04/01/2022
အင်္ဂလိပ်ဘာသာစကားမှာ Core လို့ခေါ်တဲ့ အဓိက စွမ်းရည် (၄) မျိုးရှိတာကို သိကြပြီးသားလို့ထင်ပါတယ်။
၁။ အရေးစွမ်းရည် ( Writing Skill )
၂။ အဖတ်စွမ်းရည် ( Reading Skill )
၃။ အပြောစွမ်းရည် ( Speaking Skill )
၄။ နားထောင်ခြင်းစွမ်းရည် ( Listening Skill )
တို့ရှိတယ်ဆိုတာ သိကြမှာပါ။ အားလုံးသိတဲ့ 4 Skills ပေါ့။ တနည်းအားဖြင့် Four Core Skills ( အဓိက စွမ်းရည် လေးမျိုး ) ကိုဆိုလိုတာပါ။
သို့ပေမယ့် တကယ့်တကယ် ဘာသာစကားတစ်ခုကို အကျွမ်းတဝင်ဖြစ်အောင် ထိတွေ့လေ့လာတဲ့အခါ နဂိုရှိပြီးသား ( Parts ) အမျိုးအစားတွေ၊ ( Composition ) ပါဝင်ဖွဲ့စည်းပုံတွေအပြင် Creative Thinking သို့မဟုတ် Critical Thinking လို့ခေါ်တဲ့ ဆင်ခြင်သုံးသပ်ဖန်တီးမှု စွမ်းရည်ကိုပါ မဖြစ်မနေ ထည့်သွင်းအသုံးပြုရပါလိမ့်မယ်။ Language ဘာသာစကားဆိုတာ Subject ဘာသာရပ်တစ်ခုမဟုတ်တဲ့အတွက် စာတွေကိုကျက်နေမှတ်နေရုံနဲ့ မပြီးပါဘူး။ အင်္ဂလိပ်ဘာသာစကားဟာလည်း ကျွန်တော်တို့ အမိမြန်မာဘာသာစကားလိုဘဲ လွယ်ကူပေမယ့် ကျယ်ပြန့်ပါတယ်။ အသုံးအနှုန်း ( Usage ) မသိရင် မှားနိုင်ပါတယ်။ ဘယ်ဝါကျရေးရေး၊ ဘာစကားပြောပြော အရာရာ သဒ္ဒါကိုစွဲနေရင်တော့ (သည် ကို တယ် လို့ပြောင်းပြောရမှာတွေ၊ မည် ကို မယ် လို့ပြောင်းပြောရမှာတွေ) ကို အလွယ်တကူပြောထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လေ့လာနေရင်းနဲ့လည်း ကိုယ့်ရဲ့ညဏ်ကနေ ဒါကို ခွဲခြားသိပါစေ။ အခြေခံအဆင့်ကစ Level အမြင့်တွေထိ သယ်ကို သယ်သွားရမှာက Creative Thinking Skill လို့ခေါ်တဲ့ ဖန်တီးတွေးတောမှုစွမ်းရည် ပါဘဲ။ ဒါကို ခေတ်သစ် အင်္ဂလိပ်ဘာသာစကားရဲ့ 5 Skills လို့ခေါ်ပါတယ်။