13/01/2026
တီချယ်တို့ ကျောင်းသူ၊ကျောင်းသားတွေ အင်္ဂလိပ်စာကို ဘာလို့သင်နေတာလဲ? စာမေးပွဲဖြေဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ဖို့ပါ ပါတယ်နော်။ 😊
ဒါကြောင့် Intellect Forest Pageလေးကနေ သင်ခန်းစာတွေအပြင် နောက်ထပ် ထူးခြားတာတွေကို မျှဝေပေးတော့မှာပဲ ဖြစ်ပါတယိဆိုတာကို သတင်းကောင်းပါးပါရစေ😇🥳
🌳နိုင်ငံတကာ ပညာသင်ဆုများ 🎓
🌳ပြည်ပ အပြန်အလှန်လဲလှယ်ရေး အစီအစဉ်များ ✈️
🌳အခမဲ့ တက်ရောက်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ သင်တန်းများ 💻
ဒီလို တစ်ကမ္ဘာလုံးမှာရှိတဲ့ အခွင့်အလမ်းကောင်းတွေကို လက်လွတ်မခံရအောင် Page ကို Follow လုပ်ထားပြီး ကိုယ့်သူငယ်ချင်းတွေအတွက်လည်း Share ပေးလိုက်ရင်း အတူတူလျှောက်လှမ်းနိုင်ကြပါစေနော်❤️
ကမ္ဘာကြီးအနှံ့ကို အတူတူ ခြေဆန့်ကြရအောင်! 🚀
Join our Telegram Channel💚🤍👇
https://t.me/+QGZEeq5eI9U3Mjll
English is your Passport! 🎫🌍
Why are we learning English? It’s not just for exams. It’s to open doors to the world!
We are excited to announce that we’ll be sharing more than just English Language now.
Get ready for:
Global Scholarships 🎓
Exchange Programs ✈️
Free International Courses 💻
We want to help you discover the best opportunities worldwide.
Follow our page and share this post so your friends don't miss out either!
Let’s go global together! 🚀
11/01/2026
ဒီမေးခွန်းကို အမြဲမှားဖြေမိနေသလား? 🛑
Trလတ်တလော သင်တန်းမှာ ကျောင်းသားတွေကို "What are you in the mood for?" လို့ မေးကြည့်တဲ့အခါ အလွဲလေးတစ်ခု သတိထားမိပါတယ်။🤔
ကျောင်းသားအများစုက "I am happy!" (သို့မဟုတ်) "I am in a good mood!" လို့ ပြန်ဖြေကြပါတယ်။
မဟုတ်သေးဘူးေနာ်။ တကယ်တော့ အဓိပ္ပာယ်ကောက်မှားသွားတာပါ! 🤧
တစ်ယောက်ယောက်က "What are you in the mood for?" လို့ မေးတဲ့အခါ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို မေးတာ မဟုတ်ပါဘူး။
အခုလောလောဆယ်မှာ မင်း ဘာလုပ်ချင်လဲ (သို့မဟုတ်) ဘာစားချင်ေနလဲ ဆိုတဲ့ ဆန္ဒကို သိချင်တာပါ။😇
ဘယ်လိုမှန်အောင် ဖြေရမလဲ?
ဒီပုံစံအတိုင်း သုံးကြည့်ပါ - "I’m in the mood for + [စားချင်/လုပ်ချင်တဲ့အရာ]"🍻🍿
ဥပမာလေးနဲ့လေ့လာကြည့်ရအောင်👇
အစားအသောက်: "I’m in the mood for a cup of coffee." (ကော်ဖီတစ်ခွက်လောက် သောက်ချင်စိတ် ပေါက်နေတယ်။) ☕
Activity: "I’m in the mood for a movie." (ရုပ်ရှင် ကြည့်ချင်နေတယ်။) 🎬
တစ်ခုခုကို အာသီသဖြစ်တာ: "I’m in the mood for something spicy!" (အစပ်တစ်ခုခု စားချင်နေတာ!) 🌶️
ကဲ... Trနဲ့ အတူတူ လေ့ကျင့်ကြည့်ရအောင်! 💬
Trတို့ ကဖေးတစ်ခုမှာ အတူတူ ထိုင်နေတယ်လို့ စိတ်ကူးယဥ်ကြည့်ရအောင်။
Trက ဒီpageမှာ စာလေ့လာတဲ့သူတွေကို မေးလိုက်မယ် -
"What are you in the mood for right now?"
Comment မှာ "I am in the mood for _."
ဆိုတာေလးကို အင်္ဂလိပ်လို ဖြေကြည့်ခဲ့ကြဦးနော်။
မှန်၊ မမှန် Trဝင်စစ်ပေးသွားပါမယ်။ 👇😊
Stop Answering This Question Wrong! 🛑
Recently in my class, I noticed a funny misunderstanding.
I asked my students: "What are you in the mood for?"
Many of them smiled and replied: "I am happy!" or "I am in a good mood!"
Wait! That’s actually not what the question means. ✋
When someone asks "What are you in the mood for?", they aren't asking about your emotions. They want to know what you want to do or eat right now.
How to answer correctly: Use the formula: "I’m in the mood for + [Noun / V-ing]"
Easy Examples:
Food: "I’m in the mood for a cup of coffee." ☕
Activity: "I’m in the mood for a romcom movie." 🎬
Specific cravings: "I’m in the mood for something spicy!" 🌶️
Let’s Practice! 💬 Imagine we are at a café right now and I ask you: "What are you in the mood for?"
Answer in the comments below using: "I am in the mood for _."
I’ll be checking your sentences! 👇
Love,
Tr Serena.
31/12/2025
၂၀၂၆ ခုနှစ် မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ မင်မင်မှ ဆုတောင်းပေးလိုက်ပါတယ်နော်! 🎊🥳
ဒီနှစ်အတွင်းမှာ မင်မင်တို့ IFECရဲ့ သင်ယူမှုခရီးစဉ်မှာ ပါဝင်ခဲ့ကြတဲ့အတွက် ကျောင်းသူ၊ကျောင်းသား၊ ဆရာ၊ဆရာမများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ သင်ယူခဲ့တဲ့ သင်ခန်းစာတိုင်း၊ ဖြေဆိုခဲ့တဲ့ Quiz တိုင်းဟာ ကျောင်းသူ၊ကျောင်းသားတိုင်းကို ရည်မှန်းချက်ပန်းတိုင်နဲ့ ပိုမိုနီးစပ်စေခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း အတူတူ ဆက်လက်ကြိုးစားကြရအောင်။
တောက်ပပြီးအောင်မြင်တဲ့၊ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်ေမြာက်နိုင်တဲ့ နှစ်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေကြောင်း မင်မင်မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🌟☺️
🍇သီးလေးလည်း စားပြီးကြပြီလားရှင်း?🥳🤭
Happy New Year 2026! 🎊
Thank you for being a part of our learning community this year. Every lesson, every quiz, and every mistake you made brought you closer to your goals. Let's keep growing together in the coming year!
Wishing you a bright, successful, and "fluent" New Year! 🌟
#2026
28/12/2025
💫အင်္ဂလိပ်စာလေ့လာသူအများစုဟာ Grammar စည်းမျဉ်းတွေကို နှစ်နဲ့ချီပြီး လေ့လာကြပေမဲ့ တကယ်တမ်း စကားပြောတဲ့အခါမှာ ထစ်နေတတ်ပါတယ်။ 🤔
💫ဘာကြောင့်လဲ? 🧐
ဝါကျတွေကို တည်ဆောက်ဖို့ လိုအပ်တဲ့ အခြေခံ "အုတ်ခဲ" (စကားလုံးတွေ) မရှိလို့ပါ။
💫နာမည်ကျော် ဘာသာဗေဒပညာရှင် David Wilkins က ပြောဖူးပါတယ်။ "Grammar မသိရင် အဓိပ္ပာယ် အနည်းငယ်ပဲ ဖော်ပြနိုင်မယ်။ ဒါပေမဲ့ Vocabulary (ဝေါဟာရစကားလုံး) မသိရင်တော့ ဘာမှ ဖော်ပြနိုင်မှာ မဟုတ်ဘူး။"☹️
💫ဒါကို စဉ်းစားကြည့်ပါ။ ကိုယ်က စားသောက်ဆိုင်သွားပြီး "ဗိုက်ဆာ... ကြက်သား... ကျေးဇူးပြု၍" "Hungry ... Chicken...Please" လို့ ပြောရင် (Grammar မပါ/ Fully constructed Sentence Structureမပါ သော်လည်း) စားပွဲထိုးက နားလည်ပါတယ်။😇
💫ဒါပေမဲ ကိုယ့်Grammar က ဘယ်လောက်ပဲ ကောင်းနေပါစေ၊ "ကျွန်တော်ကတော့ ... ကို မှာချင်ပါတယ်" လို့ ပြောပြီး မှာချင်တဲ့ "Grilled Salmon" ဆိုတဲ့ ဝေါဟာရစကားလုံးကို မသိရင်တော့ ကိုယ်လိုချင်တာကို ရမှာမဟုတ်ပါဘူး။☹️
💫နေ့စဉ်ဘဝမှာ ဘာလို့အရေးကြီးတာလဲ?🤗
💫 Confidence 😏- ဝေါဟာရ စကားလုံးတွေ ပိုသိလေလေ၊ တစ်ယောက်ယောက်က မေးခွန်းမေးတဲ့အခါ ကြောက်စိတ် နည်းလေလေပါပဲ။🤗
💫 Expression - "ဝမ်းနည်းတယ်" လို့ပဲ အမြဲပြောမယ့်အစား "စိတ်ပျက်တယ်" (သို့မဟုတ်) "မျှော်လင့်ချက်ေပျာက်ဆံုးတယ်" "စိတ်အားငယ်တယ်" စသဖြင့် ပိုမိုတိကျစွာ ပြောနိုင်လာပါလိမ့်မယ်။☺️
❌စာရင်းလိုက်ကြီး မကျက်ပါနဲ့!!!🥲❌
"Beautiful" တစ်လုံးတည်းကို မကျက်ဘဲ "လှပတဲ့ ရှုခင်း" ဒါမှမဟုတ် "လှပတဲ့ စိတ်ထား" စသဖြင့် တွဲလုံးလေးတွေနဲ့ မှတ်ပါ။😉
💫၃ ကြိမ်သုံးခြင်းနည်းလမ်း - စကားလုံးအသစ်တစ်ခုကို ဒီနေ့အတွင်း အနည်းဆုံး ၃ ကြိမ်လောက် ဝါကျဖွဲ့သုံးကြည့်ပါ။ သုံးနိုင်သွားပြီဆိုရင် အဲဒီစကားလုံးက ကိုယ့်အတွက် ဖြစ်သွားပါပြီ။😉
✅Vocabulary က ဆေးရောင်ခြယ်တာနဲ့ တူပြီး Grammar ကတော့ ဘောင်ခတ်တာနဲ့ တူပါတယ်။ သင့်ရဲ့ အင်္ဂလိပ်စာကို ဆေးရောင်လှလှလေးတွေ ခြယ်သလိုက်ရအောင်။ 🎨🥳
🎀Vocabulary သင်တန်းများကို Levelအလိုက် New Year Discount 10%-20% OFFနဲ့ တက်ရောက်နိုင်ပါပြီ။ 🎉💯
🎀သင်တန်းများစုံစမ်းလိုပါက CBတွင် အားမနာတမ်း စုံစမ်းနိုင်ပါပြီ!❤️
New Yearမှာ ဆုလည်းတောင်းမယ်၊ အမှန်တကယ်လည်း အပြင်မှာ အားစိုက်ထုတ်ကြမယ်💪✨
22/12/2025
What is "Rage Baiting"?😤
☃️Ever seen a video or heard a statement so "wrong" that you just had to stop and comment?
☃️Or met someone who says something wild just to start a fight? You’ve been baited.😬
🧐 What is it?
☃️Rage baiting is a social media strategy where creators post content that is intentionally annoying, offensive, or incorrect to provoke an emotional reaction.
☃️The Goal: To make you angry.
☃️The Logic: Your anger = Their profit.
Every angry comment tells the algorithm the post is "popular," making it go viral.
🗣 In Daily Socializing
☃️It’s not just online! Have you ever been at a party where someone says something totally outrageous like "I think the earth is flat" just to watch everyone scramble to prove them wrong?
☃️That’s Real-Life Rage Baiting. They don't believe it. They just want to control the room’s energy.😬
Rage baiting ဆိုတာ လူတွေ ဒေါသထွက်အောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင် (သို့မဟုတ်) တမင်တကာ အမှားတွေကို တင်ပြီး တုံ့ပြန်မှု (Engagement) ရအောင် လုပ်တဲ့ ဆိုရှယ်မီဒီယာ ဗျူဟာတစ်ခုပါ။
☃️Goal: သင့်ကို ဒေါသထွက်အောင်လုပ်ဖို့
☃️Logic: သင့်ရဲ့ဒေါသဟာ သူတို့အတွက် အမြတ်ပါ။ သင်က ဒေါသတကြီးနဲ့ "ဒါကြီးက မှားနေတယ်" လို့ မန့်လိုက်တိုင်း Algorithm က ဒီပို့စ်ကို လူကြိုက်များတယ်လို့ မှတ်ယူပြီး တခြားသူတွေကို ပိုပြပေးပါတယ်။
☃️လူမှုပတ်ဝန်းကျင်မှာလည်း ရှိတယ်
ဒါက အွန်လိုင်းမှာတင် ရှိတာ မဟုတ်ပါဘူး။ လူစုလူဝေးထဲမှာ တစ်ယောက်ယောက်က "ကမ္ဘာကြီးက ပြားနေတာပါ" ဆိုတဲ့ ပေါက်ကရစကားမျိုးကို တမင်သက်သက် ပြောတာမျိုး ကြုံဖူးမှာပါ။ သူတို့ တကယ်ယုံလို့ ပြောတာ မဟုတ်ဘဲ လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို ရချင်လို့ ရန်စလိုက်တာမျိုးပါ။ ဒါဟာ Rage Baiting ပါပဲ။
19/12/2025
"Happy Karen New Year to all the wonderful students and followers! 🌾✨
Wishing you a year filled with happiness, peace, and success. Let’s celebrate new beginnings together!"🤩🎉
13/04/2025
🌿IFEC အတန်းများအားလုံးကို 13.4.2025မှ 18.4.2025ထိတိုင် ပိတ်ထားမည် ဖြစ်ပါသည်။
🌿28th Marchတွင်ဖြစ်ေပါ်ခဲ့ေသာ Earthquake Emergencyနှင့် ဆက်စပ်အခြေအနေအရပ်ရပ်များကြောင့် Adminတို့ အတန်းများကို တစ်ပတ်တာ နားခဲ့သည်ဖြစ်သည့် အလျောက် ယခုအခါတွင် နှစ်ကူးအတာသကြန်ပိတ်ရက်ကို 13.4.2025မှ 18.4.2025အထိသာ သတ်မှတ်မည်ဖြစ်ပါသည်။
🌿ကျောင်းသူ၊ေကျာင်းသား၊မိဘများနှင့် ဆရာ၊ဆရာမများအား မြန်မာနှစ်ကူးအတာသကြန်ကာလအတွင်း စိတ်၏ချမ်းသာပါေစေကြာင်း၊ ကိုယ်၏ကျန်းမာပါစေကြောင်း IFECမှ မေတ္တာပို့သပါတယ်ရှင့်။🙏🙏🙏💌
30/03/2025
ငလျင်ပြီးနောက် သင်သိထားသင့်သော
(4) မျိုးသော နံရံအက်ကြောင်းများ 🚨
1. ဆံခြည်မျှသော အက်ကြောင်းများ
ဤအက်ကြောင်းများသည် ကရက်ဒစ်ကတ် (သို့) ဆံခြည်တစ်မျှင်ထက် မကျယ်ပါ။
အရေးပေါ်အဆင့် - အန္တရာယ်နည်းသည်
2. ဒေါင်လိုက်အက်ကြောင်းများ
ဤအက်ကြောင်းများသည် ပါးချော (သို့) ထူထဲနိုင်ပြီး အပေါ်အောက်ဖြစ်နိုင်သည်။
၅ မီလီမီတာထက် ကျယ်ပြန့်မှသာ ကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။
အရေးပေါ်အဆင့် - အနည်းငယ်မှ အလယ်အလတ် အန္တရာယ်ရှိသည်
3. အလျားလိုက်အက်ကြောင်းများ
ဤအက်ကြောင်းများသည် ပါးချော (သို့) ထူထဲနိုင်ပြီး ဘယ်မှညာသို့ ဖြစ်နိုင်သည်။ အလျား သို့မဟုတ် အနံ မည်မျှရှည်တိုပုံစံမဆိုကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။
အရေးပေါ်အဆင့် - အန္တရာယ်အလွန်ရှိသည် မနေသင့်
4. ထောင့်စောင်းအက်ကြောင်းများ
ဤအက်ကြောင်းများသည် ထူထဲ (သို့) ပါးချောနိုင်ပြီး ၃၀ မှ ၇၀ ဒီဂရီထောင့်ဖြင့် ဖြစ်နိုင်သည်။ အလျား သို့မဟုတ် ဒေါင်လိုက်အကျယ်မည်မျှမဆို ကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။
အရေးပေါ်အဆင့် - လုံးဝ မနေသင့်ပါ🚨
🙏Adminတို့ ငြိမ်နေတာမဟုတ်ပဲ တစ်ယောက်ကလှည့်စီ နိုင်တဲ့အားလေးနဲ့ ဝိုင်းကူနေကြလို့ပါ။ 😥
🙏သင်တန်းသားအများစုက လျှပ်စစ်မီးမရရှိနေတာတွေ၊ Internetမရရှိနေတဲ့ အခြေအနေတွေဖြစ်နေတာကြောင့် အတန်းများအားလုံးနီးပါး ရပ်ထားရပါမယ်ရှင်။
🙏 အားလုံးဘေးကင်းကြပါစေ။
Adminတို့အနေနဲ့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းများကို လှူဒါန်းပေးနေပါတယ်။ Adminတို့အနေနဲ့ အလှူငွေလက်မခံပါ။
🙏လှူဒါန်းလိုပါက commentမှာ linkချထားပေးပါမယ်။ သွားရောက်လှူဒါန်းနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
Photo credit to original uploader
Dear Engineers, please add more information or correct.
20/02/2025
Enroll now!🌟🤯 Summer Class (နွေရာသီ သင်တန်း)🏝️
ဟယ်လို ... ဟယ်လို!🤗 မင်မင်တို့ နွေရာသီ ကျောင်းပိတ်ရက်လေးအတွင်း ကျောင်းသူ၊ကျောင်းသားများ Englishစာကို အပြည့်အဝလေ့လာနိုင်ဖို့ သင်တန်းလေးများဖွင့်လှစ်တော့မှာဖြစ်ပါတယ်။❤️
🏝️Available Courses (တက်ရောက်နိုင်မည့်သင်တန်းများ)
🪴Young Learner's Classes (YLE)
YLE Starters
YLE Movers
YLE Flyers
YLE Phonics
🎯Starters, Movers, Flyers အတန်းများကတော့ Courseပြီးဆုံးလျှင် IFECမှ စစ်သော Examကိုဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာလျှင် Preparationပြုလုပ်၍ British Council Examsများအား Registerလုပ်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
🪴Adult Classes
Elementary Class
Pre-intermediate Class
Intermediate Class
🪴One on One (Private Classes)
Private Classများအတွက် CBတွင် အသေးစိတ်စုံစမ်းနိုင်ပါပြီ။ 🤯
🪴Starting Date(စတင်မည့်ရက်) - 4.3.2025 (တစ်တန်းနှင့်တစ်တန်းမတူပါရှင့်)‼️‼️‼️
‼️‼️‼️🏝️သင်တန်းကြေး 10% Discountရယူရန် February 28ရင်နေ့မတိုင်ခင် Enrollလုပ်လိုက်ပါ။❤️🤗
‼️‼️‼️ 🏝️ သင်တန်းကြေး 5% Discount ရယူရန် မင်မင်တို့ Postလေးကို လိုက်ခ်နဲ့ရှဲ လုပ်ပေးပြီး commentမှာ မန့်ပေးထားပါရှင့်။
‼️‼️‼️အမေးများကြတဲ့ "In Person Classမရှိဘူးလားမင်မင်?"😖
မင်မင်တို့ IFECက အခုလောလောဆယ်မှာတော့ Online Zoom Classesလေးတွေပဲ ဖွင့်လှစ်နိုင်သေးပါတယ်ရှင်။ 🤧🤗
နောက်နှစ်တွေမှာ In Person Classလေးတွေလည်း ဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားပါဦးမယ်ရှင့်။❤️🙌💪
🪴သင်တန်းအကြောင်း အသေးစိတ်ကို အောက်ပါPostersလေးများတွင် ဝင်ရောက်ဖတ်နိုင်သလို၊ မင်မင်တို့ Messenger/CBကိုလည်း အပြေးလေးလာမေးလို့ရပါတယ်ရှင့်။✨
🏝️Cambridge Examsများအကြောင်းလည်း အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ✨
🤯What do we offer?
We offer -
💫Standard Education
💫Standard Instructors
💫Warm and Encouraging Learning Environment
04/01/2025
Happy National Independence Day!
ယနေ့ IFECမှာ အတန်းများအားလုံး ပိတ်ပါသည်။ ကျေးဇူးတင်ပါသည်။ ❤️
Enjoy your holidays students. 🥳