25/05/2022
Hello Bamboo Shoots🌈
🐣Welcome to MWYEC again🐣
MWYECရဲ့ Poem session လေး ပြန်လည်ရောက်ရှိလို့ လာပြန်ပါပြီ🐬
ဒီတစ်ပတ်မှာရော
Poet_Lin Thit Eainက ဘယ်လို ကဗျာလေးတွေကို အထာကျကျေလး ရေးဖွဲ့ထားမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်...
အားလုံးပဲ ချစ်ဖူးကြတယ်မလား🍂
🔥တချို့ကပြောတယ်
အချစ်က ရယူလိုခြင်းမဟုတ်ပါဘူးတဲ့
🔥တချို့ကတော့ ပိုင်ဆိုင်လိုခြင်းဟာ အချစ်ပဲတဲ့
🔥တချို့ကျတော့လည်း အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့
Bamboo shootsလေးတို့ရော "အချစ်"ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြလဲ?
ဘယ်လိုပဲ ဖွင့်ဆိုဆို....
'ချစ်တယ်'ဆိုတဲ့နောက်မှာ အချစ်ကနွှယ်တဲ့ ပိုင်ဆိုင်လိုစိတ်အတ္တလေးတွေ အနည်းနဲ့အများေတာ့ ပါလာတတ်ကြတယ်ဟုတ်?👀
ဒီတစ်ပတ်ရဲ့ ကဗျာလေးကတော့ လူတစ်ယောက်ကို ချစ်မိရာကနေ ပေါက်ဖွားလာတဲ့ အဲ့သလိုပိုင်ဆိုင်လိုစိတ်တွေကို စကားလံုးအသွားထက်ထက်ကလေးနဲ့ ပုံဖော်ထားတဲ့ ကဗျာလေးပါ🥺♥️
Poet_Lin Thit Eainကပေးတဲ့ ရသလေးေတွကို ကဗျာလေးဖတ်ရင်း ခံစားကြည့်ကြရအောင်ပါနော်🌄
ကဗျာလေးရဲ့ ခေါင်းစဉ်လေးကတော့
A walking bomb" တဲ့💣
A walking bomb
If I were a box
You will be locked out of sight
Thick lips that bloom like a rose are
Vintage wine that I want to try.
I'm
Sherlock Holmes who wants to solve puzzles in your round eyes.
A patriot who wants to rain kisses
on the chubby cheeks.
A colony with a strong desire to expand on your body.
When I want you to explode on me many times
Your breasts were atomic bomb on a fighter jet
And I was Hiroshima who was willing to be destroyed.
By the time
Other guys try to invade you
I had to carry a machine gun and fight a war.
Lin Thit Eain
လမ်းလျှောက်နေတဲ့ဗုံးတစ်လုံး
ငါသာသေတ္တာတစ်လုံးဖြစ်မယ်ဆို
မင်းကိုဘယ်သူမှမမြင်အောင်ထည့်ပိတ်ထားမိမှာ
နှင်းဆီပန်းလိုဖူးပွင့်နေတဲ့နှုတ်ခမ်းထူထူက
ငါမြည်းစမ်းပစ်ချင်တဲ့နှစ်ချို့ဝိုင်ပေါ့။
ငါက
ဝိုင်းစက်စက်မျက်ဝန်းထဲ
ပဟေဠိတွေဖြေရှင်းချင်တဲ့ရှားလော့ဟုမ်း။
မို့တက်နေတဲ့ပါးဖောင်းဖောင်းပေါ်
ငါကအနမ်းမိုးတွေရွာချပစ်ချင်တဲ့မျိုးချစ်ပုဂ္ဂိုလ်။
မင်းရဲ့ခန္ဓာကိုယ်ပေါ်
နယ်ချဲ့လိုက်ချင်စိတ်ပြင်းပြတဲ့ကိုလိုနီ။
ငါ့အပေါ်အကြိမ်ကြိမ်ပေါက်ကွဲစေချင်တဲ့အခါ
မင်းရဲ့ရင်သားတွေဟာ တိုက်လေယာဥ်ပေါ်ကအဏုမြူဗုံးဖြစ်ခဲ့ပြီး
ငါကဖျက်စီးခံဖို့စိတ်ပါနေတဲ့ဟီရိုရှီးမားဖြစ်ခဲ့တယ်။
တခြားကောင်တွေ ကျူးကျော်ဖို့ကြိုးစားတဲ့အချိန်ကျ
ငါဟာစက်သေနတ်လက်ဆွဲပြီး တိုက်ပွဲဝင်ရပေါ့။
လင်းသစ်အိမ်
ကဗျာလေးကို ဖတ်ရှုပြီး အားလုံးပဲရင်ခုန်စိတ်လှုပ်ရှားကြလိမ့်လို့ မျှော်လင့်မိပါတယ်
ဖတ်ရင်းနဲ့ အသဲတွေယားလာကြရင် adminတို့နဲ့ မဆိုင်ပါနော်👻
Poem sessionလေးကို အပတ်စဉ် Wednesdayနေ့တိုင်း ပြုလုပ်ပေးနေကျဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုကြဖို့လည်း မမေ့ပါနဲ့ဦးနော်♥️