ကိုကြွယ်ကြီး ရာထူးဝင်ခွင့် သင်တန်းကျောင်း - Kokywegyi Entrance School

ကိုကြွယ်ကြီး ရာထူးဝင်ခွင့် သင်တန်းကျောင်း - Kokywegyi Entrance School

Share

ကိုကြွယ်ကြီး ရာထူးဝင်ခွင့် သင်တန်း?

Photos from Candle Law School's post 01/05/2023
26/04/2023

ရာဇသတ်ကြီးအား ပိုင်းခြားလေ့လာနိုင်စေရန်
The Basic Structure Of Penal Code အား ကျွန်ုပ်တို့ ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်းမှ တင်ပြပေးလိုက်ရပါသည်။
ရိုသေစွာဖြင့်
Candle Law School
Telegram - https://t.me/CandleLawSchool

23/04/2023

🙋ရပ်တန့်ခဲ့သောခြေလှမ်းများအား
တဖန်ပြန်လည်ရွှေ့လျားခြင်း
(သို့မဟုတ်) Candle Law School - ဖယောင်းတိုင် ဥပဒေပညာသင်ကျောင်း

(၁-၂-၂၀၂၁)ရက်နေ့မှစ၍ ဥပဒေသင်တန်းများ သင်ကြားခြင်း နှင့် ဥပဒေမှတ်စုများ ရေးသားခြင်း/ထုတ်ဝေရောင်းချခြင်း တို့ကို ရပ်တန့်ခဲ့ပါသည်။ အမှန်စင်စစ်အားဖြင့် ကျွန်တော်သည် တရားသူကြီး အလုပ်အပြင် ဥပဒေမှတ်စုရေးသားခြင်း၊ ဥပဒေသင်တန်းသင်ကြားခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုသူတစ်ဦးဖြစ်ပါသည်။ အခြေအနေ အကြောင်းတရားများနှင့် စိတ်ခံစားချက် တစ်ချို့ကြောင့် အထက်ပါလုပ်ဆောင်မြဲအလုပ်ကို ရပ်တန့်ခဲ့ခြင်းဖြစ်ပါသည်။
ယင်းသို့ရပ်တန့်ထားစဉ်ကာလအတွင်း မိမိ၏အရည်အချင်းကို ဖြည့်တင်းခြင်း၊ ဥပဒေရေးရာမှတ်စုများ စုဆောင်းရေးမှတ်ခြင်း၊ သင်ရိုးညွှန်းတမ်းများစနစ်တကျပြင်ဆင်ခြင်း တို့ဖြင့် အချိန်များစွာကို ကုန်ဆုံးစေခဲ့ပါသည်။
ယခုအခါ ကျွန်ုပ်၏ဘဝဆက်လက်ရပ်တည်ရေးနှင့် သင်ယူလိုသည့်အချို့သော ဥပဒေကျောင်းသားများ ဥပဒေပညာကိုဆက်လက်သင်ယူနိုင်ရေးအတွက် ဥပဒေသင်တန်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို စတင်လုပ်ဆောင်သွားတော့မည်ဖြစ်ပါသည်။
ယခင်က သုံးနှုန်းခဲ့သော ကိုကြွယ်ကြီး ဆိုသည့် အမည်နာမထက် ကျွန်တော့်ဘဝ ဥပဒေလောကထဲ စတင်အခြေချစဉ်က သုံးနှုန်းခဲ့ သော "ဖယောင်းတိုင်" ဆိုသည့် အမည်နာမ လေးကို ပိုမို၍ တမ်းတမိသည့်အတွက် "ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်း- Candle Law School" ဟူ၍ ဥပဒေပညာသင်ကျောင်းကြီးကို စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ ထိုသို့ ဖွင့်လှစ်ရာတွင် ကျွန်တော်တစ်ဦးတည်း ဖွင့်လှစ်သည့် ပုံစံမျိုး မဟုတ်ပဲ သင်တန်းတက်ရောက်သူတို့ ဥပဒေအသိပညာပိုမိုတိုးတက်စေရန် အခြားသောပညာရှင် အသီးသီးဖြင့်လည်း ပူးပေါင်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဦးစွာ အနေဖြင့် အောက်ပါ သင်တန်းကျောင်းလင်ခ့်ကို Like and Follow လုပ်ထားပေးကြပါလို့ တောင်းဆိုအပ်ပါသည်။ သင်တန်းကျောင်း အစီအစဉ်များကို အောက်ပါ "ဖယောင်းတိုင်ဥပဒေပညာသင်ကျောင်း- Candle Law School" Pageမှ မကြာမီတင်ပြသွားမည် ဖြစ်ပါသည်။

(ပို့စ်လေးကို Like and Share လေးလုပ်သွားပါအုန်းနော် 🥰)
ရိုသေစွာဖြင့်
ကိုကြွယ်ကြီး(ကောင်းမြတ်သူ-ဥပဒေ)
Candle Law School
👇👇👇
https://www.facebook.com/profile.php?id=100091910027751&mibextid=ZbWKwL

Candle Law School ဥပဒေဆိုင်ရာအတက်ပညာရပ်များအား လေ့ကျင့်သင်ကြားပေးသည့် သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။

06/03/2022

https://www.facebook.com/108637508296525/posts/146025831224359/

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများ အဖွဲ့အစည်း၏ #ပညာလည်းယူနိုင်သရွေ့ကူမည်
#ရန်ပုံငွေရှာမျှဝေရာ အစီအစဥ်
ဒုတိယအပတ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်

ပြီးခဲ့တဲ့အပတ်မှာတော့ ဒီမိုကရေစီမိတ်ဆက်၊ ဖက်ဒရယ်မိတ်ဆက် နှင့် အမေရိကန်နိုင်ငံ၏ ဖက်ဒရယ်တရားရုံးစနစ်တို့နှင့်ပတ်သက်ပြီး ဆွေးနွးတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုအပတ် လာမည့် စနေနှင့် တနင်္ဂနွေနေ့များမှာတော့ Transitional justice & Human rights တို့ကို မိတ်ဆက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် ။

ဆွေးနွေးပွဲတွင် Special Guest Speaker များအဖြစ် ပညာရှင် (၂) ဦးမှ ဦးဆောင်ဆွေးနွေးသွားမှာ
ဖြစ်ပါတယ် ။
Introduction to Human Rights ကို ဆရာကိုကျော် မှ စနေနေ့တွင် ဆွေးနွေးသွားမှာဖြစ်ပြီး
Introduction to Transitional Justice အတွက်
ဆရာကိုလင်း မှ တနင်္ဂနွေနေ့တွင်ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများ အဖွဲ့အစည်း NPJSO ၏ ပညာလည်းယူနိုင်သရွေ့ကူမည်
ရန်ပုံငွေရှာမျှဝေရာအစီအစဥ်ကို ပါဝင်တက်ရောက်လိုသူများအနေဖြင့် CDMတရားရေးဝန်ထမ်းများအတွက် ရန်ပုံငွေများကူညီထောက်ပံ့ရင်း စကားဝိုင်းကို
တက်ရောက်နိုင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်

ဆွေးနွေးပွဲကို 12.3.2022 နှင့် 13.2.2022 ရက်နေ့
မြန်မာစံတော်ချိန် နေ့လည် 11:00 နာရီတွင်
ပြုလုပ်မှာဖြစ်ပြီး စကားဝိုင်းတက်ရောက်ဖို့
စိတ်ပါဝင်စားသူတွေအနေဖြင့် (11-3-2022)ရက်နေ့ ညနေ(၄:၃၀)နာရီနောက်ဆုံးထားပြီး
အောက်ပါ Link များသို့ စာရင်းပေးသွင်းနိုင်ပါတယ်။

(https://www.facebook.com/NP.JSO/) ရဲ့ Messenger
Telegram Link https://t.me/NPJSOoffice01
https://t.me/NPJSOoffice2
Page Link
https://www.facebook.com/NP.JSO/

#ပညာလည်းယူနိုင်သရွေ့ကူမည်
#ရန်ပုံငွေရှာမျှဝေရာ


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon
11421