Smarty - Learning Hub

Smarty - Learning Hub

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smarty - Learning Hub, Tutor/Teacher, San Yeik Nyein Street, Yangon.

📚We’re a warm and friendly tutoring space helping young learners grow smarter every day – through fun, focus, and a whole lot of heart. 💛
📍 Based in North Dagon | 📞 09956674646

Photos from Smarty - Learning Hub's post 09/10/2025

ပိတ်ရက်မှာ ကြိုးစားပမ်းစား လာတက်သူလေး

တွေ ☺️

Smarty - Learning Hub

23/09/2025

🌟 We’re Hiring – Assistant Teacher (Part-time) 🌟

Smarty – Learning Hub (North Dagon) is looking for caring and responsible Assistant Teachers to join our growing team. 🏫✨

📌 What you’ll do:
• Help students with classwork and activities
• Support the main teacher in lessons
• Create a positive learning environment

📌 Requirements:
• Love working with children ❤️
• Patient and responsible
• Ability to communicate in English
• Teaching experience is a plus

📍 Location: North Dagon
🕒 Schedule: Part-time (afternoon & evening classes)
💰 Salary: Negotiable
👉 Interested? Send us a message with your CVs and related documents.

Contact - 09956674646 (phone/viber/telegram)

Photos from Smarty - Learning Hub's post 27/08/2025

📌မ/ဒဂုံထဲက IS သင်ရိုးသီးသန့် ဘာသာစုံ ကျူရှင် 📚

သင့်ကလေး ခက်ခဲတဲ့ သင်ခန်းစာတွေ၊ စိတ်ဖိစီးဖွယ် အိမ်စာတွေနဲ့ tight deadlines ကြားမှာ ရုန်းကန်နေရလား? 🥺

👉Smarty က ကူညီဖြေရှင်းပေးဖို့ အသင့်ရှိပါတယ်။ 😊

🍀Why Smarty?
• မိမိကလေးရဲ့ လိုအပ်ချက်အလိုက် ဘာသာရပ်ရွေးချယ်သင်ယူနိုင်ခြင်း
• စာသင်ချိန် ညှိနှိုင်းနိုင်ခြင်း
• သင်တန်းကြေး သက်သာခြင်း

🍀 Who should join?
• IS သင်ရိုးနဲ့ Primary & Secondary ကျောင်းသား/သူများ
• သင်ခန်းစာလေ့ကျင့်ဖို့၊ အိမ်စာကိုထိထိရောက်ရောက်လုပ်ဖို့ လိုအပ်နေသူများ

🍀 What do we teach?
• Core subjects – English, Mathematics, Science
• အခြားဘာသာရပ်များ – ကလေးတစ်ဦးစီရဲ့လိုအပ်ချက်အတိုင်း ဖြည့်စွက်နိုင်သည်

🍀 Who teaches?
• 10+ နှစ်အတွေ့အကြုံရှိ IS teacher
• YAIS, ALBA, ILBC စသည်ဖြင့် IS ကျောင်းသားများကို သင်ကြားဖူးသူများ
• သင်ကြားမှုအတွေ့အကြုံရှိ well-trained teacher များ

🍀 Schedule & Fees
•Weekdays - 3:00~6:00 pm (Tuesday-Off)
Weekends- 1:00~6:00 pm အတွင်း
• တစ်ပတ်လျှင် ၆~၈ နာရီ (ကိုယ်ပိုင် အချိန်ညှိနိုင်)
• 150,000 MMK (Primary) (Per Month)
200,000 MMK (Secondary) (Per Month)

🍀 Location
1447-A (ပ-ထပ်), စံရိပ်ငြိမ်လမ်း, 46 ရပ်ကွက်, မြောက်ဒဂုံ။

Smart Tutors ရဲ့
• လုံခြုံသော စာသင်ခန်း
• အရည်အသွေးမြင့် သင်ကြားမှု
• သင်ယူချင်စိတ်ဖြစ်ဖွယ် ဖန်တီးပေးထားတဲ့ပတ်ဝန်းကျင်ကနေ ကြိုဆိုလိုက်ပါတယ်

#ကျောင်းအပ် လက်ခံပြီ။
#လူဦးရေ အကန့်အသတ် ရှိပါသည်။

“Smarty လေးတွေ ဖြစ်လာဖို့… အခုပဲ ကြိုတင်စာရင်းပေးသွင်းလိုက်ပါ!”

📱ဆက်သွယ်ရန် – 09956674646 (Phone/Viber/Telegram)

25/08/2025

📌 Cambridge Primary English (2nd Edition) ကို အသုံးပြုပြီး သင်ကြားမယ့် Smartex Online English Class (Upper Primary Level - Year 4,5,6) 📚✨

သင့်ကလေးက
👉 IS တက်နေပြီး English မှာ ထင်သလောက် အမှတ်မကောင်းဘူးလား? 😟
👉 English language ကို ကောင်းမွန်သွက်လက်စွာ အသုံးပြုနိုင်ပေမယ့် ကျောင်းသင်ဘာသာရပ်မှာ အားနည်းနေလား? 🤔
👉 ကျောင်းက စစ်ဆေးတဲ့ စာမေးပွဲမှာ English ရမှတ်မကောင်းဘူးလား? 📉

📖 First Language English အတွက် ရည်ရွယ်သင်ကြားဖို့ ပြဌာန်းထားတဲ့ Cambridge Primary English အကြောင်းကိုတော့ အောက်ပါ post မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/share/1CqC3xHwgv/?mibextid=wwXIfr

ဒီသင်တန်းကိုတော့ Cambridge သင်ရိုး (Cambridge Primary English) ကို အသုံးပြုပြီး သင်ကြားတဲ့ ကျောင်းတွေမှာ Year 4,5,6 တက်ရောက်နေတဲ့ သားသားမီးမီးတွေအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ 🎯

ဒီသင်တန်းမှာ 🏫 ကျောင်းသင် English စာကို အထူးအလေးပေး သင်ကြားပြီး လိုအပ်တဲ့ skill တွေပါ ဖြည့်စွက်သင်ကြားပေးမှာမို့ သားသားမီးမီးတို့အတွက် လက်မလွှတ်သင့်တဲ့ သင်တန်းတစ်ခုပါပဲ။ 💡✨

✨ Year 4 – အခြေခံကို ခိုင်မာစေဖို့ 🧱
✨ Year 5 – ကျွမ်းကျင်မှုကို တိုးမြှင့်ပေးဖို့ 🚀
✨ Year 6 – Cambridge Checkpoint အတွက် အဆင်သင့်ဖြစ်စေရုံမက 🏆 Lower Secondary Level အတွက် အခြေခံကောင်းများကို ရရှိစေဖို့ ဖြစ်ပါတယ်။

📅 Schedule
🟦 Year 6 - Mon, Tue, Wed (8:00~9:00pm) (September 1 ရက်နေ့ စမည်။)
🟩 Year 5 - Fri, Sat, Sun (8:00~9:00pm) (September 5ရက်နေ့ စမည်။)
🟨 Year 4 - Thurs (8:00~9:00pm)
Sat, Sun (6:30~7:30pm)
(September 4ရက်နေ့ စမည်။)

💵 Fees
👉 သင်တန်းတစ်ခုစီအတွက် 50,000 mmk/month
👉 3လစာ ပေးသွင်းရင် – 45,000 mmk/month (3လ = 135,000 mmk) 🎉
👉 6လစာ ပေးသွင်းရင် – 40,000 mmk/month (6လ = 240,000 mmk) 🏅

⸝

ကလေးတို့ English Subject ကို ပိုမိုတိုးတက်အောင် ✨ အခုပဲ စာရင်းပေးသွင်းလိုက်ပါနော်! 📩😊

ဆက်သွယ်ရန် 09956674646 (phone/viber/telegram)

23/08/2025

Inno City မှာ Year 11 Maths (AP Precalculus & AP Statistics)နှင့် Year 7 Maths အတွက် ဆရာမ လိုချင်ပါတယ်။ ကလေးတွေက foreigner ဖြစ်တာကြောင့် E to E သင်ရပါမယ်ရှင်။အဆင်ပြေတဲ့ ဆရာမ recommend ပေးကြပါဦးနော်။ ကျေးဇူးတင်ပါတယ်။ အချိန်နဲ့ လစာ ညှိနှိုင်းပါ။

09956674646

Photos from Smarty - Learning Hub's post 15/08/2025

"Trတို့ ကျူရှင်မှာ ကျောင်းသား ဘယ်နှယောက်ရှိလဲ?”

ဒီမေးခွန်းကို မိဘတွေ ကျောင်းအပ်ဖို့လာမေးတိုင်း အမြဲကြားရပါတယ်။

တကယ်တော့ မိဘတွေရဲ့ အဓိကစိုးရိမ်မှုက
“သင်ရိုးမတူတဲ့ အတန်းစုံ၊ ဘာသာစုံ ကျောင်းသားတွေကို တပြိုင်နက် ထိထိရောက်ရောက် ဘယ်လိုသင်ပေးမလဲ? 📚✏️" နဲ့ "ကလေးတစ်ယောက်ချင်းစီကို လိုအပ်တဲ့အာရုံစိုက်မှုရမှာလား? 💕" ဆိုတာပါပဲ။

ဒီစိုးရိမ်မှုက သဘာဝကျပါတယ်။ ကျွန်မအနေနဲ့လည်း ဒီအတန်းလေးကို စဖွင့်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အရေးအကြီးဆုံးထည့်သွင်းစဉ်းစားခဲ့တဲ့အချက်ပါပဲ။ 💪
ကျွန်မက ရေရှည်တည်တံ့တဲ့အရာတွေကို တည်ဆောက်ရတာ ကြိုက်တဲ့သူဆိုတော့ ဖြည်းဖြည်းချင်း၊ သေချာလေ့လာပြီး လုပ်ကိုင်ရတာကို နှစ်သက်ပါတယ်။ 🌱

ဒီတော့ Smarty မှာ ကလေးတစ်ယောက်ချင်းစီကို အာရုံစိုက်ပေးနိုင်အောင် ဘယ်လိုစီမံခန့်ခွဲထားလဲဆိုတာ မျှဝေချင်ပါတယ်။ 🤗

၁။ ⏰ အချိန်စီမံခန့်ခွဲမှု
Smarty မှာ ကလေးတစ်ယောက်ကို တစ်ပတ်ကို ၆နာရီမှ ၈နာရီ⏳ အထိပေးထားပါတယ်။ တချို့ကလေးတွေဆို ၉နာရီ⏰ အထိတက်ကြတာရှိပါတယ်။ အိမ်မှာ ကျူရှင်ခေါ်သင်တာထက် အချိန်ပိုပေးထားရတဲ့အကြောင်းကတော့ ကလေးတွေ တစ်ဦးချင်းသင်သလိုပဲ ထိရောက်မှုရှိစေချင်လို့ပါပဲ။
အတန်းချိန်တွေကို ကျောင်းလွတ်တဲ့ ညနေပိုင်း🌆 နဲ့ ပိတ်ရက်မနက်ခင်း/ညနေ🌞 တွေမှာ ဖွင့်ထားပါတယ်။ အခုဆို စနေနေ့ကို တစ်နေကုန်ဖွင့်ထား📅 ပြီး မိဘတွေအနေနဲ့ အဆင်ပြေတဲ့အချိန်ရွေးပြီး ညှိနိုင်ပါတယ်။

၂။ 📝 ကလေးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်အလိုက် သင်ကြားမှု
Smarty မှာတက်တဲ့ကလေးတွေရဲ့ လိုအပ်ချက်က တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။
* 📖 Standard Learners (ပုံမှန်သင်ရိုးလိုက်တဲ့ကလေးများ): ဒီကလေးတွေက ကျောင်းစာတွေကို နားလည်ဖို့🧠၊ အိမ်စာပြီးဖို့📝၊ စာမေးပွဲအတွက် အဆင်သင့်ဖြစ်ဖို့🎯 အဓိကထားသင်ပါတယ်။
* 🚀 Self-Paced Learners (ကိုယ်ပိုင်အရှိန်နဲ့ သင်ယူသူများ): ဒီကလေးတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်သင်ရိုး📚 နဲ့ သွားကြပါတယ်။ ဆရာမက guidance ပေးပြီး သူတို့ကိုယ်တိုင် လေ့လာစေကာ မေးစရာရှိရင် အဆင်သင့်ဖြေပေးပါတယ်။

👉Standard learners တွေအတွက် ကျောင်းကအပြန် လာတက်တဲ့ ကြားရက်တွေမှာ အိမ်စာကို အရင်ဆုံးလုပ်စေပြီး သင်ခန်းစာအသစ်တွေကို မေးမြန်းပြီး မှတ်ထားပါတယ်။ ပိတ်ရက်တွေမှာတော့ ကလေးတစ်ယောက်ချင်းစီရဲ့ နားမလည်တဲ့အချက်တွေကို အချိန်ယူပြီး ရှင်းပြပေးပါတယ်💡။
👉Self-paced learners တွေကိုတော့ တစ်နေ့တာပြီးမြောက်ရမယ့် သင်ခန်းစာပြီးသွားရင် ပန်းချီဆွဲတာ🎨၊ အရောင်ခြယ်တာ🖍️၊ ပညာရေးဗီဒီယိုကြည့်တာ📺တွေနဲ့ အချိန်ကုန်လွန်စေပါတယ်။ (ကလေးတွေရဲ့ တောင်းဆိုမှုအရ entertaining လည်းဖြစ်၊ အကျိုးလည်းရှိစေမယ့် extra worksheet လေးတွေ ပံ့ပိုးပေးဖို့လည်း စီစဉ်နေပါတယ်။)

၃။ 🤝 အပိုပံ့ပိုးမှုများ
ကျွန်မနဲ့အတူ အကူဆရာမ👩🏫 တစ်ယောက်ရှိပါတယ်။ Tr.က Year 1 ကလေးငယ်တွေကို အထူးဂရုစိုက်ပေးပြီး တခြားကလေးတွေရဲ့ လိုအပ်ချက်ကိုလည်း ကျွန်မနဲ့အတူ ဖြည့်ဆည်းပေးပါတယ်။ ကျမတို့ Tr. နှစ်ယောက်လုံး ကလေးတစ်ဦးချင်းစီရဲ့ သင်ယူမှုမှတ်တမ်းတွေကို သီးသန့် notebook ထားရှိပြီး နေ့စဉ်ရေးမှတ်ပါတယ်။ ဒါ့အပြင် သားသားမီးမီးတို့ စာမေးပွဲအတွက် အထူးပြင်ဆင်ဖို့ လိုအပ်တဲ့အခါ အချိန်ပိုခေါ်ပြီး အနီးကပ်သင်ကြားပေးပါတယ်။

📊 လက်ရှိအတန်းအခြေအနေ
* ⏳စာသင်ချိန်: တစ်ပတ်ကို ၃၀နာရီနီးပါး
* 👧👦ကျောင်းသား ၁၁ယောက် (IIP-4, ICEC-2, Edusn-3, Streamline-1, Wealthy Wisdom-1)
* 😊ကလေးတွေလည်း ပျော်၊ မိဘတွေလည်း စိတ်ချရတဲ့ သင်ကြားမှုစနစ်
မိဘတွေရဲ့ ယုံကြည်မှုကို အရေးထားပြီး ကလေးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကို အလေးထားသင်ကြားပေးနေပါတယ်💖။

🔍 အသေးစိတ်သိလိုရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်! 📩

သင်တန်းအကြောင်း အသေးစိတ်ကို အောက်က link လေးမှာလည်း ဝင်ဖတ်နိုင်ပါတယ်။

https://www.facebook.com/share/p/16qxzgxumR/?mibextid=wwXIfr

✨ Smarty မှာ
* ကလေးတစ်ဦးချင်းစီကို အာရုံစိုက်မှု
* လိုအပ်ချက်အလိုက် စိတ်ရှည်လက်ရှည်သင်ကြားမှု
* ပျော်ရွှင်ဖွယ်သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။

📲 စုံစမ်းရန်: 09956674646

26/07/2025

Smarty - Learning Hub 📚We’re a warm and friendly tutoring space helping young learners grow smarter every day – through fun, focus, and a whole lot of heart. 💛
📍 Based in North Dagon | 📞 09956674646

25/07/2025

🤯 စာမေးပွဲအတွက် စိတ်ဖိစီးနေတဲ့ ကိုယ့်ကလေးကိုကြည့်ပြီး ရင်တွေပူနေရပြီလား?

📚 ကျောင်းတွေဖွင့်တာ နှစ်လလောက် ရှိပြီဆိုတော့ ✏️ အစမ်းစာမေးပွဲတွေ စဖြေရပါပြီ။ ဒီလိုအချိန်မှာ ကလေးတွေရော 👩‍👧 မိဘတွေပါ စိတ်ပူတာတတ်ကြတာတော့ သဘာဝပါပဲ။
• 📖 သင်ခန်းစာတွေ သင်ယူပြီးဖို့
• 📝 မှတ်စုတွေ စုံလင်ဖို့
• 🤓 နားလည်ပြီးသားစာတွေ ကျက်မှတ်ဖို့
• 😟 မှတ်မိပြီးသားတွေ မေ့မသွားဖို့
• 📘 ဘာသာရပ်အစုံကို ထောင့်စေ့အောင် လေ့လာဖို့ စသဖြင့် ပူပန်စရာတွေကတော့ ရေးပြလို့ မကုန်နိုင်အောင်ပါပဲ။

ဒါတွေအပြင် စာမေးပွဲရက်မှာ…
• 🛌 နေကောင်းကျန်းမာနေဖို့
• ⏰ ယာယီပြောင်းလဲသွားတဲ့ schedule တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့
• 📆 ပိုမိုလာတဲ့ လုပ်စရာတာဝန်တွေ အချိန်ကိုက် ပြီးမြောက်ဖို့
• ✒️ အရေးကြီး စာရွက်စာတမ်းနဲ့ စာရေးကိရိယာတွေ မမေ့ဖို့
• 🚶 စာမေးပွဲခန်းထဲ အချိန်မှီရောက်ဖို့ စတာတွေလည်း အရေးကြီးတာပါပဲ။

✨ ဒါတွေကို တည်တည်ငြိမ်ငြိမ် ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ❓
ကလေးတွေရဲ့ ပူပန်မှုတွေကိုရော ဘယ်လို လျော့ပါးသက်သာအောင် ထိန်းညှိပေးမလဲ❓

Smarty တို့ရဲ့ မေမေဖေဖေတွေအတွက် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ် 👇

⸝

၁။ 👂 နားထောင်ပေးပါ။
သူတို့လေးတွေ စိတ်ပူနေတာကို မဝေဖန်ဘဲ၊ အဖြေတွေ မပေးဘဲ အရှိအတိုင်း လက်ခံပြီး နားထောင်ပေးပါ။
(အနီးကပ်ဆုံးရှိတဲ့ မိဘရဲ့နားလည်ပေးမှုဟာ သူတို့အတွက် ❤️ အားဆေးပါပဲ။)

၂။ ❌ တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။
ဒါက ကိုယ့်ကလေးကို မလိုအပ်ဘဲ ပိုမိုစိတ်ဖိစီးစေပါလိမ့်မယ်။ ကလေးတိုင်းဟာ သူ့နှုန်းနဲ့သူ တိုးတက်ဖွံ့ဖြိုးနေတယ်ဆိုတာ ဒီလိုအချိန်မှာ ပိုပြီးသတိကပ်သင့်ပါတယ်။

၃။ ⛔ ဖြစ်သင့်ဖြစ်ထိုက်တာထက်ပိုတဲ့ ပန်းတိုင်နဲ့ စာလုပ်ချိန်တွေ မသတ်မှတ်မိပါစေနဲ့။ စာမေးပွဲနီးပြီမို့ မအိပ်မနေ စာပဲလုပ်နေစေတာမျိုးက အဆင်မပြေပါဘူး။
📌 လုပ်နိုင်တဲ့ အတိုင်းအတာကိုပဲ ထိထိရောက်ရောက် လုပ်စေတာ၊ ဒါမှမဟုတ် အရေးကြီးဆုံး သင်ခန်းစာတွေကို ဦးစားပေးလေ့လာစေတာမျိုးတွေက ပိုကောင်းပါတယ်။

၄။ 🌟 စာမေးပွဲရလဒ်တွေထက် 💪 အားထုတ်မှုကို အသိအမှတ်ပြုပေးပါ။ စာမေးပွဲဟာ ကလေးရဲ့ တိုးတက်မှုကို တိုင်းတာတဲ့ တစ်ခုတည်းသောအရာ မဟုတ်ပါဘူး။
😌 ဒါကြောင့် ပုံမှန်သင်ယူနေတဲ့ ကလေးတစ်ယောက်ကို
စာမေးပွဲဆိုတာ ဝန်ထုပ်တစ်ခုလို သဘောမထားစေဘဲ
ကိုယ်ပိုင်အရည်အချင်းကို အစမ်းသပ်ခံတဲ့ အကဲဖြတ်ချက်တစ်ခုအဖြစ်သာ သိနားလည်စေတာ ပိုအဆင်ပြေပါတယ်။

၅။ 🧘 စိတ်တည်ငြိမ်စေတဲ့ အလေ့အကျင့်တွေ အတူတူလေ့ကျင့်ပေးပါ။ အကြောလျှော့တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တရားမှတ်တာ စသဖြင့် ကလေးရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ခဏတဖြုတ်ဖြစ်ဖြစ် ဖြေလျှော့ခွင့်ပေးပါ။
(ကလေးနဲ့ထပ်တူ ပူပန်နေတဲ့ မေမေဖေဖေတို့လည်း 🤗 အလားတူ ဖြေလျှော့ပေးပါ။)

⸝

💭 ဒါတွေကို မေမေတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးဖို့ မအားလပ်နေဘူးလား❓
📌 မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့သာဆို ကလေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်ချက်ရှိရှိ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

🏫 Smarty - Learning Hub မှာ
ကလေးရဲ့ ပညာရည်တိုးတက်ဖို့သာမက
🧠 စိတ်ပိုင်းဆိုင်ရာမှာပါ ယုံကြည်မှုတွေတိုးပွါးဖို့ ပံ့ပိုးပေးပါတယ်။

📲 Smarty - Learning Hub မြောက်ဒဂုံရဲ့ IS ကျူရှင်အကြောင်း အသေးစိတ် သိချင်ရင်တော့
👇 အောက်က link လေးမှာ ဝင်ဖတ်လို့ရပါတယ်။

https://www.facebook.com/share/p/1LXHp2K7kg/?mibextid=wwXIfr
⸝

👀 ကဲ သင့်ကလေးရဲ့ စိုးရိမ်ပူပန်မှုကရော ဘာများဖြစ်မလဲ။
🤝 အတူတူ အဖြေရှာပေးဖို့ ကျမတို့ ရှိနေပါတယ်။


“The hub for every little smarty!”

Smarty - Learning Hub 📚We’re a warm and friendly tutoring space helping young learners grow smarter every day – through fun, focus, and a whole lot of heart. 💛
📍 Based in North Dagon | 📞 09956674646

Photos from Smarty - Learning Hub's post 21/07/2025

ယနေ့ Smarty လေးများ 😊
စာမေးပွဲအတွက် ပြင်သူပြင်
အိမ်စာ လုပ်သူလုပ်
Lesson တွေ ဆက်သူဆက်
Tr. က အပြေးအလွှားလေး မှတ်တမ်းတင်။

- Learning Hub
“The hub for every little smarty!”

12/07/2025

Weekends မှာ မေမေဖေဖေတို့အတွက် moti လေး တစ်ဖြတ် ☺️

“သင့်ကလေးက ပြီးပြည့်စုံတဲ့ မိဘကို လိုအပ်တာ မဟုတ်ပါဘူး။ သူတို့ကို ချစ်တဲ့၊ အားပေးတဲ့၊ ပြီးတော့ ဘယ်တော့မှ လက်မလျှော့တဲ့ သင့်ကိုသာ လိုအပ်တာပါ။” 💪 👨👩👶


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


San Yeik Nyein Street
Yangon