22/09/2022
လူငယ်နဲ့ Popularity
လူငယ်လို့ပြောလိုက်ရင် ဆယ်ကျော်သက်အရွယ်တွေကို အရင်ဆုံးမြင်မိကြပါလိမ့်မယ်။ ဟုတ်ပါတယ် ဆယ်ကျော်သက်အရွယ်တွေပါပဲ။ သူတို့အတွက် ဒီဘက်ခေတ်ကြီးက အရမ်း ပြည့်စုံတယ်လို့ခံစားရစေသလို၊ ငြီးငွေ့ဖို့ကောင်းတယ်လို့လည်း ထင်လာရတတ်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင် နေရာတကာ အလွယ်တကူသွားလာနိုင်ကြတယ်။ အခက်အခဲသိပ်မရှိဘူး၊ အစစအရာကာက အဆင်ပြေနေတယ်ဆိုတဲ့အရာမျိုးအေါ့။
ဒီကြားထဲမှာ Side effect အနေနဲ့ Popularity ဆိုတဲ့ Trend တစ်ခုလည်း လိုက်လာတတ်ကြပါတယ်။ လူကြားထဲမှာ ထင်ပေါ်ချင်ကြတယ်၊ တစ်ခုခုဆို ငါကသာ ဆိုပြီး သူငယ်ချင်းတွေကြား ပေါ်ပြူလာဖြစ်ချင်လာကြတယ်။
ဒီလိုဖြစ်ချင်တာက အမှားကြီးမဟုတ်ပေမယ့် လမ်းမှားတွေနောက်ကိုလိုက်လာခြင်းက အမှားတွေပဲဖြစ်ပါတယ်။ ဒါဆို အခုလို ဆယ်ကျောက်သက်တွေရဲ့ကြားထဲ မှားယွင်းလာတဲ့အပြုအမူတွေက ဘာတွေဖြစ်မလဲ ?
(1) Trend နောက်တအားလိုက်ခြင်း
လူငယ်တွေအနေနဲ့ Trend နောက်လိုက်တယ်ဆိုတာက မှားယွင်းတဲ့အရာတစ်ခုတော့မဟုတ်ပေမယ့်၊ အမြဲတမ်း Trending တွေနောက်ပဲလိုက်နေမယ်ဆိုရင် ရေရှည်မှာကိုယ့်ရဲ့ Focus လည််းပျောက်သွားစေနိုင်သလို၊ ကိုယ့်ရဲ့စိတ်ကိုလည်း ငြီးငြူစေပြီး ဘယ်အရာမှမတင်းတိမ်နိုင်ဖြစ်တတ်ပါတယ်။
(2) ပြိုင်ဆိုင်မှုကြီးလာခြင်း
ပြောရမယ်ဆိုရင် ပြိုင်ဆိုင်မှုကပိုပြီးတော့ကြီးလာတတ်ပါတယ်။ သူငယ်ချင်းတွေကြားထဲ ဘယ်သူက ပိုပြီး Popular ဖြစ်လဲ၊ ဘယ်သူကပိုပြီး မိုက်လဲဆိုတဲ့ မှားယွင်းတဲ့ ပြိုင်ဆိုင်မှုတွေဖြစ်နိုင်ပါတယ်။
(3) အတုယောင်တွေမှာပိုပြီးအာရုံစိုက်နေမိခြင်း
ငယ်ရွယ်သေးတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးအာရုံစိုက်ဖို့လုပ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်အနေနဲ့ အပေါ်ယံအပြင်အဆင်တွေကို လိုက်ပြီး အာရုံပိုစိုက်နေမိတာတွေက ပိုပြီးအဆင်မပြေဖြစ်စေပါတယ်။
(4) သူများကြိုက်လာအောင်နေထိုင်နေသလိုဖြစ်နေခြင်း။
မသိမသာကိုယ့်ရဲ့စိတ်က သူများကြိုက်ဖို့ပဲလိုပ်နေနေသလိုဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုကိုယ်က Popular ဖြစ်တော့ လူတွေကကိုယ့်ကိုကြိုက်လာမှာပဲ၊ လူတွေကြိုက်လာအောင်ကိုယ်ကတကယ်မဝတ်ချင်တဲ့အဝတ်စားတွေ၊ ကိုယ်မကြိုက်တဲ့အသုံးဆောင်တွေကိုလိုက်သုံးနေရသလိုဖြစ်နေတာကြာတော့ ရေရှည်မှာ ငြီးငွေ့ပြီးကိုယ့်ဘဝကိုယ်တောင်မပိုင််သလိုဖြစ်နေပါလိမ့်မယ်။
ဒါကြောင့်မို့ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Popularity ဖြစ်တာကကောင်းပါတယ်။ သို့သော် ဘေးထွက်ဆိုးကျိုးတွေအရမ်းများပါတယ်၊ ကိုယ့်ရဲ့ အရှိကိုအရှိတိုင်းလက်ခံဖို့ဒီအရွယ်ကတည်းကသင်ယူထားဖို့အရေးကြီးပါတယ်။
Star kids edu