သူတွေ ဒီအခြေခံအချက်တွေ မသင်ကြားခဲ့ရတာများလား … လူကြီးသူမတွေရဲ့ ဆိုဆုံးမမှု အားနည်းခဲ့တာများလားဘဲ။

အခု Food Blogger ဆိုသူတွေ၊ အနုပညာသည်ဆိုသူတချို့၊ social media မှာ ဝင်ငွေကောင်းအောင်၊ စားစရာတွေကို လင်ဗန်း၊ စကောကြီးတွေထဲထည့်ပြီး လိုတာထက်ပိုပြီး အမျိုးစုံ ပလုတ်ပလောင်း သွားဖြဲနားဖြဲ စားပြသူတွေ၊ တောင်ကိုရီးယားနိုင်ငံကစခဲ့တဲ့ တမင်အသံမြည်အောင်စားပြတဲ့ Mukbang စားပြသူတွေရဲ့ အမူအကျင့်တွေကို လူငယ်တွေ အတုခိုးမှားလာကြတယ်လို့ မြင်ပါတယ်။

လူတယောက်ရဲ့ အဆင့်အတန်းကို ထမင်းစားပွဲထိုင်လိုက်တာနဲ့ ဇွန်းနဲ့ခက်ရင်း ကိုင်တွယ်ပုံ၊ အစားအသောက်စားပုံ၊ လက်သုပ်ပဝါကိုင်တွယ်ပုံ၊ အစရှိတာတွေကို ကြည့်လိုက်တာနဲ့တင် သိသာပါတယ်။

တချို့နေရာတွေမှာ လူ့အဆင့်အတန်းဆိုတာ ပိုက်ဆံချမ်းသာတာ မချမ်းသာတာနဲ့ မဆိုင်ပါဘူး။
အပေါ်မှာပြောခဲ့တဲ့ အခြေခံအပြုအမူတွေကလည်း သူ့ရဲ့ တကယ့်လူနေမှုအဆင့်အတန်း၊ အကျင့်စရိုက်ကို ဖော်ပြနေပါတယ်။

တော်တော်များများက table manners နဲ့ dining etiquette (ထမင်းစားပွဲကျင့်ဝတ်) ဆိုတာ အပိုအလုပ်တွေ၊ ဟိတ်ဟန်များတာ၊ အလကားဟန်ဆောင်တဲ့အလုပ်တွေလို့ ထင်မှတ်မှား တတ်ကြပါတယ်။

ဘယ်နေရာမှာဘဲစားစား လူတယောက်ဟာ သူနေ့စဉ်စားသောက်နေကျအကျင့်အတိုင်း အကျင့်ပါပြီး အရေးကြီးတဲ့ပွဲတွေ၊ လူအများရှေ့မှာတောင် သတိမထားမိတော့ဘဲ ပြုမူစားသောက်တတ်ပါတယ်။

“Who cares? I just want to enjoy my food” - ဘယ်သူ့မှဂရုစိုက်စရာမလိုဘူး၊ ကိုယ့်အစားအသောက် ကိုယ့်စိတ်ကြိုက် စိတ်လွတ်ကိုယ်လွတ် စိတ်ထဲရှိသလို စားမှာဘဲ” ဆိုတဲ့သူတွေအတွက်တော့ ရပါတယ်၊ it’s your choice, it's up to you ပါ - အရာရာတိုင်း၊ ကိစ္စတိုင်းဟာ မိမိရဲ့သဘော မိမိရဲ့ရွေးချယ်မှုသာဖြစ်ပါတယ်။ သူတပါးကဲ့ရဲ့ခဲ့ရင်သာ ခံနိုင်ရည်ရှိဘို့ဘဲလိုပါတယ်။

တကယ်တန်းတော့ အပေါ်မှာပြောခဲ့တဲ့ အချက်ကလေးတွေကို လိုက်နာကျင့်သုံးပြီး စားသောက်ရင်၊ ကိုယ့်ဖာသာကိုယ် ပိုပြီးယုံကြည်မှုရှိရှိနဲ့ အစားအသောက်တွေကို enjoy လုပ်လို့ရပါတယ်။

အဖက်ဖက်က လိုအပ်နေတဲ့ ကိုယ့်လူမျိုးတွေ သူတပါးကဲ့ရဲ့စရာဖြစ်မှာ မလိုလားတဲ့အတွက်၊ မသိသေးတဲ့သူများ ဆောင်ရန်ရှောင်ရန် (awareness ရှိစေဘို့) သတိထားနိုင်အောင်နဲ့၊ မေ့နေတဲ့သူတွေအတွက်ပါ reminder လေး ရေးသားလိုက်ရပါတယ်။

“Good manners will open doors that the best education cannot” ~ Clarence Thomas
အမူအကျင့်ကောင်းတွေဟာ အကောင်းဆုံးအတန်းပညာရေးကတောင် မလုပ်ပေးနိုင်တဲ့ အခွင့်အလမ်းတံခါးတွေကို ဖွင့်ပေးနိုင်ပါတယ်။

မေတ္တာဖြင့်၊
Annie Nilar Sein
15 September 2025

26/08/2025

“After the rain, always a rainbow!”🌈

23/08/2025

🍂နာမကျန်းသူ၊ ကွယ်လွန်သူနဲ့ လူ့ကျင့်ဝတ်🍂
==================================

Online ပေါ်မှာ မကြာခဏတွေ့နေရတဲ့ လုပ်ရပ်တခု အမြင်မတော်လို့ ပြောချင်ပါတယ်။

• နေထိုင်မကောင်းဖြစ်နေလို့ စကားတောင်မပြောနိုင်ဘဲ အိပ်ရာပေါ်မှာလဲနေသူ၊
• မချိမဆန့် ရောဂါဝေဒနာခံစားနေရလို့ ပိုက်တန်းလန်း၊ စက်ကိရိယာမျိုးစုံနဲ့ ဆေးရုံကုတင်ပေါ်မှာ လဲနေသူ၊
• ရောဂါဝေဒနာဖိစီးပြီး ကွယ်လွန်ခါနီးမို့ ခက်ခက်ခဲခဲအသက်ရှူပြီး အသက်ထွက်ခါနီး ခံစားနေရသူ၊
အစရှိသဖြင့် သူတပါး နာမကျန်းဖြစ်ပြီး ရောဂါဝေဒနာခံစားနေရပုံတွေကို social media ပေါ်မှာ ဓာတ်ပုံတွေ၊ video တွေတင်ပြီး လူတကာမြင်အောင် မျှဝေခြင်းဟာ တကယ်တော့ ကိုယ်ချင်းစာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်တခုလို့မြင်ပါတယ်။

လူတဖက်သားအပေါ်မှာ -
• စောင့်စည်းအပ်တဲ့ အခြေခံလူ့ကျင့်ဝတ်မစောင့်စည်းတာ
• လေးစားသမှု (Respect) မရှိတာ
• ကိုယ်ချင်းစာနာစိတ်မရှိတာ
• အားနာစိတ်မရှိတာ လို့ဘဲမြင်ပါတယ်။

အထူးသဖြင့် ကိုယ်ချစ်ခင်ရပါတယ်ဆိုတဲ့ မိသားစုဝင် တဦးဦး (အဖိုးအဖွား၊ မိဘ) ပုံတွေကိုတင်ရင် ပိုပြီး အံ့ဩမိပါတယ်။

လူတဖက်သားရဲ့ တန်ဘိုးထက်၊ မိမိရဲ့ Post ကို react ရရေး၊ attention ရရေးကိုသာ ဦးစားပေး၊ စိတ်ဝင်စားကြပြီး ရှေ့တန်းတင်နေကြတယ်လို့ မြင်ပါတယ်။

ကိုယ်ချင်းစာကြည့်ကြပါ။

ဘယ်လောက်ဘဲ ချောမောလှပနေတဲ့သူဘဲဖြစ်နေပါစေ။ နေထိုင်မကောင်းဖြစ်ပြီး အိပ်ရာပေါ်လဲ၊ ဝေဒနာတွေဖိစီးနေမှတော့ ဘယ်သူမှ ကျက်သရေရှိပြီး ကြည့်ပျော်ရှုပျော် လှလှပပဖြစ်နေကြမှာမဟုတ်ပါ။ အနည်းဆုံး ခေါင်းမဖြီး၊ မျက်နှာပြောင်အဆီပြန်နဲ့ မရွှင်မပျမျက်နှာတွေ ဖြစ်နေကြမှာပါ။

ဆွေမျိုးမိတ်ဆွေတွေကို သိစေချင်လို့ တင်တာဆိုရင်လည်း၊ တခြားနည်းနဲ့ အသိပေးသင့်ပါတယ်။

ကိုယ်သာ သူ့နေရာမှာဆိုရင်ရော ဘယ်လိုနေမလဲ?

ဘယ်သူမှကြိုက်မယ် မထင်ပါ။ ကိုယ်သာ သူ့နေရာမှာဆိုရင် အဲ့လိုပုံတွေတင်ခံနေရတာ ကြိုက်ပါ့မလားဆိုတဲ့ ကိုယ်ချင်းစာစိတ်၊ စာနာစိတ်လေးများ ထားကြပါ။

ကိုယ်ကိုယ်တိုင် နည်းနည်းပါးပါးခေါင်းကိုက်တာလေးလောက်ဖြစ်ပြီး အခိုက်အတန့် နေမကောင်းတဲ့အချိန်မျိုးလေးမှာတောင် သူတပါးက ကိုယ့်ကို ဓာတ်ပုံ၊ Video လာရိုက်ဖို့မပြောနဲ့။ အဲ့ဒီအချိန်မှာ ဧည့်သည်လာတောင် ကြိုက်ကြလို့လား?

အမျိုးသမီးတွေ မျက်နှာမလိမ်း၊ ခေါင်းမဖြီး၊ အိမ်မှာနေရင်း အင်္ကျီအနွမ်းနဲ့ ရုတ်တရက် မပြောမဆို ဧည့်သည်ရောက်လာရင်ရော ကြိုက်ကြပါသလား? အတွေ့ခံချင်ကြပါသလား? စိတ်ထဲမှာတော့ ရုတ်တရက် မသက်မသာဖြစ်သွားတဲ့သူတွေက များမှာပါ။

အဲ့လိုအခြေအနေမျိုးမှာ အိမ်ကို delivery လာရင်တောင် ထွက်မယူချင်ကြဘူး မဟုတ်ပါလား?

တခြားမကြည့်ပါနဲ့။

ဖုန်းပြောနေရင်း Video call ပြောင်းလိုက်ရအောင်လို့ တဖက်ကပြောလာရင် အနည်းဆုံး မှန်အရင်ပြေးကြည့်၊ ဆံပင်သပ်ကြမည့်သူတွေက များပါတယ်။

ပြာပြာသလဲနဲ့ “Video ဖွင့်ဘို့ အဆင်မပြေဘူး” လို့ အလန့်တကြားပြောတဲ့သူကလည်းအများစုပါ။

Zoom လို Video Conferencing လုပ်တဲ့အခါဆိုလည်း၊ လူတိုင်းနီးပါး Video screen လေးတကွက်မှာ ပေါ်နေတဲ့ ကိုယ့်ရဲ့မျက်နှာလေးကိုတော့ အဆင်ပြေပြေ လှလှပပဖြစ်ချင်တဲ့ သူတွေချည်ပါဘဲ။ အနည်းဆုံး နှုတ်ခမ်းနီလေးအပြေးအလွှား ခိုးဆိုးပြီးမှ video camera ဖွင့်ချင်ကြပါတယ်။

ဒါတင်ဘယ်ကမလဲ။ တဆက်ထဲ စကားကြုံလို့ပြောရရင် …

လူတွေ အထူးသဖြင့် အမျိုးသမီးအများစု … social media မှာ အကြောင်းမျိုးစုံကြောင့် Live လွှင့်ကြတဲ့အခါ၊ phone screen ထဲကို comments တွေဖတ်သလိုနဲ့ phone camera ကြီးထဲကို ကိုယ့်ဖာသာကိုယ် မှန်အခါခါပြန်ကြည့်ကြရတာ အမောပါဘဲ။ မျက်နှာကို မသိမသာနဲ့ ဘယ်စောင်းလိုက် ညာစောင်းလိုက် … မျက်ခုံးပင့်လိုက် မျက်စပစ်လိုက် နှုတ်ခမ်းစူလိုက်နဲ့။

တကိုယ်လုံးပေါ်နေရင်လည်း ကိုယ်လုံးကို ဘယ်စောင်းလိုက် ညာစောင်းလိုက် တင်ပါးအနောက်ပိုင်းကိုကြည့်လိုက်နဲ့ သူတို့ကိုယ်လုံးလှမလှကို angle ပေါင်းစုံက မသိမသာ ခိုးခိုးကြည့်ရတာ အမော။ လက်ကလည်း ဆံပင်တွေကိုင်လိုက် သပ်လိုက်ရတာလည်း မနားတမ်းပါဘဲ။ ဒီလိုအပြုအမူတွေကို သူတို့ကိုယ်တိုင် သိချင်မှသိပါလိမ့်မယ်။ ဒါပေမဲ့ အပြင်ကကြည့်နေတဲ့ viewer တွေအနေနဲ့ အရမ်းကိုသိသာနေပါတယ်။

ဒီလိုတွေဘာကြောင့်လုပ်ကြတာလဲဆိုတော့ အများစုက ကိုယ့်ရုပ်ကိုယ့်မျက်နှာကို online မှာ မလှကြမှာ အရမ်းစိုးရိမ်ကြပါတယ်။ မိမိရဲ့မျက်နှာအနေအထား သူများရှေ့မှာ မလှမပဖြစ်နေမှာ အရမ်းကြောက်ကြပါတယ်။ ဒါကြောင့် တချို့ effect တွေလည်း သုံးကြပါတယ်။

ဘယ်တော့မဆို ပုံတင်တဲ့အခါတိုင်းလည်း ကိုယ်လှတဲ့ပုံကိုဘဲ ရွေးတင်ကြတာ အားလုံးအသိပါ။

ဒါကြောင့် ပြောချင်တာက ကိုယ်တောင် ဒီလောက်ဖြစ်နေတာ … ကိုယ်ချင်းစာကြပါ။ Respect ရှိကြပါ။ အသက်ကြီးနေတဲ့ အဖိုးအဖွား၊ မိဘ၊ လူကြီးတွေမို့လို့ ကိစ္စမရှိပါဘူးလို့ မထင်ပါနဲ့။ သိများသိရင် ဘယ်စိတ်ကောင်းပါ့မလဲ။ သနားပါတယ်။

နာမည်ကြီး လူသိများတဲ့သူတွေ တခုခုဖြစ်ရင် ပိုတောင်ဆိုးပါသေးတယ်။

နာမည်ကြီးသူ၊ လူသိများသူတယောက် နာမကျန်းဖြစ်ရင်ကို media တွေအတွက် အရသာရှိတဲ့ သတင်းတပုဒ်ဖြစ်ပြီ။

ကရုဏာနဲ့သတင်းသွားမေးသလိုနဲ့ အပြေးအလွှား သူ့ထက်ငါ video ရိုက် သတင်းယူကြပြီ။

ကွယ်လွန်သွားပြီဆိုရင်တော့ ပြီးရောဘဲ။ သတင်း media လို့အမည်ခံထားတဲ့ အဖွဲ့အစည်းနဲ့ Page တွေတွက် ပွဲတော်အလားပါဘဲ။

သွားလေသူရဲ့ ပူပူနွေးနွေးကွယ်လွန်ချိန်ကပုံတွေ၊ နာရေးပုံတွေ၊ မိသားစုဝင်တွေ ပူဆွေး သောကရောက်ပြီး ငိုကြွေးနေတဲ့ ဓာတ်ပုံတွေ၊ video တွေကို သူ့ထက်ငါ ဦးအောင်သတင်းသွားယူပြီး အလုအယက် အပြိုင်အဆိုင်တင်နေကြတာ တော်တော်လေးစိတ်ပျက်စရာကောင်းပါတယ်။

ဒီထက်ဆိုးတာ ရုပ်အလောင်းရဲ့မျက်နှာရော ငိုနေသူတွေရဲ့မျက်နှာတွေကိုပါ အားမနာ လျှာမကျိုး ထောင့်ပေါင်းစုံက အနီးကပ်ရော၊ Zoom ရော ဆွဲပြီးပါ ရိုက်ကြတာ အံ့ဩမဆုံးပါ။

ကိုယ်ချစ်ခင်ရတဲ့သူ သေဆုံးသွားပြီဆိုမှတော့ စိတ်ဆင်းရဲပြီး မငိုတဲ့သူရှိပါ့မလား?

နာမည်ကြီးဆရာတော်ကြီးတွေ ပျံလွန်တော်မူပြီဆိုရင်လည်း ပုံတွေကို အပြိုင်အဆိုင် အနီးကပ်ရော ရှုထောင့်အမျိုးမျိုးက မရိုးနိုင်အောင် ၇ရက်၇လီ တင်နေကြတော့တာပါဘဲ။

တခြားနိုင်ငံတွေက နာမည်ကြီးတွေ အဲ့လိုအချိန်ကပုံတွေတင်တာ မတွေ့ရသလောက်ပါဘဲ။

အခေါင်းဖွင့်ပြီး မျက်နှာကို အနီးကပ်ရိုက်ပြတာလည်း တခါမှမတွေ့ဘူးပါ။

နိုင်ငံတော်တော်များများ အဲ့လိုပုံတွေကို Social Media မှာ တင်ကြတာ အင်မတန်ကို နည်းပါတယ်။
လူ့ကျင့်ဝတ် စောင့်ထိန်းကြပါတယ်။

တင်ရင်လည်း အသက်ရှင်စဉ်က လှလှပပပုံတွေနဲ့ဘဲ ပြန်တင်ကြပါတယ်။

ဝမ်းနည်းပူဆွေးနေချိန်မှာ media တွေ၊ အပြင်လူတွေ မလိုလားအပ်ဘဲ လာစပ်စုတာ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ မိသားစုဝင်တွေက “Please respect our family's privacy during this very difficult transition time. Thank you all so much.” လိုမျိုး ကြိုရေးလေ့ရှိကြပါတယ်။

ဒီနိုင်ငံမှာတော့ နာမကျန်းသူကို သတင်းသွားမေးသူကအစ မိသားစုဝင်တွေအဆုံး ကုတင်ဘေးမှာဝိုင်းရပ်ကြပြီး၊ social media မှာ အားရပါးရ၊ ပယ်ပယ်နယ်နယ် ပုံတွေတင်နေတာတွေ့တိုင်း ကာယံကံရှင်တဖက်သားအတွက် စိတ်မကောင်းဖြစ်မိပါတယ်။

ဟိုးအရင်ကာလတွေက သိတ်မသိသာပေမဲ့ အခုနောက်ပိုင်း လုပ်ကောင်းတဲ့အရာလို၊ လုပ်ရိုးလုပ်စဉ်တခုလို ပေါ့ပေါ့ပါးပါး မစဉ်းစား မဆင်ခြင်ကြတော့ဘဲ တင်နေကြတယ်လို့ဘဲ မြင်မိပါတယ်။

တကယ်တန်းတော့ social media ethic မရှိသလို၊ လူ့ကျင့်ဝတ်လည်း မရှိတာပါ။

လှုပ်လှုပ်သမျှကိစ္စတိုင်း social media ပေါ် post တင်တတ်သူတွေ ဒီတခုကိုတော့ ဆင်ခြင်သင့်ပါတယ်။ အသက်မရှိတော့တာနဲ့ ကိုယ်လုပ်ချင်သလို လျှောက်လုပ်တာ မသင့်တော်ပါ။

ကိုယ်ကိုယ်တိုင်လည်း ဘယ်နေ့ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ပါ။ ကိုယ့်အလှည့်ကျရင်ရော အဲ့လိုပုံတွေ social media မှာ အတင်ခံချင်ပါ့မလားဆိုတာ စဉ်းစားစေချင်ပါတယ်။

ကိုယ်သာ သူ့နေရာမှာဆိုရင် ကြိုက်ပါ့မလားဆိုတဲ့ ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊ အားနာတဲ့စိတ်ကလေးများ ထားနိုင်ကြပါစေ။

Treating the deceased with respect is a fundamental human behavior. ကွယ်လွန်သူအား လေးလေးစားစားပြုမူဆက်ဆံခြင်းသည် အခြေခံလူ့ကျင့်ဝတ်တစ်ခုဖြစ်ပါသည်။

ဆင်ခြင်နိုင်ကြပါစေ။

မေတ္တာဖြင့်၊
Annie Nilar Sein
23rd August 2025

21/08/2025

📀ကိုယ်ရေးကိုယ်တာအချက်အလက်📀
(Personal Information Data)

မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို social media နဲ့ online မှာ လုံးဝမမျှဝေ အသိမပေးသင့်ပါဘူး‼️

ကိုယ်ရေးကိုယ်တာအချက်အလက် (Personal Information Data) ဆိုတာ မိမိရဲ့ -

• မွေးနေ့သက္ကရာဇ်
• နေရပ်လိပ်စာ
• ဖုန်းနံပါတ်
• Email address
• အမျိုးသားမှတ်ပုံတင်
• Passport number
• ဘဏ်အချက်အလက်များ
• မိမိရဲ့ ဝင်ငွေလစာ
• ဆေးရုံမှတ်တမ်း
• ကျန်းမာရေးအဖြေလွှာ
• ကျောင်းစာမေးပွဲ ခုံနံပါတ်၊ မှတ်တမ်းနံပါတ် …
အစရှိသည်တို့ကို ဆိုလိုတာပါ။

ဒါတောင် အကုန်မဟုတ်သေးပါဘူး။

ဒီလိုအချက်တွေကို မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်၊ Personal Information လို့ခေါ်ပါတယ်။ တနည်းအားဖြင့် Private & Confidential ဖြစ်ပြီး၊ လူတိုင်း သိစရာ မြင်စရာမလိုတဲ့ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ကိစ္စတွေသာဖြစ်ပါတယ်။

အထူးသဖြင့် social media ရဲ့ Public မှာ လုံးဝမဖော်ပြသင့်ပါ။ အရမ်းအန္တရာယ်များနိုင်ပါတယ်။

မိမိရဲ့ မွေးနေ့သက္ကရာဇ် အတိအကျကို social media မှာ မဖော်ပြသင့်သလို၊ အထူးသဖြင့် မွေးတဲ့နှစ်ကို Only Me နဲ့ ထားနိုင်ရင် အကောင်းဆုံးပါ။

မိမိနေထိုင်မကောင်းဖြစ်နေတာဘဲဖြစ်ဖြစ်၊ ဆေးစစ်ထားတာကိုဘဲဖြစ်ဖြစ် social media မှာမျှဝေချင်တယ်ဆိုရင်လည်း၊ မိမိရဲ့ ဆေးမှတ်တမ်း၊ အဖြေလွှာတွေကို ဓာတ်ပုံရိုက်ပြီး အကုန်လုံးမျှဝေတဲ့အထိ မလုပ်သင့်ပါ။ အကယ်တော့ လူတယောက်ရဲ့ medical record, medical result (ဆေးမှတ်တမ်း၊ အဖြေလွှာ) တို့ဆိုတာ confidential (လျှို့ဝှက်ကိစ္စ) တွေသာဖြစ်ပါတယ်။

တချို့ လူတွေ၊ media တွေ အလှူခံဘို့ အသနားခံ၊ ကရုဏာရလိုတဲ့စိတ်နဲ့ရည်ရွယ်ပြီး တမင်တကာ post တင်နေကြတာတွေကိုတော့ မပြောလိုပါ။

တချို့မိဘတွေများဆိုရင်လည်း မိမိတို့သားသမီး အောင်မြင်မှုကို ဂုဏ်ယူချင်ဇောနဲ့ မိမိသားသမီးရဲ့ ကိုယ်ရေးအချက်အလက်အကုန်သာကမ၊ စာမေးပွဲခုံနံပါတ်၊ အဖြေလွှာမှတ်တမ်းနံပါတ်၊ နိုင်ငံခြားတက္ကသိုလ်ကခေါ်စာ၊ scholar ရတဲ့ အသေးစိတ်အချက်အလက်တွေပါမကျန်၊ စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်ပြီးတောင် အလွယ်တင်လေ့ရှိကြပါတယ်။

တကယ်တန်းဆို စာမေးပွဲအောင်တဲ့အကြောင်း၊ scholar ရတဲ့အကြောင်း အစရှိတဲ့ ပြောချင်တာတွေကို ခြုံငုံ (summarize) လုပ်ပြီး caption လေးရေးပြီးတင်နိုင်ရင် ပိုကောင်းပါတယ်။

ကာယကံရှင်ကလေးတွေကိုယ်တိုင်ကတော့ ရှက်လို့ တင်လေ့သိတ်မရှိကြတာတွေ့ရပါတယ်။

Social media မှာ ပစ္စည်းတခုခုဝယ်ချင်ရင်လည်း၊ အဲ့ဒီဈေးရောင်းတဲ့ post ရဲ့ comment အောက်မှာ မိမိရဲ့ အမည်၊ နေရပ်လိပ်စာအတိအကျနဲ့ ဖုန်းနံပါတ်ကို ရေးပြီးမှာနေကြတာ မှားယွင်းတဲ့ လုပ်ရပ်တခုပါ။ ကိုယ့်ကို လာလိမ်ဘို့ လက်ယပ်ခေါ် လမ်းဖွင့်ပေးနေသလိုဖြစ်နေပါတယ်။

CB မှာဘဲ သီးသန့် private message ပို့ပြီး မှာသင့်ပါတယ်။

Social media မှာ ရေးနေကြတာကိုကြည့်ပြီး၊ ကျွန်မတို့လူမျိုးတွေဟာ တခါတလေ အရမ်း ရိုးအပြီး အရာရာကို ရိုးရိုးလေးဘဲမြင်တတ်ကြပါလား ယုံလွယ်တတ်ကြပါလားလို့ မချင့်မရဲတွေးမိပါတယ်။

တကယ်တန်းတော့ social media / internet ဆိုတာ အပြည့်အဝ လုံခြုံမှုရှိတဲ့နေရာ မဟုတ်ဖူးဆိုတာ သတိထားသင့်ပါတယ်။

ကိုယ်မမြင်နိုင် မသိနိုင်တဲ့ လူအမျိုးမျိုး စိတ်အထွေထွေတွေနဲ့ ပြည့်နေတဲ့နေရာတခုပါ။ အခုဆိုရင် AI ပါ တိုးလာပါပြီ။

ဟိုးအရင်ကတည်းက နိုင်ငံခြားတိုင်းပြည်တွေမှာ၊ လူတယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြေခံပြီး လိမ်လည်မှုမျိုးစုံလုပ်ခဲ့ကြတဲ့ သာဓကတွေအများကြီးရှိခဲ့တာ အားလုံးအသိပါ။

အခုလို လိုက်လို့မမှီအောင် လိမ်လည်မှုမျိုးစုံလုပ်နေကြတဲ့ခေတ်ကြီးထဲမှာ ပိုပြီးတောင် သတိထားသင့်တာမို့ အမြင်မတော်လို့ သတိပေးလိုက်ရပါတယ်ရှင့်။

မေတ္တာဖြင့်၊
Annie Nilar Sein
21st August 2025

Photos from May Chelsea School of Excellence's post 01/08/2025

𝐌𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐌𝐚𝐡𝐚𝐥𝐚𝐧𝐝 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝
𝟐𝟗𝐭𝐡 𝐉𝐮𝐥𝐲 𝟐𝟎𝟐𝟓 𝐒𝐞𝐬𝐬𝐢𝐨𝐧
𝐌 𝐓𝐨𝐰𝐞𝐫
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

နေ့စဉ်လူမှုဘဝမှာ လူအမျိုးမျိုး စိတ်အထွေထွေဖြင့် ပြောဆိုပေါင်းသင်း ဆက်ဆံနေရသည့်အတွက်၊ လုပ်ငန်းခွင်တိုင်းမှာ အဆင်ပြေချောမွေ့စေရန် မရှိမဖြစ် လိုအပ်သည့် ထိရောက်မှုရှိသော လူမှုဆက်ဆံရေးနည်းပညာများ၊ အချင်းချင်း ပြောဆိုဆက်သွယ်ရေးနည်းလမ်းကောင်းများ၊ professional ဆန်ဆန် စာရေးနည်း၊ စကားပြောနည်းနှင့်တကွ ဆောင်ရန်ရှောင်ရန် နည်းလမ်းကောင်းများ မျှဝေသင်ကြားပေးဖြစ်တဲ့ မွမ်းမံသင်တန်းလေးပါ။

အချိန်ပေးပြီး တက်တက်ကြွကြွ တက်ရောက်ပေးပါသော Senior Managers, Managers, Assistant Managers, Executives, Supervisors နှင့် participants များ အားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။

01/08/2025

May your month be colourful,
Filled with happiness, love & blessings!🙏🥰
Hello August!

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 7, 2nd Floor, Awaiyar Street, Hledan, Kamayut
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00