16/02/2026
Code & Coffee: ပျော်စရာကောင်းတဲ့ Networking နေ့လေး တစ်စေ့တစ်စောင်း ☕️💻✨
ပြီးခဲ့တဲ့ Saturday က ကျွန်တော်တို့ WeGrow ရဲ့ Code & Coffee ပွဲလေးကို အားလုံးရဲ့ တက်ကြွတဲ့ Interaction တွေနဲ့ အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့ပါတယ်။
ဒီနေ့ပွဲမှာ Developers တွေတင်မကဘဲ Tech ကို စိတ်ဝင်စားကြတဲ့ Non-developers တွေပါ စုံစုံလင်လင် တက်ရောက်ပေးကြလို့ တကယ်ကို ဝမ်းသာမိပါတယ်။ အချင်းချင်း မိတ်ဆွေသစ်တွေ ဖွဲ့ကြ၊ Coffee သောက်ရင်း Tech အတွေ့အကြုံတွေ ဖလှယ်ကြတာ မြင်ရတာ တကယ့်ကို ပီတိပါပဲ။ 😊
ပွဲလေးမှာ ဘာတွေလုပ်ခဲ့ကြလဲဆိုတော့ -
🚀 Sharing Session: Speakerတွေဖြစ်တဲ့ ဆရာ အောင်သက် ဆရာChris ဆရာ ကျော်စွာထွန်းနဲ့ ကို ကျော်ကိုကိုထွန်းတိ့ဆီကနေ Techနယ်ပယ်ထဲ ဘယ်လိုဝင်လာဖြစ်ကြတယ်ဆိုတဲ့ အကြံဉာဏ်တွေ အတွေ့အကြုံတွေ အကြောင်း စိတ်ဝင်စားစရာတွေ လေ့လာခဲ့ကြတယ်။
🎮 Team Debug War: Team color အလိုက် ခွဲပြီး Logic ပြိုင်ပွဲတွေ၊ Networking Games တွေမှာ အားရပါးရ ပါဝင်ဆင်နွှဲခဲ့ကြတယ်။
💡 Networking: Code တွေကြားထဲမှာပဲ ပိတ်မိမနေဘဲ တစ်ယောက်နဲ့တစ်ယောက် Background story တွေ ပြောဖြစ်ခဲ့ကြတယ်။
ပွဲကို လာရောက်အားဖြည့်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်! အခုလို Community တစ်ခုအနေနဲ့ အတူတူ လေ့လာရင်း ရှေ့ဆက်သွားကြဖို့ မျှော်လင့်ပါတယ်။
ဒီနေ့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။ 📸👇
11/02/2026
🎮 Are you ready for Code and Coffee?
Code & Coffeeမှာ ဘာactivitiesတွေပါမလဲစိတ်ဝင်စားနေကြပြီလား ✨
🌟 What’s waiting for you?
🤝 Networking: Tech Professionals တွေ၊ Mentors တွေနဲ့ ရင်းနှီးကျွမ်းဝင်နိုင်ခြင်း
💼 Job Opportunities: လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် အခွင့်အရေး။
🎮 Games Activities: Team Debug Wars နဲ့ Programming Charades လိုမျိုး ပျော်စရာ Challenges များ။
✅ Free Registration: စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ခြင်း။
🍱 Lunch Included: (Limited)
📅 Date: 14th Feb 11 AM - 3 PM
Venue : MICT Building 11
🔗 Register Here:
https://code-coffee-website.vercel.app/
08/02/2026
Single Developers တွေအတွက်
Valentine Coffee Date ကြမယ့်အစီအစဉ်☕️💌
ဖေဖော်ဝါရီရဲ့ ပန်းစည်းတွေ၊ လက်ဆောင်တွေနဲ့ လူတွေအလုပ်ရှုပ်နေကြမယ့် အဲဒီတစ်ရက်မှာ ကျွန်တော်တို့ WeGrow Community ကနေ ထူးထူးခြားခြား အစီအစဉ်တစ်ခု စီစဉ်ထားပါတယ်။ 🔥
ဒီနှစ် Valentine's မှာ Single Developer တွေ တစ်ယောက်တည်း အထီးကျန်စရာ မလိုတော့ဘူးနော်…
အခန်းထဲအောင်းပြီး တစ်ယောက်တည်း Code ရေးနေမယ့်အစား အပြင်ထွက်ပြီး Coffee တူတူသောက်ရင်း Activities လေးတွေ လုပ်ကြရအောင်။
ဘယ်လိုပွဲမျိုးလဲ…ဘာတွေပါဝင်သွားမလဲ
Activities Spoiler Alert 🚨🤫
🎯Team-based Challenges
Registration မှာ ရထားတဲ့ Team color တွေအလိုက် စိတ်လှုပ်ရှားစရာ Logic ပြိုင်ပွဲတွေ ရှိမယ်။ (Award လည်း ပါမယ်နော်)
🤝Tech Networking Games
Developer အချင်းချင်း သိကျွမ်းမိတ်ဆွေဖွဲ့ရင်း Networking လေးတွေအတွက် စကားမပြောဘဲ Logic နဲ့ ချိတ်ဆက်ရမယ့် အစီအစဉ်တွေကနေစလို့ အတွေ့အကြုံသစ်တွေ ဝေမျှမယ့် Sharing session တွေအထိ ပါဝင်ဦးမှာပါ။
🎤Panel Discussion & Marketplace Talk
နယ်ပယ်စုံက ဝါရင့် Speaker တွေ၊ Mentor တွေနဲ့ Product Owners တွေဆီကနေ Tech journey နဲ့ Product experience အသစ်တွေသာမက Tech products တွေကို ဘယ်လို Market လုပ်မလဲဆိုတဲ့ စီးပွားရေးအမြင်သစ်တွေကိုပါ ရရှိမှာပါ။
🤍Our Partners & Sponsors🤍
1) Venue Sponsor - Concordia Myanmar
2) In kind Sponsor - Nova Education Academy
3) In kind Sponsor - Technortal
4) In Kind Sponsor - Ficolo Fun in School
5) Media partner - Talkware
ဒီပွဲလေး အောင်မြင်ဖို့အတွက် အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးထားတဲ့ Partner များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ✨
Event Details:
Date: 14th February (Saturday)
Time: 11:00 AM - 3:00 PM
Venue: MICT Building 11 (လှိုင်မြို့နယ်)
Single Developer တစ်ယောက်လား…
ပွဲတက်ရောက်ဖို့အတွက် အောက်ပါ Website မှာ စာရင်းပေးသွင်းထားလိုက်ပါတော့🧑💻
Website Link:
https://code-coffee-website.vercel.app/
လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် မနက် 'Code & Coffee' မှာ ဆုံကြမယ်နော်✨
ပိုကောင်းမွန်တဲ့ Digital Future ကို WeGrow Myanmar ရဲ့ WeTech နဲ့အတူ အခုပဲ စတင်လိုက်ပါ။
06/02/2026
We Grow ရဲ့ Valentine
အမိုက်စားအစီအစဉ်ကြီး (Coming Soon) 🎊
ဖေဖော်ဝါရီရဲ့ ပန်းစည်းတွေ၊ လက်ဆောင်တွေနဲ့ လူတွေအလုပ်ရှုပ်နေကြမယ့် အဲဒီတစ်ရက်မှာ ကျွန်တော်တို့ WeGrow Community မှာ ထူးထူးခြားခြား အစီအစဉ်ကြီးတစ်ခု ရှိနေပါတယ်။ 🔥
ဘာဖြစ်မယ်လို့ ထင်ကြလဲ…🤔
အခုလောလောဆယ်တော့ ဒါကို လျှို့ဝှက်ထားဦးမယ် ဗျ…ဒါပေမဲ့ တစ်ခုတော့ ပြောနိုင်တယ်၊ အဲဒီနေ့ ရောက်ရင် Developer တို့ကို Screen ရှေ့မှာတင် တစ်ယောက်တည်း အချိန်ကုန်ဆုံးစေမှာမျိုး မဟုတ်ဘဲ စိတ်လှုပ်ရှားစရာ experience တွေရသွားစေရမယ်ဗျာ။
ကျွန်တော်တို့ဆီက ဘာတွေ ထူးထူးခြားခြား ထွက်လာမလဲဆိုတာ သိချင်ရင်တော့ ဒီရက်ပိုင်း Page ကို မျက်ခြေမပြတ် စောင့်ကြည့်နေဖို့ပဲ လိုမယ်နော်။ 🙌
Get ready, a huge surprise is just around the corner 🎁🚀🔥
04/02/2026
ဘယ်လိုအောင်မြင်ကြမလဲ
အခမဲ့တက်ရောက်ခွင့်ကို အခုပဲ ရယူလိုက်ပါ 🎊
ကိုယ်တိုင် အမှားတွေလုပ်ရင်း အချိန်ကုန်ခံပြီး သင်ယူနေဦးမှာလား…ဒါမှမဟုတ် အောင်မြင်ပြီးသားသူတွေရဲ့ နှစ်ပေါင်းများစွာစာ အတွေ့အကြုံကို အတိုချုံးပြီး တစ်ထိုင်တည်းနဲ့ ရယူမလားဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှုပါပဲ။
၂၀၂၆ ရဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကြားမှာ လူငယ်တွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုရှင်သန်ရပ်တည်ကြမလဲ။
✅ကြံစည်တိုင်း အောင်မြင်ဖို့
✅ချထားတဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့
✅လုပ်ငန်းတစ်ခု ရှင်သန်ရပ်တည်နိုင်ဖို့
လူငယ်တွေ၊ SME လုပ်ငန်းရှင်တွေအနေနဲ့ တကယ့်လက်တွေ့မှာ အထောက်အကူပြုမယ့် တကယ့်အနှစ်တွေကို ပညာရှင်တွေဆီက ဒီသင်တန်းမှာ တန်းစီပြီး သိရမှာပါ။
မျှဝေပေးမယ့်သူတွေကတော့ ✨
Daw Shwe Yee Win (Founder of WeGrow) က လုပ်ငန်းရှင်တစ်ယောက်ရဲ့ အမြင်နဲ့ ခိုင်မာတဲ့ Community တည်ဆောက်ပုံတွေအကြောင်းကို မျှဝေပေးသွားမှာပါ။ 💎
Saya Nyein Maung (NITI Institute, DIKA Group) ကတော့ “ရှိသင့်သည့် Marketing စံနှုန်းများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အရောင်းသမားတစ်ယောက် သိထားသင့်တဲ့ Marketing အမြင်တွေကို ပြောပြပေးသွားမှာဖြစ်သလို 📈
Saya Hlaing Htwe (Founder of Art of Customer Service Consultancy) ကလည်း Customer Service Etiquette (ဖောက်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပြုဖို့ကျင့်ဝတ်လေးများ)
ဆိုတဲ့ topicကို အသေးစိတ် ရှင်းပြပေးသွားမှာပါ။ 🤝
အစီအစဉ် အသေးစိတ်ကတော့ ✨
သင်တန်းခေါင်းစဉ်
“အောင်ပွဲဝင် Marketing တိုက်ပွဲစံနှုန်းများ”
နေ့ရက် - Feb 7, 8, 9
အချိန် - 8:00 PM (Starting)
Platform - ZOOM Registration and Admission Fees - FREE လုံးဝ အခမဲ့
အကယ်၍ စနစ်တကျနဲ့ Professional ကျကျ လေ့လာပြီး ဈေးကွက်မှာ နေရာယူချင်တယ်ဆိုရင်တော့ ဒါဟာ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲ။
တက်ရောက်ဖို့အတွက် အောက်ပါ Registration Form မှာ အရင်စာရင်းပေးသွင်းပေးရမှာဖြစ်ပြီး Form ဖြည့်ပြီးပါက WeGrow ရဲ့ Chat Box မှာ “WG” လို့ မန့်ခဲ့ပေးဖို့ မမေ့နဲ့ဦးနော်။
https://docs.google.com/forms/d/e/1FAIpQLSdJjkxE0HbTZRCM3oBQTHnvgW3GQfyeFnefwD7fAcCWqCU8HA/viewform?usp=header
ပိုကောင်းမွန်တဲ့ Future ကို WeGrow Myanmar နဲ့အတူ အခုပဲ စတင်လိုက်ကြရအောင်။ 🎯
02/02/2026
Networking က Developer တစ်ယောက်အတွက် ဘာလို့အရေးကြီးတာလဲ? 🌐✨
ကျွန်တော်တို့ Developer အသိုင်းအဝိုင်းမှာ အများစုက Computer Screen ရှေ့မှာပဲ အချိန်ကုန်ဆုံးရတာကို ပိုမိုနှစ်သက်ကြပါတယ်။ 💻
Logic တွေ စဉ်းစားနေရချိန် ဒါမှမဟုတ် Code တွေ ရေးနေရချိန်မှာ ပြင်ပလောကနဲ့ ခဏတာ အဆက်အသွယ်ပြတ်တောက်သွားတဲ့ ထိုအခြေအနေကိုပဲ စိတ်ကျေနပ်မှုတစ်ခုအနေနဲ့ သတ်မှတ်ထားတတ်ကြတာပါ။
ဒါပေမဲ့ ကျွန်တော်တို့ သတိပြုရမှာက ကျွန်တော်တို့ ဖန်တီးနေတဲ့ Product တိုင်းဟာ စက်တွေအတွက်သာမက လူသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်ဆိုတာပါပဲ။ 🤝
Networking ဟာ Developer တစ်ယောက်ရဲ့ သက်တမ်းတစ်လျှောက် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲဆိုတာစဉ်းစားကြည့်ကြရအောင်။ ☕️
ပထမဆုံးအနေနဲ့ ‘အခွင့်အလမ်း (Opportunities)’ ပါပဲ။ 🚀 လက်တွေ့နယ်ပယ်မှာရှိတဲ့ အလုပ်အကိုင်နဲ့ Project ကောင်းကောင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ Public ကြော်ငြာမတက်လာခင်မှာတင် သက်ဆိုင်ရာ Networking Circle တွေထဲမှာတင် ပြီးစီးသွားတတ်ပါတယ်။
ကိုယ့်ရဲ့ အရည်အချင်းကို ယုံကြည်တဲ့သူတစ်ယောက်ဆီကနေ ရရှိလာတဲ့ ‘Referral’ တစ်ခုဟာ Interview အဆင့်ဆင့်ထက် ပိုမိုထိရောက်သလို၊ ခိုင်မာတဲ့ ယုံကြည်မှုကိုလည်း အစကတည်းက တည်ဆောက်ပြီးသား ဖြစ်သွားစေပါတယ်။ တစ်ခါတလေမှာ ကိုယ်ဘယ်လောက်တော်လဲဆိုတာထက် ကိုယ့်ကို ဘယ်သူတွေက ယုံကြည်မှုရှိရှိနဲ့ သိထားသလဲဆိုတာက ပိုပြီး အခွင့်အလမ်းများစေတာပါ။ 💡
ဒုတိယအချက်က ‘အမြင်ကျယ်လာခြင်း (Perspective Enrichment)’ ဖြစ်ပါတယ်။ 🧠 ကိုယ့်အခန်းထဲမှာ ကိုယ်တိုင်ပဲ အချိန်ကုန်ဆုံးနေမယ်ဆိုရင် ကိုယ်အသုံးပြုနေတဲ့ Stack က အကောင်းဆုံး၊ ကိုယ့်ရဲ့ Logic က အမှန်ကန်ဆုံးလို့ ယူဆမိသွားတတ်ပါတယ်။
တကယ်တမ်း အပြင်လောကက တခြား Developer တွေနဲ့ စကားလက်ဆုံ ပြောကြည့်တဲ့အခါမှသာ သူတို့တွေ ပြဿနာကို ဘယ်လိုရှုထောင့်ကနေ ဖြေရှင်းနေသလဲ၊ ဘယ်လို နည်းပညာအသစ်တွေကို အသုံးချနေသလဲဆိုတာကို သိရှိလာရတာပါ။ ဒီလို အသိအမြင်ဖလှယ်ခြင်းဟာ ကျွန်တော်တို့ရဲ့ Technical Skills ကို တစ်ဆင့်တက်စေတဲ့ အကောင်းဆုံး ဖြတ်လမ်းနည်းတစ်ခုပဲ ဖြစ်ပါတယ်။ 📈
နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ‘အပြန်အလှန် အထောက်အကူပြုခြင်း (Peer Support)’ ပါပဲ။ 🛠 Developer ဘဝမှာ Logic ပိတ်မိတာမျိုး ဒါမှမဟုတ် ဖြေရှင်းရခက်ခဲတဲ့ Bug တွေ ကြုံရတာမျိုးဟာ ရှောင်လွှဲလို့မရတဲ့ အခြေအနေတွေပါ။
အဲဒီအချိန်မှာ ကိုယ့်ရဲ့ Network ထဲမှာ တိုင်ပင်ဖော် တိုင်ပင်ဖက် ရှိနေခြင်းက ပြဿနာတစ်ခုကို အချိန်တိုအတွင်း ပြေလည်သွားစေနိုင်ပါတယ်။ Networking ဆိုတာ လူတကာနဲ့ ရောနှောစကားပြောနေရခြင်းမျိုးထက် ကိုယ့်ရဲ့ Value ကို ချပြခြင်း၊ တခြားသူတွေရဲ့ Value ကို အသိအမှတ်ပြုခြင်းနဲ့ အပြန်အလှန် အထောက်အကူပြုနိုင်တဲ့ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ခြင်းသာ ဖြစ်ပါတယ်။ ❤️
အချုပ်အားဖြင့်ဆိုရရင် ကျွန်တော်တို့ တစ်ယောက်တည်း Code ရေးနေရင် ‘တော်တဲ့ Developer’ တစ်ယောက် ဖြစ်လာနိုင်ပေမဲ့၊ ခိုင်မာတဲ့ Network တစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ‘အောင်မြင်တဲ့ Developer’ တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။ 🌟
အဲဒါကြောင့် ဒီနေ့ကစပြီး Screen ရှေ့ကနေ ခဏတာ ဖယ်ခွာပြီး ကိုယ်နဲ့ ဝါသနာတူရာ Community တွေ၊ Event တွေဆီ ခြေဦးလှည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျာ။ 🚶♂️✨
01/02/2026
ဒါကတော့ ပြီးခဲ့တဲ့ "Way Myah - Session" က Input Engineering: From General to Specific အကြောင်း ပြောခဲ့တဲ့ session လေးရဲ့ အနှစ်ချုပ် ပြန်လည်မျှဝေခြင်းပဲ ဖြစ်ပါတယ်။
အဲဒီနေ့က တက်ရောက်ခဲ့တဲ့သူတွေလည်း AI ဆီက ကိုယ်လိုချင်တဲ့ အဖြေအတိအကျရဖို့ ဘယ်လိုမျိုး "Prompt" တွေ ထုတ်ရမလဲဆိုတာကို အခြေခံကနေ အသေးစိတ်အထိ သိရှိသွားကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်အလုပ်တွေမှာ AI ကို ပိုပြီး ထိထိရောက်ရောက် ခိုင်းတတ်သွားပြီဆိုရင်ပဲ ဒီ session လေးက အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။
ကိုယ့်မှာရှိတဲ့ knowledge က တခြားသူတစ်ယောက်အတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်တာမို့လို့ မျှဝေဖို့ ဝန်မလေးကြပါနဲ့။
Way Myah ကနေ နောက်ထပ် အပတ်တွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ Topic အသစ်အဆန်းတွေ၊ ဗဟုသုတတွေနဲ့အတူ ထပ်လာဦးမှာမို့လို့ အမြဲစောင့်ကြည့်ပေးကြပါဦးဦးနော်။ နည်းပညာနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်မယ့်အရာတွေပဲဖြစ်ဖြစ် အတူတူ လေ့လာသွားကြရအောင်။
လာတက်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ထပ် Session တွေမှာ ပြန်တွေ့ကြမယ်နော်။
29/01/2026
Late nights are for real conversations. 🌙
Join us for Late Night Conversations | ASEAN Virtual Connect Night, a cozy online space where women across ASEAN come together to share stories, ideas, and experiences.
No long speeches, just real talk, real people, real connection.
🗓 31 Jan 2026 (Saturday)
🕢 7:30 - 8:30 PM (GMT+7)
📍 Zoom
Register now and join the conversation.
https://forms.gle/xAWC8FWvsiEpYGhG6
24/01/2026
စီးပွားရေးလောကမှာ သူများထက် တစ်လှမ်းသာချင်တယ်ဆိုရင် "အချိန်" က အဓိကပဲ မဟုတ်လား?
ကိုယ်တိုင် အမှားတွေလုပ်ရင်း အချိန်ကုန်ခံပြီး သင်ယူမလား၊ ဒါမှမဟုတ် အောင်မြင်ပြီးသားသူတွေရဲ့ နှစ်ပေါင်းများစွာစာ အတွေ့အကြုံကို အတိုချုံးပြီး တစ်ထိုင်တည်းနဲ့ ရယူမလားဆိုတာက သင့်ရဲ့ ရွေးချယ်မှုပါပဲ။
၂၀၂၆ ခုနှစ်ရဲ့ ခန့်မှန်းရခက်တဲ့ ဈေးကွက်စိန်ခေါ်မှုတွေကြားမှာ တကယ်ရှင်သန်ချင်တဲ့ လူငယ်တွေနဲ့ လုပ်ငန်းရှင်တွေအတွက် WeGrow ကနေ လက်တွေ့အသုံးချ Marketing နဲ့ Customer Service ဆိုင်ရာ Short Course လေးတစ်ခုကို ပညာဒါနအနေနဲ့ စီစဉ်ပေးလိုက်ပါတယ်။
ပြောရရင် လူငယ်တွေ၊ SME လုပ်ငန်းရှင်တွေအနေနဲ့ တကယ့်လက်တွေ့မှာ အထောက်အကူပြုမဲ့ Marketing ဆိုင်ရာ အချက်အလက်တွေနဲ့ Customer Service ဆိုင်ရာ စံအကဲဖြတ်ချက်တွေကို ဒီသင်တန်းမှာ တန်းစီပြီး သိရမှာပါ။
မျှဝေပေးမယ့်သူတွေကတော့ ✨
Daw Shwe Yee Win (Founder of WeGrow) က လုပ်ငန်းရှင်တစ်ယောက်ရဲ့ အမြင်နဲ့ ခိုင်မာတဲ့ Community တည်ဆောက်ပုံတွေအကြောင်းကို မျှဝေပေးသွားမှာပါ။ 💎
Saya Nyein Maung (NITI Institute, DIKA Group) ကတော့ “ရှိသင့်သည့် Marketing စံနှုန်းများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အရောင်းသမားတစ်ယောက် သိထားသင့်တဲ့ Marketing အမြင်တွေကို ပြောပြပေးသွားမှာဖြစ်သလို 📈
Saya Hlaing Htwe (Founder of Art of Customer Service Consultancy) ကလည်း Customer Service Etiquette (ဖောက်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပြုဖို့ကျင့်ဝတ်လေးများ)
ဆိုတဲ့ topicကို အသေးစိတ် ရှင်းပြပေးသွားမှာပါ။ 🤝
အစီအစဉ် အသေးစိတ်ကတော့ ✨
သင်တန်းခေါင်းစဉ် - “အောင်ပွဲဝင် Marketing တိုက်ပွဲစံနှုန်းများ”
နေ့ရက် - Feb 7, 8, 9
အချိန် - 8:00 PM (Starting)
Platform - ZOOM Registration and Admission Fees - ၂၀,၀၀၀ ကျပ်သာ 📝
အကယ်၍ စနစ်တကျနဲ့ Professional ကျကျ လေ့လာပြီး ဈေးကွက်မှာ နေရာယူချင်တယ်ဆိုရင်တော့ ဒါဟာ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါပဲ။
တက်ရောက်ဖို့အတွက် အောက်ပါ Registration Form မှာ အရင်စာရင်းပေးသွင်းပေးရမှာဖြစ်ပြီး Form ဖြည့်ပြီးပါက WeGrow ရဲ့ Chat Box မှာ “WG” လို့ မန့်ခဲ့ပေးဖို့ မမေ့နဲ့ဦးနော်။
https://docs.google.com/forms/d/e/1FAIpQLSdJjkxE0HbTZRCM3oBQTHnvgW3GQfyeFnefwD7fAcCWqCU8HA/viewform?usp=header
ပိုကောင်းမွန်တဲ့ Future ကို WeGrow Myanmar နဲ့အတူ အခုပဲ စတင်လိုက်ကြရအောင်။ 🎯
21/01/2026
From General to Specific: Input Engineering 🚀
ကျွန်တော်တို့ မေးသမျှကို AI က တန်းပြီး ကွက်တိဖြေပေးလိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲလား
ကိုယ်လိုချင်တဲ့အဖြေရအောင် ဘယ်လိုလုပ်မလဲ?
ကဲ - ဒီနေ့ အဖြေရှာကြည့်ရအောင်
ဘာလို့ Prompt Engineering လို့ မပြောဘဲ Input Engineering လို့ ပြောတာလဲ? ဘာလို့ဆို ကျွန်တော်တို့ AI ဆီ ပေးလိုက်တဲ့ အရာတိုင်းမှာ Prompt တစ်ခုတည်းတင် မကဘဲ Context နဲ့ Constraints တွေပါ ပေါင်းစပ်ပါဝင်နေလို့ပါပဲ။ အဲဒီတော့ Input = Context + Prompt + Constraints ဆိုတဲ့ Formula အတိုင်း နားလည်ထားတာ ပိုပြီး ပြည့်စုံပါတယ်ဗျ။
အခုနောက်ပိုင်း ကျွန်တော်တို့အားလုံး AI ကို နေ့တိုင်းလိုလို သုံးနေကြပြီ။ ဒါပေမဲ့ ကျွန်တော်တို့ မေးသမျှကို AI က တန်းပြီး ကွက်တိဖြေပေးလိမ့်မယ်လို့ မျှော်လင့်နေလို့ မရဘူးလေ။ အဲလိုဆိုရင် ဘယ်လိုလုပ်မလဲ?
ကျွန်တော်တို့တွေ AI ဘက်ကနေ အဖြေကောင်းထွက်လာမှာကိုပဲ ထိုင်မျှော်လင့်နေတာမျိုး မဟုတ်ဘဲ ကိုယ်တိုင် ဘာတွေလိုချင်လဲဆိုတာကို နည်းနည်းလေး ပိုပြီး ပုံဖော်ပေးလိုက်တာမျိုး လုပ်ကြည့်ကြမယ်။ အဲဒီလို လုပ်ပေးလိုက်မှသာ AI က လူတိုင်းအတွက် ပေးနေကျ General အဖြေတွေ မဟုတ်ဘဲ ကျွန်တော်တို့ တကယ်လိုအပ်တဲ့ Specific အဖြေကိုပဲ ထွက်လာဖို့ ပိုနီးစပ်သွားမှာပါ။
Gemini တို့လို AI တွေဆိုတာ မြို့ထဲက ကြိုက်တဲ့နေရာကို လိုက်ပို့ပေးနိုင်တဲ့ Taxi Driver တစ်ယောက်လိုမျိုးပါပဲ။ ကျွန်တော်တို့က "စားစရာကောင်းကောင်းလေး စားချင်တယ်" လို့ပဲ ပြောလိုက်ရင် သူကတော့ သူ့အထင်နဲ့သူ Fine Dining ဆိုင်ကြီးကို ပို့ပေးလိုက်မှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တကယ်တမ်း စားချင်နေတာက လမ်းဘေးက အာပူလျာပူကောင်းကောင်း ဖြစ်နေတတ်တာမျိုးပေါ့။ အဲဒီနေရာမှာ ကျွန်တော်တို့က "အာပူလျာပူစားချင်တယ်၊ ကျွန်တော့်မှာ Budget ဘယ်လောက်ပဲ ရှိတယ်၊ ငါးမိနစ်အတွင်း ရောက်ချင်တယ်၊ ဘယ်လိုလက်ရာ စားချင်တယ်၊ လူများတဲ့ဆိုင်မကြိုက်ဘူး" လို့ ပိုပြီး တိတိကျကျ ပြောပြလိုက်မယ်ဆိုရင် သူ့ဆီက Output ကောင်းထွက်လာဖို့ ထိုင်မျှော်လင့်နေစရာ မလိုတော့ဘူးလေ။ ကျွန်တော်တို့ ဘာလိုချင်တာလဲ၊ ဘယ် Parameter တွေ မကြိုက်ဘူးလဲဆိုတာကို ကြိုပြောပြပြီး မလိုအပ်တဲ့ လမ်းကြောင်းတွေကို အကုန်ပိတ်ထားလိုက်တာပါ။ အဲဒီတော့မှ ကိုယ်လိုချင်တဲ့ ခရီးလမ်းအတိုင်း ကွက်တိရောက်သွားဖို့ ပိုသေချာသွားမှာပါ။
ကျွန်တော်တို့အများစုက Prompt ဆိုတာကို မေးခွန်းတွေလို့ပဲ ထင်နေကြတာ။ တကယ်တော့ Prompt ဆိုတာ Boundary လို့ခေါ်တဲ့ စည်းဝိုင်းလေးတွေ ဆွဲပေးတာနဲ့ တူပါတယ်ဗျ။ နောက်ထပ်က Context Engineering မှာ ပိုပြီး အဆင်ပြေချင်တယ်ဆိုရင် မေးခွန်းတွေပဲ မေးနေမယ့်အစား AI အတွက် Route လမ်းကြောင်းလေးတွေ သေချာဆွဲပေးလိုက်ရင် ပိုကောင်းပါတယ်။
ပထမဆုံး ကိုယ်က ဘယ်သူလဲ ဘာကို လိုချင်တာလဲဆိုတာကို အရင်လေး ပြောပြရမယ်။ ဒါကို Persona လို့ ခေါ်ပြီး ဥပမာအနေနဲ့ "မင်းက အတွေ့အကြုံရှိတဲ့ Senior တစ်ယောက်အနေနဲ့ Pair-programming လုပ်ပေးပါ၊ Overview အပိုင်းကို သေချာ Focus ပေးပါ" ဆိုတာမျိုးပေါ့။ ဒီနေရာမှာ Context က Environment တစ်ခုကို ဖန်တီးပေးတာဆိုရင် Prompt Engineering ကတော့ အဲဒီအခြေအနေထဲမှာ AI ကို ဘယ်လိုလေး စနစ်တကျ အမိန့်ပေးမလဲဆိုတဲ့ Instruction ပေးတဲ့ နည်းလမ်းလေးပါပဲ။
တက္ကစီမောင်းတဲ့သူကို "မောင်းပါ" လို့ပဲ မပြောဘဲ "ဒီလမ်းကကွေ့၊ ဟိုနားမှာ မီးပွိုင့်မိရင် ခေတ္တရပ်" ဆိုပြီး အဆင့်ဆင့် ပြောပြသလိုမျိုးပေါ့။ "အရင်ဆုံး လိုအပ်တဲ့ Ingredients တွေကို စာရင်းလုပ်ပေးပါ၊ ပြီးရင် Process ကို အဆင့်လိုက် ရှင်းပြပေးပါ၊ ပြီးတော့မှ သိထားသင့်တဲ့ Tip & Trick ပြောပေးပါ" ဆိုပြီး အစဉ်လိုက်လေး ချပေးလိုက်ရင် ပိုပြီးတော့ အဆင်ပြေသွားပါလိမ့်မယ်။
နောက်တစ်ခုက Style နဲ့ Constraint ပါပဲ။ ဥပမာ "သူငယ်ချင်း အချင်းချင်း ရှင်းပြသလိုမျိုးလေး ရေးပေးပါ" ဒါမှမဟုတ် "ဝတ္ထုတစ်ပုဒ်လိုမျိုးလေး ရှင်းပြပေးပါ" ဆိုတာမျိုးပေါ့။ ဒါက AI ကို ကျွန်တော်တို့ နားလည်တဲ့ ဘာသာစကားထဲရောက်အောင် ဆွဲခေါ်လိုက်တာပါ။ နောက်ပြီး Example ပြပေးတာကလည်း အရမ်းထိရောက်တယ်ဗျ။ "ဒီလိုပုံစံ ရေးချင်တာ၊ အရင်က ရေးဖူးတဲ့ ပုံစံက ဒီမှာ..." ဆိုပြီး နမူနာလေး တစ်ခုလောက် ပြပေးလိုက်ရင် AI က ကျွန်တော်တို့ စိတ်ကြိုက် Style ကို ချက်ချင်း ပိုနားလည်သွားပါလိမ့်မယ်။
ဒါတွေတင်မကဘဲ Negative Engineering ဆိုတာကိုလည်း သုံးလို့ရပါသေးတယ်။ ဒါကတော့ သူ မဖြေခင်ကတည်းက ကျွန်တော်တို့ အချိန်မကုန်ရအောင် မလိုအပ်တဲ့ အဖြေမျိုးတွေ မထွက်လာဖို့ ကြိုပြီး ကန့်သတ်ထားတာမျိုးပါပဲ။ ဥပမာ "ကျွန်တော် မမေးမချင်း Basic တွေ အကျယ်ဖြန့်ပြီး လျှောက်မရှင်းနဲ့" ဆိုတာမျိုးပေါ့။
အနှစ်ချုပ်ရရင်တော့ Context Engineering နဲ့ Prompt Engineering (Input Engineering) ဆိုတာ AI ကို မေးခွန်းမေးတာထက် သူ ဘယ်လိုစဉ်းစားပြီး ဘယ်လိုဖြေရမလဲဆိုတဲ့ လမ်းကြောင်းကို ကျွန်တော်တို့က သေချာလေး Control လုပ်လိုက်တာပါပဲ။
What I've shared today is just the tip of the iceberg when it comes to prompt and context engineering
ဒီအကြောင်းအရာတွေက Input Engineering ရဲ့ သဘောတရား အခြေခံလေးတွေပဲ ရှိပါသေးတယ်။ ဒါကြောင့် ဒီထက်ပိုပြီး လက်တွေ့နယ်ပယ်မှာ ဘယ်လိုအသုံးချရမလဲဆိုတာကို အတူတူ လေ့လာဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့ Wegrow Community ကနေပြီး Way Myah Knowsharing Session (Webinar) လေးတစ်ခုကို ဖိတ်ခေါ်ချင်ပါတယ်။
ဒီအစီအစဉ်မှာ Speaker အဖြစ် Min Thu Khaing ကနေပြီးတော့ "Input Engineering" နဲ့ ပတ်သက်လို့ သူလေ့လာထားသမျှနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို အားလုံးအတွက် အကျိုးရှိအောင် ပွင့်ပွင့်လင်းလင်း ပြန်လည်မျှဝေပေးသွားမှာပါ။
ဒီ Knowsharing Session လေးကို ဘယ်သူမဆို အခမဲ့ (Free) တက်ရောက်နိုင်မှာဖြစ်လို့ အချင်းချင်း ဗဟုသုတတွေ ဖလှယ်ရင်း အတူတူ လေ့လာချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ အခုပဲ စာရင်းပေးသွင်းလို့ ရပါတယ်ဗျ။
စာရင်းပေးသွင်းရန် Link - https://docs.google.com/forms/d/e/1FAIpQLSeO7CyIUpYQKnANP7LpcVlV3c-qC0H4OruNQ9fnAcy65rQmYA/viewform?usp=header
18/01/2026
ဝေမျှကြမယ့် အစီအစဉ်သစ်✨🎊
ဒီအပတ်မှာတော့ ကျွန်တော်တို့ WeGrow ကနေ "ဝေမျှ" Way Myah ဆိုတဲ့ Session လေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ 🤍
ဒီ Session လေးဟာ လူငယ်တွေ တစ်ယောက်ချင်းစီရဲ့ စိတ်ကူးစိတ်သန်းတွေ၊ သင်ယူမှုတွေနဲ့ ကိုယ်တိုင်ဖြတ်သန်းနေရတဲ့ ဘဝအတွေ့အကြုံမျိုးစုံကို လွတ်လွတ်လပ်လပ် ဝေမျှရင်း တခြားသူတွေကိုပါ Inspire ဖြစ်စေမယ့် "Youth Hub" နေရာလေးတစ်ခု ဖြစ်လာမှာပါ။
ဒီ Session သစ်လေးရဲ့ ပထမဆုံးအပတ် ဗုဒ္ဓဟူးနေ့ညမှာတော့ ကျွန်တော်တို့ WeGrow ကနေ မိတ်ဆက်ပေးချင်တဲ့ လူငယ်တစ်ယောက် ရှိပါတယ်။
🧑💻သူကတော့ မင်းသူခိုင် (Min Thu Khaing) ပါ။ သူဟာ လက်ရှိမှာ Pockraft Studio ရဲ့ Co-founder ဖြစ်သလို Junior Software Developer တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးက Developer တွေအတွက် Networking ပွဲလေးတွေဖြစ်မြောက်အောင်လည်း တတ်နိုင်တဲ့ဘက်ကနေ တက်တက်ကြွကြွ ပါဝင်အားဖြည့်ပေးနေပါတယ်။
သူ့အတွက်တော့ ဒီ WeGrow Community နဲ့ ကျွန်တော်တို့ရဲ့ Founder အမ Shwe Yee ဆီကရတဲ့ Support တွေဟာ သူ့ရဲ့ ခြေလှမ်းတိုင်းမှာ ခွန်အားဖြစ်စေတယ်လို့ ဆိုပါတယ်။
ကဲ... ကျွန်တော်တို့ရဲ့ လူငယ် Speaker လေး မင်းသူခိုင်က ဒီ Weekly Session ရဲ့ Opening Article အဖြစ် ဗုဒ္ဓဟူးနေ့ညမှာ "From General to Specific: Prompt Engineering" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရောက်လာပါလိမ့်မယ်။✨
လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ Min Thu Khaing ရဲ့ sharing sessionလေးကို အားလုံးအတူတူ ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🙌
ပိုကောင်းမွန်တဲ့ Future ကို WeGrow Myanmar နဲ့အတူ အခုပဲ စတင်လိုက်ပါ။
Don't miss it!