08/07/2022
😭 RIP 😭
やる気があれば、何でもできる。
頑張りましょう!!!
08/07/2022
😭 RIP 😭
04/06/2022
🦋 မင်္ဂလာပါရှင် 🦋
✍️ ဒီတပတ်မှာတော့ ချစ်ရေးချစ်ရာ နဲ့ ပတ်သတ်တဲ့
အသုံးများတဲ့ ၊ အသုံးဝင်မယ့် ဝေါဟာရအနည်းငယ် ကို
sharing လုပ်ပေးလိုက်ပါတယ်ရှင် 💗
✍️ နောက်တပတ်တွေမှာလည်း အခြားစိတ်ဝင်စားစရာ
အကြောင်းအရာလေးတွေ နဲ့ ပြန်တွေ့ကြမယ်နော် 😊
❣️ Sharing is Caring ❣️
🦋 🦋
13/05/2022
🦋 မင်္ဂလာပါရှင် 🦋
👉 #နေ့စဉ်ဘဝမှာ___လုပ်လေ့ရှိတဲ့အရာများ_အပိုင်း_၃
နေ့စဉ်ဘဝတွေမှာ လုပ်လေ့ရှိတဲ့ ၊ လုပ်မိတတ်တဲ့ ၊ လုပ်မိသွားတဲ့ အပြုအမူ ၊ အကြောင်းအရာလေးများကို ဖေါ်ပြပေးသွားချင်ပါတယ်ရှင် 😊
✍️ နောက်တပတ်တွေမှာတော့ ဒီကဏ္ဍလေး ခဏနား ပြီးအခြားကဏ္ဍလေးတွေ နဲ့ ပြန်တွေ့ကြမယ်နော်
#အပိုင်း_၁ နှင့် #အပိုင်း_၂ ...မဖတ်ရသေးသောသူများအတွက် 👇👇👇
https://www.facebook.com/103491685263445/posts/339971324948812/
❣️ Sharing is Caring ❣️
🦋 🦋
18/04/2022
🦋 မင်္ဂလာပါရှင် 🦋
👉 #နေ့စဉ်ဘဝမှာ___လုပ်လေ့ရှိတဲ့အရာများ_အပိုင်း၂
နေ့စဉ်ဘဝတွေမှာ လုပ်လေ့ရှိတဲ့ ၊ လုပ်မိတတ်တဲ့ ၊ လုပ်မိသွားတဲ့ အပြုအမူ ၊ အကြောင်းအရာလေးများကို ဖေါ်ပြပေးသွားချင်ပါတယ်ရှင် 😊
✍️ နောက်တပတ်မှာ အပိုင်း ၃ လေးနဲ့ ပြန်တွေ့ကြမယ်နော်
#အပိုင်း_၁ ...မဖတ်ရသေးသောသူများအတွက် 👇👇👇
https://www.facebook.com/103491685263445/posts/335905512022060/
❣️ Sharing is Caring
🦋 🦋
12/04/2022
🦋 မင်္ဂလာပါရှင် 🦋
👉 #နေ့စဉ်ဘဝမှာ___လုပ်လေ့ရှိတဲ့အရာများ_အပိုင်း၁
ဒီတခါမှာတော့ ...ကိုယ်တွေရဲ့ နေ့စဉ်ဘဝတွေမှာ လုပ်လေ့ရှိတဲ့ ၊ လုပ်မိတတ်တဲ့ ၊ လုပ်မိသွားတဲ့ အပြုအမူ ၊ အကြောင်းအရာလေးတွေကို ဖေါ်ပြပေးသွားချင်ပါတယ်ရှင် 😊
✍️ နောက်တပတ်မှာ အပိုင်း ၂ လေးနဲ့ ပြန်တွေ့ကြမယ်နော်
❣️ Sharing is Caring
🦋 🦋
20/02/2022
🦋 မင်္ဂလာပါရှင် 🦋
👉 ိုင်း၂
ဒီတခါမှာတော့ ...ကိုယ်လေ့လာခဲ့ဖူးတဲ့ なん နဲ့ なに တို့ရဲ့ ကွဲပြားခြားနားမှုတွေ ၊ သုံးပုံသုံးနည်းအကြောင်းတွေရဲ့ နောက်ဆက်တွဲအပိုင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်
❣️ Sharing is Caring
🙇 အကြောင်းကိစ္စအမျိုးမျိုးကြောင့် page ကို အကြာကြီး ပစ်ထားခဲ့မိလို့ .... ごめん ね
✍️ နောက်အလျင်းသင့်သလို ဂျပန်စာ ၊ စကား လေ့လာနေသူများအတွက် ဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို ထပ်မံဝေမျှသွားပါမယ်ရှင်
👉 ိုင်း၁ မဖတ်ရသေးရင် အောက်က link ထဲ ဝင်ကြည့်ပါရှင့် 👇👇👇
https://www.facebook.com/103491685263445/posts/163821485897131/
🦋🦋🦋
17/09/2021
🦋 မင်္ဂလာပါရှင် 🦋
ိုင်း၁
何 .... ဆိုတဲ့ စာလုံး
ဘယ်လိုအခါမှာ なん လို့ အသံထွက်ရမလဲ ?
ဘယ်လိုအခါမှာ なに လို့ အသံထွက်ရမလဲ ?
ဒီတပတ်မှာတော့ ...ကိုယ်လေ့လာခဲ့ဖူးတဲ့ なん နဲ့ なに တို့ရဲ့ ကွဲပြားခြားနားမှု တွေကို မျှဝေပေးလိုက်ပါတယ်နော် 😊
ချွင်းချက်တွေအကြောင်း ၊ သုံးပုံသုံးနည်းအကြောင်းတွေကိုတော့ နောက်ရက်တွေမှာ ထပ်မံရေးသားပေးပါမယ်ရှင် 😊
ဂျပန်စာ၊စကား လေ့လာနေသူများအတွက် တစ်စုံတစ်ခု အသုံးဝင်တယ် ဆိုရင်ဖြင့် ...ပို့စ် တင်ပေးရကျိုးနပ်ပါပြီ 😊
🦋🦋🦋
08/09/2021
🦋 မင်္ဂလာပါရှင် 🦋
ဒီတခါတော့ ညဏ်စမ်းပဟေဠိလေးတခု မေးချင်ပါတယ်
မေးခွန်းလေး ကတော့ 👇
「お父さん の きらいな くだもの 」
と 言えば なんでしょう?
(အဖေမကြိုက်တဲ့အသီး ) လို့ ပြောမယ်ဆိုရင် ဘာဖြစ်မလဲ လို့ မေးထားတာပါ ။
အောက်က အသီးပုံထဲမှာ အဖြေ ရှိနေပါတယ် ။
အရင်ဆုံးတော့ ကိုယ်ထင်တာလေးတွေ စဉ်းစားကြည့်ကြမယ်နော်
မရဘူးဆိုတော့မှ ...အဖြေကို comment မှာ ကြည့်ပါ
🦋🦋🦋
03/09/2021
🦋 မင်္ဂလာပါရှင် 🦋
အခြေခံသင်ဖူးသူတိုင်း အချိန်နာရီတွေ ပြောတတ်ကြမှာပါ
ကိုယ့်တုန်းကတော့လေ... မိနစ် တွေကျက်ရင်
fun တာလား ?
pun တာလား ?
っ tsu အသေးလေး ပါတာလား ?
ဆိုပြီး ခဏခဏ ရောခဲ့ ၊ မှားခဲ့တာပေါ့ 😁
ဒါနဲ့ပဲ မရောအောင် ကြံဖန်ပြီး ကျက်ခဲ့ရတယ်
ကိုယ်စာကျက်ခဲ့တဲ့ ပုံစံလေး နဲ့
တခြား အချိန်နဲ့ပတ်သတ်တဲ့
စကားအသုံးအနှုန်းများကို
ပြန် share ပေးလိုက်ပါတယ်ရှင် 😊
🦋🦋🦋
25/08/2021
🦋 Konnichiwa 🦋
မင်္ဂလာပါရှင်
トマト ဆိုတဲ့ စာလုံးကို မြင်ရင် Katakana အခြေခံစာလုံး ရပြီးသူတွေဟာ အလွယ်တကူ tomato လို့
ဖတ်တတ်ကြမှာပါ ။
ဒါပေမယ့် တခါတလေ အသံထွက်ရ အခက်တွေ့စေတဲ့ စာလုံးလေးတွေ တွေ့ရတတ်ပါတယ် ။ ဥပမာ ファイル ဆိုတဲ့ စာလုံးမှာပါတဲ့ ァ အသေး နဲ့ ရေးထားတာကို ဘယ်လိုအသံထွက်ရမလဲ ၊ ヴィナス စာလုံး ရဲ့ ウ အပေါ်မှာ dakuten တင်ထားတာကို ဘယ်လို အသံထွက်ရမလဲ
စသဖြင့်ပေါ့နော် ။
အဲ့လို ပေါင်းစပ်အသံများ နှင့်ပတ်သတ်ပြီးတော့
ကိုယ် သိသလောက်လေး ဝေမျှပေးသွားချင်ပါတယ်ရှင် ။
အဲ့လို အသံထွက်ရမယ့် စာလုံးတွေကို ဇယားနဲ့ စုစည်းပြီးတင်ပြထားတဲ့အတွက်ကြောင့် ဇယားကွက်ကို လေ့လာကြည့်ရင် အလွယ်တကူ အသံထွက်နိုင်ပါလိမ့်မယ် ။
ပေါင်းစပ်အသံလေးတွေရှိတဲ့ စကားလုံးအချို့ကိုလည်း
ပုံနှင့်တကွ လေ့လာနိုင်ပါတယ် ။
တကယ်က Katakana ဟာ Hiragana ထက် ပိုကျယ်ပြန့်ပါတယ် ။ နောက်ထပ် လေ့လာစရာတွေ ရှိပါသေးတယ် ။ ဥပမာ အင်္ဂလိပ်စာလုံးတခု ...ဘယ်စာလုံး ကို တွေ့တွေ့ Katakana နဲ့ ရေးတတ်ဖို့ဆိုတာကတော့ ကဏ္ဍတစ်ခု အနေနဲ့ ရေးရမှာမို့ နောက် အလျင်းသင့်တဲ့အခါ ထပ်မံဝေမျှပေးသွားပါဦးမယ်နော် ။
ဂျပန်စာ၊စကား လေ့လာနေသူများအတွက် အကျိုးရှိစေမယ့် ဗဟုသုတအကြောင်းအရာလေးတွေကို အပတ်စဉ် တင်ပေးသွားမှာမို့ 🦋 🦋 🦋 Page လေးကို Like & Follow လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော် ။
12/08/2021
🦋 KONNICHIWA 🦋
မင်္ဂလာပါရှင်
ဒီနေ့မှာတော့ ငွေကြေး ကိန်းဂဏန်းအခေါ်အဝေါ်များ နှင့် ပတ်သတ်လို့ ဝေမျှသွားချင်ပါတယ် 😊
1 ကနေ 10 ကို အရင် ကျက်မှတ်ရပါမယ် ။
1 ကနေ 10 ကို ရသွားရင် အနည်းငယ် ထပ်တိုးမှတ်လိုက်တာနဲ့ 99 အထိ လွယ်သွားပါပီ ။
ပြီးမှာ ရာ ၊ ထောင် ၊ သောင်း များကို တိုး၍ မှတ်သွားပါ ။
9 သောင်း ပြီးရင် 1 သိန်း နေရာမှာ 10 သောင်း ဟု မှတ်ပါ ။
ဂျပန်ငွေကြေး တွင် " သောင်း "နေရာ အထက် ရေတွက်ရတွင် ကိန်းဂဏန်း တိုး သွားတိုင်း " သောင်း " ကိုသာ အခြေခံ၍ ပြောင်းလဲခေါ်ဆိုသွားရပါတယ် ။
လွယ်ကူစွာ မှတ်သား ကျက်မှတ်နိုင်ကြပါစေ ။
🦋