Edu Aid

Edu Aid Let’s learn at Edu Aid
to reach our goal of success.

https://m.facebook.com/story.php?story_fbid=527860599131064&id=119992309917897
24/06/2022

https://m.facebook.com/story.php?story_fbid=527860599131064&id=119992309917897

အချောင်မစားလိုသော တိရစ္ဆာန်များ၊ အဓိပ္ပာယ်ရှိသောအလုပ် နှင့် စာမလုပ်ချင်သော ကလေးများ အကြောင်း

ခုနှစ် ၁၉၆၀ လောက်မှာ တိရစ္ဆာန်စိတ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ Glen Jensen ဆိုတဲ့ လူတစ်ယောက်က ကြွက်တွေနဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ ကျွန်တော်တို့ ခွေးကလေးတွေကို လက်ပေး၊ ထိုင်၊ ခေါ်ရင်လာလို့ တစ်ခုခုခိုင်းပြီးတိုင်း treat လေးတွေ ကျွေးသလိုပဲ သူကလည်း ကြွက်တွေကို အလုပ်တာဝန်တစ်ခုလုပ်ပြီးတိုင်း အစာခြောက် pellet တစ်ခုဆုချတယ်။ သူခိုင်းတဲ့ တာဝန်တွေက အင်မတန်ရိုးရှင်းတဲ့ ခလုတ်လေးတစ်ခုကို နှိပ်ခိုင်းတာမျိုးသာဖြစ်တယ်။ အဲတော့ ခလုတ်ကို တစ်ကြိမ်နှိပ်ရင် အစာ pellet တစ်ခုရတယ်လို့ သိသွားတဲ့ ကြွက်က အစာစားချင်တိုင်း ခလုတ်ကို သွားနှိပ်တော့တယ်။ အဲနောက်ပိုင်းမှာ ဒီအတိုင်း ခလုတ်ကို တကူးတကသွားနှိပ်စရာမလိုဘဲ စားချင်သလောက် အလကားစားလို့ရတဲ့ အမျိုးအစားတူတူပဲ ဖြစ်တဲ့ food pellet တွေကို ခွက်တစ်ခွက်နဲ့ ကြွက်ရဲ့ လှောင်အိမ်ထဲမှာ ထည့်ပေးထားလိုက်တယ်။ သူသိချင်တာက ဒီကြွက်ဟာ အလကားရတဲ့ အစာကို ပိုစားမလား၊ ခလုတ်သွားနှိပ်ပြီးမှ ရလာတဲ့ အစာကို ပိုစားမလားဆိုတာဖြစ်တယ်။ သူ့ရဲ့ စမ်းသပ်တွေရှိချက်တွေအရ ကြွက်တွေဟာ အချိန်မှန် အလကားစားရတဲ့ အစာထက်၊ အလုပ်တာဝန်တစ်ခုခုကို လုပ်ဆောင်ပြီး ရရှိတဲ့ အမျိုးအစားတူညီတဲ့ အစာကို ပိုပြီးစားတာတွေခဲ့ရတယ်။ ဒါနဲ့ပဲ သူကဒီလိုမျိုး ကိုယ်လုပ်တဲ့ အလုပ်ကြောင့်ရရှိတဲ့ အစာကို တိရစ္ဆာန်တွေဟာ ပိုနှစ်သက်ပါတယ်ဆိုတဲ့ psychological concept တစ်ခုကို “contrafreeloading” လို့ နာမည်ပေးခဲ့တယ်။ တောရိုင်းတိရစ္ဆာန်တွေဖြစ်တဲ့ ကျားတို့ ခြင်္သေ့တို့ဆိုရင်လည်း ကိုယ်တိုင်လိုက်ဖမ်းယူရရှိတဲ့ သားကောင်ကို လတ်လတ်ဆပ်ဆပ် အသားစိမ်းထက် ပိုကြိုက်ကြတယ်။ တခြားအိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေးတို့၊ ကြောင်တို့ဆိုရင်လည်း အလုပ်တစ်ခုခုလုပ်လို့ သခင်ကဆုချတာမျိုး၊ အရုပ်ထဲက အစာကို ရအောင်ဖွင့်နိုင်ရင် စားရတာမျိုးတွေကို ဒီအတိုင်း အလကားစားရတဲ့ အစာထက် အမျိုးအစားတူရင်တောင် ပိုကြိုက်တတ်ကြတာကို တွေ့ရပါတယ်။

ဒီတော့ အစာစားရတာချင်းတူတူ ကိုယ်ကြိုးစားလို့ ကိုယ့်လုပ်အားကြောင့်ရတဲ့ အစာကို ပိုနှစ်သက်တယ်ဆိုတာ လူတွေမှာရော ပိုက်ဆံ financial reward အနေနဲ့ စဥ်းစားမယ်ဆိုရင် မှန်မယ်ထင်ပါသလား။ လူတွေအနေနဲ့ တိရစ္ဆာန်တွေလို ကိုယ့်လုပ်အားကြောင့်ရတဲ့ ပိုက်ဆံကို အချောင်ရတဲ့ ပိုက်ဆံထက် ပိုပြီး လိုချင်မယ်လို့ ထင်ပါသလား။ တချို့ကလည်း ဒီစာကို ဖတ်နေရင်းနဲ့ ပိုက်ဆံပဲကွာ ရတာ အကုန်ယူမှာပေါ့လို့ တွေးကောင်းတွေးနေပါလိမ်ံ့မယ်။ လက်တွေ့ဘဝမှာတော့ အလကားရတဲ့ ပိုက်ဆံဆိုတာ ထီပေါက်တာကလွဲရင် မရှိသလောက်ရှားတာ ဆိုတော့ သုတေသနပညာရှင်တချို့က မေးခွန်းကို ပြောင်းမေးလိုက်တယ်။ ပိုက်ဆံရတာချင်းတူတူ၊ လုပ်ရတာချင်းတူတူကိုမှ ဘယ်လိုအလုပ်တွေကို လူတွေပိုလုပ်ချင်မလဲ စဥ်းစားကြည့်ကြတယ်။ Duke University မှ Professor Dan Ariely နဲ့ တခြား တက္ကသိုလ်က ပညာရှင်တွေပေါင်းပြီး ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အဓိပ္ပာယ်ရှိချင်းမရှိချင်းက အလုပ်လုပ်ချင်စိတ်အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ သူတို့ စမ်းသပ်ကြည့်ကြတယ်။

သူတို့ရဲ့ စမ်းသပ်မှုက အင်မတန်ရိုးရှင်းတယ်။ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို စာရွက်တွေပေါ်မှာ ဖြေရှင်းစရာ word puzzle တွေပေးထားတယ်။ ပထမတစ်ရွက်ကို ဖြေရှင်းပြီး အဖြေလွှာကို အပ်ရင် $0.55 ရတယ်။ နောက်တစ်ခုဆက်ယူပြီးဖြေရှင်းတိုင်း $0.05 လျော့ပြီး ရရှိတယ်။ ဒီတော့ ၁၂ ခုမြောက်မှာ ဖြေရှင်းသူဟာ ဘာပိုက်ဆံမှ မရရှိတော့ဘူး။ အနည်းဆုံး ၁၁ ခုဖြေရှင်းသူတိုင်း $3.3 ရရှိနိုင်တယ်။ ဒီနေရာမှာ သုတေသနပြုလုပ်သူတွေက လာဖြေသူတွေကို ၃ ဖွဲ့ခွဲပြီး ဆက်ဆံတယ်။ ပထမအဖွဲ့မှာက ဖြေသူကို အဖြေစာရွက်ပေါ်မှာ နာမည်ရေးခိုင်းတယ်၊ ပြီးရင် သူ့ရဲ့ အဖြေကို သုတေသနပြုသူတစ်ယောက်က သေချာကြည့်ပြီး ကောင်းစွာမှန်ကန်အောင်လုပ်ထားကြောင်း အသိအမှတ်ပြုပြောဆိုတယ်။ နောက်တစ်ဖွဲ့မှာက ဖြေတဲ့သူက နာမည်မတပ်ရဘူး၊ ဒီ့အပြင် အဖြေစာရွက်ကို လက်ခံတဲ့ သုတေသနသမားက လုံးဝမကြည့် ဘာမှ အသိအမှတ်မပြုဘဲ စာရွက်ပုံထဲ ထည့်လိုက်တယ်။ တတိယအဖွဲ့မှာ ဖြေတဲ့သူကို နာမည်မတပ်ခိုင်း၊ အသိအမှတ်မပြုတဲ့ အပြင်၊ ဖြေပြီးပြီးချင်း ရှေ့မှာတင် အဖြေလွှာကို စာရွက်ဖြတ်စက်ထဲထည့်လိုက်တယ်။ အကယ်၍ ပိုက်ဆံပဲရသမျှအကုန်ယူမှာပေါ့ဆိုတာက မှန်နေမယ်ဆိုရင် ဒီသုံးဖွဲ့မှာ သူတို့ တစ်ခုပြီးတစ်ခု ယူဖြေရှင်းတဲ့ puzzle အရေအတွက်က ကွာစရာမရှိသင့်ပါဘူး။

တကယ်တမ်းမှာတော့ ပျမ်းမျှအားဖြင့် ယူပြီးဖြေတဲ့ မေးခွန်းအရေအတွက်မှာ ပထမအဖွဲ့က ၉.၀၃ နဲ့ တတိယအဖွဲ့က ၆.၃၄ ဖြစ်နေတယ်။ ဒီတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းနည်းနည်းနားလည်သူတွေအနေနဲ့ အသိအမှတ်အပြုခံရသူတွေနဲ့ နှိုင်းယှဥ်ရင် အလုပ်ရဲ့တန်ဖိုးကို လုံးဝရှေ့မှာတင်ဖျက်စီးခံရသူတွေက မြန်မြန်စိတ်ပျက်သွားမယ်ဆိုတာမှန်းနိုင်ကြမှာပါ။ ဒါပေမယ့် လျစ်လျူရှုခံရတဲ့ ဒုတိယအဖွဲ့ကရော မေးခွန်းဘယ်နှခုပျမ်းမျှဖြေမယ်လို့ထင်ပါသလဲ။ ပထမအဖွဲ့နဲ့ ပိုနီးမလား၊ တတိယအဖွဲ့နဲ့ ပိုနီးမလား။ တကယ်တမ်း ဒုတိယအဖွဲ့ရဲ့ ပျမ်းမျှယူဖြေတဲ့ မေးခွန်းအရေအတွက်က ၆.၇၇ ဖြစ်တယ်ဆိုတော့ တတိယအဖွဲ့နဲ့ ပိုနီးပါတယ်။ ဒီတော့ လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုအလုပ်ရလဒ်ကို လျစ်လျူရှုလိုက်ခြင်းက သူ့အလုပ်ရဲ့ ရလဒ်တွေကို ဖျက်ဆီးပစ်လိုက်တာနဲ့ သက်ရောက်မှုခြင်းအရမ်းနီးစပ်နေတာ တွေ့ရပါတယ်။ ဒီတော့ နှစ်ရှည်လများလုပ်နေရတဲ့ တကယ့်အလုပ်ခွင်တွေမှာ ပိုက်ဆံရတာချင်းတူတူ ကိုယ့်အလုပ်ရဲ့ အဓိပ္ပာယ်ရှိမှုကို သိရှိခွင့်ရတဲ့၊ အသိအမှတ်ပြုခံရတဲ့ အလုပ်သမားတွေနဲ့ ကိုယ့်အလုပ်ရဲ့ အဓိပ္ပာယ်ကို မခံစားရတဲ့၊ လျစ်လျူရှုခံရတဲ့ အလုပ်သမားတွေနဲ့ ဘယ်လိုကွာခြားသွားမယ်ထင်ပါသလဲ။

ဒီတော့ စာဖတ်သူတွေထဲမှာ အပေါ်က မေးခွန်းလွှာတွေယူဖြေတဲ့ ကျောင်းသူကျောင်းသားတွေကို ပိုက်ဆံသာအများကြီးတိုးပေးလိုက်ရင် သူတို့ ဘာပဲဖြစ်ဖြစ် လျစ်လျူရှုခံရလည်း ခံရ၊ အဖြေလွှာကို စာရွက်ဖြတ်စက်ထဲ ထည့်ရုံမကလို့ မီးရှို့ပစ်ပစ် သူတို့ ရအောင်ဖြေကြမှာပဲလို့ တွေးနေသူတွေရှိမှာပါ။ ဒါကတော့ လူတွေရဲ့ လောဘကို အသုံးချပြီး အဓိပ္ပာယ်မရှိတဲ့ အလုပ်၊ တန်ဖိုးမရှိတဲ့ အလုပ်တွေကို ပိုက်ဆံသာလုံလောက်အောင်ပေးရင် လူတွေလုပ်မှာပဲဆိုတဲ့ အတွေးအခေါ်မျိုးဖြစ်တယ်။ တကယ်တမ်းက အလုပ်ရဲ့ အဓိပ္ပာယ်နဲ့ အကျိုးကျေးဇူးကို မစဥ်းစားခိုင်းတော့ပဲ ဒီကရမယ့် ပိုက်ဆံအများကြီးကို ဘယ်လိုသုံးဖြုံးမလဲဆိုတဲ့ အတွေးတွေနဲ့ distract လုပ်လိုက်တာပါပဲ။ ဒါပေမယ့် ဒီ approach ရဲ့ ပြဿနာက မူးယစ်ဆေးဝါးသုံးခိုင်းသလိုပဲ တစ်ခေါက်ထက်တစ်ခေါက် လိုအပ်တဲ့ dosage က ပိုပိုမြင့်လာတတ်တယ်။ သူများတွေက ကိုယ်ပေးသလိုလိုက်ပေးရင် ကိုယ့်လူတွေ လွယ်လွယ်နဲ့ သူများဆီကို ရောက်သွားနိုင်ပါတယ်။ ဒီတော့ အလုပ်ကို အဓိပ္ပာယ်ရှိအောင်၊ အသိအမှတ်ပြုခြင်းတွေရှိအောင် ဖန်တီးပေးတာက ပိုမလုပ်သင့်ဘူးလား။ ဒီလိုလုပ်ပေးလိုက်လို့ လစာတိုးမပေးရတော့ဘူး ပြောတာမဟုတ်ဘူးနော်။ လစာတွေ၊ ဘောနပ်စ်တွေကို distraction အနေနဲ့ သုံးတာထက် အသိအမှတ်ပြုခြင်းရဲ့ အစိတ်အပိုင်းတွေ၊ အဓိပ္ပာယ်ရှိခြင်းရဲ့ အကြိုးဆက်တွေအဖြစ် အသုံးပြုတာပိုထိရောက်တယ်လို့ ပြောချင်တာပါ။

ဒီနောက်ပိုင်း ကလေးတွေကို စာသင်ဖြစ်တော့ စာမှာစိတ်မဝင်စားတဲ့ ကလေးတွေ၊ ကျောင်းကို မတက်ချင်တဲ့ ကလေးတွေ အများကြီးတွေ့လာရတယ်။ စာမလုပ်ချင်တဲ့ ပြဿနာက ကလေးတွေ လူငယ်တွေတော်တော်များများမှာ ဖြစ်နေတဲ့ ပြဿနာဖြစ်တယ်။ ဒီပြဿနာရဲ့ အရင်းအမြစ်က ကလေးတွေရဲ့ စူးစမ်းလိုစိတ်တွေ၊ ထူးချွန်မှုတွေကို ကောင်းစွာအသိအမှတ်မပြုဘဲ လျစ်လျူရှုတတ်တဲ့ မိဘတွေကြောင့် အများကြီးဖြစ်နိုင်ပါတယ်။ ဆိုးတဲ့၊ ထိမ်းရခက်တဲ့ ကလေးတွေကို distraction တွေသုံးပြီး ရေတိုစီမံဖို့ ကြိုးစားမှုတွေကြောင့်လည်း ကလေးတွေက ကြာလေ ပိုကြီးတဲ့ distraction တွေကို လိုလာတဲ့ စာမကြိုးစားချင်သူတွေဖြစ်လာကြတယ်။ တချို့ကလေးတွေကြတော့ လူတွေတော်တယ်လို့ သာမန်သတ်မှတ်တဲ့ တော်ခြင်းမှာ မတော်ဘဲ တခြားလူသိပ်မသိတဲ့ ဂီတ၊ အားကစား စတာတွေမှာ တော်နေတတ်တာကို မိဘတွေက မရိပ်မိဘဲ ဒီကလေးအရမ်းညံ့ပါလားဆိုပြီး အထင်နဲ့ ဆက်ဆံခြင်းခံရတာလည်း ဖြစ်နိုင်ပါတယ်။

သေချာတာကတော့ တိရစ္ဆာန်တော်တော်များများမှာ ကိုယ့်လုပ်အားကနေရတဲ့ ဆုလာဘ်ကို တန်ဖိုးထားတတ်တဲ့ ဗီဇပါလာတတ်ကြတယ်။ ဒီတော့ စာမေးပွဲမှာ အမှတ်ကောင်းရင် မုန့်ဖိုး ၁ သိန်းရမယ်တို့၊ ဂိမ်းအသစ်ဝယ်ပေးမယ်တို့ဆိုတဲ့ distraction တွေကို ရှောင်သင့်ပါတယ်။ သင်ယူလေ့လာခြင်းရဲ့ inherent joy ကို အရင်ဆုံး ငယ်စဥ်ကတည်းက ချစ်မြတ်နိုးတတ်အောင် သင်ကြားပေးသင့်ပါတယ်။ ဒီ inherent joy of learning ကို အရင်ဆုံးရတဲ့ ဆုလာဘ် ဖြစ်စေသင့်ပါတယ်။ ပြီးရင် မိဘတွေ မောင်နှမတွေ သူငယ်ချင်းတွေနဲ့ အတူတကွ သင်ယူလေ့လာရင်း တစ်ယောက်ကြိုးစားမှုကို တစ်ယောက် အသိအမှတ်ပြုတတ်တဲ့ အကျင့်တွေ၊ တစ်ခုခုမှာ ထူးချွန်တော တော်တာကို သေချာ ချီးကျူးတန်ဖိုးထားတတ်တဲ့ အလေ့အကျင့်တွေ လေ့ကျင့်သင့်ပါတယ်။ ကိုယ့်ကြိုးစားအားထုတ်မှု လုပ်အားနဲ့ ကိုယ်ရရှိတဲ့ အသိအမှတ်ပြုခံရမှု၊ ပျော်ရွှင်မှုတွေကို အလေးပေးပြီး မုန့်ဖိုးပေးတာ၊ တခြားပစ္စည်းဝယ်ပေးတာတွေကို အဓိကတွန်းအားပေးမဖြစ်စေသင့်ပါဘူး။ ဂိမ်းတစ်ခုဝယ်ပေးရင်တောင်မှ ဒီဂိမ်းက ဘယ်လို ဥာဏ်ရည်တိုးတက်မှုကို အထောက်အကူပြုလို့ ဝယ်ပေးတာဖြစ်ကြောင်း၊ စည်းကမ်းအနေနဲ့ တစ်နေ့ ဘယ်လောက်ပဲဆော့ရမလဲ သေချာချမှတ်ပေးသင့်ပါတယ်။ ကျွန်တော်တို့တွေ အချောင်မစားလိုတဲ့ ကြွက်ကလေးတွေကို စကတည်းက ခလုတ်နှိပ်ရင် ချိစ်ကြွေးမယ်လို့ condition လုပ်မပေးသင့်ပါဘူး။ ဒီအတိုင်း pellet နဲ့ သူ့တာဝန်သူအရင်ကြေပါစေ။ ကလေးတွေလည်း ဒီအတိုင်းပါပဲ။



Photo credit.

Scientific CalculatorCasio fx 991 Es plus calculator ကိုဖုန်းမှာ အစမ်းသုံးကြည့်ချင်တဲ့ ဆရာ/မ ကျောင်းသား/သူတွေအတွက်ပါAndr...
17/05/2022

Scientific Calculator
Casio fx 991 Es plus calculator ကို
ဖုန်းမှာ အစမ်းသုံးကြည့်ချင်တဲ့ ဆရာ/မ ကျောင်းသား/သူတွေအတွက်ပါ
Android ဖုန်းတွေမှာပဲရပါမယ်
iPHONE မရပါ
အောက်က link ကဝင် ပြီး telegram channelမှာ download လုပ်ပါ

https://t.me/newsyllabusmyanmaredu/14

12/05/2022
11/05/2022
Grade 11Color copy တွေထွက်နေပါပြီမူရင်းမဟုတ်လို့ ဆေးသား မသပ်ရပ်သေးပါအချို့စာအုပ်တွေစာရွက်ဖြတ်ရင်း စာတွေပါသွားတာတွေတွေ့ပါ...
11/05/2022

Grade 11
Color copy တွေထွက်နေပါပြီ
မူရင်းမဟုတ်လို့ ဆေးသား မသပ်ရပ်သေးပါ
အချို့စာအုပ်တွေစာရွက်ဖြတ်ရင်း စာတွေပါသွားတာတွေတွေ့ပါတယ်
ကိုယ်တိုင်ရွေးယူနိုင်မှအဆင်ပြေပါမယ်

မြန်မာစာတစ်အုပ်ထဲပါ
Physics
Che
Bio က workbook တွေပါပါမယ်
ဘာသာစုံ
၉အုပ်ပါ
ရန်ကုန်လှည်းတန်း
စာပေဟင်းလေးအိုးကြီးမှာရပါပြီ
၂၅၀၀၀ ပါ
(စာအုပ်မရောင်းပါ)

၂၀၂၁ -၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံဖြေဆိုခြင်းမရှိသည့် Grade 10 ကျောင်းသား/သူများသည် (မေလ ၉ ရက်နေ့မှ ၁၃ ရက်)နေ့ထိ ကျင်...
25/04/2022

၂၀၂၁ -၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံဖြေဆိုခြင်းမရှိသည့် Grade 10 ကျောင်းသား/သူများသည် (မေလ ၉ ရက်နေ့မှ ၁၃ ရက်)နေ့ထိ ကျင်းပမည့် Grade 10 (၉ တန်းစနစ်သစ် )ကျောင်းတွင်းစစ် ပြင်ပဖြေ စာမေးပွဲ ကိုဝင်ရောက်ဖြေဆိုနိုင်ကြောင်း မြို့နယ်ပညာမှ အကြောင်းကြားလာပါသည်။သို့ပါ၍ G 10 ပြင်ပဖြေ စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသော ကျောင်းသား/သူများ အနေဖြင့် သက်ဆိုင်ရာ (သို့မဟုတ်)နီးစပ်ရာ ကျောင်းများတွင် (၂၆-၄-၂၀၂၂ နောက်ဆုံး)စာရင်းပေးသွင်း၍ ဖြေဆိုနိုင်ပါသည် ။

မှတ်ချက် ။ အခြားကျောင်းမှ ပြောင်းရွှေ့ဖြေဆိုမည်ဆိုပါက ကျောင်းပြောင်းလက်မှတ် ပါရပါမည်။

G10 စာအုပ်(သင်ရိုးနှင့် သင်ရိုးလမ်းညွှန်) များကို scan ပြီး pdf လုပ်ထားပါသည်(ဘာသာတော့ မစုံပါ ကျွန်တော့်မှာရှိသမျှသာ ဖြစ်...
22/04/2022

G10 စာအုပ်(သင်ရိုးနှင့် သင်ရိုးလမ်းညွှန်) များကို scan ပြီး pdf လုပ်ထားပါသည်

(ဘာသာတော့ မစုံပါ ကျွန်တော့်မှာရှိသမျှသာ ဖြစ်ပါတယ်)

ဝေးလံသောပြီး စာအုပ်မှာယူရန် ခက်ခဲသော ဒေသများမှ

လေ့လာလိုသောဆရာဆရာမများ လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပါသည်

၁။ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးလက်စွဲ မူကြမ်း
http://www.mediafire.com/file/as1rvh9jsxt31y5/%25E1%2580%2599%25E1%2580%25B0%25E1%2580%2580%25E1%2580%25BC%25E1%2580%2599%25E1%2580%25BA%25E1%2580%25B8.pdf/file

၂။ အထက်တန်းသင်ရိုးသစ်မိတ်ဆက် ဦးဆောင်ပို့ချသူများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
http://www.mediafire.com/file/a6mnfsttg4buxog/%25E1%2580%259E%25E1%2580%2584%25E1%2580%25BA%25E1%2580%259B%25E1%2580%25AD%25E1%2580%25AF%25E1%2580%25B8%25E1%2580%259E%25E1%2580%2585%25E1%2580%25BA%25E1%2580%2599%25E1%2580%25AD%25E1%2580%2590%25E1%2580%25BA%25E1%2580%2586%25E1%2580%2580%25E1%2580%25BA.pdf/file

၃။ မြန်မာစာ သင်ရိုး
http://www.mediafire.com/file/ddwiqids9qn8a80/%25E1%2580%2599%25E1%2580%25BC%25E1%2580%2594%25E1%2580%25BA%25E1%2580%2599%25E1%2580%25AC%25E1%2580%2585%25E1%2580%25AC_Text.pdf/file

၄။ မြန်မာစာ သင်ရိုးလမ်းညွှန်
http://www.mediafire.com/file/95g7chtpbp0jxy1/%25E1%2580%2599%25E1%2580%25BC%25E1%2580%2594%25E1%2580%25BA%25E1%2580%2599%25E1%2580%25AC%25E1%2580%2585%25E1%2580%25AC_guide.pdf/file

၅။ အင်္ဂလိပ်စာ သင်ရိုး
http://www.mediafire.com/file/d255m4lg547ehwl/Eng_Guide.pdf/file

၆။ အင်္ဂလိပ်စာ သင်ရိုးလမ်းညွှန်
http://www.mediafire.com/file/d255m4lg547ehwl/Eng_Guide.pdf/file

၇။ သင်္ချာ သင်ရိုး
http://www.mediafire.com/file/5u0gi9oxtctqcmc/maths_text.pdf/file

၈။ သင်္ချာ သင်ရိုးလမ်းညွှန်
http://www.mediafire.com/file/o7pv837pfveiwe7/maths_Guide.pdf/file

၉။ ဓာတုဗေဒ သင်ရိုး
http://www.mediafire.com/file/jxpy6m58z2linfg/chem_text.pdf/file

၁၀။ ဓာတုဗေဒ သင်ရိုးလမ်းညွှန်
http://www.mediafire.com/file/x3bhaqw77rbwb7k/chem_Guide.pdf/file

၁၁။ ရူပဗေဒ သင်ရိုး
http://www.mediafire.com/file/a3b2zp944g44pnm/Phyiscs_Text.pdf/file

၁၂။ ရူပဗေဒ သင်ရိုးလမ်းညွှန်
http://www.mediafire.com/file/j28f27zty5vmpg2/physics_Guide.pdf/file

၁၃။ ဘောဂဗေဒ သင်ရိုး
http://www.mediafire.com/file/1ppbd4jevjna4lf/eco_text.pdf/file

၁၄။ ဘောဂဗေဒနှင့် ဂီတအနုပညာဘာသာ သင်ရိုးလမ်းညွှန်
http://www.mediafire.com/file/7r278rxrigpopsr/%25E1%2580%2598%25E1%2580%25B1%25E1%2580%25AC%25E1%2580%2582%25E1%2580%2594%25E1%2580%25BE%25E1%2580%2584%25E1%2580%25B7%25E1%2580%25BA_%25E1%2580%25A1%25E1%2580%2594%25E1%2580%25AF%25E1%2580%2595%25E1%2580%258A%25E1%2580%25AC_Guide.pdf/file

၁၅။ သမိုင်းသင်ရိုး
http://www.mediafire.com/file/7tfd59iwhgnx6sl/%25E1%2580%259E%25E1%2580%2599%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8_text.pdf/file

၁၆။ သမိုင်းသင်ရိုးလမ်းညွှန်
http://www.mediafire.com/file/120mn48yoqky345/%25E1%2580%259E%25E1%2580%2599%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8_Guide.pdf/file

၁၇။ ပထဝီဝင်နှင့်ဘဝတွက်တာကျွမ်းကျင်စရာလမ်းညွှန်
http://www.mediafire.com/file/zmitq2vliqe8x9i/%25E1%2580%2595%25E1%2580%2591%25E1%2580%259D%25E1%2580%25AE_%25E1%2580%2598%25E1%2580%259D%25E1%2580%2590%25E1%2580%25BD%25E1%2580%2580%25E1%2580%25BA%25E1%2580%2590%25E1%2580%25AC_Guide.pdf/file

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်အကြောင်းအမျိုးမျိုးကြောင့် ်သစ် ၁၀တန်းမတက်ရောက်ခဲ့သော ကျောင်းသား/သူ များ မေလတွင် ပြင်ပဖြေ ဝင်ဖြေ...
22/04/2022

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်အကြောင်းအမျိုးမျိုးကြောင့်
်သစ် ၁၀တန်းမတက်ရောက်ခဲ့သော ကျောင်းသား/သူ များ မေလတွင် ပြင်ပဖြေ ဝင်ဖြေလို့ရပါတယ် အောင်မြင်ပါက ယခုပညာသင်နှစ် #!၂၀၂၂/၂၀၂၃ ပညာသင်နှစ်တွင် စနစ်သစ် ်ရောက်နိုင်မှာဖြစ်ပါတယ် မိမိနေထိုင်ရာ မြို့နယ် ပညာရေးမှူးရုံးမှာအသေးစိတ်စုံစမ်းလို့ရပါတယ်
Credit

💁ဇွန်လ ၂၀၂၂ တွင် ရှိလာမည့် အတန်းများ နှင့် ပျောက်သွားမည့်အတန်း📚📚📚📚📚📚📚📚👉လာမည့် ပညာသင်နှစ် ၂၀၂၂/၂၃ တွင် ပဉ္စမတန်း(စနစ်သစ်)...
22/04/2022

💁ဇွန်လ ၂၀၂၂ တွင် ရှိလာမည့် အတန်းများ နှင့်
ပျောက်သွားမည့်အတန်း
📚📚📚📚📚📚📚📚
👉လာမည့် ပညာသင်နှစ် ၂၀၂၂/၂၃ တွင်
ပဉ္စမတန်း(စနစ်သစ်)၊ အဌမတန်း(စနစ်သစ်)
နှင့် ဧကာဒဿမတန်း(စနစ်သစ်)တို့ ရှိလာရမည်
ဖြစ်ပါသည်။

🤔၂၀၂၁/၂၂ ပညာသင်နှစ်က စတုတ္ထတန်း
(စနစ်သစ်)အောင် ကျောင်းသား/သူဟာ
၂၀၂၂/၂၃ ပညာသင်နှစ်မှာ ပဉ္စမတန်း(စနစ်သစ်)
ကို ဆက်လက် တက်ရောက်ရမည် ဖြစ်သည်။
ပဉ္စမတန်း(စနစ်သစ်) စာအုပ်များ ထွက်လာပြီး
ဖြစ်ကာ ဆရာ/မ Training များစတင်ပြီ
ဖြစ်ပါတယ်။

🤔၂၀၂၁/၂၂ ပညာသင်နှစ်က သတ္တမတန်း
(စနစ်သစ်)အောင် ကျောင်းသား/သူဟာ
၂၀၂၂/၂၃ ပညာသင်နှစ်မှာ အဌမတန်း(စနစ်သစ်)
ကို ဆက်လက် တက်ရောက်ရမည် ဖြစ်သည်။
ဒါကြောင့် ယခုလာမယ့် စာသင်နှစ် ၂၀၂၃/၂၃မှာ
အဌမတန်း(စနစ်သစ်)ဟာ ရှိကို ရှိရမှာ ဖြစ်ပါတယ်။
အဌမတန်း(စနစ်သစ်)စာအုပ် အပြင်ထွက်(leak)
လာတာ မကြားသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁/၂၂ ပညာသင်နှစ်မှာ သတ္တမတန်း
(စနစ်ဟောင်း) ရှိခဲ့ပါတယ်။သတ္တမတန်း(စနစ်
ဟောင်း) အောင်လာတဲ့ ကျောင်းသား/သူဟာ
စနစ်သစ်ကို ပြောင်းရင် နဝမတန်း(စနစ်သစ်)ကို
တက်ရမှာပါ။ဒါပေမယ့် လာမယ့် ၂၀၂၂/၂၃ပညာ
သင်နှစ်မှာ နဝမတန်း(စနစ်သစ်)သင်ရိုး ရေးဆွဲ
မပြီးသေးဘဲ နဝမတန်း(စနစ်သစ်)သင်ရိုးနဲ့
ဒွါဒဿမတန်း(စနစ်သစ်)သင်ရိုးတို့ကို ၂၀၂၃/၂၄
ပညာသင်နှစ်မှသာ စတင် သင်ကြားမှာ ဖြစ်လို့
ယခုစာသင်နှစ် ၂၀၂၂/၂၃ ပညာသင်နှစ်မှာ
အဌမတန်း(စနစ်ဟောင်း)ကိုပဲ ဆက်လက်
တက်ရောက်ရမှာ ဖြစ်ပါတယ်။
ဒီ့အတွက် ယခုလာမယ့် စာသင်နှစ် ၂၀၂၃/၂၃မှာ
အဌမတန်း(စနစ်သစ်)ဟာ ရှိကို ရှိရမှာ ဖြစ်ပါတယ်။
အဌမတန်း(စနစ်သစ်)စာအုပ် အပြင်ထွက်(leak)
လာတာ မကြားသိရသေးပါ။
ဒါကြောင့် ဇွန်လ ကျောင်းပြန်ဖွင့်ရင်
၈တန်း(အဌမတန်း) အတွက် စနစ်သစ်လည်း
ရှိ၊စနစ်ဟောင်းလည်း ရှိနေမှာပါ။

ပြီးခဲ့တဲ့ စာသင်နှစ်က ပဉ္မမတန်း(စနစ်သစ်)မရှိခဲ့လို့
ပဉ္မမတန်း(စနစ်သစ်)အောင် ကျောင်းသား/သူ မရှိခဲ့ပါ။
ပဉ္မမတန်း(စနစ်သစ်)အောင်ရင် ဆဌမတန်း(စနစ်သစ်)
အတန်းဟာ အခုလာမယ့် စာသင်နှစ်(၂၀၂၂/၂၃)မှာ
ရှိမှာ မဟုတ်ပါ။

ယခု ပညာသင်နှစ်၂၀၂၂/၂၃ နှစ်မှာ ဧကာဒဿမတန်း
(စနစ်သစ်)စတင်မှာဖြစ်ပါတယ်။

🤔၂၀၂၁/၂၂ နဲ့ ၂၀၂၂/၂၃ ပညာသင်နှစ် နှစ်ခုမှာ ရှိတဲ့
အတန်းများကို အောက်မှာ ဖော်ပြထားပါတယ်။
အဝါရောင်လေးတွေနဲ့ ဘောင်ခတ်ထားတာကတော့
အခုနှစ်မှ စ ရှိလာမယ့် အတန်းသစ်များဖြစ်ပါတယ်။

#သိထားသမျှမျှဝေလိုက်သည်
🙏🙏🙏💁💁💁💁

 #စနစ်သစ်တက်မယ့် ကျောင်းသား၊ကျောင်းသူနဲ့မိဘတိုင်း သိထားသင့်ပါတယ်။GPA နဲ့ Grading စနစ်အကြောင်းသိမှတ်ဖွယ်ရာအချို ု့။ မြန်မ...
21/04/2022

#စနစ်သစ်တက်မယ့် ကျောင်းသား၊ကျောင်းသူနဲ့မိဘတိုင်း သိထားသင့်ပါတယ်။

GPA နဲ့ Grading စနစ်အကြောင်းသိမှတ်ဖွယ်ရာအချို ု့။
မြန်မာနိုင်ငံပညာရေးနဲ့ပတ်သတ်လို့ စာမေးပွဲအခြေပြု ၁၀၀ရာခိုင်နှုန်းအမှတ်ပေးနည်းစနစ် (percentage grading system) ကနေ Grade အခြေခံစနစ် (GPA grading system) ပြောင်းဖို့ကြိုးစားသွားမယ် ဆိုပြီးပြောခဲ့ပါတယ်။ ကျောင်းသားအချင်းချင်း အမှတ်ပြိုင်ဆိုင်မှု၊ ၂ မှတ် ၃မှတ်ကွာ၍ လိုချင်သည့် တက္ကသိုလ်တက်ခွင့်မရခြင်း စသည်ဖြင့် ပြသနာတွေပြေလည်သွားနိုင်ဖို့လို့ဆိုပါတယ်။
GPA Grading စနစ်အကြောင်း သိသလောက်ပြောရရင်
၁။ What is GPA grading system?
Great Point Average သို့ GPA grading စနစ်ဆိုတာ ကျောင်းသားတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်မှု အရည်အချင်းအကဲဖြတ်စနစ် တစ်ခုဖြစ်ပါတယ်။ကျောင်းသားရဲ့ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုကို အကဲဖြတ်ရာမှာ စာမေးပွဲရမှတ် တစ်ခုတည်းနဲ့မလုံလောက်ပါဖူး။ ဘာသာရပ်ဆိုင်ရာနားလည်တတ်ကျွမ်းမှုအပြင် စာသင်ခန်းတွင် တက်ကြွစွာပါ၀င်လှုပ်ရှားမှု၊ စည်းကမ်းလိုက်နာမှု၊ အလုပ်အချိန်မှီပြီးစီးမှု စတဲ့ တခြားလုပ်ဆောင်ချက် multi-skills တွေပေါ်မှာလည်းမူတည်ပါတယ်။ စာမေးပွဲရမှတ်အပါအ၀င် တခြားလုပ်ဆောင်ချက်ရမှတ်တွေစုပေါင်းပြီး အကဲဖြတ်တဲ့စနစ်ကို GPA grading စနစ်လို့ခေါ်ခြင်းဖြစ်ပါတယ်။ GPA grading system မှာပဲ GPA grades နဲ့ GPA points ဆိုပြီး အမှတ်ပေးနည်း ၂ခုရှိပါတယ်။
GPA grade ဆိုတာ ဘာသာရပ်အလိုက် ရမှတ် ၅၀၊ ၇၅မှတ် စသည်ဖြင့် အမှတ်ဖြင့် သတ်မှတ်မည့်အစား A, B, C, D အက္ခရာအစဉ်လိုက် သတ်မှတ်ခြင်းဖြစ်ပါတယ်။ wiki မှာတော့ grading စနစ်ရဲ့ အစက Yale တက္ကသိုလ်က စခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ကမ္ဘာ့နိုင်ငံအသီးအသီးက အထက်တန်းနဲ့ တက္ကသိုလ်များမှာ ကျင့်သုံးလျက်ရှိပြီး ယေဘုယျအားဖြင့် A to E သို့ A to F grading scale ကိုသုံးကြပါတယ်။
GPA points ဆိုတာကတော့ A,B,C,D,E အစား 1,2,3,4 ကိုသုံးပြီးသတ်မှတ်တာပါ။ အခြေခံအကျဆုံး A-E GPA grade နဲ့ 4.0 GPA point ဆက်သွယ်ချက်ကို ပုံ ၁မှာပြထားပါတယ်။
၂။ How does GPA system work?
GPA စနစ်ဘယ်လိုအလုပ်လုပ်သလဲ။
GPA စနစ်မှာ စာသင်နှစ်တစ်ခုအတွင်း ကျောင်းသားတစ်ယောက်ရဲ့ ဘာသာရပ်အားလုံးပေါင်း ပျမ်းမျှအဆင့် သတ်မှတ်တဲ့အခါ စာမေးပွဲရမှတ်အပြင် ဘာသာရပ်နဲ့ဆိုင်တဲ့ တခြားအမှတ်တွေနဲ့ ၁ မှာပြောခဲ့တဲ့ multi-skill ရမှတ်တွေကိုပါ ထည့်သွင်းတွက်ချက်ပါတယ် ။
အဲ့လိုတွက်တဲ့အခါ credits ဆိုတဲ့ စကားလုံးအသစ်တစ်ခုပါလာပါတယ်။
(မှတ်ချက်။ အနောက်နိုင်ငံများမှာ ဘာသာရပ်ကို subject အစား course လို့သုံးပါတယ်။ CGPA (Cumulative GPA) ဆိုတာကတော့ ဘာသာရပ်အားလုံးပေါင်းပျမ်းမျှGPAရမှတ်ကို စုစုပေါင်းရသင့်တဲ့GPA နဲ့ အချိုးချထားခြင်းဖြစ်ပါတယ်။)
၃။ What are credits?
အပေါ်မှာပြောခဲ့တဲ့ စကားလုံးအသစ် credit ဆိုတာကိုရှင်းပြပါမယ်။
credit ဆိုတာလည်း ဘာသာရပ်ဆိုင်ရာရမှတ်တစ်မျိုးပါပဲ။
အဲ့ဒီရမှတ်ကို သတ်မှတ်ရာမှာ စာမေးပွဲစစ်ပြီးသတ်မှတ်တာမျိုးမဟုတ်ပဲ ဘာသာရပ် course ရဲ့ ထူးခြားတဲ့ ဝိသေသတွေပေါ်မူတည်ပြီးသတ်မှတ်ခြင်းဖြစ်ပါတယ်။
နမူနာပြောရရင် သင်ယူတတ်မြောက်ရန်ကြာချိန်ကို ဘာသာရပ်ရဲ့ ထူးခြားတဲ့ဝိသေသလို့ယူဆရင် အချိန်တိုအတွင်းတတ်မြောက်နိုင်မယ့်ဘာသာကို credit နည်းနည်းသတ်မှတ်ပြီး အချိန်ပိုကြာတဲ့ဘာသာကို credit များများသတ်မှတ်မှာဖြစ်ပါတယ်။ အလားတူ လက်တွေ့သင်ခန်းစာချိန်ကို ဘာသာရပ်ရဲ့ ထူးခြားတဲ့ဝိသေသလို့သတ်မှတ်ပါက လက်တွေ့ချိန်များတဲ့ course က credit များမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ဘာသာရပ်ကခက်လေ multi-skill များများလိုလေ credit ပိုများလေလို့ဆိုနိုင်ပါတယ်။
ကျောင်းသားတစ်ယောက်က အဲ့ဒီဘာသာရပ်ကိုအောင်မြင်ရင် သတ်မှတ်ထားတဲ့ credit ကိုရမှာဖြစ်ပါတယ်။
အဲ့ဒါဆို ခက်တဲ့ဘာသာချည်းပဲယူပြီး credit အများကြီးရအောင်ယူလို့ရမလားလို့ မေးစရာဖြစ်လာပါတယ်။ မရပါဘူး။
ကျောင်းတွေမှာ စာသင်နှစ်တစ်ခုအတွက် အနည်းဆုံးနဲ့ အများဆုံးယူရမယ့် credit သတ်မှတ်ချက်တွေရှိပြီးသားဖြစ်ပါတယ်။ အများဆုံး credit range သတ်မှတ်ချက် ထဲ၀င်တဲ့ကျောင်းသားကအတော်ဆုံးကျောင်းသားဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုက ကျောင်းတွေမတူလို့ သင်ကြားရတဲ့ဘာသာတွေမတူတဲ့အခါ ဘာသာရပ်ရဲ့ထူးခြားတဲ့ဝိသေသအမျိုးမျိုးကို အခြေခံပြီး credit သတ်မှတ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ကျောင်းသားတစ်ယောက်ချင်းစီကို သတ်မှတ်ချက်အမျိုးမျိုးနဲ့ကိုက်ညီလားဆိုတာ အကဲဖြတ်ဖို့လည်း လက်တွေ့မှာမလွယ်ကူပါဘူး။ ဒါကြောင့် အလွယ်ကူဆုံးအနေနဲ့ ကျောင်းတိုင်းက credit သတ်မှတ်တဲ့အခါ ကျောင်းခေါ်ချိန်ကိုအခြေခံပြီး သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပိုခက်တဲ့ဘာသာက ကျောင်းခေါ်ချိန်ပိုများလေ့ရှိတဲ့အတွက် credit ပိုများပါတယ်။ ကျောင်းခေါ်ချိန်ဆိုရာမှာ စာသင်ချိန် lecture time အပြင် လက်တွေ့ practical time နဲ့ ကျောင်းပြင်ပလုပ်ဆောင်ချက် homework, supplementary reading, writing paper, field work စတဲ့အချိန်တွေပါ၀င်ပါတယ်။ နိုင်ငံတကာကျောင်းတွေမှာ ဘာသာရပ် course တစ်ခုကိုဖော်ပြတဲ့အခါ
Course-name credits (lecture time - practical - self study hrs per week) ပုံစံနဲ့ရေးလေ့ရှိပါတယ်။
ဥပမာ Maths 3(3-0-3) လို့ဖော်ပြထားရင် Maths ဘာသာရပ်အတွက် စုစုပေါင်း 3 credits (တစ်ပတ်ကို စာသင်ချိန် ၃နာရီ - လက်တွေ့ချိန် ၀ နာရီ- ပြင်ပလေ့လာချိန် ၃နာရီ) လို့ဘာသာပြန်လို့ရပါတယ်။
ဘာသာရပ်အမျိုးမျိုးမှာ credit hours မတူနိုင်ပါဘူး။
ဥပမာ - English course 2(2-2-2), Advanced maths course 3(3-0-6) စသည်ဖြင့်ပေါ့။
အမေရိကန်နိုင်ငံမှာ course တစ်ခုအတွက် ယေဘုယျအားဖြင့် တစ်ပတ်ကိုစာသင်ချိန် ၃နာရီ၊ စာသင်နှစ်တစ်ခုအတွက် ၁၆နာရီ သတ်မှတ်တယ်လို့ဆိုပါတယ်။ အဲ့ဒီကမှ ကျောင်းခေါ်ချိန်အနည်းဆုံးပြည့်မှီတဲ့ကျောင်းသားက အဲ့ဒီ course အတွက် သတ်မှတ်ထားတဲ့ credit အားလုံးရမှာဖြစ်ပြီး ကျောင်းခေါ်ချိန်မပြည့်တဲ့ကျောင်းသားက 0 credit ရပါလိမ့်မယ်။
ချွင်းချက်အနေနဲ့ တချို့ ကျောင်းတွေမှာ ကျောင်းတက်စရာမလိုပဲ စာမေးပွဲဖြေရုံနဲ့ ရတဲ့ credit (exam credits) နဲ့ တက်ခဲ့ဖူးတဲ့ တခြား course တွေကနေ လွှဲပြောင်းယူနိုင်တဲ့ credit (transferred credits) ဆိုပြီးလည်းရှိပါသေးတယ်။ Transferred credits ဆိုတာကတော့ ဥပမာ ပြီးခဲ့တဲ့နှစ်က တက်ခဲ့တဲ့ တချို့ဘာသာက credit တွေကို ဒီနှစ်မှ ပေါင်းယူတာမျိုးဖြစ်ပါတယ်။ အခြေခံပြီးမြောက်ရမယ့် ဘာသာရပ်တွေ၊ နှစ်ခါထပ်တက်စရာမလိုတဲ့ ဘာသာရပ်တွေအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခု မှတ်သားစရာက credit အားလုံးကို တပြိုင်တည်း တခါတည်း ယူလို့မရပါဖူး။ ကိုယ်ကဥာဏ်ကောင်းလို့ တော်လို့ ကြိုးစားနိုင်လို့ တစ်နှစ်တည်းနဲ့ credit ၂၀၊ ၃၀ လုံးယူပြီး တစ်နှစ်တည်း ဘွဲ့ယူခွင့်မရှိပါဘူး။ စာသင်နှစ်တစ်ခုစီအတွက် register လုပ်ခွင့်ရှိတဲ့ အနည်းဆုံးနဲ့အများဆုံး credit သတ်မှတ်ချက်တွေ ကျောင်းတိုင်းမှာ ရှိပါတယ်။
၄။ GPA calculator
credits ကနေ GPA တွက်တဲ့အခါ
၁) weighted GPA
၂) unweighted GPA ဆိုပြီးတွက်နည်း ၂နည်းရှိပါတယ်။
နမူနာအနေနဲ့ ဘာသာရပ် ၄ခုယူရတဲ့ ကျောင်းသားတစ်ယောက်အတွက် grade points ရလဒ်များမှတဆင့် GPA တွက်နည်းကို ပုံ ၂မှာပြထားပါတယ်။
unweighted GPA ဆိုတာ credits မပါတဲ့ တွက်ချက်မှုဖြစ်တဲ့အတွက် သာမန် အမှတ်ပေးစနစ်နဲ့အတူတူပါပဲ။ weighted GPA မှာတော့ ယူတဲ့ဘာသာရပ်ရဲ့ credits ပေါ်မှာမူတည်ပြီး ရမှတ်တွေကွဲသွားမှာပါ။ ဥပမာ ဘာသာရပ်၄ခုယူတဲ့ ကျောင်းသား ၂ယောက်ဟာ grade A ( ၉၅မှတ်) ရတာချင်းတူရင် credit မြင့်တဲ့ ဘာသာရပ်ကိုယူတဲ့ကျောင်းသားရဲ့ GPA က credit နည်းတဲ့ဘာသာကိုယူတဲ့ ကျောင်းသားထက်မြင့်မှာဖြစ်ပါတယ်။ အလားတူ credit များတဲ့ ဘာသာရပ်က ပိုခက်ပြီး ကြိုးစားအားထုတ်မှုပိုမယ်လို့လည်း အကြမ်းအားဖြင့် သိနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိမှာ weighted GPA စနစ်ကို အသုံးများကြတာဖြစ်ပါတယ်။ တစ်ကျောင်းနဲ့တစ်ကျောင်း သတ်မှတ်ချက်မတူနိုင်တဲ့အတွက် ကိုယ့်ကျောင်းရဲ့ GPA တွက်နည်း grades သတ်မှတ်နည်းကို သိထားဖို့တော့လိုပါတယ်။
၅။ Pros of GPA grading system (GPA စနစ်ကောင်းကျိုးများ)
လက်ရှိမှာ နိုင်ငံတကာကုမ္ဗဏီများက အလုပ်ခေါ်တဲ့အခါ အလုပ်သင် သို့ ဘွဲ့ရပြီးစလူတွေကို GPA, CGPA အမှတ်တွေဖော်ပြထားတဲ့ Transcripts (အောင်စာရင်း) တောင်းလေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ GPA, CGPA တွေက ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်း၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုကို အကြမ်းအားဖြင့် ဖော်ပြပေးနိုင်တဲ့အတွက်ဖြစ်ပါတယ်။ GPA မြင့်တဲ့သူတွေကို အလားအလာကောင်းတဲ့ ၀န်ထမ်းအဖြစ် ယေဘုယျသတ်မှတ်ကြပါတယ်။ wiki မှာဖော်ပြထားတာကတော့ ၂၀၁၄ခုနှစ်စစ်တမ်းများအရ အမေရိကန်နိုင်ငံမှာ ဘာသာရပ်အမှတ် score points တစ်မှတ်တိုးခြင်းက တစ်နှစ်ပျမ်းမျှလစာ ၁၁ရာခိုင်နှုန်းတိုးစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။
GPA grading စနစ်ရဲ့ နောက်ထပ်အားသာချက်တွေကတော့ စာသင်နှစ်တစ်နှစ်မှာ ဘာသာတွေအားလုံးစုပြုံလေ့လာစရာမလိုပဲ သတ်မှတ်ထားတဲ့ credit လိုအပ်ချက်အတွင်းမှာ ခက်တဲ့ဘာသာ ၁ခုနဲ့ လွယ်တဲ့ဘာသာ ၂ခုစသည်ဖြင့် ပေါင်းယူနိုင်တဲ့အတွက် ဘာသာရပ်ဆိုင်ရာလေ့လာမှုလည်း ပိုအားကောင်းလာနိုင်ပါတယ်။
ဒါ့အပြင် GPA စနစ်က ကျောင်းသားတစ်ဦးချင်းစီကို လွတ်လပ်စွာရွေးချယ်မှုလည်းပေးထားပါတယ်။ ဥပမာ- ကျောင်းသားတစ်ယောက်က ပထနှစ်နဲ့ ဒုတိယနှစ်တွေမှာ တတ်နိုင်သလောက် credits အများဆုံးပြီးအောင်ယူထားတဲ့အခါ နောက်ဆုံးနှစ်မှာ internship လို့ခေါ်တဲ့ အလုပ်မှာလက်တွေ့ကွင်းဆင်းလေ့လာမှုလုပ်ဖို့ အချိန်ပိုထွက်လာအောင် ကျောင်းစတက်ကတည်းက အစီအစဉ် ဆွဲထားနိုင်ပါတယ်။
၆။ Cons of GPA grading system (GPA စနစ်သုံးခြင်းအပြစ်များ)
GPA စနစ်ရဲ့ အားနည်းချက်တစ်ခုကတော့ ဘာသာရပ်ဆိုင်ရာသင်ကြားသူ ဆရာဗဟိုပြုစနစ်ဖြစ်တဲ့အတွက် ဆရာရဲ့ဘက်လိုက်မှု နဲ့ မတရားတာတွေ ရှိနိုင်ပါတယ်။ အများအားဖြင့်တော့ အကဲဖြတ်စနစ်နဲ့ရလဒ်များတွေအားလုံး ကျောင်းသားတိုင်းသိအောင် ပွင့်လင်းမြင်သာမှုရှိစေခြင်း နဲ့ကျောင်းသားများကဆရာအပေါ်အကဲဖြတ်စနစ် evaluation စတာတွေကိုသုံးပြီး ဘက်လိုက်မှုကို ဖြေရှင်းနိုင်ပါတယ်။ အကဲဖြတ်စနစ်နဲ့ ပတ်သတ်ပြီး မကျေနပ်၍ ကျောင်းသားက တိုင်းကြားခဲ့ရင်လည်း revison ပြန်လုပ်နိုင်ပါတယ်။
၇။ Conclusion
ဒီလောက်ဆို အမှတ်၁၀၀အခြေခံ ကျ/ရှုံး marking စနစ်ထက် လုပ်ဆောင်မှုအခြေခံ GPA grading system ကပိုအရေးပါမှန်း သိလောက်ပါပြီ။ နိုင်ငံတကာမှာတော့ ဘွဲ့ရပညာတတ်တစ်ယောက်ရဲ့ အရည်အချင်းကို GPA ကိုကြည့်ပြီး ယုံယုံကြည်ကြည်အကဲဖြတ်ကြပါတယ်။
ကျောင်းနဲ့ တက္ကသိုလ်တွေရဲ့ ကျော်ကြားမှု နံမည်ကြီးမှုကိုလိုက်ပြီး ကျောင်းသားဘက်က ကြိုးစားအားထုတ်မှုပိုလာသလို အဲ့ဒီကျောင်းကမွေးထုတ်လိုက်တဲ့ ကျောင်းသားရဲ့ GPA ရမှတ်ကလည်း ယုံကြည်မှုပိုရမှာဖြစ်ပါတယ်။
ဥပမာ - သာမန်တက္ကသိုလ်က GPA 4.0 ရတဲ့ကျောင်းသားထက် MIT တက္ကသိုလ်က GPA 3.4 ရတဲ့ကျောင်းသားက ပိုတော်မယ်လို့ ယေဘုယျ ယုံကြည်ထားတာမျိုးပေါ့။
လက်ရှိ percentage score အခြေခံစနစ်ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံက အထက်တန်းကျောင်းနဲ့ တက္ကသိုလ်အားလုံးလည်း လက်တွေ့အသုံးချပညာရေးစနစ်ကိုသွားနိုင်ဖို့ GPA grading စနစ်ကို ပြောင်းလဲဖို့ လိုကိုလိုအပ်ပါတယ်။ GPA grading စနစ်အောင်အောင်မြင်မြင်ကျင့်သုံးလာနိုင်တဲ့အခါကျရင်တော့ နိုင်ငံတကာကျောင်းများနဲ့ ပေါင်းကူးသင်ကြားတာတွေ (မြန်မာမှာဒုတိယနှစ်ပြီးခဲ့တဲ့ကျောင်းသားက နိုင်ငံခြားတက္ကသိုလ်မှာ တခြားဘာအရည်အချင်းစစ်စာမေးပွဲမှမလိုပဲ တတိယနှစ်ကဆက်တက်ခွင့်ရှိတာ) ဘွဲ့ဒီဂရီတွေကလည်း အမှန်တကယ်တတ်ကျွမ်းမှုအပေါ် အခြေခံလာတာဖြစ်လို့ နိုင်ငံတကာအလုပ်အခွင့်အလမ်းများလည်း သူ့အလိုလိုပိုရလာပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့တော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးအပေါ်အလေးထားမှု နဲ့ ပညာလိုချင်စိတ်၊ လေ့လာသင်ယူချင်စိတ်တွေကို ငယ်စဉ်ကတည်းက မူကြိုအရွယ် သူငယ်တန်းအရွယ်ကစလို့ စနစ်တကျ ပျိုးထောင်ပေးဖို့ လွန်စွာအရေးကြီးတယ်လို့ထင်မြင်မိပါကြောင်း။
အမှတ်၁၀၀ဖိုးအခြေခံ percentage score တွေကို GPA အမှတ်ဘယ်လိုပြောင်းမလဲ
GPAစနစ်ရဲ့အဓိပ္ပယ်နဲ့ရှင်းလင်းချက်တွေကို ရှင်းလင်းပြီးဖြစ်ပါတယ်။
နိုင်ငံခြားကျောင်းတွေ တက္ကသိုလ်တွေမှာ ၀င်ခွင့်လျှောက်တဲ့အခါ ကိုယ်အောင်မြင်ပြီးခဲ့တဲ့အတန်းရဲ့ GPA တောင်းလေ့ရှိပါတယ်။
အဲ့ဒီအခါ မြန်မာနိုင်ငံကကျောင်းသားတွေအတွက် အမှတ်စာရင်းမှာရေးထားတဲ့ အင်္ဂလိပ်စာ ၈၄မှတ် သချာင်္ ၉၀ မှတ်စတဲ့ အမှတ်၁၀၀ဖိုးအခြေခံ percentage score တွေကို GPA ပြောင်းဖို့လိုလာပါတယ်။
Percentage score ကနေ GPA ပြောင်းနည်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေ ဒီပို့စ်မှာဖော်ပြထားပါတယ်။
၁။
Percentage to GPA ပြောင်းတဲ့ အလွယ်ကူဆုံးနည်းကတော့ ဘာသာရပ်ဆိုင်ရာရမှတ်ကို ၁၀၀နဲ့စားပြီး ၄ နဲ့မြှောက်ခြင်းဖြစ်ပါတယ်။ (အများစုလက်ခံထားတဲ့ GPA စနစ်က GPA 4.0 စနစ်ဖြစ်တဲ့အတွက် ၄ နဲ့မြှောက်ခြင်းဖြစ်ပါတယ်။)
GPA = ( percentage score /100) *4
နမူနာ ပုံ ၁ မှာကြည့်ပါ။
Percentage to GPA 4.0 ပြောင်းတဲ့နည်းအမျိုးမျိုးရှိပါသေးတယ်။ အသုံးများတဲ့ conversion နောက်တစ်ခုကို နမူနာ ပုံ ၂မှာဖော်ပြထားပါတယ်။
ပုံ ၁နဲ့ ၂အရ percentage score တူပေမယ့် ပြောင်းတဲ့စနစ်မတူရင် GPA လည်းမတူပါဘူး။
ဒါကြောင့် အရေးကြီးဆုံးက ကိုယ်လျှောက်မယ့်ကျောင်းရဲ့ GPA စနစ်သတ်မှတ်ချက်နဲ့ တွက်ပုံတွက်နည်းကို သိဖို့လိုပါတယ်။
ဒါ့အပြင် GPA နဲ့ percentage score စနစ်၂ခုကလည်း အခြခံမတူတဲ့အတွက် ပုံ၁နဲ့ ၂မှာလို equation သုံးပြီးပြောင်းလို့ရလာတဲ့ GPA တွေက တိကျတဲ့ GPA မဟုတ်ပဲ ခန့်မှန်း GPA တွေပဲဖြစ်ကြောင်းသိထားဖို့လိုပါတယ်။ ခန့်မှန်း GPA ကို Equivalent GPA လို့ခေါ်ပါတယ်။
ကျောင်းလျှောက်တဲ့အခါ GPA တစ်ခုတည်းတောင်းတာမဟုတ်ပဲ ဘွဲ့လက်မှတ်၊ အောင်လက်မှတ်စတာတွေအပြင် transcript လို့ခေါ်တဲ့ အမှတ်စာရင်းပါတောင်းလေ့ရှိပါတယ်။
အမှတ်စာရင်းမှာ ရမှတ်တွေက percentage score system ကိုအခြေခံပြီးတွက်ထားတဲ့ရမှတ်တွေဖြစ်နေခဲ့ရင် GPA ပြောင်းတဲ့အခါ သတိထားရမယ့် အရေးကြီးတဲ့အချက်တွေရှိပါတယ်။
၁) တချို့ကျောင်းတွေက percentage score ကနေ GPA ပြောင်းတဲ့အခါအပေါ်ကလို equation သုံးပြီးပြောင်းထားတဲ့ Equivalent GPA ကိုလက်မခံပါဘူး။ အဲ့ဒီအခါ transcript နဲ့အတူ ကိုယ့်ကျောင်းရဲ့ အမှတ်ပေးစည်းမျဉ်းစနစ်၊ အမှတ်ပေးတွက်ချက်ပုံတွေကိုပါတောင်းလေ့ရှိပါတယ်။ အဲ့လိုတောင်းခဲ့ရင်တက်ခဲ့တဲ့ကျောင်း၊ မော်ကွန်းထိန်းတို့နဲ့ ဆက်သွယ်ပြီး အမှတ်ပေးစည်းမျဉ်းကိုတောင်းခံပါ။
၂) Percentage score ကနေ GPA အတိအကျပြောင်းပေးတဲ့ဆားဗစ်တွေရှိပါတယ်။ percentage score နဲ့သတ်မှတ်ထားတဲ့ transcript ကို GPA transcript ပြန်ထုတ်ပေးတာပါ။ မြန်မာဘာသာနဲ့ရေးထားတဲ့ မှတ်ပုံတင် သန်းခေါင်စာရင်းတွေကို နိုတြီ (notary) ပြန်သလိုပါပဲ။ အဲ့ဒီအတွက် အခကြေးငွေပေးရပါတယ်။
၃) percentage score နဲ့ GPA တို့ရဲ့ မတူညီတဲ့စနစ်ကို ညှိဖို့အတွက် percentage score ကိုအခြေခံတွက်တဲ့နိုင်ငံတွေက ကျောင်းသားတွေ GPA ကိုအခြေခံပြီးတွက်တဲ့ကျောင်းတွေကို ၀င်ခွင့်လျှောက်တဲ့အခါ GCE General Certificate of Education လို့ခေါ်တဲ့ စာမေးပွဲဖြေရခြင်းဖြစ်ပါတယ်။ တခါတလေ GCE O level နဲ့မလုံလောက်ပဲ GCE Advanced level စာမွေးပွဲတွေပါဖြေကြရပါတယ်။ နောက်ထပ်ဥပမာအနေနဲ့ ကိုယ်ကတက္ကသိုလ်မှာ ဒုတိယနှစ်အောင်ပြီး နိုင်ငံခြားမှာတတိယနှစ်တက်ဖို့လျှောက်တဲ့အခါ တတိယနှစ်ကိုတိုက်ရိုက်တက်ခွင့်မရပဲ ဒုတိယနှစ်ကပြန်စတက်ရတယ်ဆိုတာလည်း ကိုယ်အောင်မြင်ခဲ့တဲ့တက္ကသိုလ်ရဲ့အမှတ်ပေးစနစ်နဲ့ လျှောက်တဲ့တက္ကသိုလ်ရဲ့အမှတ်ပေးစနစ် မတူတဲ့အတွက်ဖြစ်ပါတယ်။
၄) တချို့ကျောင်းတွေက GPA points စနစ်ကိုမသုံးပဲ GPA grade score ကိုသုံးတယ်ဆိုရင် ပုံ ၁နဲ့ ၂မှာကဲ့သို့တွက်လို့ရလာတဲ့ points တွေကို grade score ပြန်ပြောင်းရပါလိမ့်မယ်။
အဲ့ဒီအခါလည်း ကျောင်းပေါ်မူတည်ပြီး grade သတ်မှတ်ချက်အမျိုးမျိုးရှိနိုင်ပါသေးတယ်။ ဥပမာ A to D, A to E, A to F စသည်ဖြင့်အမျိုးမျိုးရှိသလို +/- သတ်မှတ်ချက် ၊ range သတ်မှတ်ချက်တွေလည်း ကွဲတတ်ပါတယ်။ များသောအားဖြင့် A to C အထိကို Pass လို့သတ်မှတ်ပြီး D က conditional pass နဲ့ E ကတော့ fail ဖြစ်ပါတယ်။
A - E ကဲသို့ ရမှတ်အခြေခံ grade အပြင် တခြားလုပ်ဆောင်ချက်အခြေခံ grade ဥပမာ - I Incomplete, S Satisfactory, U UnsatisfuploaderW Withdrawal စတဲ့ အခေါ်အဝေါ်တွေမျိုးမျိုးရှိပါတယ်။
GPA points နဲ့ grade ဆက်သွယ်ချက်၊ percentage score ဆက်သွယ်ချက်နမူတွေကို ပုံ ၃ နဲ့ ၄မှာပြထားပါတယ်။
credit to original uploader

Address

Yangon

Alerts

Be the first to know and let us send you an email when Edu Aid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Edu Aid:

Shortcuts

Share

Category