Izumi Japanese Language Center-IJLC

Izumi Japanese Language Center-IJLC

Share

Japanese Education

Photos from 在ミャンマー日本国大使館/Embassy of Japan in Myanmar's post 11/12/2025
Photos from Izumi Japanese Language Center-IJLC's post 10/12/2025

စာမေးပွဲဖြေနိုင်ကြတယ်မလားみなさんတို့ရေ
အားလုံးဖြေဆိုအောင်မြင်ကြပါစေနော်။😍

ဒီနေ့ကတော့တိုခုတေးစားသောက်ဆိုင်နဲ့သွားတဲ့ Senseiတပည့်မလေးကေခိုင်ချင်းအကြောင်းပြောပြရင်း၊
မီနစံတို့လည်းအခက်အခဲကြုံလာတိုင်းအားမလျှော့ပဲကြိုးစားဖို့လည်းမှာချင်တာကြောင့်ရေးဖြစ်တာပါ။

ကျောင်းဘက်ကပထမမိတ်ဆက်ပေးတဲ့အလုပ်မှာကိုယ်တိုင်လိုအပ်ချက်တွေလည်းရှိပြီး၊အလုပ်နဲ့မကိုက်ညီတဲ့အခြေအနေလေးတွေဖြစ်ခဲ့တဲ့အတွက်၂လလောက်ပဲလုပ်ရပြီးအလုပ်ပြောင်းခဲ့ရတဲ့သမီးလေးပါ။

လက်ရှိအလုပ်လေးကတော့ကလေးရဲ့ကြိုးစားထားတဲ့အရည်အချင်းလေးကိုအသိအမှတ်ပြုပေးတာရော၊၂ဦး၂ဖက်လုံးရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီးသူဌေးကလည်းအရမ်းသဘောကောင်းလို့လက်ရှိအလုပ်လေးမှာအရမ်းပျော်တယ်လို့သတိတရနဲ့Senseiတို့ကိုလာပြောပေးတဲ့အတွက်၊senseiတို့ကလည်းおめでとう㊗️ဖြစ်ကြောင်းဂုဏ်ပြုချင်လို့ပိုစ့်လေးတင်လိုက်တာပါ။

ငိုမဲ့မဲ့လေးနဲ့အလုပ်ပြောင်းရမယ့်အကြောင်းလာပြောခဲ့သူလေးကအလုပ်သစ်လေးမှာလည်းအရမ်းတက်ကြွနေပြီး၊ အမြဲအားပေးစကားပြောပေးတဲ့ Senseiတို့ကိုကျေးဇူး တင်ပြီး၊အနာဂတ်မှာလည်းကြိုးစားသွားမှာဖြစ်ကြောင်း အပျော်လွန်ပြီးပုံတွေပို့လာပြောတာမို့ဝမ်းသာပီတိဖြစ်လို့တင်တာလည်းပါတာပေါ့နော်။🤗

ပထမအလုပ်မှာကြုံခဲ့တဲ့အတွေ့အကြုံတွေကိုနမူနာယူပြီးလက်ရှိအလုပ်မှာ၊အမှားအယွင်းမရှိအောင်ကြိုးစားသွားမယ်လို့ကတိပေးခဲ့တဲ့အတွက်လည်း Senseiတို့ကလည်းကျေးဇူတင်ပါတယ်သမီးရေ။ဘယ်လိုပဲအခက်အခဲတွေနဲ့ကြုံလာကြုံလာ၊Senseiတို့ရဲ့စကားကိုသေချာနားထောင် ပြီး၊ဇွဲမလျှော့ပဲကြိုးစားပေးခဲ့တဲ့အတွက်သမီးဖြစ်ချင်တဲ့အရာတွေကိုအမြန်ဆုံးကြိုးစားယူနိုင်မှာပါ။သမီးရဲ့အိမ်မက်တွေတဆင့်ခြင်းအကောင်အထည်ဖော်နိုင်ပါစေ။

⭐️ဒါလေးကတော့ကြေငြာလေးပါ...2026 မှာ ကျောင်းလျှောက်ပေးတဲ့ Process စလုပ်ပေးတော့မှာဖြစ်တဲ့အတွက်မကြာခင်စဖွင့်မယ့် Class အသစ်လေးတွေမှာJoinပြီးစတင်စုံစမ်းလို့ရပါတယ်ရှင်...အလုပ်နဲ့လည်းဆက်လက်မိတ်ဆက်ပေးသွားမှာပါ...Izumi က အတန်းတွေခဏခဏမဖွင့်တာက Sensei တွေ JP အလုပ်အားတဲ့အချိန်ညှိမရဖြစ်နေလို့ပါ..Speaking နဲ့အခြား classတွေကို Izumi မှာ join ချင်တဲ့ မီနစံတို့ကိုအရမ်းလည်းအားနာရပါတယ်။

အခုဖွင့်မယ့်အတန်းသစ်လေးတွေကိုN1,N2 အောင်ဆရာမတွေကဦးစီးပြီးရှယ်သင်မှာမို့Readyလုပ်ထားကြနော်...
မဖွင့်ခင်တုန်းကလာလာမေးပြီးဖွင့်မှကြောက်လို့ပျောက်သွားရင်စိတ်ဆိုးမှာနော်။ 😜

18/08/2025

JLPT အောင်စာရင်းတွေထွက်တော့မယ်မီနစံတို့ရေ
အားလုံးပဲအောင်မြင်ကြပါစေလို့ဆုတောင်းပေးပါတယ်😍

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၂၅ရက်နေ့ ( တနင်္လာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ (ဂျပန်စံတော်ချိန် နံနက် ၁၀း၀၀ နာရီ) မှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။

Result ကြည့်ရှုရမည့် link - https://www.jlpt.jp/e/guideline/results_online.html

(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)

Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။

Online Result များအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၃၁ရက်‌နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ (ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီ) အထိ ကြည့်ရှုနိုင်ပါသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလစာမေးပွဲလျှောက်လွှာများမှာ စာမေးပွဲကျင်းပရာတွင် အဆင့်ဆင့်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များအရ သတ်မှတ်ထားသည့်ရက်အတွင်း လျှောက်လွှာများကို အချိန်မှီပေးပို့ရမည် ဖြစ်ပါသဖြင့် ဇူလိုင်လ စာမေးပွဲရလဒ်များမထွက်ရှိခင် အချိန်တွင် လျှောက်လွှာလက်ခံရခြင်းဖြစ်သည်ကို နားလည် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်
01-757 10 15 (Ext 1)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

14/07/2025

ဖြင့် ထွက်ခွါသွားတဲ့သမီးလေး
Aye Myat Mon နိဟွန်း🇯🇵ကိုချောချောမွေ့မွေ့ရောက်ပါပြီ

အမြဲစိတ်ပူတက်ပြီး၊အရာရာကိုကြိုတင်ပြင်ဆင်တက်တဲ့စိတ်ဓာတ်လေးကြောင့် ဘယ်လိုအခက်အခဲ မျိုးမဆိုကျော်လွှားအောင်မြင်နိုင်မယ်လို့ Izumi Sensei အားလုံးကယုံကြည်ပါတယ်ရှင်…
မိသားစုအတွက်အမြဲစဉ်းစားတဲ့သမီးလေးအောင်မြင်ပျော်ရွှင်ပါစေနော် 😍



#တိုခုတေးဘိုးဘွားပြုစုစောင့်ရှာက်ရေး
#ဂျပန်ပြည်တွင်းအလုပ်ခေါ်စာ

Photos from Myanmar Association of Japan Alumni (MAJA)'s post 25/06/2025
05/04/2025

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအတွက် အသိပေးကြေညာချက်

海外勤務される方へのお知らせ
၁။​အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများမှ ခွင့်ဖြင့်ဝင်ရောက်လာပြီး ပြန်လည်ထွက်ခွာမည့် သူများအားလည်းကောင်း၊ မိမိအစီအစဉ် ကျွမ်းကျင်လုပ်သားအဖြစ်လည်းကောင်း၊ ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအားလည်းကောင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လတွင် လုပ်သား ၃၂၆၄ ဦးနှင့် ၁-၄-၂၀၂၅ ရက်နေ့တွင် ၅၉ ဦးတို့အား ခွင့်ပြုပေးခဲ့ပါသည်။

1.労働省は、タイ、マレーシア、日本、シンガポール、韓国およびその他の外国で休暇を取って出入国する者、個人の手配で勤務する者、認可された雇用代理店を通じて海外で勤務する者については許可を出しており、2025年3月時点で3264人の労働者に許可が付与され、2025年4月1日時点では59人に許可が付与されています。

၂။​၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်ခဲ့မှု ကြောင့် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အဆောက်အအုံနှင့် ရုံးခန်းများ ထိခိုက်ပျက်စီး ခဲ့သော်လည်း ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို သွားရောက် အလုပ်လုပ်ကိုင် မည့် အမျိုးအစားအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် SOP များနှင့်အညီ ၁-၄-၂၀၂၅ ရက်နေ့မှ စ၍ စိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

2. 2025年3月28日に起きた激しい地震によって、ネーピードーの労働省の建物と事務所は被害を受けましたが、海外で働く予定の方については、仕事の種類に応じたSOPに従って、2025年4月1日より審査・承認がなされていることをお知らせ致します。






မြန်မာသံရုံး၊ တိုကျိုမြို့
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No(272), 3rd Floor, Room (302), DNH Tower, Near KBZ Bank, Pyay Street, Sanchaung Township, Yangon (Near Myaynigone Bus Stop)
Yangon
11111