Kakudo Japanese Language

Kakudo Japanese Language Japanese Language teaching & sharing

2023 JULY JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမ...
12/06/2023

2023 JULY JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့် (Test Voucher) ကတ်ပြားများအား (၁၃.၅.၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

Online မှ လျှောက်လွှာတင်ထားသူများ အနေဖြင့်လည်း သတ်မှတ်ရက် (၂.၇.၂၀၂၃)ရက်နေ့ အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားအား Color Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။

၁) စာမေးပွဲနေ့တွင် စာဖြေသူများအားလုံးသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) နှင့် အောက်ဖော်ပြပါသက်သေခံကတ်ပြားမူရင်းတခုခု အား မဖြစ်မနေယူဆောင်လာရပါမည်။ မပါရှိပါကဖြေဆိုခွင့် မရှိပါ။ ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။

(က) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်)
(ခ) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(ဂ) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ)
(ဃ) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ)
(င) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များစသည်တို့အတွက်)

၂) Test Voucher တွင်ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန် ၊ နေ့ရက်အတိုင်း လာရောက်ဖြေဆို ရပါမည်။ စာဖြေဌာနနေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။

၃) ရိုးရိုးခဲတံ 2B, HP (ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ)၊ ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကားမောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည် များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။

၄) ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား စာဖြေဌာနဝင်းအတွင်းသို့ လုံးဝ ယူဆောင်လာခွင့်မပြုပါ။ ယူဆောင်လာသည့် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား မိမိတာဝန်ဖြင့်သာ ကျောင်းဝင်းပြင်ပတွင် ထားခဲ့ရမည် ဖြစ်သည်။

၅) ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် တခြားတန်ဖိုးရှိပစ္စည်းများအား ယူဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာဖြေဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးမည် မဟုတ်ပါ။

၆) တယ်လီဖုန်းယူဆောင်လာခြင်းမပြုရန် တိုက်တွန်းပါသည်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက နှိုးစက် (Alarm) Setting များအား ပိတ်၍ ဖုန်းအား Power Off လုပ်ထားရမည်ဖြစ်ပါသည်။ Vibration Mood, Silent Mood, Airplane Mood များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။ စာဖြေခန်းအတွင်းတွင် ဖုန်းအား Power Off ပြုလုပ်ပြီး၊ ပလတ်စတစ်အိတ်အတွင်းသို့ ထည့်သွင်းကာ စားပွဲခုံအောက်စသည့် လက်လှမ်းမမှီသည့်နေရာတွင် ထားရှိရပါမည်။ စာမေးပွဲဖြေဆိုနေချိန်တွင် တယ်လီဖုန်း အသုံးပြုခြင်း၊ အသံမြည်ခြင်း၊ အသံဖမ်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်းများအား တားမြစ်ထားပြီး၊ ကျူးလွန်ပါက မသမာသူ (Missed Conduct) အဖြစ်သတ်မှတ်ပြီး အောင်စာရင်းထွက်ရှိမည်မဟုတ်ပါ။

၇) ပါးစပ်နှင့် နှာခေါင်းစည်း မတ်စ် (Mask) တပ်ဆင်လာရန်။ Covid-19 ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေဌာနအတွင်း ပြုမူနေထိုင်ကြပါရန်။

မှတ်ချက်။ ။ စည်းကမ်းချက်များနှင့် ပတ်သက်၍ စာဖြေသူများ နားလည်သဘောပေါက်လွယ်ကူစေရန် ဗီဒီယိုဖိုင်ဖြင့်လည်း ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း


  နေ့မှာအဆင်ပြေချောမွေ့စွာ သွားနိုင်အောင်လို့share ပေးလိုက်ပါတယ်နော် ကလေးတို့😍  ဖြေဆိုရမည့်နေရာများသို့ရောက်ရှိသောယာဉ်လိ...
31/05/2023

နေ့မှာအဆင်ပြေချောမွေ့စွာ သွားနိုင်အောင်လို့share ပေးလိုက်ပါတယ်နော် ကလေးတို့😍
ဖြေဆိုရမည့်နေရာများသို့ရောက်ရှိသောယာဉ်လိုင်းများနှင့်အနီးဆုံးမှတ်တိုင်များကိုဖော်ပြပေးလိုက်ပါတယ်

(သိသလောက်ရေးပေးထားပါတယ် ထပ်ဖြည့်ပေးပါမယ်)

1.အထက ၂လိုတဲ့နေရာတွေရှိရင်ပြောပေးပါ ဗဟန်း(ကုက္ကိုင်းမှတ်တိုင်)
YBS - 28 / 36 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ်ဘာအေးဘုရားလမ်း)
YBS - 14 / 38 / 60 / 76 / 86 စီးပါက တက္ကသိုလ်ရိပ်သာလမ်း ကုက္ကိုင်းမှတ်တိုင်ဆင်း၍လမ်းလျှောက်ရန်

2. အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီး(ဗဟန်း၃လမ်းမှတ်တိုင်)
YBS - 8 / 12 / 28 / 29 / 36 / 61 / 82 / 87 / 95 / 108 / 115 / 116 / လေဆိပ်ကား(ကမ်ဘာအေးဘုရားလမ်း)

3.အထက ၁ ဒဂုံ(ယောက်လမ်းမှတ်တိုင်)
YBS - 12 / 28 / 29 / 36 / 61 / 72 / 82 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ်ဘာအေးဘုရားလမ်း)
YBS - 78 / 80 / 93 / 94 / 118 စီးပါက ဘူတာကြီးဆင်း၍လမ်းလျှောက်ရန်

4.အထက ၂ ဒဂုံ(ပဲခူးကလပ်မှတ်တိုင်)
YBS - 21 / 35 / 37 / 39 / 78 / 104 / 105 / 106 / 107 / 118 / 128 / လေဆိပ်ကား(ပြည်လမ်း)

5.အထက ၆ အလုံ(ချန်မာဖီမှတ်တိုင်)
YBS - 22 / 41 / 59 / 89(ကြည့်မြင်တိုင်မှသာကေတအသွား) / 94 / 98 / 117

6. NYRDDC(စာဥမှတ်တိုင်)
YBS - 4 / 8 / 9 / 100
YBS - 5 စီးပါက အလိုတော်ပြည့်မှတ်တိုင်ဆင်းရန်

7.ရန်ကုန်နည်းပညာတက္ကသိုလ်(ဘီပီအိုင်မှတ်တိုင်)
YBS - 21 / 39 / 41 / 65 / 68 / 78 / 88 / 99 / 119 / 15(ကြိုးတံတား)
*** YBS-15(ကြိုးတံတား)စီးပါက ဘီပီအိုင်ရောက်မရောက်မေးစီးရန်

8.အထက ၁ ရန်ကင်း( ၁၂ လုံးတန်းမှတ်တိုင်)
YBS - 12 / 14 / 29 / 38 / 43 / 60 / 64 / 76 / 79 / 86 / 87 / 108

9.အထက ၁ တာမွေ(မင်္ဂလာဈေးမှတ်တိုင်/ ၁၂၄လမ်းမှတ်တိုင် / ယုဇနပလာဇာမှတ်တိုင်)
YBS - 3 / 7 / 8 / 9 / 13 / 20 / 25 / 26 / 27 / 43 / 64 / 65 / 72 / 80 / 85 / 95 / 111 / 112 / 113 / 120 / 129
YBS - 33 စီးပါက ဂိတ်ဆုံးထိစီးရန်

10.ရန်ကုန်စီးပွားရေးတက္ကသိုလ်(Mainထဲ) (မာလာမှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)

11.ရန်ကင်းပညာရေးဒီဂရီကောလိပ်(မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 / 38 / 60 / 83 / 87 / 108
YBS - 43 စီးပါက ရန်ကင်းစာတိုက်မှတ်တိုင်ဆင်းရန်

12.NMDC(ဂန္ဓီဆေးရုံမှတ်တိုင်)
YBS - 56 / 57 / 100 / 98(လင်းစဒေါင်းမှလှိုင်သာယာအပြန်)
YBS - 13 / 24 / 26 / 34 / 43 / 58 / 63 / 65 / 79(Trans Link) / 82 / 114 စီးပါက ဗိုလ်တထောင်ဘုရားမှတ်တိုင်ဆင်းရန်
YBS - 3 / 31 / 70 / 81 / 89 / 110 စီးပါက လမ်း၅ဝမှတ်တိုင်ဆင်းရန်

13.အထက ၁ အင်းစိန်(အင်းစိန်ဆေးရုံမှတ်တိုင်)
YBS - 15(အဝါ) / 21 / 65(အဝါ) / 77 / 78 / 88 / 94

14.အထက ၁ မင်္ဂလာတောင်ညွန့်(မဆလာစက်မှတ်တိုင်)
YBS - 7 / 20 / 25 / 64 / 72 / 111 / 112 / 113 / 120

15.ရန်ကုန်ပညာရေးတက္ကသိုလ်(စိုက်ပျိုးရေးမှတ်တိုင်)
YBS - 21 / 35 / 37 / 39 / 61 / 65 / 77 / 78 / 82 / 104 / 105 / 106 / 107 / လေဆိပ်ကား(ပြည်လမ်း)

16.RC 2(ကျောင်းကွေ့မှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)
YBS - 21 / 30 / 39 / 41 / 61 / 65 / 76 / 77 / 78 / 82 / 86 / 90 စီးပါက သံလမ်းမှတ်တိုင်ဆင်းရန်(လမ်းအနည်းငယ်လျှောက်ရမည်)

17.အထက ၂ ရန်ကင်း(မိုးကောင်းမှတ်တိုင်)
YBS - 12 / 29 / 38 / 60 / 83 / 87 / 108
YBS - 43 စီးပါက ရန်ကင်းစာတိုက်မှတ်တိုင်ဆင်းရန်
YBS - 14 / 26 / 27 / 63 စီးပါက ကျောက်ကုန်းမှတ်တိုင်ဆင်းရန်စိန်ဂျွန်းမှတ်တိုင်ဆင်းရန်

18.အထက ၁ လမ်းမတော်(သခင်မြပန်းခြံမှတ်တိုင်)
YBS - 14 / 20 / 22 / 23 / 30 / 40 / 41 / 55 / 56 / 57 / 58 / 59 / 89 / 90 / 94 / 98 / 117
YBS - 21 / 35 / 37 / 39 / 78 / 104 / 105 / 106 / 107 / 118 / 128 / လေဆိပ်ကား(ပြည်လမ်း)စီးပါက

19.အထက ၁ ဗဟန်း(ရွှေဂုံတိုင်မှတ်တိုင်)
YBS - 12 / 20 / 29 / 59 / 61 / 62 / 65 / 75 / 82 / 85 / 118 / 128
YBS - 28 / 36 / 87 / 108 / 115 / 116 / လေဆိပ်ကား(ကမ်ဘာအေးဘုရားလမ်း)စီးပါက ရွှေဂုံတိုင်(နှင်းဆီကုန်း)မှတ်တိုင်ဆင်းရန်

20. အထက ၂ ကမာရွတ်(ကျောင်းလမ်းမှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86

21.အထက ၄ စမ်းချောင်း(ရှမ်းလမ်းမှတ်တိုင်)
YBS - 11 / 20 / 59 / 62 / 75 / 85

22. အလက ၁ ရန်ကင်း(မိုးကောင်းမှတ်တိုင်)အင်းစိန်လမ်းကိုရောက်ပါမည်
YBS - 12 / 29 / 38 / 60 / 83 / 87 / 108

23.အထက ၃ လှိုင်(အုတ်ကျင်းမှတ်တိုင်)
YBS - 11 / 22 / 94
YBS - 21 / 30 / 39 / 41 / 61 / 65 / 76 / 77 / 78 / 82 / 86 / 90 စီးပါက

24.အထက ၄ အလုံ(သခင်မြပန်းခြံမှတ်တိုင်)
YBS - 14 / 20 / 22 / 23 / 30 / 40 / 41 / 55 / 56 / 57 / 58 / 59 / 89 / 90 / 94 / 98 / 117 / 128

25.အထက ၂ မရမ်းကုန်း(ခဝဲခြံမှတ်တိုင်)
YBS - 21 / 39 / 41 / 65 / 68 / 78 / 88 / 99 / 119 / 15(ကြိုးတံတား)
***YBS - 15(ကြိုးတံတား)စီးပါက ခဝဲခြံရောက်မရောက်မေးစီးရန်

26. အထက ၁ လှိုင်(ဘူတာရုံလမ်းမှတ်တိုင်)
YBS - 11 / 22 / 94
YBS - 21 / 30 / 39 / 41 / 61 / 65 / 76 / 77 / 78 / 82 / 86 / 90 စီးပါက အင်းစိန်လမ်းကိုရောက်ပါမည်

27.အထက ၂ လသာ(ဆေးရုံကြီးမှတ်တိုင်)
YBS - 20(သခင်မြပန်းခြံမှလှိုင်သာယာအပြန်) / 37 / 56 / 94 / 98 / 104 / 105 / 107 / လဆျေိပျကား(ပြည်လမ်း)
YBS - 4 စီးပါက ဗိုလ်ချုပ်ဈေးဆင်းရန်
YBS - 8 / 11 / 77 စီးပါက လေဟာပြင်ဈေးဆင်းရန်
YBS - 21 / 35 / 39 / 78 / 118 စီးပါက အရေးပေါ်ဌာနဆင်းရန်

28. အထက ၁ မရမ်းကုန်း(ဦးဘဟန်မှတ်တိုင်)
YBS - 15(ကြိုးတံတား) / 16 / 19 / 61 / 68 / 79 / 83 / 86

29. ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(UFLမှတ်တိုင်)
YBS - 14 / 38 / 60 / 76 / 86

30.သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်(ADမှတ်တိုင်)
YBS - 35 / 37 / 104 / 105 / 106 / 107 / 117 / လေဆိပ်ကား(ပြည်လမ်း)

31.အလက ၄ ရန်ကင်း(မှတ်တမ်းရုံးမှတ်တိုင်)
YBS - 14 / 26 / 27
YBS - 60 / 63 စီးပါက သံလမ်းမှတ်တိုင်ဆင်းရန်

32.အထက ၁ တောင်ဥက္ကလာ(အင်းဝမှတ်တိုင်)
YBS - 10 / 12 / 32 / 87 / 96 / 108
YBS - 29 / 38 / 83 စီးပါက ဘုရားလမ်းမှတ်တိုင်ဆင်းရန်

Credit From Ko Zaw Lin Thant

19/02/2023
11/02/2023

JLPT Formအတွက်ဖောင်တင်မရဘူးဆိုသူများတင်ပေးပါတယ်
ဝန်ဆောင်ခ JLPT ဖောင်ရမှပေးပါရန်။ (N1/N2/N3/N4/N5) Levelအစုံတင်ပေးပါမည်။ (21/2/2023)စပြီးတင်ပေးပါမည်။

ဖြေမဲ့ level
ဖြေမဲ့ test site
Name (English လိုရေးပေးပါ)
မွေးသက္ကရာဇ်
Password (8)လုံး
လိပ်စာ အပြည့်အစုံ
ဖုန်းနံပါတ်
Email
သင်တန်းကျောင်းအမည်
လိုင်စင်ပုံ၊မှတ်ပုံတင်ရှေ့ /နောက် ၊ ထိုးမြဲလက်မှတ်

Level အလိုက်စာမေးပွဲကြေး + Service fess -12000ks
Messenger အမြန်ဆုံးဆက်သွယ်နိင်ပါတယ် 🇯🇵🇯🇵🇯🇵

07/02/2023

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) လျှောက်ထားရာတွင် အကျုံးဝင်သည့် သက်သေခံကတ်ပြား (ID) နှင့် ပတ်သက်၍ ကြိုတင်ကြေငြာချက် - ၂

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲမှ စတင်၍ နောင်ကျင်းပမည့် JLPT စာမေးပွဲများအတွက် လျှောက်လွှာလက်ခံရာတွင် အောက်ဖော်ပြပါ သက်သေခံကတ်ပြား (ID) များကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာပြီးဖြစ်ပါသည်။

သတ်မှတ်ထားသော သက်သေခံကတ်ပြား (ID) များ

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)

(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

စာမေးပွဲဖြေဆိုရာတွင်လည်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) နှင့်အတူ အထက်ပါ သက်သေခံကတ်ပြား (ID) မူရင်း တစ်ခုခုမပါရှိပါက လုံးဝ ဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်းနှင့် စာမေးပွဲလျှောက်ထားလိုသူများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် အသိပေးကြေငြာခဲ့ပါသည်။

သို့ရာတွင် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် ၁၀ နှစ်အောက် စာမေးပွဲလျှောက်လွှာတင်လိုသူများသည် MAJA မှ သတ်မှတ်ပေးမည့်ရက်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြင့်ဖြစ်စေ သတ်မှတ်နေရာတွင် လျှောက်လွှာ လာရောက်ဝယ်ယူ၍ လျှောက်လွှာတင်ရမည်ဖြစ်သည်။

ထိုသို့လျှောက်ထားရာတွင် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက် သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြားဖြင့် လျှောက်လွှာလက်ခံသွားမည်ဖြစ်ပြီး၊ ၁၀ နှစ်အောက် လျှောက်လွှာတင်သူများ အတွက် မွေးစာရင်းဖြင့် လျှောက်လွှာလက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

လျှောက်လွှာလက်ခံမည့်ရက်၊ အချိန်နှင့် နေရာအား အသေးစိတ် ထပ်မံကြေငြာပေးပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

colour blind Test? ?
01/02/2023

colour blind Test? ?

31/01/2023
11/01/2023

Kakudo Japanese Language သင်တန်းမှာ N5 Special Online Class အတန်းလေးကိုဖွင့်ပေးဖို့တောင်းဆိုနေကျလို့ Watashi မှ N5တန်းခွဲလေး နှစ်တန်းကို ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီနော် 😍

#အထူးအစီအစဥျ
Kakudo ရဲ့ကျောင်းသားဟောင်းများကို 5%ပေးသွားမှာပါနော် 😱

လူဦးရေအကန့်အသတ်ဖြင့်သာကျောင်းအပ်လက်ခံမှာဆိုတော့ ကျောင်းသားအနည်းငယ်သာလက်ခံပေးပါမယ်နော် လူနဲသည့်အတွက် စာအရလဲ မြန်သလို သင်ခန်းစာအတွက်စာမလိုက်နိင်မှာလဲစိတ်ပူစရာမလိုပါဘူးနော် Watashi ကနားမလည်မချင်း မတတ်မချင်းစိတ်ရှည်ရှည်နဲ့သင်ကြားပေးမှာမို့ ကို့ဘက်ကသာကြိုးစားမဲ့ စိတ်လေးတစ်ခုပဲလိုမယ်နော် 👍

ီးသန့်သင်ချင်သူများအတွက်Pageရဲ့messengerသို့လာရောက်မေးမြန်းနိင်ပါတယ် 😘

N5
( Vocabulary ,Grammar ,Listening ,Reading ,Kanji , Exam Practice ,Old Questions )

( Class - A )
Start date - 21/1/2023
Day - Sat, Sun
Time - 1:00pm ~ 3:00pm
Duration. - 3.5months
Fees. - 60,000 ကျပ်

( Class - B )
Start Date - 16/1/2023
Day - Mon,Tue ,Wed,Thur
Time - 6:00 ~ 7:30pm
Duration. - 2.5 months
Fees. - 60,000 ကျပ်

online banking နဲ့လဲငွေပေးချေနိင်ပါတယ် %လုံးဝမယူပါ💜
AYA / AGD / KBZ / KBZ Pay / Wave Money 👌👌👌

သင်တန်းအသစ် လေးကိုတော့ စတင်လက်ခံနေပါပြီရှင်

#မှတ်ချက် ✖ စာပုံမှန်လိုက်မလုပ်သည့်လူများတက်ရန်မလိုပါ✖

✖ အိမ်စာပုံမှန်လိုက်မလုပ်သည့်သူများတက်ရန်မလိုပါ✖
✖စာသင်ချိန် Online ဖြစ်နေပြီး seenမဖြစ်သူများတက်ရန်မလိုပါ✖

စည်းကမ်း လိုက်နာနိင်မည့်သူများသာတက်ရောက်ပေးပါရန်😊

Address

Yangon

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Kakudo Japanese Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category