14/08/2026
📌 ကာလဝမ်းရောဂါဟာ မသန့်ရှင်းတဲ့ ရေနဲ့အစားအစာမှတစ်ဆင့် ဘက်တီးရီးယားပိုး(vibrio cholerae)ကြောင့် ဖြစ်ပါတယ်။
⚠️ လက္ခဏာတွေအနေနဲ့
-ဆန်ဆေးရေရောင် ဝမ်းအရည်များ ခဏ ခဏ သွားခြင်း
-ဗိုက်နာခြင်း
-ပျို့၊အန်ခြင်း
-နုံးချိခြင်း
-ခေါင်းမူးခြင်း
-မျက်ကွင်းချိုင့်ခြင်း
-ခြေဖျားလက်ဖျား အေးဆက်ခြင်း
-ရင်တုန်ခြင်း
-ကြွက်တက်ခြင်း
-သတိလစ်ခြင်း
-အသက်အန္တရယ်အထိ ဖြစ်နိုင်ပါတယ်။
📣 ဝမ်းရောဂါကို ကာကွယ်ဖို့ သန့်(၅)သန့် ကို ကြိုတင်လုပ်ဆောင်ပေးပါ။
၁)အစာသန့်
-သား၊ငါး နဲ့ ဟင်းသီးဟင်းရွက်များကို သီးသန့်ထားပြီး သန့်ရှင်းစွာ ဆေးကြော ခုတ်ထစ်ပါ။
-အစားအစာများကို ကျက်သည်အထိ ချက်ပြုတ်ပြီးမှ စားပါ။
-အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားပါ။
-အစာစားသည့်အခါ ဆေးကြောသန့်စင်ထားတဲ့ ဇွန်းနဲ့ စားပါ။
၂)ရေသန့်
-သောက်ရေသန့်ကိုသာ သောက်သုံးပါ။
-သောက်ရေသန့် မရှိသည့်အခါ ရေကို ကျိုချက်သောက်သုံးပါ။
၃)လက်သန့်
-မစားသောက်မီ၊ အိမ်သာအဆင်း နှင့် အညစ်အကြေးများကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။
-လက်သည်း၊ ခြေသည်းများ ညှပ်ထားပါ။
၄)အိမ်သာသန့်
-ယင်လုံ၊ အနံ့လုံ၊ အရှက်လုံ ဖြစ်ရမည့်အပြင် အိမ်သာသုံးပြီးတိုင်း ရေများများဖြင့် သေချာသန့်ရှင်းစွာ ထားပါ။
၅)ပတ်ဝန်းကျင်သန့်
-ပတ်ဝန်းကျင်ရှိ ရေမြောင်းများ မပိတ်အောင်ထားပြီး အမှိုက်များကို အမှိုက်ပုံးအတွင်းသို့သာ စနစ်တကျပစ်ပါ။
-ကြွက်၊ ယင်ကောင် စသည်တို့မှ ကင်းဝေးအောင် ဂရုစိုက်ပြုလုပ်ပါ။
✅ ဝမ်းသွားသည့်အခါ ဓာတ်ဆားရည် သောက်ပေးပါ။
❌ မိမိသဘောနှင့် ဆေးများကို မသောက်သုံးပါနဲ့။
✅ ဆရာဝန် ညွှန်ကြားသည့်အတိုင်းသာ ဆေးသောက်ပါ။
✅ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။
😍 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင် 😇
Credit:AsiaRoyalHospital
#ကျန်းမာရေး
#ကာလဝမ်းရောဂါ
#ဗိုက်နာခြင်း
#ခေါင်းမူးခြင်း
#ပျို့၊အန်ခြင်း