27/04/2024
🔸ဂျပန်နဲ့ပတ်သက်ပြီး အလုပ်လုပ်ချင်တဲ့ လူငယ်တွေအတွက် အလုပ်ခေါ်စာ🔸
-Yammobots Co. Ltd. ၏ Customer Center (ဂျပန်ငွေလွှဲကုမ္ပဏီ)တွင် တာဝန်ထမ်းဆောင်ရန် Operator (၂)ဦး နှင့် Marketing (၃)ဦးခေါ်ယူခြင်း
⭐️အနည်းဆုံး(၁)နှစ်အထက်လုပ်နိုင်သူဖြစ်ရပါမည်⭐️
✨Operator (၂)ဦး
🔷လိုအပ်သောအရည်အချင်းများ
- တက္ကသိုလ် တက်ရောက်ဆဲ(သို့)ဘွဲ့ရရှိထားသူ
- ဂျပန်စာ JLPT N4နှင့်N3အထက်ရှိသူ
- Microsoft Office(Word, Excel, PowerPoint) နှင့် မြန်မာစာလက်ကွက်ကျွမ်းကျင်စွာအသုံးပြုနိုင်သူ
-ရိုးသားကြိုးစား၍ သင်ယူလိုစိတ်ရှိပြီး မိမိကိုယ်ကို အာမခံနိုင်သူ
-Team work ဖြင့် အလုပ်လုပ်နိုင်သူ
-Customer service ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်သူ
✨Marketing (၃)ဦး
🔷 Marketing အတွေ့အကြုံ (၂)နှစ်အထက်လုပ်သက် နှင့် Marketing talent ရှိသူ
- ရုံးအပြင် သွားလာနိုင်၍ သွက်လက်စွာ ကြိုးစားလုပ်ကိုင်နိုင်သူ
🔷 လစာနှင့်အကျိုးခံစားခွင့်
- လစာ - ၃၅၀,၀၀၀ ကျပ်
(အခြေခံလစာ ၃၀၀,၀၀၀ကျပ် + လမ်းစရိတ် ၅၀,၀၀၀ကျပ်)
🔷 အစမ်းခန့်ကာလ ရှိပါသည်။
- JLPT Exam Fee 50% support
- အရည်အချင်းပေါ်မူတည်၍ ရာထူးတိုး လစာတိုးရှိပါသည်။
🔷 အသက်အရွယ်
အသက်၂၅နှစ် မှ ၃၅နှစ်အတွင်း
🔷 အလုပ်ချိန်မှာ အလှည့်ကျ (၂)ချိန်ရှိပါသဖြင့် အလှည့်ကျဆင်းနိုင်ရပါမည်။ နားရက်မှာ တစ်လလျှင် (၆)ရက်ရှိပါသည်။
🔷အလုပ်တည်နေရာ
-ပြည်လမ်း ၇မိုင် ကားမှတ်တိုင်အနီး
🌟အလုပ်အတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။
စိတ်ဝင်စားသူများအနေဖြင့် မျှော်မှန်းလစာပါသော CV Form အား [email protected] သို့
အီးမေးလ်(သို့)ဖုန်းဆက်၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
📞 095506205
မှတ်ချက်။ CV Form များကို ရွေးချယ်စိစစ်ပြီးပါက Interview Short List တွင်ပါဝင်သူများကိုသာ Interview ခေါ်ဆိုမည်ဖြစ်ပါသည်။