22/12/2025
Simplexity ရဲ့ ခရစ်စမတ် လက်ဆောင် 🎄
အားလုံးပဲ ပိတ်ရက်ကာလမှာ နွေးနွေးထွေးထွေးနဲ့ ကျန်းကျန်းမာမာ ရှိနေကြမယ်လို့ Simplexity မှ မျှော်လင့်ပါတယ်။ အခုနောက်ပိုင်း Simplexity မှာ Test Prep အတန်းတွေကိုပဲ အဓိကထား ဖွင့်နေကြတာကို အားလုံး သိကြပြီးဖြစ်မှာပါ။
အခုတခါတော့ မဖွင့်တာကြာပြီဖြစ်တဲ့ Simplexity ရဲ့ သင်္ချာအတန်းလေးတခုကို ပြန်မိတ်ဆက်ပေးချင်ပါတယ်။ “The Return of Trig” တဲ့ဗျ။
➪ နာမည်ဆန်းနဲ့ “The Return of Trig”
Simplexity စစတည်ထောင်ခြင်း အစောပိုင်း Course တွေထဲမှာ Trigonometry Course က ဒုတိယမြောက် Course ပါ။ GED တက်ပြီးတဲ့ ကျောင်းသားတွေထဲမှာ Trig အခြေခံဟာ ထင်သလောက် ခိုင်မာမှု မရှိတဲ့အတွက် ဒီ Course ကို ဖွင့်ရတယ်ဆိုပြီး အဲ့တုန်းက ရည်ရွယ်ခဲ့တာပါ။ အခု “The Return of Trig” မှာလဲ ရည်ရွယ်ချက်က အဲ့တိုင်းပါပဲ။ GED မှာပါတဲ့ Trig Concept တွေကို ဆက်လက်သင်ကြားမှာ ဖြစ်ပါတယ်။ Trigonometry ရဲ့ Formula တွေကို အလွယ်မှတ်နည်း Mnemonics တွေကအစ Trig Proof တွေနဲ့ Application တွေအထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် SAT တို့လို့ GED ပြီးရင် ဖြေလေ့ရှိတဲ့ Test တွေမှာလဲ Trigonometry မေးခွန်းတွေ ဘယ်လိုရှိတတ်လဲ ဆိုတာကိုပါ ပြောပြပေးသွားမှာ ဖြစ်တဲ့အတွက် အသုံးဝင်မယ့် Course လေး တခုဖြစ်မှာပါ။
➪ ဘာတွေ သင်ပေးမှာလဲ? ဘယ်သင်ရိုးကို အခြေခံထားတာလဲ?
သင်ရိုးကတော့ Simplexity ရဲ့ Own-made သင်ရိုးပါ။ အတန်းရဲ့ ရည်ရွယ်ချက်က ပေါ့ပေါ့ပါးပါး သင်ဖို့ ဖြစ်တဲ့အတွက် သင်္ချာကို ဟာသတွေရော၊ Activity တွေရောပြီး သင်မှာ ဖြစ်ပါတယ်။
တပတ်မှာ လေးချိန်အနက်မှာ သုံးချိန်က စာသင်မှာ ဖြစ်ပြီး ကျန်တဲ့တချိန်က တပတ်လုံးသင်တဲ့ Concept တွေကို ပြန်နွေးတဲ့ Recitation အချိန်ပါ။ Simplexity ရဲ့ သင်္ချာ Class ရဲ့ ထုံးစံတွေအတိုင်း အိမ်စာလဲ လုံးဝ ရှိမှာ မဟုတ်ပါဘူး။
တခုတော့ ရှိပါတယ်။ အတန်းရဲ့ နောက်ဆုံးနေ့မှာတော့ Test လေးတခုရှိမှာပါ။ ဒီ သုံးပတ်တာ အချိန်မှာ လေ့လာခဲ့တဲ့ Concept တွေကို ဘယ်လောက်သိလဲဆိုတာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒီစာမေးပွဲရဲ့ Benchmark တခုကို ကျော်တဲ့သူကိုတော့ အတန်းပြီးမြောက်ကြောင်း Certificate ပေးအပ်သွားမှာပါ။ ဒါ့အပြင် အမှတ်အများဆုံး ကျောင်းသားသုံးယောက်ကိုလဲ သင်တဲ့ ဆရာကနေပြီး အထူးဆုချီးမြှင့်သွားပါ။
ဒီအတန်းဟာ အတန်းထဲမှာပဲ ကျောင်းသားနဲ့ ဆရာနဲ့ ပုစ္ဆာတွေ တူတူတွက်ကြမှာမို့ Learning Stress မရှိတဲ့ Environment တခုကို ရရှိမှာဖြစ်ပါတယ်။ ဖော်ပြထားတဲ့ အတန်းချိန်မှ အပ တခြား အချိန်တွေ Commit လုပ်စရာမလိုတာကြောင့် ကိုယ်က အလုပ်များနေတယ်ဆိုရင်တောင် ဒီအတန်းကို Join သင့်ပါတယ်။
➪ Prerequisite Knowledge တွေအနေနဲ့ ဘာရှိဖို့လိုမလဲ?
တက်ရောက်မယ့်သူဟာ GED သင်ရိုးကို သင်ယူနေဆဲသူ, ဒါမဟုတ် G8 သင်ရိုးကို သင်ယူဖူးသူဆိုရင် ဒီအတန်းကို အခက်အခဲမရှိ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ့်ကိုယ်ကိုယ် အောက်က Topics တခုချင်းစီအလိုက် အထိုက်အလျောက် Knowledge ရှိတယ်လို့ ယုံကြည်ရင်လည်း တက်ရောက်နိုင်ပါတယ်။
- Arithmetic: Perform operations with whole numbers, fractions, decimals, and negative numbers.
- Algebra: Solve linear equations, simplify and factor expressions, and work with exponents and radicals.
- Ratios and Proportions: Understand and apply ratios, proportions, and basic similarity concepts.
- Geometry: Know angle types and measures, properties of triangles (especially right triangles), and the Pythagorean Theorem.
- Coordinate Geometry: Work with the coordinate plane, distance between points, and basic graph interpretation.
ဒါတွေကို နက်နက်နဲနဲ နားမလည်ဘူးဆိုရင်လည်း ပြဿနာတော့ သိပ်မရှိပါဘူး။ ဒီအတန်းမှာ “Pre-Trig” ဆိုပြီး အတန်းတခု မစခင်မှာ အဲ့နေ့သုံးမယ့် Concept တွေကို You-Tube Video တွေနဲ့ တင်ပေးသွားမှာဖြစ်လို့ မိမိက ဒါတွေကို လိုက်လေ့လာနိုင်မယ်ဆိုရင် အဆင်ပြေမှာပါ။
➪ သင်ကြားပေးမယ့် Instructor တွေကရော?
Lecturer က Simplexity ရဲ့ Founder Ko Aung Khant Paing ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Instructor ကိုယ်တိုင်ဟာလည်း အရင်က Simplexity ကဖွင့်တဲ့ Trig အတန်းမှာ ကိုယ်တိုင် သင်ရိုးဆွဲ၊ ကိုယ်တိုင်သင်ခဲ့တဲ့ သူဖြစ်လို့ အတန်းတွေမှာ ချောချောမွေ့မွေ့ရှိမှာပါ။
Course Instructor အနေနဲ့ Simplexity ရဲ့ CEO ဖြစ်တဲ့ Ethan Aung က သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အရင်က Simplexity က ဖွင့်တဲ့ SAT နဲ့ IELTS Camp တွေမှာ သင်ကြားခဲ့ဖူးတာကြောင့် သင်ကြားရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံကောင်းကောင်းရှိထားတဲ့ Instructor တစ်ဦးဖြစ်ပါတယ်။ ဆရာကတော့ Trig နဲ့ ပတ်သက်တဲ့ အဓိက အယူအဆတွေကို ကျောင်းသားတွေ ပိုမိုနားလည်အောင် ကူညီပေးသွားမှာပဲဖြစ်ပါတယ်။
Recitation ဆရာကတော့ Simplexity ရဲ့ Secretary ဖြစ်တဲ့ Ko Htoo Myat Naing ဖြစ်ပါတယ်။ ဆရာကိုယ်တိုင်ကလဲ KMUTT မှာ Computer Engineering ကို တက်ရောက်နေတာပါ။ လေ့လာပြီးတဲ့ Concept တွေကို ဆရာနဲ့အတူတူ ပျော်ပျော်ပါးပါး ပြန်နွေးကြမှာပါ။
➪ ဒီတော့ ဘယ်လို Register လုပ်ရမလဲ?
Simplexity ရဲ့ ထုံးစံအတိုင်းပါပဲ။ ဒီအတန်းကို Register လုပ်ချင်တယ်ဆိုရင် ဒီ page ရဲ့ChatBox ကနေပြီး Registration Form ကိုတောင်းယူပါ။
Register Form မတောင်းယူခင် ဒီ အောက်ကနှစ်ခုတော့ ပြုလုပ်ပေးရပါမယ်။
1. Simplexity ရဲ့ page ကို Like (သို့) Follow ပြုလုပ်ထားပေးပါ။
2. ယခုပို့စ်ကို မိမိ ရဲ့ Facebook Acc မှာ Friends သို့မဟုတ် Public နဲ့ Share ထားပေးပါ။ Register ဖို့ Form တောင်းတဲ့အခါ Share ထားကြောင်း Screen Shot လေးပြပေးပါ။
ဒီ Class က Free Class ဖြစ်တာမို့ Audienceကို ရောက်နိုင်သမျှ ရောက်နိုင်ရင် Simplexity အနေနဲ့ ရည်ရွယ်ချက် ပိုအောင်မြင်လေ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့ အထက်ပါ နှစ်ချက်ကို တောင်းဆိုရခြင်းဖြစ်တာကို နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ။
ဒါ့အပြင် ဒီအတန်းက ပုံမှန် SAT, IELTS Camp တွေလို မဟုတ်ဘဲ Register လုပ်တဲ့ သူတိုင်း Admit ရမယ့် Class ဖြစ်ပါတယ်။ အတန်းနဲ့ ပတ်သက်တဲ့ Information တွေကိုတော့ Register Due ပြီး ညမှာပဲ ပေးပို့သွားမှာ ဖြစ်ပါတယ်။
ဒါဖြင့်လို့ရှိရင်တော့ အားလုံးပဲ Simplexity ရဲ့ “The Return of Trig” မှာ ပြန်တွေ့ရအောင်ဗျ။ ဒီအတန်းမတိုင်ခင်မှာတော့ cos ကို cosine (ကိုစိုင်း) လို့ အသံထွက်မလား၊ cos (ကော့စ်) လို့ အသံထွက်မလား ကြိုစဉ်းစားထားကြပါ ခင်ဗျ။
Let’s Simplify All the Complexities Together!
Simplexity